27/08/2023
ဒေဝ Vs ကမ္ဘောဒီးယား Fighter ပရမ်စမ်နန်
🤜🤜ကမ္မောဒီးယားသမိုင်းမှာအကြီးမားဆုံးပွဲဖြစ်လာမယ့်၉မိနစ်တစ်ချီအပြတ်မနားတမ်းထိုးရမယ့်ပွဲ👊👊
ကျိန်းသေ official ဖြစ်ပါပြီ။ ကျွန်တော် နှင့် ကမ္ဘောဒီးယား နိုင်ငံ ရဲ့ လက်ရှိချန်ပီယံ၊ အကြီးကျယ်ဆုံးကြယ်ပွင့် ပရမ်စမ်နန်ကို နိုဝင်ဘာ ၅ ရက်တွင် ဖနွမ်းပင်မြို၌ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ပါသည်။ ဒါဟာ ကမ္ဘောဒီးယားသမိုင်းမှာ အကြီးမားဆုံး တိုက်ပွဲဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက သန်းနဲ့ချီတဲ့ လူတွေက စောင့်ကြည့်နေပါလိမ့်မယ်။ . ကမ္ဘောဒီးယား ဝန်ကြီးချုပ်သစ် ဟွန်မာနက်က ထိုးပွဲမစခင်မှာ သူ့ကို တွေ့ဆုံဖို တရားဝင် ဖိတ်ကြားထားတာမို၊ ဒီတိုက်ပွဲက ပွဲကြီးဖြစ်ပါလိမ့်မယ်။
ယခုနှစ်တွင် ဆမ်နန်သည် 2023 Thai Fight ချန်ပီယံဘွဲကို ဆွတ်ခူးခဲ့ပြီး ဆီးဂိမ်းတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည်။ (ဆီးဂိမ်းဖိုင်နယ်တွင် မှာဘယ်သူနှင့်ထိုးသွားလဲဆိုတာ ခန့်မှန်းပါ။)
မြန်မာနိုင်ငံ ကိုယ်စားပြု ထွန်းထွန်းမင်း ကျွန်တော့် ပြိုင်ဘက်ဟောင်း တစ်ယောက် ကို အနိုင်ရခဲ့ပြီး ဆုခူးခဲ့တာပါ။
သူ့မှာ ပွဲ ၁၅၀ ထိုး ၊ ၁၄၀ ပွဲနိုင်၊ ၇၃ ပွဲ အလဲထိုး မှတ်တမ်းကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိတွင် 32 ပွဲ ဆက်တိုက် အနိုင်ရရှိထားပါသည်။ သူ့ရဲ့အောင်မြင်မှုတွေကို ကျွန်တော်လေးစားပါတယ်၊ ဒါပေမယ့် ဘယ်သူက အရှေ့တောင်အာရှရဲ့ တကယ့်လက်ဝှေ့ဘုရင်ဖြစ်တယ်ဆိုတာကို ပြရပါမယ်။ စိန်ခေါ်မှုအတွက် စိတ်လှုပ်ရှားနေပါတယ်။ ပို၍စိတ်လှုပ်ရှားစရာကောင်းသည်မှာ ကျွန်ုပ်တိုသည် ရှေးခေတ်စစ်သည်တော်များကဲ့သို ကမ္ဘောဒီးယားနှင့် မြန်မာ- KO အလဲထိုးမှ အနိုင် (အမှတ်ပေးစနစ်မရှိ)၊ ရိုးရာကွမ်းခမာကြိုးများနှင့် ၉ မိနစ် ၁ ချီ (အနားမပါ) စနစ်ဖြင့်ထိုးသတ် သွားကြမည်ဖြစ်သည်။
ပွဲ ကို တိုက်ရိုက် ကျွန်ုပ်၏ Facebook စာမျက်နှာတွင် အခမဲ့ ကြည့်ရှုနိုင်မည်ဖြစ်သဖြင့် ကျွန်ုပ်၏ Dave Leduc ကို follow လုပ်ထားလိုက်ပါ။ ကျွန်ုပ်တို ၂ သန်း ခန့် ပရိတ်သတ်အားပေးဖိုရှိပါသည်။
Credit ဒေဝ Facebook