04/06/2022
အချိန်မရှိတော့ဘူး
-----------------
ဆုတ်ကပ်ကာလလူ့ဘဝ တစ်သက်တာဟာ
ဘာမှမကြာဘူး..
သက်တမ်းစေ့အောင်နေရမယ်လို့လည်း
ဘယ်သူမှ အာမမခံနိုင်ဘူး။
အသက်ကိုဖျက်စီးပစ်မယ့် အန္တရယ်တွေကလည်း
သိပ်ပေါတာ..။
လူ့ဘဝအချိန်တွေက မြန်လွန်းပါတယ်..
တစ်ရက်ဆိုတာလည်း ဟိုလှည့်ဒီလှည့်နဲ့ပဲ ကုန်သွားတယ်။
တစ်ပတ်လည်း ဘာမှမကြာ..
တစ်လဆိုတာလည်း ခဏလေး..
တစ်နှစ်ဆိုတာကလည်း မြန်လိုက်တာ..
တစ်သက်လည်း ဘာမှကြာမှာမဟုတ်ဘူး။
လူ့တစ်သက်က နည်းပါးတိုတောင်းလှပေမယ့်
ဗုဒ္ဓဘာသာနဲ့တွေ့ခွင့်ရနေတော့ #ကုသိုလ်လုပ်ပိုင်ခွင့်က သိပ်ကြီးကျယ်တယ်..
#နေရမှာခဏလေး #ယူရမှာအများကြီး
အချိန်နည်းတော့ သတိ ဝီရိယကို
အစွမ်းကုန်မြှင့်ကြိုးစားမှ မှီမှာပါ။
သေခြင်းတရားက နီးကပ်နေပြီဖြစ်လို့ အသေထက်ဦးအောင် ဘဝအနှစ်ကို အမြန်ထုတ်ယူကြပါ..
အချိန်မရှိဘူး မြန်မြန်လုပ်လို့ ဘုန်းကြီးတွန်းအားပေးပါတယ်..
စားဝတ်နေရေးနဲ့တရားအလုပ်
နှစ်မျိုးခွဲဖို့ အချိန်မလောက်တော့ဘူး..
စားဝတ်နေရေးကို တရားနဲ့သတိပေါင်း လုပ်ပါတော့..
ယောဆရာတော်ကြီး🙏🙏🙏
ဦးမြင့်ခိုင်