SHIM YOGA

SHIM YOGA Secure of soul,Heal your mind,
Integrate between mind and body with Tr.Seng Lu Aung
🧘🏻‍♂️Living with the flow of life

29/08/2026

Luxury ဆိုတာ… ပိုင်ဆိုင်ထားတဲ့အရာတွေ မဟုတ်ဘူး။

ကိုယ့်ခန္ဓာကိုယ်ကို
ကျန်းမာသန်စွမ်းစွာ သယ်ဆောင်ပြီး
ဘဝကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနိုင်တာ။

မနက်ခင်းမှာ နိုးလာတဲ့အခါ
ခန္ဓာကိုယ်က ကိုယ့်ကို မတားဆီးဘဲ
သွားချင်တဲ့နေရာကို သွားနိုင်တာ၊
လုပ်ချင်တဲ့အရာတွေကို လုပ်နိုင်တာ၊
ကိုယ့်ဘဝကို ကိုယ်တိုင်ရွေးချယ်နိုင်တာ။

အဲ့ဒါက တကယ့် Luxury ပါ။ 🌿

A healthy body is not just a blessing.
It is a form of freedom.

Good health is one of life’s greatest successes.

🕕morning class 6:00-7:00 AM


#အန်ဂျန်ဒုံ
#ထီဝန်း
#ရာဒါကောင်အေဘီ
#ရာဒါကောင်နှစ်ခြင်းဘုရားကျောင်းရှေ့
#မြစ်ကြီးနား

တချို့က Yoga လေ့ကျင့်ရင်း🧘‍♂️ကိုယ့်ခန္ဓာကိုယ်မှာ ဘာဖြစ်နေလဲသတိထားမိလာတဲ့အခါ—“Awareness ရပြီ” လို့ ထင်တတ်ကြတယ်။ဒါပေမယ့် အ...
19/08/2026

တချို့က Yoga လေ့ကျင့်ရင်း🧘‍♂️
ကိုယ့်ခန္ဓာကိုယ်မှာ ဘာဖြစ်နေလဲ
သတိထားမိလာတဲ့အခါ—

“Awareness ရပြီ” လို့ ထင်တတ်ကြတယ်။

ဒါပေမယ့် အဲ့ဒါက ပထမအဆင့်ပဲ..

Body Awareness ရပြီဆိုတာနဲ့ Yoga မှာ မပြီးသေးဘူး။ 🌿

နောက်တစ်ဆင့်က Control..

Control ဆိုတာ
အရာအားလုံးကို အားစိုက်ထားတာမဟုတ်ဘူး..

လိုအပ်တဲ့နေရာကို လိုအပ်သလောက် အသုံးပြုတတ်ဖို့၊
မလိုအပ်တဲ့နေရာက အားကို လွှတ်တတ်ဖို့ပါ.

ပြီးတော့ နောက်ဆုံးအဆင့်က Coordination…

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီကို
သီးခြားလုပ်တာမဟုတ်ဘဲ
တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး
အတူတကွ လှုပ်ရှားတတ်လာတာ..

ဒါကြောင့် Yoga မှာ—

Awareness → Control → Coordination

သိလာရုံနဲ့ မပြီးဘူး။
သိတာကို ထိန်းချုပ်တတ်ပြီး
ထိန်းချုပ်တာကို လှုပ်ရှားမှုထဲ ပေါင်းစပ်တတ်လာဖို့လိုတယ်။ 🧘🏻‍♀️🌿

🕕Morning class 6:00-7:00am


#အန်ဂျန်ဒုံ
#ထီဝန်း
#ရာဒါကောင်အေဘီ
#ရာဒါကောင်နှစ်ခြင်းဘုရားကျောင်းရှေ့
#မြစ်ကြီးနား

တခါတလေဆရာက instruction ပြောတာကို နားလည်ပေမယ့်ခန္ဓာကိုယ်က ချက်ချင်းမလိုက်နိုင်တာရှိတတ်တယ်။ဒါဟာ ကိုယ်မတော်လို့ မဟုတ်ဘူး။ဦး...
11/08/2026

တခါတလေ
ဆရာက instruction ပြောတာကို နားလည်ပေမယ့်
ခန္ဓာကိုယ်က ချက်ချင်းမလိုက်နိုင်တာရှိတတ်တယ်။

ဒါဟာ ကိုယ်မတော်လို့ မဟုတ်ဘူး။
ဦးနှောက်နဲ့ ခန္ဓာကိုယ်ကြားက connection ကို လေ့ကျင့်နေဆဲမို့ပါ။

Yoga မှာ အရေးကြီးတာက
Pose တစ်ခုကို မြန်မြန်ရောက်ဖို့မဟုတ်ဘူး။

ကိုယ့်ခန္ဓာကိုယ်က ဘာပြောနေလဲ…
ဘယ်နေရာက အားပြုနေလဲ…
ဘယ်နေရာက တင်းနေလဲ…
ဘယ်လိုရွေ့လျားနေလဲ…

ဒါတွေကို သတိထားတတ်လာဖို့ပါ။

ကိုယ့်ခန္ဓာကိုယ်ကို နားလည်လာတဲ့အခါ
Movement က ပိုနူးညံ့လာမယ်။
Control က ပိုကောင်းလာမယ်။
ပြီးတော့ ကိုယ်လုပ်နေတဲ့ Yoga ကလည်း
“Pose လုပ်တာ” ထက် ပိုပြီး အဓိပ္ပါယ်ရှိလာမယ်။ 🌿

Awareness comes before mastery. 🧘🏻‍♀️

Slow down.
Feel your body.
Build the connection.

🕕morning class 6:00 - 7:00 am


#အန်ဂျန်ဒုံ
#ထီဝန်း
#ရာဒါကောင်အေဘီ
#ရာဒါကောင်နှစ်ခြင်းဘုရားကျောင်းရှေ့
#မြစ်ကြီးနား

End of week yoga. 🔥🧘‍♀️အပြတ်ဝုန်းလိုက်ပြီ!Now it’s time to rest, recover, and recharge. 🌿See you on the mat next week. ✨...
31/07/2026

End of week yoga. 🔥🧘‍♀️

အပြတ်ဝုန်းလိုက်ပြီ!

Now it’s time to rest, recover, and recharge. 🌿

See you on the mat next week. ✨

🕕morning class 6:00-7:00am


#အန်ဂျန်ဒုံ
#ထီဝန်း
#ရာဒါကောင်အေဘီ
#ရာဒါကောင်နှစ်ခြင်းဘုရားကျောင်းရှေ့
#မြစ်ကြီးနား

27/07/2026

တစ်ပတ်တာရဲ့အစကို ယောဂနဲ့စပါ။ 🧘🌿
တည်ငြိမ်တဲ့စိတ်နဲ့ တစ်ပတ်သစ်ကို ကြိုဆိုလိုက်ပါ🤗

Monday is the perfect day to start yoga. 🧘✨

🕕morning class 6:00-7:00am


#အန်ဂျန်ဒုံ
#ထီဝန်း
#ရာဒါကောင်အေဘီ
#ရာဒါကောင်နှစ်ခြင်းဘုရားကျောင်းရှေ့
#မြစ်ကြီးနား

ဒီပုံထဲမှာ…လူတွေ တူညီတဲ့ Pose လုပ်နေကြတယ်။ဒါပေမယ့်…တစ်ယောက်နဲ့တစ်ယောက် မပြိုင်နေကြဘူး။ကိုယ့်အသက်ရှူသံကိုယ် နားထောင်နေကြတ...
15/07/2026

ဒီပုံထဲမှာ…

လူတွေ တူညီတဲ့ Pose လုပ်နေကြတယ်။

ဒါပေမယ့်…

တစ်ယောက်နဲ့တစ်ယောက် မပြိုင်နေကြဘူး။

ကိုယ့်အသက်ရှူသံကိုယ် နားထောင်နေကြတယ်။

ကိုယ့်ခန္ဓာကိုယ်ကို လေးစားပြီး
ကိုယ့်အရှိန်နဲ့ ကိုယ်ရှေ့ဆက်နေကြတယ်။

Yoga ဆိုတာ…

Perfect ဖြစ်ဖို့ မဟုတ်ဘူး။

မနေ့ကထက် ဒီနေ့
ကိုယ့်ကိုယ်ကို နည်းနည်းပိုနားလည်လာဖို့ ဖြစ်တယ်။

🌿 SHIM YOGA မှာ

ခန္ဓာကိုယ်ကို သန်မာစေဖို့…

စိတ်ကို ငြိမ်သက်စေဖို့…

ကိုယ့်ကိုယ်ကို ပိုနားလည်လာစေဖို့…

အတူတူ လေ့ကျင့်ကြရအောင်။

Breathe. Move. Be. 🤍

Morning class 6:00-7:00am


#အန်ဂျန်ဒုံ
#ထီဝန်း
#ရာဒါကောင်အေဘီ
#ရာဒါကောင်နှစ်ခြင်းဘုရားကျောင်းရှေ့
#မြစ်ကြီးနား

ခက်ခဲတဲ့ကာလမှာ…ပြဿနာတွေ ပျောက်သွားဖို့ မျှော်လင့်လို့ မရဘူး။ဒါပေမယ့်…ပြဿနာတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တဲ့ ကိုယ့်ကိုယ်...
12/07/2026

ခက်ခဲတဲ့ကာလမှာ…

ပြဿနာတွေ ပျောက်သွားဖို့ မျှော်လင့်လို့ မရဘူး။

ဒါပေမယ့်…
ပြဿနာတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တဲ့ ကိုယ့်ကိုယ်ကိုတော့ လေ့ကျင့်လို့ရတယ်။

Yoga ဟာ
ခန္ဓာကိုယ်ကို သန်မာစေရုံတင် မဟုတ်ဘဲ…
စိတ်ကို တည်ငြိမ်စေပြီး
ဘဝရဲ့ အတက်အကျတွေကို သတိရှိရှိ ဖြတ်သန်းနိုင်အောင် သင်ပေးပါတယ်။

🌿 ခက်ခဲတဲ့ကာလကို စိတ်နဲ့ ခန္ဓာ ကြံ့ကြံ့ခံပြီး ကျော်ဖြတ်ဖို့…
ယောဂလေ့ကျင့်စို့။

🕕 Morning Class | 6:00–7:00 AM


#အန်ဂျန်ဒုံ
#ထီဝန်း
#ရာဒါကောင်အေဘီ
#ရာဒါကောင်နှစ်ခြင်းဘုရားကျောင်းရှေ့
#မြစ်ကြီးနား

🌧️ မိုးရွာတဲ့နေ့တွေမှာ… Yoga ကို ပိုမလုပ်ချင်ဘူးမလား?အိပ်ရာထဲက မထချင်ဘူး။စောင်လေးခြုံပြီးပဲ နေချင်တယ်။“ဒီနေ့တော့ နားလိုက...
08/07/2026

🌧️ မိုးရွာတဲ့နေ့တွေမှာ… Yoga ကို ပိုမလုပ်ချင်ဘူးမလား?

အိပ်ရာထဲက မထချင်ဘူး။
စောင်လေးခြုံပြီးပဲ နေချင်တယ်။
“ဒီနေ့တော့ နားလိုက်ရအောင်…” ဆိုတဲ့ စိတ်က အမြဲအနိုင်ရတယ်။

ဒါပေမယ့်…

အဲဒီနေ့တွေကပဲ ကိုယ်ခန္ဓာက လှုပ်ရှားဖို့ အလိုအပ်ဆုံးနေ့တွေ ဖြစ်တတ်ပါတယ်။

မိုးရာသီမှာ ခန္ဓာကိုယ်က လေးလံလာတယ်။
စိတ်ကလည်း တိမ်ဖုံးထားသလို မှုန်မှိုင်းလာတယ်။

Yoga က မိုးကို မတားနိုင်ဘူး။

ဒါပေမယ့်…
မိုးကြောင့် ဖြစ်လာတဲ့ လေးလံမှုကိုတော့ လျော့ချပေးနိုင်တယ်။

တစ်နာရီစာ Yoga လုပ်ပြီး ပြန်ထွက်လာတဲ့အချိန်မှာ…

“ဒီနေ့ မလာဘဲနေရင် မှားသွားမှာပဲ။”

ဆိုတဲ့ အတွေးကို လူအများစုက ပြောတတ်ကြတယ်။

🌿 မိုးကို အကြောင်းပြချက် မလုပ်ပါနဲ့။
ကိုယ့်ကျန်းမာရေးအတွက် တစ်နာရီပဲ အချိန်ပေးလိုက်ပါ။

Morning Yoga Class
🕕 6:00 – 7:00 AM

🤗မိုးရာသီကို ဖြတ်သန်းရုံမဟုတ်ဘဲ…
ကျန်းမာပြီး ပျော်ရွှင်တဲ့ ရာသီတစ်ခု ဖြစ်အောင် Yoga နဲ့ စလိုက်ရအောင်……


#အန်ဂျန်ဒုံ
#ထီဝန်း
#ရာဒါကောင်အေဘီ
#ရာဒါကောင်နှစ်ခြင်းဘုရားကျောင်းရှေ့
#မြစ်ကြီးနား

ဘဝမှာ…နောက်ကျမှ နောင်တရတဲ့ အရာတွေ အများကြီးရှိတယ်။ဒါပေမယ့်…“ငါ ကျန်းမာရေးကို စောစောစဂရုစိုက်ခဲ့ရင် ကောင်းမှာ…”ဆိုတဲ့ စကာ...
07/07/2026

ဘဝမှာ…

နောက်ကျမှ နောင်တရတဲ့ အရာတွေ အများကြီးရှိတယ်။

ဒါပေမယ့်…

“ငါ ကျန်းမာရေးကို စောစောစဂရုစိုက်ခဲ့ရင် ကောင်းမှာ…”

ဆိုတဲ့ စကားက
လူတော်တော်များများ ပြောဖြစ်တဲ့ နောင်တတစ်ခု။

မနက်တစ်နာရီ…
အိပ်ယာရဲ့ နွေးထွေးမှုကို ခဏထားခဲ့ရတယ်။

ဒါပေမယ့်…
ပြန်ရတာက ကျန်းမာရေး၊ စိတ်ချမ်းသာမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိတဲ့ ဘဝ။

🧘‍♂️One hour for yourself. A better day ahead.

🌿Morning Yoga Class
🕕 6:00 – 7:00 AM


#အန်ဂျန်ဒုံ
#ထီဝန်း
#ရာဒါကောင်အေဘီ
#ရာဒါကောင်နှစ်ခြင်းဘုရားကျောင်းရှေ့
#မြစ်ကြီးနား

မခက်တာကို လုပ်နေရင်…ဘဝက မပြောင်းဘူး။ခက်တာကို တဖြည်းဖြည်း လုပ်နိုင်လာတဲ့အချိန်…ကိုယ့်ကိုယ်ကို ယုံကြည်မှုက စတင်တည်ဆောက်လာတ...
02/07/2026

မခက်တာကို လုပ်နေရင်…
ဘဝက မပြောင်းဘူး။

ခက်တာကို တဖြည်းဖြည်း လုပ်နိုင်လာတဲ့အချိန်…
ကိုယ့်ကိုယ်ကို ယုံကြည်မှုက စတင်တည်ဆောက်လာတယ်။

Yoga က ကိုယ်ခန္ဓာကိုပဲ သန်မာစေတာ မဟုတ်ဘူး။
ဘဝမှာ လက်မလျှော့တတ်တဲ့ စိတ်ကိုလည်း တည်ဆောက်ပေးတယ်။

Strength isn’t about muscles.
It’s about the mind that refuses to give up.

Morning Class
🕕 6:00 – 7:00 AM


#အန်ဂျန်ဒုံ
#ထီဝန်း
#ရာဒါကောင်အေဘီ
#ရာဒါကောင်နှစ်ခြင်းဘုရားကျောင်းရှေ့
#မြစ်ကြီးနား

Address

မုန်ရာကောင်နှစ်ခြင်းဘုရားကျောင်းရှေ့၊ရာဒါ A
Myitkyina

Website

Alerts

Be the first to know and let us send you an email when SHIM YOGA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category