Paing Chit x Fitness

Paing Chit x Fitness Follow more 👉

ဝိတ်ချနေပေမဲ့ ဝိတ်မကျဘဲ တန့်နေရတဲ့ အဓိကတရားခံက "အိပ်ရေးပျက်ခြင်း" လား❓ဝိတ်ကျချင်လို့ အစားတွေလျှော့၊ ဂျင်တွေဆော့နေပေမဲ့ ဝ...
21/06/2026

ဝိတ်ချနေပေမဲ့ ဝိတ်မကျဘဲ တန့်နေရတဲ့ အဓိကတရားခံက "အိပ်ရေးပျက်ခြင်း" လား❓

ဝိတ်ကျချင်လို့ အစားတွေလျှော့၊ ဂျင်တွေဆော့နေပေမဲ့ ဝိတ်ကသိသိသာသာ ကျမလာဘူးဆိုရင် သင် အိပ်ချိန်ရော ပြည့်ရဲ့လားဆိုတာ ပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။ ဝိတ်ကျဖို့အတွက် အိပ်ရေးဝဖို့ ဘာကြောင့် ဒီလောက်တောင် အရေးကြီးရတာလဲဆိုရင်...

ဆာလောင်မှု ဟော်မုန်းတွေကို ကမောက်ကမဖြစ်စေတယ်
အိပ်ရေးပျက်တဲ့အခါ ဗိုက်ဆာစေတဲ့ဟော်မုန်း တိုးလာပြီး၊ ဗိုက်ပြည့်ကြောင်းအချက်ပြတဲ့ဟော်မုန်း က လျော့နည်းသွားပါတယ်။ ဒါကြောင့် အိပ်ရေးပျက်ရင် မုန့်တွေ ပိုစားချင်လာပြီး Diet ထိန်းရခက်တာပါ။

ညဘက် မုန့်စားချင်စိတ်ကို တွန်းအားပေးတယ်
အိပ်ချိန်မမှန်ရင် ညဉ့်နက်တဲ့အထိ ဗိုက်ဆာလာတတ်ပြီး အဆီများတာ၊ အချိုများတာနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကို ပိုပြီး တမ်းတမ်းစွဲ စားချင်လာတတ်ပါတယ်။

ဇီဝကမ္မဖြစ်စဉ် ကို နှေးကွေးစေတယ်
အိပ်ရေးဝဝမအိပ်ရင် ခန္ဓာကိုယ်က ကယ်လိုရီကို ထိရောက်စွာ မလောင်ကျွမ်းနိုင်တော့ဘဲ အဆီအဖြစ် ပိုပြီး သိုလှောင်ရလွယ်ကူသွားပါတယ်။

ကြွက်သားထု ဆုံးရှုံးစေတယ်
ဝိတ်ချတဲ့အခါ အဆီပဲ ကျချင်တာပါ။ ဒါပေမဲ့ အိပ်ရေးပျက်ရင် ခန္ဓာကိုယ်က အဆီထက် ကြွက်သားထု ကို ပိုပြီး ခြေဖျက်ပစ်တတ်ပါတယ်။ ကြွက်သားနည်းရင် ကယ်လိုရီလောင်ကျွမ်းမှုလည်း ကျဆင်းပါတယ်။

အားကစားလုပ်ဖို့ စွမ်းအင်မရှိတော့ဘူး
အိပ်ရေးမဝတဲ့နေ့တွေမှာ ပင်ပန်းနွမ်းနယ်နေလို့ Gym ဆော့ရင်လည်း အပြည့်အဝ အားမစိုက်နိုင်တော့ဘဲ ကယ်လိုရီလောင်ကျွမ်းမှု နည်းသွားပါတယ်။

နောက်ဆုံးပြောချင်တာက
Diet ပလန်တွေ ဘယ်လောက်ကောင်းကောင်း၊ Gym တွေ ဘယ်လောက်ဆော့ဆော့ အိပ်ရေးမဝရင် အရာမထင်ပါဘူး။ ဒါကြောင့် ကျန်းမာပြီး လှပတဲ့ Body Shape ကို ပိုင်ဆိုင်ဖို့ တစ်နေ့ကို၈ နာရီ ပြည့်အောင် အိပ်စက်ဖို့ မမေ့ပါနဲ့...

23/04/2026

မကောင်းတဲ့ခံစားချက်တွေကို ကောင်းတဲ့ခံစားချက်နဲ့ တိုက်မယ့် တိုက်ပွဲ ရက်ပေါင်း ၁၀၀ ချဲလန့် Day 93

22/04/2026

မကောင်းတဲ့ခံစားချက်တွေကို ကောင်းတဲ့ခံစားချက်နဲ့ တိုက်မယ့် တိုက်ပွဲ ရက်ပေါင်း ၁၀၀ ချဲလန့် Day 92

21/04/2026

မကောင်းတဲ့ခံစားချက်တွေကို ကောင်းတဲ့ခံစားချက်နဲ့ တိုက်မယ့် တိုက်ပွဲ ရက်ပေါင်း ၁၀၀ ချဲလန့် Day 91

20/04/2026

မကောင်းတဲ့ခံစားချက်တွေကို ကောင်းတဲ့ခံစားချက်နဲ့ တိုက်မယ့် တိုက်ပွဲ ရက်ပေါင်း ၁၀၀ ချဲလန့် Day 90

16/04/2026

မကောင်းတဲ့ခံစားချက်တွေကို ကောင်းတဲ့ခံစားချက်နဲ့ တိုက်မယ့် တိုက်ပွဲ ရက်ပေါင်း ၁၀၀ ချဲလန့် Day 89

15/04/2026

မကောင်းတဲ့ခံစားချက်တွေကို ကောင်းတဲ့ခံစားချက်နဲ့ တိုက်မယ့် တိုက်ပွဲ ရက်ပေါင်း ၁၀၀ ချဲလန့် Day 88

14/04/2026

မကောင်းတဲ့ခံစားချက်တွေကို ကောင်းတဲ့ခံစားချက်နဲ့ တိုက်မယ့် တိုက်ပွဲ ရက်ပေါင်း ၁၀၀ ချဲလန့် Day 87

12/04/2026

မကောင်းတဲ့ခံစားချက်တွေကို ကောင်းတဲ့ခံစားချက်နဲ့ တိုက်မယ့် တိုက်ပွဲ ရက်ပေါင်း ၁၀၀ ချဲလန့် Day 86

10/04/2026

မကောင်းတဲ့ခံစားချက်တွေကို ကောင်းတဲ့ခံစားချက်နဲ့ တိုက်မယ့် တိုက်ပွဲ ရက်ပေါင်း ၁၀၀ ချဲလန့် Day 85

Address

Mawlamyine

Alerts

Be the first to know and let us send you an email when Paing Chit x Fitness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share