ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဦးမင်းအောင်

  • Home
  • Myanmar
  • Rakhine State
  • ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဦးမင်းအောင်

ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဦးမင်းအောင် Official page

ရခိုင်ပြည်နယ်လွှတ်တော်မှ ငြင်းပယ်ခဲ့သော ၅ နှစ်တာအတွင်း က လုပ်ငန်းများ နှင့် ပြန်အပ်ခဲ့သောငွေ သန်းပေါင်း ။ကျနော်ကတော့ ငြင...
26/01/2021

ရခိုင်ပြည်နယ်လွှတ်တော်မှ ငြင်းပယ်ခဲ့သော ၅ နှစ်တာအတွင်း က လုပ်ငန်းများ နှင့် ပြန်အပ်ခဲ့သောငွေ သန်းပေါင်း ။ကျနော်ကတော့ ငြင်းပယ်ခြင်းအားလုံးကို ကန့်ကွက်ခဲ့ပါတယ်။ ဘယ်ပြည်နယ် မှာမှ မိမိပြည်နယ်အတွက် ရရှိလာတဲ့ ငွေတွေကို လွှတ်တော်က ပြည်ထောင်စု အစိုးရသို့ ပြန်အပ်တာ မရှိခဲ့ပါဘူး။

၂၀၁၆ မှ ၂၀၂၀ ထိ ၅နှစ်တာကာလ ရခိုင်ပြည်နယ် လွှတ်တော်မှ လျှော့ချ ငြင်းပယ် ဖြတ်တောက်ပြီး ပြည်ထောင်စုအစိုးရသို့ ပြန်အပ်ခဲ့သော...
25/01/2021

၂၀၁၆ မှ ၂၀၂၀ ထိ ၅နှစ်တာကာလ ရခိုင်ပြည်နယ် လွှတ်တော်မှ လျှော့ချ ငြင်းပယ် ဖြတ်တောက်ပြီး ပြည်ထောင်စုအစိုးရသို့ ပြန်အပ်ခဲ့သောငွေပေါင်း သန်း ၈၂၀၃.၁၆၇ ရှိခဲ့ပါတယ်။ ၂၀၁၆. ၂၀၁၇ ဖြည့်စွက် ခွင့်ပြုခဲ့သောငွေထဲမှ ၆၄၁ သန်း ၂၀၁၈ မီနီဘတ်ဂျက် တွင် ၆၁၆၂.၀၅၇ သန်း နှင့် ၂၀၂၀. ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၁၄၀၀ သန်း တို့ကို ပြည်ထောင်စုအစိုးရသို့ ပြန်အပ်ခဲ့တာပါ။ ဘယ်မြို့နယ်က ငွေတွေအများဆုံးဖြတ်ကြသလဲ ဘယ်လို ကိုယ်စားလှယ်တွေက ပြန်အပ်ဖို့ဆုံးဖြတ်ကြသလဲ။

တောအကြောင်း တောင်အကြောင်း (၂)သွားပြီအစ်ကို သွားပြီ တစ်ပြည်လုံး အေကိုက်သွားပြီ ကုလို့မရတော့ဘူး ။ဆေးမရှိတော့ဘူး။ဆိုပြီးအမြ...
19/01/2021

တောအကြောင်း တောင်အကြောင်း (၂)
သွားပြီအစ်ကို သွားပြီ တစ်ပြည်လုံး အေကိုက်သွားပြီ ကုလို့မရတော့ဘူး ။ဆေးမရှိတော့ဘူး။ဆိုပြီးအမြဲ ပြောနေသူကတော့ အောင်ရဲလင်း။သူပြောလိုတဲ့ စကားရဲ့ ရည်ရွယ်ချက်က အေအေ တပ်တော်ကို ဘယ်လိုမှ တိုက်လို့မနိုင်တော့ဘူး ရခိုင်တစ်ပြည်လုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန်လူများစွာနှင့် ခိုင်မာတောင့်တင်းသွားပြီလို့ဆိုလိုချင်တာပါ။အမှန်တကယ်လည်း လူကတော့များစွာ။လူငယ်လူရွယ်တွေ ။အလွန်သန်မာဖြတ်လတ် တက်ကြွသော လူ့စွမ်းအားအရင်းအမြစ်တွေ မြောက်များစွာ ။ကျနော် သူတို့တွေကိုတွေ့တော့ ပုရွက်ဆိပ်တွေ တညီတညွတ်တည်း နေ့မအား ညမနား အလုပ်လုပ်နေတာတွေ ကိုမြင်ယောင်နေမိပါတယ်။
ကျနော် ၂ လ ခွဲကျော်ကျော် နေခဲ့ရတဲ့ နေရာမှာ လူသိအများဆုံး အားလုံးသောရဲဘော်တွေ သိရှိသော သူ နှစ်ယောက်ရှိတယ်ဆိုရင် တစ်ယောက်က အကြီးဆုံး ခေါင်းဆောင် ဒုတိယ လူသိအများဆုံးက အောင်ရဲလင်းပါပဲ ။အောင်ရဲလင်းအမည်က သူ့ဟာသူ ထည့်ထားတဲ့ နာမည်။ လူတိုင်းနီးနီးအောင်ရဲလင်းကိုသိကြတယ်။အောင်ရဲလင်းဟာ အင်မတန်ရိုးသားဖြူစင်သူတစ်ယောက်။လူတွေကို ကူညီချင်စိတ်အလွန်ထက်သန်သူ တစ်ယောက် ပါ။ အသက် ကြီးတဲ့ ရဲဘော်တွေ အနည်းငယ်ထဲမှာ တစ်ယောက်အပါအဝင်ပေါ့။သူ့အသက်က ၃၆ နှစ် ။တောထဲရောက်လာရတာက မိဘတွေက သူကိုချစ်လွန်းလို့ ပါ။မြောက်ဦးမြို့နယ်ကပါ။ အစိချေသုံးပြီး ပိန်လာ လူရုပ်မပေါ် ဖြစ်လာတော့ မိဘတွေက သူကို တောထဲပို့လိုက်တယ်။ခုတော့ တောထဲမှာ တကယ့် စစ်သားကောင်းတစ်ယောက် အမိန့်နာခံတဲ့ ။တာဝန်ကိုကျေပွန်သူတစ်ယောက်ဖြစ်နေခဲ့ပါပြီ။အသားအရေ စိုပြေပြီး ပြည့်ဖြိုးလာခဲ့ပါပြီ။ သူက အပြင်မှာလုပ်ကိုင်လာခဲ့တဲ့ အလုပ်က ကားသမား ။ရန်ကုန်မှာ လိုင်းကားမောင်းလာသူ ။ကျွန်တော်လည်း ကားသမားဆိုတော့ သူနှင့် လေပေးဖြောင့်တယ်။ကားအကြောင်း စက်အကြောင်း ဝပ်ရှော့ အကြောင်းဆို တနေကုန် ပြောနေလို့ရသူတွေပါ။
အောင်ရဲလင်းဟာ အင်မတန်ဖြူစင်ပြီး ဟာသတွေအရမ်းပြောတတ်ပါတယ်။ စကားပြောရင်လည်း တည့်တည့် ဒေ့ဒိုးပြောတတ်တယ် ပွင့်လင်းတယ်။လူတွေကို ကူညီဖို့အဆင်သင့်အမြဲ ရှိတယ်။တကယ့် ရခိုင်သားကောင်းတစ်ယောက်ပါ။ အောင်ရဲလင်း တောထဲကို စရောက်တုံးက တော်တော် အခြေအနေ မကောင်းဘူး လို့သိရတယ်။ဆေးမသုံးရတော့ ကဘောက်တိ ကဘောက်ချာတွေ အရမ်းပြောတယ်လို့သိရတယ်။ညဖက်တွေ တစ်ယောက်တည်းစကားတွေပြောနေတာတွေ ဂယောင်ချောက်ခြား ဖြစ်တာတွေ တော်တော်အကြာကြီးဖြစ်ခဲ့တယ်လို့သိရတယ်။လေယာဉ်တွေ လာပြီးဗုံးကြဲတော့လည်း ဆက်သွယ်ရေးမြောင်းထဲ အကြောက်လွန်ပုံတွေ ရီစရာတွေ ဖြစ်ရတာတွေ ဟာ များစွာလို့သိရတယ်။
ကျနော်ရှိတုံးကြုံခဲ့ရတာတစ်ခုက တစ်နေ့ စစ်မယ်လေးတွေ အမှိုက်ကောက် သန့်ရှင်းရေးလုပ်နေယင်း စနေ နောက်နေ ကြတာကြားရတယ်။ ယောက်ျားလေးတစ်ယောက်က စစ်မယ်လေးတစ်ယောက်ကို ရည်စားစာ ပေးတဲ့အကြောင်း ရည်းစားစာထဲ မှာပါတဲ့ စာသားတွေကို ပြောဆို စနောက် ကဗျာလိုရွတ် ဆိုနေကြတာတွေကြားရတယ်။စာထဲမှာပါတဲ့အကြောင်း ဥပမာ ပြောရရင် အစ်ကိုက အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူး ဆိုတဲ့စကားလုံးတွေ နွားအို မြက်နုကြိုက်တယ်ဆိုတဲ့ ပုံစံ စာသားတွေ အဲဒီ စာသားတွေကို ရွတ်ဆိုပြီး အောင်ရဲလင်းကို စနေနောက်နေကြတာ ရည်းစားစာက အောင်ရဲလင်းက စစ်မယ်တစ်ယောက်ကို ပေးထားတာ ။အောင်ရဲလင်းကလည်း စစ်မယ်တိုင်းကိုစနေ နောက်နေသူ။ရည်းစားစာ ရေးပေးသူက တောင်ကုတ် တဲ့။နောက်ဆုံးတော့ ရည်းစားစာ ဟာ ဘာဖြစ်သွားလည်းဆိုတော့ အောင်ရဲလင်းဟာ နွားအိုကြီးဖြစ်သွားတာပါပဲ။
အဲလို ရီစရာတွေ ဖြစ်နေရတာ ဟာအောင်ရဲလင်းပါ။ အားလုံးကျန်းမာ ချမ်းသာကြပါစေ။
မင်းအောင် (တောင်ကုတ်)

တောအကြောင်း တောင်အကြောင်း  (၁)သူ့အမည်က ကုလားမ ။ကုလားမဆိုလို့ ကျနော့မယား အမီနံ ခေါ် ကုလားမ မဟုတ်ပါ။တောထဲမှာ တွေ့ခဲ့ရတဲ့ တ...
18/01/2021

တောအကြောင်း တောင်အကြောင်း (၁)
သူ့အမည်က ကုလားမ ။ကုလားမဆိုလို့ ကျနော့မယား အမီနံ ခေါ် ကုလားမ မဟုတ်ပါ။တောထဲမှာ တွေ့ခဲ့ရတဲ့ တောခိုနေတဲ့ရခိုင်လူမျိုး စစ်သားလေး ကုလားမပါ။ယောက်ျားလေးပါ။ဆယ်တန်းအောင်ပြီးသားပါ။ပေါက်တောမြို့ကဖြစ်ပါတယ်။ ဖေ့စ်ဘုတ် တွေမှာ ပြနေတဲ့ စစ်သင်တန်းတက်နေတာတွေကိုအားကျပြီး တောခိုချင်တဲ့စိတ်တွေ တဖွားဖွားပေါ်လာပြီး အိမ်က မသိအောင်ထွက်ပြေးပြီးတောခိုလာခဲ့တာပေါ့။တောခိုနေတဲ့စစ်သားတွေနှင့်အဆက်အသွယ်ရပြီး တစ်နေ့ ညနေမှာ အိမ်မ ပြန်တော့ပဲ တောခို စစ်သားသစ်တွေစုဆောင်းတဲ့ နေရာ က အိမ်မပြန် တော့ဘဲနေခဲ့တာပါ။ မိသားစုတွေ လိုက်ရှာကြပါသေးတယ်။သူရှိနေခဲ့တဲ့ နေရာတွေအထိရောက်လာခဲ့ကြတယ်။မိဘတွေလေ။ ဒါပေမယ် သူ ထွက်မတွေ့ခဲ့ပါဘူး။
ဒီလိုနှင့် ကုလားမဟာ တောထဲကိုရောက်လာတာပါ။ အသားအရောင်ကတော့ မဲညစ်နေတာပေါ့။လူကလည်း ကုလားဆင် အရပ် ခြောက်ပေနီနီးရှိမယ်ထင်ပါတယ်။ဗလတောင့်တောင့် မနှစ်ကဆယ်တန်းအောင်ထားတာဆိုတော့ ခုဆို ၁၇ နှစ် ၁၈ နှစ်အရွယ်ပေါ့လေ။တောထဲမှာတော့ သူဘာလုပ်ရလဲဆိုတော့ ကျနော်တို့ကို အိုဘီ စောင့်ရတယ်။ သူတို့ပြောတဲ့ အိုဘီ စောင့်တယ်ဆိုတဲ့ စကားကို အဓိပ္ပါယ် ဖွင့်ဆိုဖို့တော့ မတတ်ဘူး ။ကျနော်နှင့် အတူ အချုပ်ကျနေခဲ့တဲ့ ဗိုလ်မှုး တစ်ယောက် ဗိုလ်ကြီး တစ်ယောက် နှင့် အခြားနီးစပ်ရာ ရဲဘော်တွေကို မေးကြည့်တော့လည်း အိုဘီ ဆိုတာ အဓိပ္ပါယ်မဖွင့်တတ်ခဲ့ပါ။ ထားလိုက်ပါ ။အလွယ် မှတ်ရရင်တော့ အိုဘီ ဆိုပြီး ယူနီဖေါင်း လက်နက်အပြည့်အစုံနှင့် နေ့ည မပြတ် ကျနော်တို့ကို လုံခြုံရေးယူပေးရသူတွေပေါ့။ဒီလိုပဲမှတ်လိုက်ပါ။
ကုလားမက တောထဲမှာအနေကြာနေတော့ လူစိမ်းတွေနှင့် စကားပြောချင်တယ်။ ဂွကျနေတာက ကျနော်တို့ကို တာဝန်ယူထားရတဲ့ အက်စ်အို တို့ သင်တန်းမှုးတို့ကလည်း ကျနော်တို့နှင့် ဘယ်သူမှ စကားမပြောရဘူး လို့အမိန့်ထုတ်ထားတာကိုး ဒီကြားထဲ ဟိုလူကဝင်စကားပြောလိုက် ဒီစစ်သားကဝင်စကားပြောလိုက်ဆိုတော့ အိုဘီစောင့်ရင်းပျင်းလာရင် စကားလာပြောတော့တာပေါ့။ကျနော်တို့နှင့် စကားလာလာပြောတဲ့ ကုလားမကို တွေ့သွားတဲ့ အက်စ်အို ဟာ ကုလားမကို ပြစ်ဒဏ်ပေးပါတယ်။ပါးကို ၂ ချက် ရိုက်ပြီး ဒိတ်ထိုး ၃၀ ဒဏ်ပေးပါတယ်။
ကုလားမနှင့် စကားပြောဖြစ်တဲ့အထဲ စစ်ရေး စစ်ရာကိစ္စ ငြိမ်းချမ်းရေး ကိစ္စတွေလည်း ပြောဖြစ်ကြတာပေါ့ ။ကုလားမက ဒီလာမယ့် ဒီဇင်ဘာ ၃၁ ဆိုရင်သူတို့တွေ လွတ်လပ်ရေးရတော့မှာလို့ ပြောတယ် ။၂၀၂၀ ဒီဇင်ဘာ ၃၁ သူတို့တွေ လွတ်လပ်ရေးရမယ် ပြောနေကြတာလေ။ တောခိုစစ်သားလူငယ်လေးတော်တော်များများ အဲဒီလိုပြောကြပါတယ်။ ဆိုတော့ ကျနော်က ကုလားမကို ဟုတ်တာပေါ့ ငြိမ်းချမ်းရေးဆွေးနွေးနေကြပြီပဲ ။ အပစ်အခတ်လည်း ရပ်စဲထားပြီပဲ။လို့ ငြိမ်းချမ်းတော့မှာပေါ့လို့ဆိုတော့ ကျနော်တို့က လွတ်လပ်ရေးအတွက်တိုက်နေတာလေတဲ့။ငြိမ်းချမ်းရေး ဆွေးနွေးနေတော့ နေရာတွေ ချထားဖို့ နေရာခွဲဝေမယ် ။ဘယ်မြို့နယ် တွေမှာ ဘယ်နေရာတွေမှာ မင်းတို့ကနေ ။စစ်တပ်က ဘယ်နေရာတေွမှာရှိနေမယ် နှစ်ဘက်သဘောတူပြီး ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး စသဖြင့်ပေါ့လေ။ခုဆွေးနွေးနေတာမှာလည်း ဘယ်မြို့နယ်တွေမှာ မင်းတို့ကနေ ဘယ်မြို့နယ်‌တွေမှာ စစ်စခန်းချ စသဖြင့်ဆွေးနွေးနေတာကိုကြားနေရတာပဲလေလို့ ပြောတော့ ကုလားမက ကျနော်တို့ကလွတ်လပ်ရေးအတွက်တိုက်နေတာလေ ။တဲ့ အဲလို ညှိနိုင်းလို့ရသွားရင် ငြိမ်းချမ်းရေးရသွားရင် လွတ်လပ်ရေးအတွက် တိုက်ရင်းသေသွားတဲ့ ကျနော်တို့ ရဲဘော်တွေအတွက် ဘယ်လောက်ရင်နာစရာကောင်းသွားပြီလဲတဲ့။အဲလိုဆိုရင်ကျနော်တို့ထွက်ပြေးမယ်တဲ့။ ကျနော်တို့သူငယ်ချင်းတွေကိုဘယ်လိုမျက်နှာပြရမှာလဲတဲ့လေ။
ငြိမ်းချမ်းရေးရသွားရင်တော မြို့နားရွာနားတွေမှာနေရမှာပေါ့ကွာ မပြေးပါနှင့်လို့နှစ်သိမ့်လိုက်ရ ပါတော့တယ်။

မင်းအောင် တောင်ကုတ်
ရခိုင်တစ်ပြည်လုံး အေကိုက်သွားပြီ ပြောတဲ့ အောင်ရဲလင်း အကြောင်း မျှော်

သွားလမ်းသာ လာလမ်းဖြောင့်စေဖို့နတ်မော် သလိန်ပြင် တောင်ရွာ ဓမကျ ခေါင်းလောင်းတူ ကုလားရောင် ရွာချင်းဆက်လမ်း။ အချောကိုင်
06/01/2021

သွားလမ်းသာ လာလမ်းဖြောင့်စေဖို့
နတ်မော် သလိန်ပြင် တောင်ရွာ ဓမကျ ခေါင်းလောင်းတူ ကုလားရောင် ရွာချင်းဆက်လမ်း။ အချောကိုင်

နေ့စဉ် နေ့တိုင်း အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေချင်သော ဆန္ဒ တွေနှင့် ဆုတောင်းမေတ္တာ ပို့သပေးကြပါသော တောင်ကုတ်မြို့နယ်သူ...
05/01/2021

နေ့စဉ် နေ့တိုင်း အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေချင်သော ဆန္ဒ တွေနှင့် ဆုတောင်းမေတ္တာ ပို့သပေးကြပါသော တောင်ကုတ်မြို့နယ်သူမြို့နယ်သားများ။ ရခိုင်ပြည်နယ် သူ ပြည်နယ်သား များ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ ။မြန်မာနိုင်ငံသားအားလုံး ကို အထူးကျေးဇူးတင်ပါကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးမှ ကျွန်တော် တို့ လွတ်မြောက်ရေးအတွက် တောင်းဆိုပေးကြပါသော ပါလီမန် များ ၊ နိုုင်ငံကိုယ်စားပြု
သံရုံးများ အားလည်းအထူးကျေးဇူးတင်ပါကြောင်း ကျေးဇူးစကားဆိုပါရစေ။
ကိုမင်းအောင် (တောင်ကုတ်)

တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉ မိုးရာသီ အောင်ရေမရ၍ စပါးပျက်စီးခဲ့ကြခြင်းအတွက် တောင်သူများအား အရေးပေါ်ထော...
08/10/2020

တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉ မိုးရာသီ အောင်ရေမရ၍ စပါးပျက်စီးခဲ့ကြခြင်းအတွက် တောင်သူများအား အရေးပေါ်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား။

တောင်ကုတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉ မိုးရာသီ အောင်ရေမရ၍ စပါးပျက်စီးခဲ့ကြခြင်းအတွက် တောင်သူများအား အရေးပေါ်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကိုယနေ့ နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ တစ်ဧကလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ဧကပေါင်း ၇၈၁ ဧကအတွက် လယ်ယာစိုက်ပျိုးတောင်သူ ၂၅၀ဦးကိုပေးအပ်ခဲ့ပါသည်။
ပေးအပ်ငွေပေါင်း ၇၈သိန်းတစ်သောင်းအားပေးအပ်ခဲ့ပါသည်။
သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးမှုး တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ပါသည်။ဆုံးရှုံးမှု ကြုံခဲ့ရသော လက်ပံကျွန်းကျေးရွာအုပ်စု လက်ပံကျွန်းရွာ ကံပြင်ရွာ သက္ကယ်ကျွန်းရွာ များမှ တောင်သူများတက်ရောက်ခဲ့ပါသည်။ရပ်ကျေးအုပ်ချုပ်ရေးမှုးများမှ တင်ပြချက်ပြည့်စုံလျှင် လိုအပ်ချက်များကို ထောက်ပံ့နေပါသည်။
ပြည်သူများ၏လိုအပ်ချက်ကို အမှန်တကယ်အထောက်အထားခိုင်လုံသောအချက်အလက်များတင်ပြနိုင်သော အုပ်ချုပ်ရေးမှုးများဖြစ်ကြပါစေ။
နောင်အနာဂတ်တွင်လည်း ပြည်သူကိုမျက်နှာမူသောအစိုးရအဖွဲ့အစည်းများ ပြည်သူ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးသော အစိုးရကောင်းများဖြစ်ကြပါစေ။

05/10/2020

နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် NLD ကိုယ်စားပြု တောင်ကုတ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့် ၊အမျိုးသားလွှတ်တော် အမှတ် ၁၂ ရခိုင်ပြည်နယ် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော တို့နှင့် မေးမြန်းထားတာဖြစ်ပါသည်။
အောင်လံခိုင်ဖို့မဲပေးစို့
ဒီမိုကရေစီမှန်ကန်ရေး NLD ကိုဒို့မဲပေး

20/09/2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်လွှတ်တော် တောင်ကုတ်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးမင်းအောင်၏ မဲဆန္ဒရှင်ပြည်သူများထံမှ မဲတောင်းခံခြင်း။
အောင်လံခိုင်ဖို့ မဲပေးစို့။
ဒီမိုကရေစီ မှန်ကန်ရေး NLD ကိုဒို့မဲပေး။

19/09/2020

Address

ဦးအောင်ဇေယျလမ်း၊ Taunggôk, Rakhine State
Rakhine State

Alerts

Be the first to know and let us send you an email when ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဦးမင်းအောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဦးမင်းအောင်:

Shortcuts

Share

Category