Shan Lay SKM

Shan Lay SKM 24နာရီဝန်ဆောင် စိတ်ချယုံကြည်စွာကစား?

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့၊အဖွဲ့ဝင် ဦးဝင်းထိန်မန္တလေးအိုးဘို အကျဉ်းထောင်ထဲကနေစကားပါးလိုက်ပါတယ်။သူကအနှစ်(၂၀...
16/11/2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့၊အဖွဲ့ဝင် ဦးဝင်းထိန်
မန္တလေးအိုးဘို အကျဉ်းထောင်ထဲကနေစကား
ပါးလိုက်ပါတယ်။
သူကအနှစ်(၂၀)ပြစ်ဒဏ်ကျခံရတဲ့ထောင်ကျအကျဉ်းသားမို့မိသားစုနဲ့ဆက်သွယ်ခွင့်ရှိတယ်
ဒါကြောင့်
သူ့မိသားစုပြည်သူတွေသိရအောင်

"ငါဒီနေ့၉-၁၁-၂၀၂၁နေ့မန္တလေးထောင်ရောက်တယ်။"
"အားလုံးကိုပြောလိုက်ပါ။
ငါနေကောင်းတယ်။
စိတ်ဆင်းရဲတယ်ဆိုတာလဲ
မဖြစ်ဘူး။
(၈)ပါးသီလလဲမြဲတယ်။
ဘာဝနာကနေ့စဉ်မပြတ်ဘဲ။
နေ့စဉ်အမြတ်ရနေတယ်...လို့။
ငါကိုဒီလိုဖြစ်အောင်လုပ်ပေးတဲ့ကောင်တွေကို
တောငကျေးဇူးတင်တင်ရမလိုလို"
ဟားဟားဟား
"ဝင်းထိန်"
အနှစ် ၂၀
မန္တလေးအိုးဘိုအကကျဉ်းထောင်

ဘေးကင်းတဲ့ နေရာမှာ တော်လှန်နေဆဲပါသူတို့ညီကို‌တွေကို အားပေးစကားပြောပေးခဲ့ကြပါအုံးနော်🥰
16/11/2021

ဘေးကင်းတဲ့ နေရာမှာ တော်လှန်နေဆဲပါ
သူတို့ညီကို‌တွေကို အားပေးစကားပြောပေးခဲ့ကြပါအုံးနော်🥰

အဆိုးဆုံးတွေဖြတ်ကျော်ပြီးပြီအကောင်းဆုံးတွေလာဖို့ကကိုယ်တိုင်ပါဝင်မှရမယ် #မင်းမော်ကွန်း😍
16/11/2021

အဆိုးဆုံးတွေဖြတ်ကျော်ပြီးပြီ
အကောင်းဆုံးတွေလာဖို့က
ကိုယ်တိုင်ပါဝင်မှရမယ်
#မင်းမော်ကွန်း😍

ကမ္ဘာပေါ်မှာ အချိန်တိုအတွင်းအင်အားကြီးမားလာမှုအမြန်ဆုံး စစ်တပ်ကို ပြပါဆိုရင် မြန်မာပြည်က PDF ပဲ...နေရာတိုင်းမှာရှိပြီး အ...
16/11/2021

ကမ္ဘာပေါ်မှာ အချိန်တိုအတွင်း
အင်အားကြီးမားလာမှုအမြန်ဆုံး စစ်တပ်ကို
ပြပါဆိုရင် မြန်မာပြည်က PDF ပဲ...

နေရာတိုင်းမှာရှိပြီး အလျင်အမြန်တိုးပွားနေတယ်
မြန်မာပြည်အနှံ့မှာ စစ်ရေးလှုပ်ရှားမှုရှိတယ်
တိုက်ပွဲပုံစံကလည်း ရောမရုပ်ရှင်ကားထဲကလို
အုပ်စုလိုက်ကြီး ချီတက်လာတာမဟုတ်တော့
မအလ တပ်သားတွေ ဖြိုခွင်းဖို့ခက်တယ်
ရုရှားကဝယ်ထားတဲ့ ဒုံးတွေကို ဖင်ခုထိုင်ပြီး
ပက်ပက်စက်စက်အသေခံနေကြရတယ်...

စိတ်ဓာတ်ချင်းကလည်း ကွာတယ်
မအလ တပ်သားတွေက ဘာယုံကြည်ချက်မှမရှိပဲ
ရှူးတိုက်လို့သာကိုက်နေရတယ် 😁😁

(စစ်တပ်ထဲဝင်တဲ့ရည်ရွယ်ချက်ကိုက မကောင်း)

PDF တွေက ယုံကြည်ချက် နာကျည်းချက်တွေနဲ့
အမြစ်ပါနှုတ်ပစ်ဖို့ ထက်သန်နေကြတယ်...

သမ္မတဖြစ်ဖို့ စစ်ရေးအမြင်ရှ်ိရမယ်ဆိုတဲ့
စစ်သားတွေဟာ ဘာစစ်ရေးအမြင်မှမရှိခဲ့တဲ့ လယ်ထွန် ထန်းတက် ဂိမ်းဆော့
ကျောင်းတက် စာသင် ဆေးကုနေကြတဲ့
PDF တွေနဲ့တွေ့တော့ ပျော်ပျော်ကြီး
သေနေကြတယ်...

ဇာတ်ရည်လည်ပြီ ဇာတ်သိမ်းလည်းသိပြီ
မိုးမလင်းသေးတာတစ်ခုပဲ...

ရောင်နီကို အတူတူကြိုကြမယ်...
Crd

ပုလဲမြို့နယ်တွင် မိုင်တဲတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ-----------------OAKစစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ မင်းရွာကျေးရွာရှိ ...
16/11/2021

ပုလဲမြို့နယ်တွင် မိုင်တဲတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရ
-----------------
OAK

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ မင်းရွာကျေးရွာရှိ မိုင်တဲတာဝါတိုင်အား နိုဝင်ဘာလ၁၅ရက် နေ့လည်၁နာရီအချိန်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါဖောက်ခွဲမှုကို ပြည်သူ့တော်လှန်ရေးတပ်မတော် PRA အဖွဲ့နှင့် ကျားသစ်နက်အဖွဲ့တို့ ပူးပေါင်းပြီးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မန္တလေးက ပရဟိတအသင်း ဥက္ကဋ္ဌ ဒေါ်ရွှေမဟာနွယ်ကို စစ်ကောင်စီက ဖမ်းဆီး-------------------မန္တလေးမြို့ရှိ ရွှေမဟာနွယ် ပရဟိတ သ...
16/11/2021

မန္တလေးက ပရဟိတအသင်း ဥက္ကဋ္ဌ ဒေါ်ရွှေမဟာနွယ်ကို စစ်ကောင်စီက ဖမ်းဆီး
-------------------

မန္တလေးမြို့ရှိ ရွှေမဟာနွယ် ပရဟိတ သွေးလှူအသင်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ရွှေမဟာနွယ် (ခ) ဒေါ်နွယ်နွယ်ဝင်းကို စစ်ကောင်စီက ယနေ့ ဖမ်းစီးသွားကြောင်း အဆိုပါအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အောင်မြေသာစံမြို့နယ်၊ ၂၅လမ်း၊ အရှေ့မြို့ပတ်လမ်းထောင့်၊ မဟာဇေယျာဘုံ အပိုင်း(၂)၊ သရက်ကုန်း ကွက်သစ်တွင် တည်ရှိသည့် အဆိုပါ အဖွဲ့ရုံးသို့ နိုဝင်ဘာ ၁၅ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီ လက်နက်ကိုင်များက အရပ်ဝတ်များဖြင့် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

"ကျွန်တော်တို့ အသင်းက မိဘမဲ့တွေ စစ်ဘေးရှောင်တွေကို အဝတ်အထည်တွေ လှူဒါန်း ပေးနေတာဗျ။ အခု ဆောင်းအဝင်ဆိုတော့ အနွေးထည်တွေ အလှူခံတာ၊ အဲဒီထဲမှာ ကွန်မန်ဒို အဝတ်အထည်ထုတ် ပါလာတယ်။ အဲဒီ အထုတ် ဓါတ်ပုံနဲ့လာပြီး ဖမ်းတာ "ဟု အသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပါဂျဲရိုးကား နှစ်စီးဖြင့် လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အသင်းသူ အသင်းသားများကိုလည်း "မင်းတို့ သေချင်ရင် လိုက်ခဲ့"ဟု ခြိမ်းခြောက်သွားသည်ဟု ဆိုသည်။

အဖမ်းခံရသည့် အသင်း ဥက္ကဋ္ဌသည် ယခုည ၇ နာရီခွဲတွင် နန်းမြို့တွင်း စစ်ကြောရေး စခန်းသို့ ရောက်ရှိနေကြောင်း အသင်းတာဝန်ရှိသူက ပြောသည်။

၂၀၁၄ ခုနှစ်တွင် အသင်းသူ အသင်းသား ၃၂ ဦးဖြင့် စတင် တည်ထောင်ခဲ့သော ရွှေမဟာနွယ် ပရဟိတအသင်းသည် လူမှုပရဟိတ၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် သွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ကိုဗစ်ကာလ အတွင်း၌လည်း ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့သည်။

အသင်းဥက္ကဋ္ဌ ဖမ်းဆီးခံရခြင်းကြောင့် အသင်းသူ အသင်းသားများက စိုးရိမ်နေကြပြီး အသင်းဝင် အချို့လည်း ရှောင်တိမ်းနေကြသည်။
-----------------------

Address

Myawadi ဗိုလ်ချုပ်လမ်း
Myawadi
13051

Website

Alerts

Be the first to know and let us send you an email when Shan Lay SKM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category