Hlaing Mahasi Buddha- Dhamma Training Centre

Hlaing Mahasi Buddha- Dhamma Training Centre Life Attain Perfection Only By Maha Satipatthana Vipassana!

06/06/2026

နယုန်လပြည့် ၊ မဟာသမယ နေ့ပြည်တွင်း/ပြည်ပမဟာစည် နာယက ဓမ္မ​အောင်​မြေ...

06/06/2026
လှိုင်မဟာစည်ဆရာတော် ဘုရား ၁၀ နှစ်တာ မဟာ စည်ဆရာတော်ကြီး ထံ ပါးသတင်းသုံးစဉ်က သတိပဋ္ဌာန်မြတ်တရား တို့ မဟာစည် ဆရာတော်ကြီး ထံ...
06/06/2026

လှိုင်မဟာစည်ဆရာတော် ဘုရား ၁၀ နှစ်တာ မဟာ စည်ဆရာတော်ကြီး ထံ ပါးသတင်းသုံးစဉ်က သတိပဋ္ဌာန်မြတ်တရား တို့ မဟာစည် ဆရာတော်ကြီး ထံ နည်းခံ လေ့ကျင့် အားထုတ်ကာ မရှင်းလင်းသည်များ မေးမြန်း ၊ နယ်တကာ လှည့် တရားပြ ရင်း ဟာမစ်တစ် မဟာစည်ရိပ်သာကြီးအတွင်း နှစ် ၁၀တန်းမျှ သီတင်းသုံးခဲ့ရာ
ဟံသာအေးတိုက် ကျောင်း

06/06/2026

မဟာစည်သာသနာ့ရိပ်သာ “ယောဂီအသစ်တို့အား အစညွှန်ကြားချက် အလုပ်ပေးတရားတေ...

ကျော်နန္ဒအောင်၏စာအုပ်မှာ လယ်တီဆရာတော်မှ စ၍ ဤမှာဘက် ခေတ်တွင် ထင်ရှားသော ဆရာတော်ဘုရားကြီး ၉-ပါးတို့ မြတ် ဗုဒ္ဓဟောဖော်ညွှန်...
06/06/2026

ကျော်နန္ဒအောင်၏စာအုပ်မှာ လယ်တီဆရာတော်မှ စ၍ ဤမှာဘက် ခေတ်တွင် ထင်ရှားသော
ဆရာတော်ဘုရားကြီး ၉-ပါးတို့ မြတ် ဗုဒ္ဓဟောဖော်ညွှန်ပြ သတိပဋ္ဌာန် ဝိပဿနာ လုပ်ငန်းစဥ်ကို မိမိတို့၏ စရိုက်ဓါတ်ခံ ၊ ဉာဏ်အမြင်ပေါက် ဝိပဿနာရှုပုံ သိပုံနည်း များကို စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။

ကျော်နန္ဒအောင်သည် ဆရာတော်ကြီး များ၏ ဝိပဿနာရှုနည်း မှတ်နည်း အားထုတ်နည်း မျက်မှောက်သိပုံ အသီးသီးကို ဖော်ပြရာ၌
မိမိအမြင်ဖြင့် လေ့လာ တင်ပြခြင်း မပြုဘဲ
သက်ဆိုင်ရာ ဆရာတော်ကြီးတို့၏ နည်းနိဿယမူများမှ လည်းကောင်း၊
လက်ရင်း တပည့်ကြီးများ၏ ရေးသားဟောပြောချက်များကို တောင်းခံရယူ၍ လည်းကောင်း ဖော်ပြထားပါသည်။
ဤသည်မှာ မူလ ဆရာတော်ကြီးတို့၏ အာဘော်မှ တိမ်းချော်မသွားဘဲ မှန်ကန်တိကျနိုင်သမျှ
မှန်ကန်တိကျစေရန် ကြိုးပမ်းထားခြင်း ဖြစ်ပါသည်ဟု

ပထမအကြိမ်၊ ဒုတိယအကြိမ် ထုတ် စာအုပ်တို့၌ ဓမ္မာစရိယ ဦးမောင်မောင်လေးမှ အမှာစာ၌ ရေးသားထားသည့်အတိုင်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ ဆဋ္ဌသင်္ဂီတိ
ပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏
ဝိပဿနာရှုနည်း အပြည့်အစုံကို
မဟာစည်ဆရာတော်ဘုရားကြီးထံ ၁၀ နှစ်တာ သင်ယူလေ့ကျင့် ပွားများအားထုတ်ကာ မရှင်းလင်းသည်များကို မေးမြန်းမှတ်သား
မဟာစည် ဝိပဿနာ တရားများ နယ်အနှံ ဟောပြောပြသခဲ့သော လက်ရင်း တပည့်ကြီးတပါးဖြစ်သော
လှိုင်မဟာစည်ဆရာတော်
ဘဒ္ဒန္တစန္ဒဝရမထေရ် မှ
မဟာစည်ဆရာတော်ဘုရားကြီးအာဘော် အတိုင်း မှန်ကန်တိကျနိုင်သမျှ ကဏ္ဍ (၅)ခုခွဲ၍
ကျမ်းညွှန်း အပြည့်အစုံနှင့်တကွ
စာမူရေးသားပေးတော်မူခဲ့သည်ကို
မှတ်တမ်း အပိုင်း(၁) အဖြစ် တဖန်ပြန်လည် ဖော်ပြအပ်ပါသည်ဘုရား။

06/06/2026
17/11/2025

မဟာသတိပဌာန်၀ိပဿနာအလုပ်အားထုတ်ပြီးမှ
သင့်ဘ၀ပြည့်စုံမည်။
နမော ဗုဒ္ဓ, ဓမ္မ,သံဃ, အာစရိယဿ။
သာသနဿ စ လောကဿ ၀ုဒ္ဓီဘ၀တုသဗ္ဗဒါ။

အခန်(၁)
------------------
🙏 ဗုဒ္ဓသာသနာတော်သုံးပါး🙏
----------------------------------
၁။ ပရိယတ္တိသာသနာတော် --
= သာသနာ့အမွေတော်ယူနည်း သင် ခြင်း။
၂။ ပဋိပတ္တိသာသနာတော် --
= သာသနာ့အမွေတော်ကို ကျင့် ယူခြင်း။
၃။ ပဋိဝေဓသာသနာတော် --
= သာသနာ့အမွေတော်များကို သိ ရရှိခြင်း။

🛎️ ဗုဒ္ဓသာသနာတော်သုံးပါးဟူသည် အချုပ်အားဖြင့်
'သင်'၊
'ကျင့်'၊
'သိ' ဖြစ်၏။
ဤဗုဒ္ဓသာသနာတော်မြတ်ကြီးသုံးပါးသည်
လူ၊နတ်၊ဗြဟ္မာစသောသတ္တ၀ါတို့၏
ရင်အတွင်းနှလုံးသားစိတ်အစဥ်၌ တည်ရှိရမည် ဖြစ်လေ၏။

အဆိုပါဗုဒ္ဓသာသနာ့အမွေတော်ယူနည်းကို
တတ်သိနားလည်သောသူ၌
ပရိယတ္တိသာသနာတော်ကြီးတည်ရှိပါပြီ၊
နေလို၊လလို ထွန်းလင်း -- တောက်ပပါပြီ။☀️

= သာသနာ့အမွေတော်ကိုကျင့်ယူသောအခါ
ထိုသူမှာပဋိပတ္တိသာသနာတော်ကြီးတည်ရှိပါပြီ၊
နေလို၊လလို ထွန်းလင်းတောက်ပပါပြီ။☀️

=ဒိဌိ၀ိသုဒ္ဓိစသောအထက်၀ိသုဒ္ဓိကုသိုလ်တို့ကိုရရှိသောအခါ
ထိုသူမှာပဋိဝေဓသာသနာတော်ကြီးတည်ရှိပါပြီ၊
နေလို၊လလို ထွန်းလင်းတောက်ပပါပြီ။ ☀️

သာသနဿ စ ၀ုဒ္ဓီ ဘ၀တု သဗ္ဗဒါ --
-----------------------------------------------
အဆိုပါ ဗုဒ္ဓသာသနာတော်မြတ်ကြီးသုံးပါးသည်
ရဟန်း၊ရှင်၊လူ သူတော်စဥ်အားလုံး
ယနေ့ကမ္ဘာ့လူသားသန်းပေါင်းတစ်သောင်းကျော်တို့၏
ရင်အတွင်းနှလုံးသားစိတ်အစဥ်သန္တာန်၌ ကိန်းတည်ကာ
အခါခပ်သိမ်း မြတ်ဗုဒ္ဓသာသနာတော်ကြီးတိုးတက်ကြီးပွါးပါစေသတည်း။

လောကဿ၀ုဒ္ဓိ ဘ၀တုသဗ္ဗဒါ--
----------------------------------------
ယနေ့သန်ပေါင်းတစ်ထောင်ကျော် ကမ္ဗာ့လူသားအားလုံးနှင့်
နတ်ဗြဟ္မာအကုန် လောကသားအပေါင်းတို့သည်
သာသနာ့ဂုဏ်ရည်စုံညီပြည့်၀ ၊
တွင်း-- ပြင်နှစ်တန် ဘေးရန်ကင်းကွာ
ကြီးပွါးချမ်းသာကြပါစေကုန်သတည်း။

၁၃၆၅၊ခု-နှစ်၊သီတင်းကျွတ်လပြည့်ကျော် ၁၀-ရက်

#
----------------------------------------
ဘဒ္ဒန္တစန္ဒ၀ရမဟာထေရ်
လှိုင်မဟာစည်

Address

Mindone, Magwe State
Mindon
90303

Alerts

Be the first to know and let us send you an email when Hlaing Mahasi Buddha- Dhamma Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hlaing Mahasi Buddha- Dhamma Training Centre:

Shortcuts

Share