12/06/2026
နောင်နန်းတိုက်နယ် U15 အခြေခံဘောလုံးသင်တန်း ပိတ်ပွဲအခမ်းအနားကို ( ၁၁.၆.၂၀၂၆ )အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ⚽🏆
အခမ်းအနားတွင် နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူး ဦးခွန်အားမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသားများအား အားပေးစကားများ ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသားများကို အသင်း (၂) သင်းခွဲ၍ ချစ်ကြည်ရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစားစေခဲ့ပြီး သင်တန်းကာလအတွင်း ကြိုးပမ်းသင်ကြားပေးခဲ့ကြသော သင်တန်းဆရာ (၃) ဦးအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
U15 အခြေခံဘောလုံးသင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်းသား (၉၆) ဦးအနက်မှ ထူးချွန်သင်တန်းသား (၃၃) ဦးကို ရွေးချယ်ကာ လာမည့် နောင်နန်းတိုက်နယ်အုပ်ချုပ်ရေးမှူးဖလား U15 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဆက်လက်လေ့ကျင့်ပေးသွားမည် ဖြစ်ပါသည်။
နောင်နန်းတိုက်နယ် ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကူညီပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
#နောင်နန်းတိုက်နယ်