U Nar Oak Football Club

U Nar Oak Football Club Try Big Play Hard

ရလဒ်ဆိုးကနေ ရုန်းမထွက်နိုင်သေးတဲ့ U Nai Auk FC
23/08/2026

ရလဒ်ဆိုးကနေ ရုန်းမထွက်နိုင်သေးတဲ့ U Nai Auk FC

U Nai Auk FC အသင်းမှ Saw Aung Phyo Lin အဇာဘိုင်ဂျန် FIFA U-15 ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ လူရွေးချယ်ပွဲ...
21/08/2026

U Nai Auk FC အသင်းမှ Saw Aung Phyo Lin
အဇာဘိုင်ဂျန် FIFA U-15 ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ လူရွေးချယ်ပွဲ
ကျင်းပမည့် ပဏာမလူစာရင်းတွင် ပါဝင်
————-

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဆင့်လူငယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် FIFA U15 World Cup and Festival သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၅ လူငယ်လက်ရွေးစင်အသင်းကို အကောင်းဆုံးဖွဲ့စည်းနိုင်ရန်အတွက် ကစားသမားရွေးချယ်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

သတင်းပို့ခြင်း

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်

နေရာ - အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)

ပြုလုပ်မည့်အစီအစဉ် - ထုတ်ပြန်ထားသည့် စာရင်းပါ ကစားသမားများအနေဖြင့် သြဂုတ်လ ၂၆ ရက်တွင် ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်သတင်းပို့ရမည် ဖြစ်သည်။ (နယ်ဝေးမှ ကစားသမားများကို နေထိုင်ရေး စီစဉ်ပေးသွားမည် ဖြစ်သည်)

ကစားသမားရွေးချယ်ပွဲ ကျင်းပမည့်အစီအစဉ်

ရက်စွဲ - သြဂုတ်လ ၂၇ ရက်မှ ၂၈ ရက်အထိ

နေရာ - အမျိုးသားဘောလုံးအကယ်ဒမီကွင်း (ရန်ကုန်)

ယှဉ်ပြိုင်မှုပုံစံ - 8 vs 8 Competition စနစ်ဖြင့် စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည့် ကစားသမားများ

အဆိုပါ လူရွေးချယ်ပွဲသို့ အောက်ပါဒေသများနှင့် ပြိုင်ပွဲများမှ ရွေးချယ်ခံထားရသည့် လူငယ်ကစားသမားများ လာရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

ရန်ကုန်နှင့် မန္တလေးမြို့များမှ Open Try Out စနစ်ဖြင့် ရွေးချယ်ထားသော ကစားသမားများ

FIFA/ MFF U-15 LEAGUE 2026 (တောင်ကြီး) မှ ကစားသမားများ

FIFA/ MFF U-15 LEAGUE 2026 (မန္တလေး / မော်လမြိုင်) နှင့် နေပြည်တော် (RTC) မှ ကစားသမားများ

FIFA/ MFF U-15 LEAGUE 2026 (ရန်ကုန်) မှ ကစားသမားများ

ပဏာမလူစာရင်း ကြေညာခြင်းနှင့် စခန်းသွင်းလေ့ကျင့်ခြင်း

လူရွေးချယ်ပွဲအပြီးတွင် MFF Academy selection team (YGN) နှင့် MFF Academy selection team (MDY) အပါအဝင် စုစုပေါင်း ကစားသမား ၃၂ ဦးကို ရွေးချယ်၍ မြန်မာ ယူ-၁၅ ပဏာမ လက်ရွေးစင်အသင်းကို ဖွဲ့စည်းသွားမည်ဖြစ်သည်။ အဆိုပါ ပဏာမ ကစားသမား ၃၂ ဦး စာရင်းကို သြဂုတ်လ ၃၁ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ကာ အဇာဘိုင်ဂျန်ခရီးစဉ်အတွက် အပြီးသတ် ကစားသမားများကို ဆက်လက်ရွေးချယ်သွားမည်ဖြစ်သည်။

လိဂ်ပွဲ၏ တတိယမြောက်ပွဲစဥ် အကောင်းဆုံးယှဥ်ပြိုင်ကြိုးစားကြပါစို့
20/08/2026

လိဂ်ပွဲ၏ တတိယမြောက်ပွဲစဥ် အကောင်းဆုံးယှဥ်ပြိုင်ကြိုးစားကြပါစို့

အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးမြူးခဲ့ပေမဲ့ ဒုတိယ ပွဲစဥ်မှာ ထပ်မံရှုံးနိမ့်ခဲ့ပါတယ် အကောင်းဆုံး ထပ်မံကြိုးစားပါဦးမည်
15/08/2026

အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးမြူးခဲ့ပေမဲ့ ဒုတိယ ပွဲစဥ်မှာ ထပ်မံရှုံးနိမ့်ခဲ့ပါတယ်

အကောင်းဆုံး ထပ်မံကြိုးစားပါဦးမည်

အမှတ်ပေးပြိုင်ပွဲ ဒုတိယအပတ် ကျိုက်ခမီ အသင်းနှင့်ပွဲစဥ်မှာ အကောင်းဆုံးရလဒ် ရရှိအောင် ထပ်မံကြိုးစားကြပါစို့ ညီငယ်တို့ရေ
14/08/2026

အမှတ်ပေးပြိုင်ပွဲ ဒုတိယအပတ် ကျိုက်ခမီ အသင်းနှင့်ပွဲစဥ်မှာ အကောင်းဆုံးရလဒ် ရရှိအောင် ထပ်မံကြိုးစားကြပါစို့ ညီငယ်တို့ရေ

09/08/2026

U 15 League ပြိုင်ပွဲဝင် U Nai Auk FC အတွက် ဂျာစီ တံဆိပ်ရိုက်လေး

ဒီနေ့ ပွဲစဥ်အတွက် အကောင်းဆုံးကြိုးစားကြတာပေါ့ ညီငယ်တို့ရေ

U Nai Auk U 15 အသင်း အဖွင့်ပွဲစဥ်ကို လာမည့် သြဂုတ်လ ၉ ရက်နေ့ ညနေ ၃.၃၀ အချိန် ရာမညအားကစားပြိုင်ဝင်းမှာ Yarmanya Youth Fc ...
05/08/2026

U Nai Auk U 15 အသင်း အဖွင့်ပွဲစဥ်ကို လာမည့်
သြဂုတ်လ ၉ ရက်နေ့ ညနေ ၃.၃၀ အချိန် ရာမညအားကစားပြိုင်ဝင်းမှာ Yarmanya Youth Fc နှင့် စတင်ယှဥ်ပြိုင်ကစားရပါတော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်

ကြိုးစားကြပါစို့ ညီငယ်တို့ရေ

၂၀၂၆ ခုနှစ် မော်လမြိုင် ဇုန်မှာ ကျင်းပပြုလုပ်သည့် အသက် ၁၅ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် ပွဲစဥ်ဇယား ထ...
04/08/2026

၂၀၂၆ ခုနှစ် မော်လမြိုင် ဇုန်မှာ ကျင်းပပြုလုပ်သည့် အသက် ၁၅ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် ပွဲစဥ်ဇယား ထွက်ပေါ်လာပါပြီ
အကောင်းဆုံးကြိုးစားကြပါစို့ ညီငယ်တို့ရေ

၃၀.၇.၂၀၂၆ နံနက် ၁၀ နာရီ ရာမည အားကစားကွင်းတွင် မွန်ပြည်နယ် မော်လမြိုင် ဇုန် ယူ ၁၅ လိဂ် ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် အ...
29/07/2026

၃၀.၇.၂၀၂၆
နံနက် ၁၀ နာရီ ရာမည အားကစားကွင်းတွင် မွန်ပြည်နယ် မော်လမြိုင် ဇုန် ယူ ၁၅ လိဂ် ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် အသင်းများမှ ပလေယာများအားလုံး လူတွေ့စစ်ဆေးမည် ဖြစ်ပါသည်။

U Nai Auk FC အသင်းမှ ညီငယ်များအားလုံး
မှတ်ပုံတင်မူရင်း အိမ်ထောင်စု စာရင်းမူရင်း စမတ်ကဒ် မူရင်း တစ်ပါးတည်းယူဆောင်လာကြပြီး နံနက် ၉ နာရီ ကော့နှတ် ကျေးရွာ ကြယ်စင်သစ် ဆိုင်တွင် လာရောက်စုဝေးပေးကြပါရန် အသိပေးအပ်ပါသည်။

Address

KawHnut-ZarThaPyin Street
Mawlamyine

Website

Alerts

Be the first to know and let us send you an email when U Nar Oak Football Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share