12/01/2023
Part - l
မင်္ဂလာပါ ညီအကိုမောင်နှမများ ခင်ဗျာ👋👋👋
ဒီနေ့ကတော့ third Adventure က
ပင်လယ်ရေမျက်နှာပြင်အောက် (၂၀/၂၅ -ပေ) Fun Dive မှာ တွေ့ခဲ့တဲ့
လေးကို Page မှာ ရှိတဲ့
ညီအကိုမောင်နှမတွေ ဗဟုသုတအဖြစ်ကြည့်ရအောင်
Short Video File(23-sec) တင်ပေးလိုက်ပါတယ်။
~Lionfish ဆိုတာ ဘယ်လိုမျိုးလဲ 🤔 .....?
မြန်မာအခေါ်ကတော့ ရေနတ်သမီးငါး လို့ခေါ်ပါတယ် ။ ငပလီဒေသ အခေါ်အရတော့ ဒီငါးကို ငါးကြက်ဖ လို့အများစုကခေါ်ကြ
တယ်(အခြားနာမည်အနည်းငယ်ရှိနိုင်တယ်)။
အရောင်ကတော့ ငပလီမှာ ကျနော်မြင်ဖူးသလောက် Red colour, White&Black( မြင်းကျား-Zebraအရောင်နဲ့
ဆင်တူ), White&Red ဆိုပြီး တော့ တွေ့ရတတ်တယ်။ ကျနော်ကတော့ ယခု video မှာပါတဲ့ colour ကို အကြိုက်ဆုံးပါ ❤️❤️❤️။
~Can we touch it? it's so pretty. I Love it!
ဪလှလိုက်တာ ကိုင်ကြည့်ချင်စရာလေး ဆိုပြီး သွား ထိ လို့တော့မရပါဘူး။ သူက လှပေမယ့်
ဆူးများတဲ့နှင်းဆီရဲ့ အရိုးတံကို တင်းကျပ်အောင်ဆုပ်ကိုင်တာကမှ သက်သာဦးမယ်။
~ဘာ့ကြောင့်လဲ....? ဒီလောက် လှတာကို 🤔
ဘာကြောင့်လဲဆိုတော့ Lionfish ဟာ အင်မတန် လှပေမယ့် အဆိပ်ရှိတာမလို့ပါ။ သူ့အဆိပ်က လူတစ်ယောက်ကို မသေစေနိုင်ပေမယ့် အတော်ကလေးကို တစစ်စစ် နာကျင်အောင် အနည်းဆုံး ၂၄နာရီလောက်ကို လုပ်နိုင်ပါတယ်။
သူ့မှာရှိတဲ့ အဆူးအတောင်တွေဟာ
အဆိပ်တွေ ရှိတဲ့ အစိတ်အပိုင်းတွေပါ။
~ ဒါဆို ရေထဲမှာတွေ့ရင် ဘယ်လိုလုပ်ရမလဲ?
အကယ်၍ ရေထဲမှာ Lionfish ကိုတွေ့ခဲ့ရင် ကြည့်ပဲကြည့်ပါ သူက သိပ်ပြီး ထွက်မပြေးတတ်ပါဘူး။ လက်တစ်ကမ်းစာ အကွာအဝေးကနေ စိတ်ကျေနပ်လောက်တဲ့ထိကြည့်လို့ရပါတယ်။ သူ့ကိုသာသွားမထိရင် ဘယ်လိုနေနေ ရပါတယ်။
~ ကမ်းခြေမှာ ရေကူးရင်းတွေ့နိုင်သလား၊
စိုးရိမ်ရလား?
ကျောက်ဆောင်မရှိတဲ့ ကမ်းခြေ အားလုံးမှာ မတွေ့နိုင်တာမလို့ စိုးရိမ်စရာမရှိပါဘူး။
သန္တာကျောက်တန်း ရှိတဲ့နေရာတွေမှာ သာနေကြတယ်။
Lionfish ဆိုတဲ့အတိုင်း သူ့ Throne နဲ့သူနေတတ်ကြတယ်(သွားရှုပ်လို့တော့မရဘူး😁😁😁)။
မည်သို့ပင်ဆိုစေကာမူ ကျနော်ကတော့ Lionfish ကို အသဲစွဲပါ ❤️❤️❤️။
Scuba Diving ကို စိတ်ဝင်စားကြတဲ့ ညီအကိုမောင်နှမများကိုလည်း
က နွေးထွေးစွာ အမြဲကြိုဆိုနေပါတယ်ခင်ဗျာ ။ အသေးစိတ် အချက်အလက် သိလိုပါကလည်း
☎️ -(+95) 9261861292 သို့
ညနေ 8PM - 9PM မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Note : Part ll ကတော့ Finding Nemo Cartoonထဲက Nemo (Clown Fish )အကြောင်းကို တင်ပါမယ်။