TITAN GYM

TITAN GYM GYM

21/08/2026

Gym လာမယ်ဆိုရင် ဘာတွေရှိလဲ သိပြီးမှလာမယ်နော် 👀💪
Member | Trainer | PT
Titan Gym မှာ ရရှိနိုင်တဲ့ Services တွေအကြောင်း အပြည့်အစုံ ဒီ Video မှာ ပြောပြထားပါတယ် 🔥

Gym နဲ့ပတ်သက်ပြီး သိချင်တာရှိရင် Comment မှာ မေးလို့ရပါတယ်နော် 💬✨

📌 Location: 53rd Street, 32nd × 33rd Street , Chanayetharzan,Mandalay.
☎️ 09-757575161
☎️ 09-662000095

#

14/08/2026

Requirements ✅ Female Trainer (2 Posts)
✅ Fitness Training Experience ရှိသူ
✅ Gym Equipment အသုံးပြုနိုင်သူ
✅ Member များကို သေချာစွာဂရုစိုက်ပြီး စနစ်တကျ
Guide & Motivate လုပ်နိုင်သူ
✅ Communication Skill ကောင်းမွန်ပြီး Teamwork လုပ်နိုင်သူ
✅ တာဝန်ယူမှုရှိပြီး အချိန်မှန်သူ
✅ အကျင့်စာရိတ္တကောင်းမွန်၍ လူမှုရေးအရှုပ်အရှင်း ကင်းရှင်းသူ
✅Titan gym တွင်း ချမှတ်ထားသောစည်းကမ်းများအားလိုက်နာနိုင်သူ

အသေးစိတ်သိရှိလိုပါက Page Chat Box (or) Viber(09-757575161)မှတစ်ဆင့် ဆက်သွယ်မေးမြန်း၍
CV Form နှင့် တကွ လာရောက်လျှောက်ထားနိုင်ပါသည်။
📌 Location: 53rd Street, 32nd × 33rd, Mandalay
☎️ 09-757575161
☎️ 09-662000095

28/07/2026

လေ့ကျင့်ပြီးတာနဲ့ ချွေးအရမ်းထွက်၊ လမ်းလျှောက်ရခက်ပြီး တင်၊ ပေါင်ကြောတွေ အောင့်ကိုက်တတ်တာကြောင့် Leg Day ကို ရှောင်ချင်ကြတာပါ။ တချို့ကလည်း ရင်အုပ်၊ လက်မောင်းကြီးဖို့ပဲ အာရုံစိုက်ပြီး အောက်ပိုင်းကို လေ့ကျင့်ဖို့မလိုဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ Gym ကစားပြီဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားတွေကို မျှမျှတတ လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
အောက်ပိုင်းထိုင်ခြင်းရဲ့ ကောင်းကျိုးများ ၁။ တင်ပါး၊ ပေါင်နဲ့ ခြေသလုံးကြွက်သားတွေက ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပံ့ပေးပြီး ကိုယ်အလေးချိန်ကို ဟန်ချက်ညီစေပါတယ်။ အောက်ပိုင်းအားနည်းရင် အပေါ်ပိုင်းကြီးပြီး အောက်ပိုင်းသေးနေကာ ကိုယ်ခန္ဓာအချိုးအစား မလှနိုင်ပါဘူး။
၂။ အောက်ပိုင်းကို ပုံမှန်မလေ့ကျင့်ရင် ကြွက်သားဖွံ့ဖြိုးမှု မညီမျှဘဲ အပေါ်ကြီး၊ အောက်သေး ဖြစ်နိုင်ပါတယ်။ ယောက်ျားတွေမှာ အဆီက ဗိုက်နဲ့ခါးမှာ စုတတ်ပြီး မိန်းကလေးတွေမှာတော့ တင်ပါးနဲ့ ပေါင်မှာ စုတတ်တာကြောင့် အောက်ပိုင်းလေ့ကျင့်ခန်းက အရေးကြီးပါတယ်။
၃။ အောက်ပိုင်းကြွက်သား သန်မာလာတာနဲ့ အခြားလေ့ကျင့်ခန်းတွေမှာလည်း အားပိုစိုက်နိုင်ပြီး အလေးပိုမနိုင်လာစေပါတယ်။
၄။ အောက်ပိုင်းလေ့ကျင့်ခန်းတွေက ကယ်လိုရီနဲ့ အဆီပိုတွေကို လောင်ကျွမ်းစေပြီး ကြွက်သားတွေကို ကျစ်လျစ်သန်မာစေပါတယ်။
၅။ တင်ပါးနဲ့ ခြေသလုံးကြွက်သားတွေ သန်မာလာရင် သက်လုံကောင်းလာပြီး ခန္ဓာကိုယ်ကောက်ကြောင်းလည်း ပိုလှလာပါတယ်။
ဒါကြောင့် Gym ကစားတဲ့သူတိုင်း၊ အထူးသဖြင့် အမျိုးသားတွေအနေနဲ့ Leg Day ကို မကျော်ဘဲ ပုံမှန်လေ့ကျင့်ပေးဖို့ မမေ့ပါနဲ့နော်။

18/07/2026

ကျန်းမာရေးနဲ့ညီညွတ်ပြီး Weight Gain ဖြစ်စေမယ့် အစားအစာ ( ၅ ) မျိုး

​ကိုယ်အလေးချိန်တက်ချင်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့နည်းလမ်းကို ကျင့်သုံးဖို့က အဓိကပါ။ ဒီလိုမဟုတ်ဘဲ ဝိတ်တက်ချင်လို့ဆိုပြီး မြင်သမျှ တွေ့သမျှ စားနေတာက ကျန်းမာရေးနဲ့မညီဘဲ အဆီတွေဘဲတက်လာမှာပါ။

​ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပြီး လိုအပ်တဲ့ ကြွက်သားတည်ဆောက်ဖို့နဲ့ စွမ်းအင်မြှင့်တင်ဖို့ဆို ဒီအစားအစာတွေကို စားပေးပါ။

​၁။ ကြက်ဥ🥚

​ကြက်ဥမှာက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်နဲ့ ကျန်းမာတဲ့အဆီဓာတ်တွေပါဝင်တာကြောင့် ကြွက်သားတည်ဆောက်ဖို့ ကူညီပေးပါတယ်။

​၂။ ထောပတ်သီး🥑

​ထောပတ်သီးမှာ နှလုံးကိုကျန်းမာစေတဲ့ Monounsaturated fats ကြွယ်ဝပြီး ထောပတ်သီးတစ်လုံးမှာ 250 ခန့် ကယ်လိုရီပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်၊ ဗီတာမင်စီ၊ အီး၊ ကေ တို့လည်း မြင့်မားစွာပါဝင်ပါတယ်။

​၃။ Nut Butters🥜🧈

​မြေပဲ၊ ဗာဒံသီး သို့မဟုတ် သီဟိုဠ်စေ့ထောပတ်တို့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ပရိုတင်းနဲ့ ကယ်လိုရီတွေပါဝင်ပါတယ်။ မြေပဲထောပတ် စားပွဲတင်ဇွန်း နှစ်ဇွန်းလောက်မှာ ကယ်လိုရီ 200 ခန့် ပါဝင်တာကြောင့် သကြား၊ စားအုန်းဆီ သို့မဟုတ် ဟိုက်ဒရိုဂျင်ပါတဲ့ အဆီတွေကို စားမယ့်အစား ဗီတာမင် E၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်တဲ့ အစေ့အဆန်များကို ရွေးချယ်စားသုံးပါ။

​၄။ Dark Chocolate🍫

​အရည်အသွေးကောင်းတဲ့ Dark Chocolate မှာ ကျန်းမာတဲ့ အဆီများ၊ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးတဲ့ Flavonoids တို့လို Antioxidants များကြွယ်ဝစွာပါဝင်တဲ့အပြင် ကယ်လိုရီပါဝင်မှုများပါတယ်။

​၅။ ထမင်း🍚

​ထမင်းက ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်ပြီး ထမင်းဖြူတစ်ခွက်မှာ ကယ်လိုရီ 200 လောက်ပါတာမလို့ ဟင်းတို့နဲ့ တွဲစားရင် ကယ်လိုရီများပြီး ဝိတ်တက်စေပါတယ်။

#

13/07/2026

ပိန်တဲ့အမျိုးသားတွေ Gym ဆော့တဲ့အခါ လုပ်တတ်တဲ့ အမှားများ

​ဝအောင်၊ ကြွက်သားတက်အောင် Gym ကစားနေတာတောင် ဘာလို့ ကြွက်သားတက်နှေးနေရတာလဲ၊ ဘာတွေမှားနေလဲဆိုရင်တော့ -

​၁။ လုံလောက်စွာ မစားသုံးခြင်း

​ပိန်တဲ့သူတွေဟာ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှု လျင်မြန်တဲ့အတွက် ကယ်လိုရီလောင်ကျွမ်းတာ လွယ်ကူပါတယ်။ နည်းနည်းလေးပဲ စားပြီး ကြွက်သားမြန်မြန်တက်ချင်တယ်ဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ မုန့်ပဲသရေစာတွေ လျှောက်မစားဘဲ အာဟာရဖြစ်မယ့်အစားအစာတွေကို ပုံမှန်ထက် ပိုစားပေးဖို့ လိုပါတယ်။

​၂။ ရည်မှန်းချက် မရှိခြင်း

​ကိုယ်က ဘယ်လိုခန္ဓာကိုယ်အချိုးအစားမျိုး ဖြစ်ချင်တာလဲဆိုတဲ့ ရည်မှန်းချက်ပန်းတိုင် မရှိဘဲ အစိမ်းသက်သက် ကစားတတ်ကြတဲ့ အမှားပါ။ ရည်မှန်းချက်မရှိတဲ့အခါ ခရီးလမ်းနှောင့်နှေးကြန့်ကြာပြီး လမ်းခုလတ်မှာပဲ စိတ်ပျက်ပြီး ရပ်လိုက်တာမျိုး ဖြစ်တတ်ပါတယ်။

​၃။ တစ်နေရာထဲကို ကွက်ကစားခြင်း

​ရင်အုပ်ကြီးချင်တာ ဆိုပြီး ရင်အုပ်ကြွက်သားအတွက်ပဲ နေ့တိုင်းဆော့နေပြီး တခြားနေရာအတွက် ဘာမှမကစားပေးတာမျိုးပါ။ အဲ့ဒီအခါ ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ ကြီးလာပါရဲ့၊ အောက်ပိုင်းက သေးနေပြီး ကြက်ခြေထောက်ကလေးတွေလို ဖြစ်နေတတ်ပါတယ်။

​၄။ အလေးမတိုးခြင်း

​လေ့ကျင့်ခန်းလုပ်တာလည်း အသားကျနေပြီဖြစ်ပေမယ့် ဒီအလေးကနေ ထပ်ဆင့်တိုးပြီး မဆော့တာမျိုးပါ။ အလေးမတိုးဘူးဆိုရင် ကယ်လိုရီလောင်ကျွမ်းတာလောက်ပဲ ဖြစ်ပြီး ခန္ဓာကိုယ်က ဒီအချိုးအစားကနေ တက်လာတော့မှာ မဟုတ်ပါဘူး။

​၅။ အကြိမ်ရေကို ဦးစားပေးခြင်း

​အလေးတိုးဖို့မစဉ်းစားဘဲ အကြိမ်ရေကို တိုးလုပ်ဖို့ပဲ တွေးမိတတ်ကြတဲ့ အမှားပါ။ မြန်မြန်ပြီးဖို့ကို စိတ်ကူးရင်း အလေးမြန်မြန်မတဲ့အတွက် ကြွက်သားထု တက်မလာနိုင်တော့တဲ့အပြင် ကြွက်သားတွေပါ ထိခိုက်ဒဏ်ရာရသွားနိုင်ပါတယ်။

​၆။ နေထိုင်မှုပုံစံကို ဂရုမစိုက်ခြင်း (အိပ်ချိန်နှင့် အနားယူခြင်း)

​အိပ်ရမယ့်အချိန်မှာ မအိပ်ဘဲ ဖုန်းသုံးတာ၊ ရုပ်ရှင်ကြည့်တာတွေကြောင့် အိပ်ချိန်အပြည့်အဝမရခြင်းက အဓိကတရားခံပါပဲ။ နောက်တစ်ခုက Gym ကို ရက်ဆက် နေ့တိုင်းသွားပြီး ပိန်တဲ့သူတွေအတွက် ပိုလိုအပ်တဲ့ ခန္ဓာကိုယ်အနားပေးမှုကို မလုပ်တာမျိုး ဖြစ်ပါတယ်။
ဒီတော့ ပိန်ပိန်ညှက်ညှက် ခန္ဓာကိုယ်ကနေ အချိန်တိုအတွင်း လူကောင်ထွားပြီး ကြွက်သားထု တက်လာချင်တယ်ဆိုရင် အခုပြောခဲ့တဲ့ အမှားတွေကို အမြန်ဆုံးပြင်ဖို့ လိုအပ်ပါတယ်။ Gym ဆော့တယ်ဆိုတာ လေ့ကျင့်ခန်းတစ်ခုတည်းတင်မဟုတ်ဘဲ စနစ်တကျ စားသောက်တာနဲ့ အိပ်စက်အနားယူတာတွေပါ မျှတမှသာ ကိုယ်လိုချင်တဲ့ Smart ကျကျ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်

09/07/2026

📌Position:
Cashier- Female Cashier (1) post

📌 Requirements:
•အသက် (18) နှစ် မှ အသက် (30) နှစ် အတွင်း
• ဘွဲ့ရ (သို့မဟုတ်) အထက်တန်းအောင်မြင်ပြီးသားသူ
•စကားပြောပြေပြစ်၍ Communication Skills ကောင်းမွန်သူ
•Customer များအပေါ် ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံပေးနိုင်သူ
•တာဝန်ယူမှုရှိ၍ ရိုးသားသူ
•ချမှတ်ထားသောစည်းကမ်းအား လိုက်နာနိုင်သူ

စိတ်ဝင်စားပါက Page Chat box (or) Viber no. (09-757575161) မှ တစ်ဆင့် ဆက်သွယ်မေးမြန်း၍ CV Form နှစ်တကွလာရောက်လျှောက်ထားနိုင်ပါပြီ။

📌 Location: 53rd Street, 32nd × 33rd, Mandalay
☎️ 09-757575161
☎️ 09-662000095

08/07/2026

📌We are Hiring 📌

⚡️Positions:
Female Trainer-(2)posts
Male Trainer-(1)post

⚡️Requirements:
•အသက် (18) နှစ် မှ အသက် (30) နှစ် အတွင်း
•Trainer အတွေ့အကြုံ (Experience) ရှိသူ
•စကားပြောပြေပြစ်၍ Communication Skills ကောင်းမွန်သူ
•Customer များအပေါ် ယဉ်ကျေးပျူငှာစွာ ဝန်ဆောင်မှုပေးနိုင်သူ
•တာဝန်ယူမှုရှိ၍ ရိုးသားသူ
•အချိန်တိကျပြီး ချမှတ်ထားသောစည်းကမ်းအား လိုက်နာနိုင်သူ
•အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ
•အလုပ်တာဝန်များကို တက်ကြွစွာ ဆောင်ရွက်နိုင်သူ

စိတ်ဝင်စားပါက Page Chat box (or) Viber no. (09-757575161) မှ တစ်ဆင့် ဆက်သွယ်မေးမြန်း၍ CV Form နှစ်တကွလာရောက်လျှောက်ထားနိုင်ပါပြီ။

📌 Location: 53rd Street, 32nd × 33rd, Mandalay
☎️ 09-757575161
☎️ 09-662000095

04/07/2026

Gym ကစားခြင်းဖြင့်ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ?

ရေကူးခြင်း၊ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ကခြင်း၊ စက်ဘီးစီးခြင်း စသဖြင့် ကိုယ်ခန္ဒာကျန်းမာသန်စွမ်းစေဖို့ အားကစားနည်းအမျိုးမျိုးရှိပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ကြွက်သားသန်မာစေပြီးမလိုအပ်သောကယ်လိုရီများကို လျော့နည်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ဦးနှောက်နှင့် ခန္ဓာအတွက် အောက်ပါအကျိုးကျေးဇူးများရရှိစေပါတယ်။

၁။သင့်ကို ပိုပြီးပျော်ရွှင်စေနိုင်ခြင်း
၂။ဝိတ်ထိန်းပြီးသားဖြစ်သလို ဝိတ်လည်းကျစေခြင်း
၃။အရိုးနဲ့ကြွက်သားကို သန်မာစေခြင်း
၄။ခန္ဓာကိုယ် ရဲ့စွမ်းဆောင်နိုင်အားတိုးတက်စေခြင်း
၅။ရောဂါများအလွယ်တကူဝင်ရောက်နိုင်ခြင်းလျော့နည်းစေခြင်း
၆။အသားအရေလှပစေခြင်း
၇။ဦးနှောက်ဖွံ.ဖြိုးပြီး မှတ်ညဏ်အားကောင်းစေခြင်း
၈။စိတ်အပန်းပြေပြီး ကောင်းစွာအိပ်ပျော်စေခြင်း
၉။ပင်ပန်းနာကျင်မှုများလျော့နည်းစေခြင်း
​၁၀။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးတက်စေခြင်း
​၁၁။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း
​၁၂။ ကိုယ်ဟန်အနေအထား မှန်ကန်စေခြင်း
​၁၃။ အဆုတ်လုပ်ဆောင်ချက် ကောင်းမွန်လာခြင်း

ဒီလို အကျိုးကျေးဇူးအများကြီးကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် စနစ်တကျနဲ့ ပုံမှန်လေ့ကျင့်ပေးဖို့ပဲ လိုအပ်တာပါ။ ပိုမိုလှပကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ စိတ်အပန်းပြေမှုကို ရရှိဖို့အတွက် အခုပဲ စတင်လိုက်ပါ။ သင်တို့ရဲ့ ကျန်းမာကြံ့ခိုင်မှု ခရီးလမ်းမှာ အကောင်းဆုံး ပံ့ပိုးကူညီပေးဖို့ Titan Gym က အမြဲတမ်း အသင့်ရှိနေပါတယ်။

#

02/07/2026

WE’RE HIRING!FEMALE TRAINER (2 Posts)

Requirements ✅ Female Trainer (2 Posts)
✅ Fitness Training Experience ရှိသူ (အနည်းဆုံး 1 Year Experience)
✅ Gym Equipment အသုံးပြုနိုင်သူ
✅ Member များကို သေချာစွာဂရုစိုက်ပြီး စနစ်တကျ
Guide & Motivate လုပ်နိုင်သူ
✅ Communication Skill ကောင်းမွန်ပြီး Teamwork လုပ်နိုင်သူ
✅ တာဝန်ယူမှုရှိပြီး အချိန်မှန်သူ
✅ အကျင့်စာရိတ္တကောင်းမွန်၍ လူမှုရေးအရှုပ်အရှင်း ကင်းရှင်းသူ
✅Titan gym တွင်း ချမှတ်ထားသောစည်းကမ်းများအားလိုက်နာနိုင်သူ

အသေးစိတ်သိရှိလိုပါက Page Chat Box (or) Viber(09-757575161)မှတစ်ဆင့် ဆက်သွယ်မေးမြန်း၍
CV Form နှင့် တကွ လာရောက်လျှောက်ထားနိုင်ပါသည်။
📌 Location: 53rd Street, 32nd × 33rd, Mandalay
☎️ 09-757575161
☎️ 09-662000095

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when TITAN GYM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share