Platinum Sport TipS

Platinum Sport TipS နေ့စဥ်အကောင်းဆုံး ဘောလုံးသတင်းများနဲ့ Freeပွဲများတင်ပေးသွားပါ့မယ်ခင်ဗျာ။

🚨 ဒေါ့မွန်ရဲ့နောက်ဆုံး ရှုံးပွဲအပြီးမှာ ဂျေဒန်ဆန်ချိုဟာ "ကွင်းထဲက အညံ့ဆုံး ကစားသမား"အဖြစ် ဂျာမန်မီဒီယာတွေရဲ့ဖော်ပြခြင်းက...
29/02/2024

🚨 ဒေါ့မွန်ရဲ့နောက်ဆုံး ရှုံးပွဲအပြီးမှာ ဂျေဒန်ဆန်ချိုဟာ "ကွင်းထဲက အညံ့ဆုံး ကစားသမား"အဖြစ် ဂျာမန်မီဒီယာတွေရဲ့ဖော်ပြခြင်းကို ခံခဲ့ရပါတယ်။

ဒေါ့မွန်ကို ပြန်လာပြီးနောက် ဂျေဒန်ဆန်ချို -

👕 ၇ ပွဲကစား
❌ ၀ ဂိုးသွင်း
🅰️ ၂ ဂိုးဖန်တီး

ဆန်ချိုတစ်ယောက် အရင်လို ခြေစွမ်းတွေ ပြန်ရနိုင်ပါဦးမလား...

🚨 Official !!!အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့်မဲခွဲမှုများ 🔥🏆☑️ မန်ယူနိုက်တက် Vs လီဗာပူးလ်☑️ မန်စီးတီး Vs နယူးကာဆယ်☑️ ဝု...
29/02/2024

🚨 Official !!!
အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့်မဲခွဲမှုများ 🔥🏆
☑️ မန်ယူနိုက်တက် Vs လီဗာပူးလ်
☑️ မန်စီးတီး Vs နယူးကာဆယ်
☑️ ဝုလ် Vs Coventry
☑️ ချယ်လ်ဆီး Vs လက်စတာ

ယူနိုက်တက်ဟာ FA Cup နောက်တစ်ဆင့်၌(ကွာတားဖိုင်နယ်)လီဗာဗူးအသင်းကို အိုးထရက်ဖို့ဒ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။
29/02/2024

ယူနိုက်တက်ဟာ FA Cup နောက်တစ်ဆင့်၌(ကွာတားဖိုင်နယ်)လီဗာဗူးအသင်းကို အိုးထရက်ဖို့ဒ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။

✅ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်သစ်ဖြစ်လာတဲ့ ဆာဂျင်ရက်ကလဖ်ဟာ ပြင်သစ်နည်းပြ ဇီဒနီ ဇီဒန်းကို သဘောကျနှစ်သက်သူဖြစ်ပြ...
28/02/2024

✅ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပိုင်ရှင်သစ်ဖြစ်လာတဲ့ ဆာဂျင်ရက်ကလဖ်ဟာ ပြင်သစ်နည်းပြ ဇီဒနီ ဇီဒန်းကို သဘောကျနှစ်သက်သူဖြစ်ပြီး၊ ယူနိုက်တက်ရဲ့ နည်းပြသစ်နေရာအတွက် ခန့်အပ်ဖို့ စီစဥ်နေတယ်လို့ ထွက်ပေါ်လာခဲ့ပါပြီ။ တစ်ဖက်မှာလည်း လက်ရှိနည်းပြ အဲရစ်တန်ဟန့်ရဲ့ စွမ်းဆောင်မှုအပေါ် ဆာဂျင်အနေနဲ့ အားရမှုမရှိဘူးလို့ ဆိုထားတာပါ။

▪ ဇီဒန်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ရာသီအချို့မှာ ထွက်ပေါ်ခဲ့ဖူးပေမယ့်လည်း၊ ဒီတစ်ကြိမ်မှာတော့ ပိုင်ရှင်သစ်ကိုယ်တိုင် ပြောင်းလဲမှုကြီးကြီးမားမား စီမံချက် ချမှတ်ထားတာလည်း ဖြစ်ပါတယ်။ ဒီစီမံချက်ထဲမှာ နည်းပြအပြောင်းအလဲလည်း အပါအဝင်လို့ သိရပြီး၊ ဇီဒန်းဖြစ်လာမယ်လို့ ထွက်ပေါ်နေတာပါ။

အင်တာမိုင်ယာမီဟာ ကလပ်အသင်းသမိုင်းတစ်လျှောက် မေဂျာလိဂ်မှာ အဆင့်  ၁ နေရာ ဘယ်တုန်းကမှ မရောက်ဖူးသေးတဲ့အသင်းဖြစ်ပါတယ်။ ပြီးခဲ...
28/02/2024

အင်တာမိုင်ယာမီဟာ ကလပ်အသင်းသမိုင်းတစ်လျှောက် မေဂျာလိဂ်မှာ အဆင့် ၁ နေရာ ဘယ်တုန်းကမှ မရောက်ဖူးသေးတဲ့အသင်းဖြစ်ပါတယ်။

ပြီးခဲ့ရာသီ ရာသီသိမ်းခါနီးမှ လီယိုရောက်ရှိလာတာကြောင့် ပွဲများများမကစားခဲ့ရပဲ ဇယားအောက်ခြေမှာသာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

ယခု ရာသီသစ်မှာတော့ ၂ ပွဲကစားပြီးချိန်မှာ အဆင့် ၁ နေရာမှာရပ်တည်နိုင်ခဲ့ပါပြီ။ မက်ဆီ ဆွာရက် အလ်ဘာတို့ ကြောင့့်ဆိုပေမယ့် လီယိုက အဓိက ကျခဲ့တာဖြစ်ပါတယ်။ မိုင်ယာမီတို့ အဆင့် ၁ နေဖူးပါပြီ။ ဘာကြောင့်လည်းဆိုရင် ဘောလုံးလောကရဲ့ နံပါတ်တစ်ကစားသမားရောက်လာတာကြောင့်ပဲဖြစ်ပါတယ်။

✅ မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်ရဲ့ လက်ရှိရာသီ စွမ်းဆောင်မှုတွေအ‌ပေါ် အားရကျေနပ်မှု မရှိဖြစ...
27/02/2024

✅ မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်မှုး မားကပ်ရက်ရှ်ဖို့ဒ်ရဲ့ လက်ရှိရာသီ စွမ်းဆောင်မှုတွေအ‌ပေါ် အားရကျေနပ်မှု မရှိဖြစ်နေတယ်လို့ ဆိုထားပါတယ်။ ယူနိုက်တက်ပရိတ်သတ်တွေနဲ့ ကစားသမားဟောင်းတွေကလည်း မားကပ်ဟာ အသင်းအတွက် ပေးဆပ်ကစားလိုစိတ် နည်းပါးလွန်းပြီး ကြိုးစားအားထုတ်မှု မရှိဘူးလို့ သတ်မှတ်လာကြတာပါ။

▪ မားကပ်ကိုယ်တိုင်လည်း ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီကထက် စွမ်းဆောင်ရည်ပိုင်း သိသိသာသာ ကျဆင်းနေပြီး၊ အသင်းမှာ ပျော်ရွှင်မှုကင်းမဲ့တဲ့ ပုံစံမြင်တွေ့နေရတာပါ။ ယူနိုက်တက်အသင်းဘက်ကတော့ လာမယ့် နွေမှာသာ PSG, ဘာစီလိုနာနဲ့ အခြားအသင်းတွေဆီက ထိုက်သင့်တဲ့ ကမ်းလှမ်းမှုမျိုးရရင် လက်ခံစဥ်းစားသွားမယ်လို့ သိရပါတယ်။

ဆော်ဒီပရိသတ်တွေကလည်း ရိုလ်နာဒိုကို တိုက်ခိုက်ဖို့အတွက် ပွဲစဉ်တွေမှာ Messi Messi Messi ဆိုတဲ့ အသံကိုအော်ပြီး ရိုလ်နာဒိုရဲ...
27/02/2024

ဆော်ဒီပရိသတ်တွေကလည်း ရိုလ်နာဒိုကို တိုက်ခိုက်ဖို့အတွက် ပွဲစဉ်တွေမှာ Messi Messi Messi ဆိုတဲ့ အသံကိုအော်ပြီး ရိုလ်နာဒိုရဲ့ အားနည်းချက်ဖြစ်တဲ့ စိတ်ဓာတ်ကို တူးဆွပါတယ်။

ပြီးခဲ့တဲ့ အယ်ရှာဘတ်ကို အနိုင်ရတဲ့ပွဲစဉ်မှာလည်း ဖြစ်ပျက်ခဲ့ပြန်ပါတယ်။ Messi နမ်မည် အော်ဟစ်နေတဲ့ ပရိသတ်တွေကို သေသေချာချာနားစွင့်ပြပြီးမှ မသင့်တော်တဲ့ တုန့်ပြန်မှု့မျိုးပြုလုပ်ခဲ့ပြန်ပါတယ်။

တစ်ကယ်ဆို မဟာပြိုင်ဘဘက် ၂ ယောက်မှာ မက်ဆီက တိုက်ခိုက်မခံရအောင် ဘယ်လိုနေထိုင်ရမလည်းဆိုတာ သေသေချာချာနားလည်ပေမယ့် ရိုလ်နာဒိုကတော့ မီဒီယာတွေရဲ့ သားကောင်အဖြစ် အမြဲနေလာခဲ့ပါတယ်။

တကယ်ဆို သူ့အဆင့်အတန်း သူ့အသက်အရွယ် ၃၉နှစ်ဟာ ဒီလိုအပြုအမှုတွေပြုလုပ်ဖို့ထက် ရင့်ကျက်စွာတုန့်ပြန်သင့်တာဖြစ်ပါတယ် ။ ရန်စရင်ပြန်ချမယ်ဆိုတာ ကျွန်တော်တို့လို သာမန်သူတွေအတွက်ပြသနာမရှိပေမယ့် ရိုလ်နာဒိုလို ခမ်းနားကြီးကျယ်သူတစ်ယောက်အနေနဲ့ ဆိုရင်တော့ ဘယ်အရာမှ ပြီးစလွယ်လုပ်လို့ရမှာမဟုတ်ဘူး။

ဆော်ဒီဘောလုံးအဖွဲ့ချုပ်ကတော့ အဆိုပါတုန့်ပြန်မှု့ဗီဒီယိုဖိုင်ကို စစ်ဆေးနေပြီး အရေးယူဖို့ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

"မန်စီးတီးကို ကျနော်စရောက်တော့ ဘရိုင်ယန်ကစ်ဒ်ပြောတာကို မှတ်မိသေးတယ်၊ ကာရာဘောင်ဖလားကို သိပ်အာရုံမထားနဲ့၊  လူငယ်တွေနဲ့ ကစာ...
27/02/2024

"မန်စီးတီးကို ကျနော်စရောက်တော့ ဘရိုင်ယန်ကစ်ဒ်ပြောတာကို မှတ်မိသေးတယ်၊ ကာရာဘောင်ဖလားကို သိပ်အာရုံမထားနဲ့၊ လူငယ်တွေနဲ့ ကစားတဲ့၊ ဘယ်သူကမှလည်း ဂရုစိုက်တဲ့ ဖလားမဟုတ်ဘူး၊ ဆာအဲလက်စ်ဖာဂူဆန်ဆိုရင် အမြဲတမ်း ချာတိတ်တွေပဲ ထည့်ကန်တာလို့ သူပြောခဲ့တယ်၊ ပြီးခဲ့တဲ့နှစ်တွေမှာ ဘယ်လိုတွေဖြစ်ကုန်တာလဲတော့ ကျနော်လည်း မသိတော့ဘူး"

ဂွါဒီယိုလာကတော့ ပြိုုင်ဘက်အသင်းတွေကို တကွက်ထည့်လိုက်ပါပြီ။ အချိုရည်ဖလားကို ဘာတွေ အသည်းအသန်ဖြစ်နေကြတာလဲလို့ မပြောရုံတမယ်ပါပဲ။ အံမယ်၊ သူက လူလည်နော်။ ဆာအဲလက်စ်ကိုတောင်မှ ဆွဲထည့်လိုက်သေးတာ။ သူ့မှာ သက်သေရှိပါတယ်ပေါ့။

ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ ရန်တွေဖြစ်ကြ၊ အငြင်းပွားကြတာတွေကို ပါးပါးလေး ကစ်ထည့်သွားတာကြီးကတော့ လှလွန်းပါတယ်။ 😄😁😆

❝ အင်္ဂါညချမ်းရဲ့ ပွဲကြိုသုံးသပ်ချက်များ  ❞ ⛃ သေချာ သုံးသပ် ဆုံးဖြတ်ပြီး ⛃ အနိုင်ယူနစ်များ တိုးပွားဝေဆာ ⛃ ဆော့ကစားနိုင်က...
27/02/2024

❝ အင်္ဂါညချမ်းရဲ့ ပွဲကြိုသုံးသပ်ချက်များ ❞

⛃ သေချာ သုံးသပ် ဆုံးဖြတ်ပြီး
⛃ အနိုင်ယူနစ်များ တိုးပွားဝေဆာ
⛃ ဆော့ကစားနိုင်ကြပါစေ....


__________________________

✅ ဘရာဇီးတောင်ပံတိုက်စစ်မှုး အန်တိုနီဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းအောက် ဆိုးဆိုးရွားရွား ရောက်ရှိနေခဲ့ပြီး၊ ကစားသမားရဲ့ ကြ...
27/02/2024

✅ ဘရာဇီးတောင်ပံတိုက်စစ်မှုး အန်တိုနီဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းအောက် ဆိုးဆိုးရွားရွား ရောက်ရှိနေခဲ့ပြီး၊ ကစားသမားရဲ့ ကြိုးစားအားထုတ်မှုနဲ့ ခြေစွမ်းမပြနိုင်မှုတွေကြောင့် နည်းပြရဲ့ ယုံကြည်မှုလည်း ပျောက်ဆုံးနေခဲ့တာပါ။ နောက်ပိုင်းပွဲစဥ်တွေမှာ အရံခုန်မှာသာ အချိန်ကုန်ဆုံးနေတာလည်း ဖြစ်ပါတယ်။

▪ အသင်းပိုင်ရှင်သစ် ဆာဂျင်လက်ထက်မှာတော့ ခြေစွမ်းမပြနိင်တဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့အစီစဥ်ဆွဲနေပြီး၊ ဒီထဲမှာ အန်တိုနီလည်း ပါဝင်လာခဲ့တာပါ။ ယူနိုက်တက်အသင်းအနေနဲ့ နွေဈေးကွက်မှာ တောင်ပံကစားသမား အန်တိုနီကို ထိုက်သင့်တဲ့ကမ်းလှမ်းမှု ရှိလာတာနဲ့ လက်ခံစဥ်းစားသွားမယ်လို့ ဆိုထားပါတယ်။ ပေါင်သန်း ၈၀ကျော် ပေးပြီးဝယ်ထားရတဲ့ ကစားသမားကို အရှုံးခံပြီး ရှင်းထုတ်တော့မှာပါ။

အယ်လ်ရှာဘတ်ပရိသတ်တွေကို ရော်နယ်ဒိုကတော့ ခပ်ကြမ်းကြမ်းပဲ ပြန်တုံ့ပြန်သွားခဲ့တာပါ။ မက်ဆီရဲ့ နာမည်ကို အော်ဟစ်ကာ သူ့ကိုလှောင...
27/02/2024

အယ်လ်ရှာဘတ်ပရိသတ်တွေကို ရော်နယ်ဒိုကတော့ ခပ်ကြမ်းကြမ်းပဲ ပြန်တုံ့ပြန်သွားခဲ့တာပါ။ မက်ဆီရဲ့ နာမည်ကို အော်ဟစ်ကာ သူ့ကိုလှောင်ပြောင်ခဲ့တာကို ပုံပါအတိုင်း ပြန်လုပ်ပြသွားခဲ့တာပါ။ ရော်နယ်ဒိုတယောက် ဆော်ဒီမှာ ရေလည်ပွဲကြမ်းနေပါတယ်။

ညကကစားခဲ့တဲ့ ပွဲအပြီးမှာ ဖြစ်ပွားခဲ့တာပါ။ ရော်နယ်ဒိုက အခုနောက်ပိုင်းမှာ လုံး၀ကို သည်းမခံတော့ဘဲ သူ့ကိုလှောင်ပြောင်ရင် ခပ်ကြမ်းကြမ်းကို ပြန်တုံ့ပြန်နေတာပါ။ ဘာကိုမှ ဂရုမစိုက်ဘဲ သူ့စိတ်ထဲရှိတဲ့အတိုင်း ပြန်လုပ်ပြခဲ့ပြီး အဲဒီအတွက်လည်း သူ နောင်တရနေဟန်မရှိပါဘူး။

ညကပွဲမှာ သူ ပင်နယ်တီကနေ တဂိုးသွင်းခဲ့ပြီး အသက် ၃၉ နှစ်ပြည့်ပြီးနောက်ပိုင်း ကစားခဲ့တဲ့ တရားဝင်ပွဲတိုင်းမှာ ဂိုးသွင်းနိုင်တဲ့ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ တပွဲကို တဂိုးပုံမှန်သွင်းနေပြီး သွင်းဂိုး ၉၀၀ ပြည့်ဖို့အတွက်ကို တလှမ်းချင်းစီ၊ တဂိုးချင်းစီနဲ့ သွားနေပါတယ်။

ဒီပွဲမတိုင်ခင်မှာ ပေါ်တိုဂိုးသမားက အာဆင်နယ်မှာ အားနည်းချက်တွေရှိတယ်ဆိုပြီး ပြောတယ်။ အနိုင်ယူနိုင်တယ်ဆိုရင် လုပ်ပြလေလို့ ...
22/02/2024

ဒီပွဲမတိုင်ခင်မှာ ပေါ်တိုဂိုးသမားက အာဆင်နယ်မှာ အားနည်းချက်တွေရှိတယ်ဆိုပြီး ပြောတယ်။ အနိုင်ယူနိုင်တယ်ဆိုရင် လုပ်ပြလေလို့ ကြုံးဝါးတယ်။ တကယ်ကစားချိန်မှာ သူ တလုံးမှတောင် မကာကွယ်လိုက်ရပါဘူး။ အာဆင်နယ်က ဂိုးပေါက်တောင်မတည့်ခဲ့ဘဲ နာကျင်အချိန်ပိုနောက်ဆုံးမိနစ် ပေးလိုက်၇တဲ့ ဂိုးကြောင့် ရှုံးတောင်ရှုံးသွားပါတယ်။

ပေါ်တိုရဲ့ အကောင်းဆုံးတုံ့ပြန်မှုပါပဲ။ ဒါပေမယ့် ဒါက သူတို့ကွင်းမို့ဆိုတဲ့ အားသာချက်ရှိပါတယ်။ အီးမရိတ်မှာ ပြန်ကန်မယ့်ပွဲမှာတော့ အာဆင်နယ် ဘာလုပ်ပြမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဖောင်ဖျက်ကစားရမယ့်ပွဲဖြစ်လို့ အာဆင်နယ်ဆီက မတူညီတဲ့ ပုံစံကို မြင်ရမှာကိုတော့ ပေါ်တိုသတိထားရမှာပါ။

ဒါပေမယ့် ညကပွဲမှာတော့ ပရီးမီးယားလိဂ်မှာ ဂိုးတွေမြူးနေတဲ့ အာဆင်နယ်တို့ ဂိုးပေါက်တောင်မတည့်ခဲ့တာကတော့ ဆိုးပါတယ်။ ပေါ်တိုရဲ့ ကစားဟန်ကိုလည်းချီးကျူးရပါမယ်။ အခွင့်အရေးရချိန်မှာ ဂိုးပါရခဲ့လို့ ဒုတိယအကျော့အတွက်ပါ သူတို့က အသာစီးအနည်းငယ်ရသွားပါပြီ။

Address

Myitkyina

Telephone

+959404142877

Website

Alerts

Be the first to know and let us send you an email when Platinum Sport TipS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Platinum Sport TipS:

Share