Htain Linn FC

Htain Linn FC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htain Linn FC, Sports Club, Myitkyina, Myitkyina.

လွန်ခဲ့တဲ့ အတိတ်တစ်ခုကို ငေးကြည့်လိုက် တနိုင်းမြို့ရဲ့ပေတရာလမ်းမပေါ်မှာ ခြေဖလာနဲ့ဘောလုံးကစားနေတဲ့ ချာတိတ်လေးတစ်ယောက်ကို ...
20/06/2022

လွန်ခဲ့တဲ့ အတိတ်တစ်ခုကို ငေးကြည့်လိုက် တနိုင်းမြို့ရဲ့ပေတရာလမ်းမပေါ်မှာ ခြေဖလာနဲ့ဘောလုံးကစားနေတဲ့ ချာတိတ်လေးတစ်ယောက်ကို အထင်းသားမြင်ရလိမ့်မယ်။ဘေးမဲ့ပေးထားခံရတဲ့ ဒီကောင်လေးရဲ့ကစားဟန်က အမှတ်မထင်ပဲ မျက်စိကျစရာဖစ်လာပါရော။Manaw League ဘောလုံးလောကရဲ့အထိအတွေ့ကို ကြင်နာမှုအပြည့်နဲ့နန်းရှိုက်မိသူတိုင်း ပုံရိပ်ရောင်ခြည်တွေကိုစီရှိကြတယ်။ဒီမှာပရိတ်သတ်တိုင်းရဲ့ နှလုံးသားကိုသိမ်းပိုက်ထားတဲ့ 20 born ထိန်လင်းရဲ့ No 19 အကြောင်း ဆက်ဖတ်ကြရအောင်။ဒီလိုနဲ့ထိန်လင်းဖူဆယ်က ပွဲဆော့ဖို့ခေါ်လိုက်တယ်။ကချင်ပြည်နယ်ရဲ့နန်းဆန်တဲ့မြစ်ကြီးနားမြို့ကြီးကို သူရောက်လာခဲ့တယ်။ဒါပေမဲ့လဲ ဖူဆယ်မှာ အရန်ကစားသမားအနေနဲ့ပဲကြုံခဲ့ရရှာတယ်။အဲ့ဒီနောက် Manaw League ကိုပြန်လာဖို့ ထိန်လင်းလက်မှတ်ကိုဖျက်ခဲ့တယ်။အဲ့ဒီကစပီး No 19 ရှဲလိုင်ရဲ့ ဘဝက ကြယ်ရောင်လိုတောက်ပသလိုဖစ်သွားပါရော။ရှဲလိုင်ဟာ ထိန်လင်းကိုစရောက်ချိန်မှာပဲ Manaw League ကိုသိမ်းဖို့ Plan ချခဲ့တဲ့ပုံစံနဲ့ ဆော့ပုံတွေက ကြွတက်ခဲ့တယ်။အင်မတန်ကောင်းတဲ့ပုံဖော်မှုတွေ ထုစစ်ပီး ထိန်လင်းကို မြင့်တင်ပေးတယ်။အသင်းရဲ့အရေးပါတဲ့စက်ယန္တယား တစ်ခုဖစ်လာသလို ထိန်လင်းရဲ့သွေးခုန်နှုန်းကလဲ ရှဲလိုင်ပဲ ဖစ်တယ်။ရှဲလိုင်ပါတဲ့ ထိန်လင်းပွဲကိုကြည့်ရတာ အချစ်တွေအပြည့်နဲ့ ဖော်စပ်ထားသလိုပဲ။ရှဲလိုင်ဟာ ပေါ်ပင်မှာ ပျော်ရွှင်တဲ့ ကစားသမားမျိုးမဟုတ်ဘူး။သူ့မှာရှိတဲ့အားတွေကို ထိန်လင်းအတွက် အသုံးတော်ခံခဲ့တယ်။အလုပ်ကြိုးစားတယ်။ရှဲလိုင်က သိပ်လှတဲ့ဖန်တီးမှုတွေနဲ့အရေးပါတဲ့သွင်းဂိုးတွေသွင်းပီး ထိန်လင်းအရိပ်ကို အေးမြမှုတွေပေးတယ်။လက်ရှိ ထိန်လင်း Password
တွေအားလုံးက ရှဲလိုင်နာမည်နဲ့ဖွင့်မှပွင့်တယ်။သူ့ရဲ့ assists တွေက စိန်တွေဒလဟော စီထားသလိုပဲ။သူ့အတွက် အကြီးအကျယ်
ဘုရားပေးတဲ့ဆုလဒ်ကတော့ ကိုညွန့်ဝင်းလို နည်းပြမျိုးနဲ့လက်တွဲခွင့်ရလိုက်ခြင်းပဲ။ရှဲလိုင်ရဲ့ တချို့တစ်လေသော မှော်ဝင်စွမ်းအင်တွေက ကိုညွန့်ဝင်းလို နည်းပြမျိုးကနေ မြစ်ဖျားခံလာတယ်လို့ တရားဝင်ပြောလို့ရတယ်။ကဲ အခုကြည့် တနိုင်းမြို့ရဲ့ ပေတရာ လမ်းမပေါ်မှာ ဆော့နေတဲ့ ချာတိတ်က လက်ရှိ Manaw League ရဲ့ Daily man of the match ဘွဲ့ကို အစွပ်ခံထားရပီ။ရှဲလိုင်ဟာ ထိန်လင်းရဲ့ King of play marker ပဲ။သူစွမ်းဆောင်ခဲ့တဲ့ မှတ်တမ်းတွေမှာ အကြံအဖန်မပါ သလို ဘယ်လိုတိုက်စစ်ကစားသမားပဲ ဖစ်ဖစ်သူနဲ့တွဲကစားချင်ကြမှာ ဧကန်မုချပါပဲ။သူ့ရဲ့ရေရေလည်လည် လန်းတဲ့ NE နဲ့ပွဲက ဒိုင်းနမိုက် ဖရီးကစ်ဆိုရင် မျက်လုံးတွေတောင် ကြိမ်းမတတ်ပါပဲ။နောက်ပီးသူ့ရဲ့တိကျတဲ့ ဖြန့်ဝေမှုတွေ မေးလိုက် အသည်းတွေပါ လှုပ်ခတ်သွားနိုင်တယ်။သူကပွဲတစ်ပွဲကိုပေါ့ပျက်ပျက်မဆော့ဘူး။သွေး ချွေးတွေနဲ့ပေးဆပ်တယ်။ပြိုင်ဘက်ရဲ့ ခံစစ်တမ်းကို သူ့ရဲ့ကြောက်ခမန်းလီးလီး ဖန်တီးမှုတွေနဲ့သွင်းဂိုးတွေနဲ့ သေမိန့်ချတယ်။
ပင်လယ်နဲ့ကောင်းပင် ထိစပ်မှုက မိုးဂုတ်စက်ဝိုင်း ဖစ်တယ်ဆိုင်ရင် အနုပညာနဲ့assistsဒွန်တွဲမှုက ရှဲလိုင်လို့ပြောရင် ခင်ဗျားတို့အားလုံး လက်ခံကြရလိမ့်မယ်။သူဟာ ထိန်လင်းရဲ့ နှလုံးသား ဖစ်တယ်။

#မကြာခင် Manaw League
ဒိုင်ယာရီ ထဲလဲ စိမ့်ဝင်လာတော့မယ်။

မူရင်းရေးသားသူ Aung Chit Moe🙏🙏🙏

13/06/2022

Manaw League ပွဲစဥ် (၅)
Htain Linn FC Vs Northern Eagle FC
သောကြာနေ့ညနေ ၄:၀၀
မြစ်ကြီးနား ပြည်နယ်အားကစားကွင်း

Manage League ပွဲစဥ် (၄) ပွဲ အပြီးရလဒ်များ
13/06/2022

Manage League ပွဲစဥ် (၄) ပွဲ အပြီးရလဒ်များ

13/06/2022

Address

Myitkyina
Myitkyina

Website

Alerts

Be the first to know and let us send you an email when Htain Linn FC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category