27/04/2026
Tirzepatide သည် အဆီကို တိုက်ရိုက်လုံးဝ မ burn ပါ။
လူကို အစာစားချင်စိတ်နဲစေတယ်
Glucose ကို fat အနေနဲ့store လုပ်မဲ့အစား muscle glycogen အနေနဲ့မောင်းသွင်းတယ် energy အနေနဲ့ သုံးမယ်
အာ့လိုနဲ့အဆီစကျလာပါမယ်
တခုသိထားဖို့က သူ့ရဲ့အဓိက အကျိုးကျေးဇူးဖြစ်တဲ့ များများမစားမိအောင် စားချင်စိတ်ကိုထိန်းပေးတာက ဘာဆေးမှမလိုပဲ nutrition ကို သေချာလုပ်တတ်ရင်လဲရတယ်။
သူ့ရဲ့ nutrient တေကို မာဆယ်ထဲမောင်းပို့တဲ့ benefit ကိုလဲ မာဆယ်များများရှိရင် weight training လုပ်ရင် ရနေပြီပဲ။
Tirzepatide သုံးနေရင်းweight ကျတာဘာလို့ရပ်သွားလဲ ??
သူက အစာစားချင်စိတ်ကိုပဲလျှော့ပေးတာ
Body ရဲ့ စွမ်းအင်လိုအပ်မှုကို လျှော့မပေးဘူး
အဲ့တော့ကိုယ်က စွမ်းအင် 1000 လိုတာကို 600 လောက်ပဲစားမိနေတော့ ဦးနှေက်က ငတ်မသေအောင် စွမ်းအင်ချွေတာရေးmode on လိုက်ရော
ကိုယ့်ရဲ့ metabolism နှေးလာမယ်
လှုပ်ရှားချင်စိတ်လျော့လာမယ်
အထိုင်များလာမယ်
အားနဲလာမယ်။
ကိုယ့်body ကလဲ အစာစားချင်စိတ်များမဲ့ ဟော်မုန်းတေပြန်ထုတ်ရော မသိမသာပိုစားမိလာရော
လိုတာထက်အများကြီးပိုလျှော့စားမိ၊ weight training မလုပ်၊ protein စားတာနဲခဲ့မယ်ဆိုရင် ကျိန်းသေပေါက် muscle loss ဖြစ်ပါမယ်။ (1လ 2လ လောက်ဆို မာဆယ်က လစ်လာပီ ကြာလေပိုဆိုးလေပါ)
Muscle ဆိုတာ ထိုင်နေရင်းကို energy တေ burn နေတဲ့ မိိးဖိုပါ မာဆယ်တေနဲလာရင် အဆီကျဖို့ခက်လာမယ် အဆီတက်ဖို့လွယ်လာမယ်
နောက်တခု Tirzepatide ရဲ့ benefit ဖြစ်တဲ့ carbohydrates တေကို မာဆယ်ထဲမောင်းပို့တဲ့ အလုပ်ကလဲ မာဆယ်တေလစ်ကုန်ရင် ဘာမှမယ်မယ်ရရအကျိုးရှိမှာမဟုတ်ဖူး
အဲ့တော့ ခြုံပြောရရင် Tirzepatide သုံးလဲ ကြွက်သားမတည်ဆောက်နိုင်ရင် ရှိနေတဲ့ကြွက်သားတေလစ်ကုန်ရင် ဝိတ်ကျတာတန့်သွားမှာပဲ
Dose တိုးရင် ခနဆက်ကျမယ် ပီးရင်အခုလိုထပ်ဖြစိမှာပဲ (မာဆယ်ထပ်လစ်မှာမို့ ပိုဆိုးပါမယ်)
လုပ်ရမှာက
Metabolism နှေးလာတာကိုပြန်ပြင်ရမယ်
ကြွက်သားမဖြစ်မနေတည်ဆောက်ရပါမယ်။
Good Luck ! 🙂💪🏻
shredded nation