Goal Bet MM

Goal Bet MM ဘောလုံးနှင့်ပတ်သက်သောသတင်းများကိုအကောင်းဆုံးတင်ဆက်ပေးမဲ့ GOALBETMM

ကျနော့်ဆန္ဒအတိုင်းသာဆိုရင် .. 🎙️ အင်တာဗျူးသူ — “⁠Gabriel⁠၊ အခု ⁠ခင်ဗျားSaudi Arabia⁠ က ⁠Al-Hilal⁠ အသင်းဆီ ရောက်ရှိနေပြီ။...
03/09/2026

ကျနော့်ဆန္ဒအတိုင်းသာဆိုရင် ..

🎙️ အင်တာဗျူးသူ — “⁠Gabriel⁠၊ အခု ⁠ခင်ဗျားSaudi Arabia⁠ က ⁠Al-Hilal⁠ အသင်းဆီ ရောက်ရှိနေပြီ။ ပြန်ကြည့်မယ်ဆိုရင် မင်း ⁠Arsenal⁠ ကို လူငယ်လေးတစ်ယောက်အဖြစ် ရောက်လာခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံအဖြစ်ရော အသင်းရဲ့ ကြေ:အကြီးဆုံး ရောင်းချမှုအဖြစ်ပါ ထွက်ခွာသွားခဲ့တာပါ။ အခု ဘယ်လိုခံစားရလဲ?”

🗣️ ⁠Martinelli⁠ —
“တကယ်ကို စိတ်မကောင်းပါဘူး။
ကျွန်တော် ⁠Arsenal⁠ ကို အိမ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်လို ရောက်လာခဲ့ပြီး အခုတော့ ချန်ပီယံတစ်ယောက်အဖြစ် ထွက်ခွါသွားရပါပြီ။ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့်ဆန္ဒအတိုင်းသာဆိုရင် အသင်းမှာပဲ ဆက်နေမှာပါ၊ ဒါပေမဲ့ ဘောလုံးလောကမှာက ကိုယ်မတတ်နိုင်တဲ့ အပြောင်းအလဲတွေလည်း ရှိတာပေါ့လေ..။
ပရီးမီးယားလိဂ် ရခဲ့လို့ ဂုဏ်ယူမိသလို ⁠Arsenal⁠ ရဲ့ အမြင့်မား ရောင်:ချမှုအဖြစ် ထွက်သွားရတာကိုလည်း ဝမ်းသာပါတယ်။
အရေးကြီးဆုံးကတော့ ပရိသတ်တွေ၊ အသင်းဖော်တွေနဲ့ အသင်းက လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ⁠Arsenal⁠ ကတော့ ကျွန်တော့်ရင်ထဲမှာ အမြဲတမ်း ရှိနေမှာပါ။”


#ဘောလုံးသတင်း
#အာဆင်နယ်

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်သည် Sofascore Football မှ ပေးအပ်သည့်ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကိ...
03/09/2026

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်
သည် Sofascore Football မှ ပေးအပ်သည့်
ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး
ကစားသမားဆုကို ရရှိခဲ့ကြောင်းသိရသည်။


#ဘောလုံးသတင်း
#မန်ယူ
#ဘရူနို

မြန်မာနိုင်ငံရဲ့ မာဆယ်လို လို့တင်စားခံရတဲ့ နန္ဒကျော်လက်ရွေးစင်ကစားသမားဘဝအနားယူတော့မည်။နန္ဒကျော်ဟာ မြန်မာ့လက်ရွေးစင်ကစားသ...
03/09/2026

မြန်မာနိုင်ငံရဲ့ မာဆယ်လို လို့တင်စားခံရတဲ့ နန္ဒကျော်လက်ရွေးစင်ကစားသမားဘဝအနားယူတော့မည်။

နန္ဒကျော်ဟာ မြန်မာ့လက်ရွေးစင်ကစားသမားဘဝကိုအနားယူတော့မည်ဖြစ်ကြောင့် သူ့ရဲ့လူမှုကွန်ရက်တရားဝင်စာမျက်နှာမှာတင်ပြထားတာတွေ့ရပါတယ်။

နန္ဒကျော်အနားယူမည့်အကြောင်းအရင်းမှာ ယခုအခါခါးဒဏ်ရာအပြည့်အဝမသက်သာသေးခြင်း၊မိသားစုအတွက်အချိန်ပေးလိုခြင်းနှင့် အနာဂတ်အသင်းအတွက် လူငယ်ကစားသမားတွေကို ပိုမိုအခွင့်အရေးပေးလိုခြင်းတို့ကြောင့် လက်ရွေးစင်ကစားသမားဘဝကိုအနားယူဖို့ဆုံးဖြတ်လိုက်တယ်လို့ သူကဆိုပါတယ်။

လက်ရွေးစင်ကစားသမားဘဝတစ်လျှောက်
ရပ်တည်ပေးခဲ့ကြတဲ့ ဆရာသမားများအသင်းဖော်များနှင့်အားပေးယုံကြည်ပေးကြတဲ့ပရိတ်
သတ်များအားလုံးကိုနှလုံးသားထဲကနေကျေးဇူး
တင်ပါကြောင့်လည်းသူ့ရဲ့တရားဝင်စာမျက်နှာမှာ
တင်ထားတာတွေ့ရပါတယ်ခင်ဗျာ။

နန္ဒကျော်ဟာလက်ရှိလက်ရွေးအသင်းမှာအကျဘက်ရောက်ရှိလာနေပေမဲ့တစ်ချိန်တုန်းကမြန်မာ့လက်ရွေးစင်နောက်တန်းအတွက် မြန်မာမာဆယ်လိုလို့တောင်ပရိတ်သတ်များရဲ့တင်စားခြင်းခံရတဲ့ကစားသမားတစ်ဦးပဲဖြစ်ပါတယ်ခင်ဗျာ။


#ဘောလုံးသတင်း
#မြန်မာဘောလုံးသတင်း

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားတွေ မြန်မာနိုင်ငံလာမယ်🥰✨✨နာမည်ကျော် အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင...
03/09/2026

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားတွေ မြန်မာနိုင်ငံလာမယ်🥰✨✨

နာမည်ကျော် အင်္ဂလန်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမားတွေဟာ အောက်တိုဘာလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတွေထဲက ၁၉၉၉ ဖလားသုံးလုံး အောင်ပွဲရ တောင်ပံကစားသမား ရွိုင်ယန်ဂစ်အပါအဝင် အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်၊ အသင်းခေါင်းဆောင်ဟောင်း အီဗရာ၊ ကွင်းလယ်ကစားသမားဟောင်း အန်ဒါဆန်တို့ လိုက်ပါလာမှာဖြစ်ပါတယ်။

ဒီကစားသမားတွေဟာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁ ရက်အထိ သုံးရက်ကြာနေထိုင်မှာဖြစ်ပြီး အောက်တိုဘာ ၃၀၊ ၃၁ ရက် Melia ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ၊ မြန်မာကစားသမားတွေအတွက် အတွေ့အကြုံ ဖလှယ်မယ့်အစီအစဉ် ပါဝင်ပြီး နိုဝင်ဘာ ၁ ရက် Yangon Convention Sentre မှာ ဂီတဖျော်ဖြေပွဲနဲ့အတူ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲပါ ထည့်သွင်းပြုလုပ်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်နဲ့ပတ်သက်ပြီး Legendary Player Meet & Greet Facebook ကနေ ဖော်ပြထားတာဖြစ်ပြီး ထင်ရှားတဲ့ အနုပညာရှင်တချို့ကလည်း သူတို့ရဲ့ လူမှုကွန်ရက်တွေမှာ ဖော်ပြထားပါတယ်။ အသေးစိတ်အစီအစဉ်တွေနဲ့ လက်မှတ်ရောင်းချမယ့် အစီအစဉ်တွေကို ထပ်မံထုတ်ပြန်ပေးသွားမှာပါ။

ကမ္ဘာကျော်ဘောလုံးသမားတွေအနေနဲ့ အရင်တုန်းက မြန်မာနိုင်ငံကို လာရောက်ဖူးပြီး မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းတွေထဲက ဖာဒီနန်၊ အန်ဒီကိုးလ်၊ ဒွိုက်ယော့ခ်၊ အာဝင်စတဲ့ ကစားသမားတွေလည်း လာရောက်ဖူးပါတယ်။


#ဘောလုံးသတင်း
#မန်ယူ

မနေ့ညက ဘင်ဖီကာပွဲမှာ ကြည့်ရသူတိုင်းရဲ့ ရင်ကို ထိခိုက်စေခဲ့တဲ့ သိပ်လှတဲ့ အခိုက်အတန့်လေးတစ်ခု ရှိခဲ့ပါတယ်။အသက် ၆ နှစ်ပဲ ရှ...
03/09/2026

မနေ့ညက ဘင်ဖီကာပွဲမှာ ကြည့်ရသူတိုင်းရဲ့ ရင်ကို ထိခိုက်စေခဲ့တဲ့ သိပ်လှတဲ့ အခိုက်အတန့်လေးတစ်ခု ရှိခဲ့ပါတယ်။

အသက် ၆ နှစ်ပဲ ရှိသေးတဲ့ Salvador ဆိုတဲ့ ကလေးလေးဟာ အရေပြား ပွန်းပဲ့ထိခိုက်လွယ်လွန်းတဲ့ ရှားပါး ရောဂါဆိုးတစ်ခုကို ခံစားနေရသူလေးပါ။ သူ့မှာ ရိုးရိုးရှင်းရှင်း အိမ်မက်လေးတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ သူ အရမ်းအားပေးတဲ့ ဘင်ဖီကာအသင်း ပွဲကို ကွင်းထဲအထိ သွားကြည့်ချင်တာပါ။

ဆိုရှယ်မီဒီယာပေါ်မှာ ဒီကလေးလေးရဲ့အကြောင်း ပျံ့နှံ့သွားပြီးတဲ့နောက် ဘင်ဖီကာတို့က Estoril နဲ့ ကစားရမယ့်ပွဲကို သူ့ကို အထူးဖိတ်ကြားခဲ့ပြီး တစ်သက်လုံး မေ့နိုင်တော့မှာ မဟုတ်တဲ့ ညတစ်ညကို ဖန်တီးပေးခဲ့ပါတယ်။ ပွဲမစခင်မှာ Salvador လေးဟာ အသင်းရဲ့ တိုက်စစ်ကစားသမား Rafa Silva ရဲ့ လက်ကိုဆွဲပြီး ကွင်းထဲ အတူတူ ဝင်လာခဲ့တာပါ။ ပရိသတ်တစ်ကွင်းလုံးကလည်း သူ့ကို တခဲနက် လက်ခုပ်တီးပြီး ကြိုဆိုပေးခဲ့ကြပါတယ်။

ဒီလိုမျိုး ကြည့်လိုက်ရင် ဘောလုံးဆိုတာ မိနစ် ၉၀ စာ ကစားပွဲတစ်ခုထက် အများကြီး ပိုနက်ရှိုင်းတာကို တွေ့ရပါတယ်။

Salvador လေးနဲ့ သူ့မိသားစုအတွက် ကျွန်တော်တို့ အားလုံးက ခွန်အားတွေ အပြည့်အဝ ပို့သပေးလိုက်ပါတယ်။


#ဘောလုံးသတင်း
#ဘင်ဖီကာ

ဂရီးလစ်ရှ်ကို အဲဗာတန် ပြန်လည်ခေါ်ယူ==============================အဲဗာတန်အသင်းဟာ မန်စီးတီးတောင်ပံကစားသမား ဂျက်ခ် ဂရီးလစ်ရ...
03/09/2026

ဂရီးလစ်ရှ်ကို အဲဗာတန် ပြန်လည်ခေါ်ယူ
==============================
အဲဗာတန်အသင်းဟာ မန်စီးတီးတောင်ပံကစားသမား ဂျက်ခ် ဂရီးလစ်ရှ်ကို တစ်ရာသီအငှားနဲ့ ပြန်လည်ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဂရီးလစ်ရှ်ဟာ အဲဗာတန်မှာ ဆေးစစ်မှုခံယူပြီး အပြောင်းအရွှေ့ ပြီးမြောက်ဖို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့ရာသီကလည်း အဲဗာတန်မှာ အငှားနဲ့ ကစားခဲ့တဲ့ ဂရီးလစ်ရှ်ဟာ ပွဲ ၂၀ မှာ ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။

အဲဗာတန်ဟာ လိုင်ယွန်က အင်္ဂလန်နောက်ခံလူ မိတ်လန်ဒ်-နိုင်လ်စ်ကိုလည်း ပေါင် ၃ သန်းနဲ့ ခေါ်ယူဖို့ သဘောတူထားပါတယ်။

ဂရီးလစ်ရှ်ကို ဗီလာအပါအဝင် အသင်းအချို့က စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက အဲဗာတန်ကို ပြန်သွားဖို့ ဆန္ဒရှိခဲ့တာပါ။

အဲဗာတန်ဟာ တောင်ပံကစားသမား အန်ဒီ​ယေးကို မန်စီးတီးထံ ပေါင် ၆၅ သန်းနဲ့ ရောင်းချခဲ့တာကြောင့် တိုက်စစ်ကို ပြန်လည်ဖြည့်တင်းနေပြီး ဘာလိုဂန် ကို ပေါင် သန်း ၄၀ နဲ့ ခေါ်ယူဖို့လည်း နီးစပ်နေပါတယ်။

ရစ်ချာလီဆန်ကို ပြန်ခေါ်ဖို့ ကြိုးစားမှုက ကိုယ်ရေးကိုယ်တာ စာချုပ်အချက်တွေကြောင့် ရပ်တန့်နေပါတယ်။


#ဘောလုံးသတင်း
#အဲဗာတန်

အာဆင်နယ်အတွက် ပေါင် ၆၅သန်း...အထိ ရှာပေးသွားတဲ့ကောင်လေး🥰😔ရှိတုန်းကကြတော့ပြောင်းစေချင်ခဲ့တာ အခုကျတော့ နှမြောလိုက်တာကွာ.. မ...
03/09/2026

အာဆင်နယ်အတွက် ပေါင် ၆၅သန်း...အထိ ရှာပေးသွားတဲ့ကောင်လေး🥰😔ရှိတုန်းကကြတော့ပြောင်းစေချင်ခဲ့တာ အခုကျတော့ နှမြောလိုက်တာကွာ.. မင်းလိုလူနောက်ထပ် ရဖို့မသေချာတော့ဘူး


#ဘောလုံးသတင်း
#အာဆင်နယ်

ဖာဂူဆန်ရဲ့တပည့်အရင်းကြီးကိုယုံကြည်တယ်❗️❗️❗️❗️ကိုယ်တွေလည်း မနှစ်က Bruno ကို Saudi league က ပေါင်သန်း ၂၀၀ နဲ့ လုပ်ခလစာ တစ်...
03/09/2026

ဖာဂူဆန်ရဲ့တပည့်အရင်းကြီးကိုယုံကြည်တယ်❗️❗️❗️❗️

ကိုယ်တွေလည်း မနှစ်က Bruno ကို Saudi league က ပေါင်သန်း ၂၀၀ နဲ့ လုပ်ခလစာ တစ်ပတ် ပေါင်း ၇သိန်း ကမ်းလှမ်းတာပါဘဲ။ အသင်းကပိုက်ဆံလိုနေတဲ့ အချိန်။ ဒီတစ်ယောက်ကို ရောင်းလိုက်တာနဲ့ နောက်ကွင်းလယ် world class ကစားသမားကောင်းကောင်း ၁ ယောက်ရယ် potential star player ကစားသမား နှစ်ယောက်လောက် အေးဆေးခေါ်လို့ရတယ်။

ဒါပေမဲ့ဗျာ သိလား။ အသင်းတစ်သင်းရဲ့ DNA ဆိုတာ အသင်း ရေကြီးတဲ့အချိန်မှ စိတ်ဓာတ်တွေက ပိုသိရတာ။ ကံကောင်းတာ မနှစ်က Mainoo, Bruno, Amad ဒီအားထားရတဲ့ ကစားသမားတွေ တစ်ယောက်မှ အသင်းပြောင်းချင်တယ် အသံမထွက်ခဲ့ဘူးဗျာ။ Mainoo ဆို အသင်းကြီးတွေ ခေါ်ဖို့ ချောင်းနေတာ။ Bruno ဆို သူဌေးဖြစ်မဲ့ career ကို ငြင်းခဲ့တာ။ တော်တော်များများ Bruno ရော Mainoo ရောကို fail မယ်ဘဲ ထင်ခဲ့တာ။ သူတို့ bounce back ပြန်လုပ်နိုင်တာ အင်မတန် ချီးကျူးဖို့ကောင်းတယ်။

ဥရောပဝင်ခွင့်မရတဲ့အချိန် အသင်းနဲ့အတူရှိခဲ့တဲ့ ကစားသမားတွေကို ကျနော်တကယ် ကျေးဇူးတင်သလို မနှစ်တုန်းက Mbeumo, Cunha, Sesko ကို ရလိုက်တာလည်း တကယ်ကို ကောင်းမွန်တဲ့ခေါ်ယူမှုဘဲ။

လက်ရှိ Micheal Carrick ကို ကျနော်အကြွင်းမဲ့ ယုံကြည်ပါတယ်။ Carrick ဟာ Ferguson ရဲ့ legacy ကိုဆက်ခံမဲ့ တကယ့်စင်စစ် United DNA တွေပြည့်နေတဲ့ နည်းပြပါ။ ကျနော် တကယ်ယုံကြည်နေတယ်။ Carrick ဒီရာသီ တစ်ခုခုလုပ်ပြနိုင်မယ်ဆိုတာ။


#ဘောလုံးသတင်း
#မန်ယူ

အီဇီ၏ စွမ်းဆောင်ရည် သက်ရောက်မှုနှင့် ပတ်သက်ပြီး မီခယ်လ် အာတီတာ ပြောကြားချက် -​"သူ့အနေနဲ့ အခွင့်အရေး ဖန်တီးပေးနိုင်စွမ်းရ...
02/09/2026

အီဇီ၏ စွမ်းဆောင်ရည် သက်ရောက်မှုနှင့် ပတ်သက်ပြီး မီခယ်လ် အာတီတာ ပြောကြားချက် -

​"သူ့အနေနဲ့ အခွင့်အရေး ဖန်တီးပေးနိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ သူဟာ အသင်းဖော်တွေကို ဂိုးသမားနဲ့ တစ်ယောက်ချင်း အနေအထားနီးပါး ရောက်သွားစေမယ့် အခွင့်အရေး ၃ ကြိမ် ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် သူ့အပေါ် ကျွန်တော် ယုံကြည်မှု အပြည့်ထားရမှာလည်း ဖြစ်ပါတယ်။"

​"ပြီးခဲ့တဲ့နှစ်က သူတို့ဘက်က ကစားသမားတွေ နေရာအပြောင်းအလဲလုပ်ချိန်၊ အထူးသဖြင့် ညာခြမ်းကနေ ကက်ရှ် ဂိုးသွင်းသွားတုန်းက သူ လူကပ်ဖို့ လွတ်သွားခဲ့ပြီး ကျွန်တော်တို့ ဂိုးပေးခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ သူ ကောင်းကောင်း သင်ခန်းစာယူနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အခြေအနေတစ်ခုခု ဖြစ်လာတိုင်းမှာ သူ အမြဲတမ်း အသင့်ရှိနေပြီး အသင်းအတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်စေခဲ့လို့ပါပဲ။"


#အာဆင်နယ်
#ဘောလုံးသတင်း

မန်စီးတီးဟာ အန်ဇို ဖာနန်ဒက်ဇ်ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ ။ အန်ဇိုဟာ ပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး ၅ နှစ် စ...
02/09/2026

မန်စီးတီးဟာ အန်ဇို ဖာနန်ဒက်ဇ်ကို တရားဝင်
မိတ်ဆက်လိုက်ပါပြီ ။

အန်ဇိုဟာ ပေါင် ၁၂၅ သန်းနဲ့ ပြောင်းရွှေ့လာတာ
ဖြစ်ပြီး ၅ နှစ် စာချုပ် ချုပ်ဆိုမှာပါ ။

အန်ဇိုဟာ “ အင်္ဂလန်မှာ အအောင်မြင်ဆုံး အသင်းက
မန်စီးတီးပါ ။ ဒီလို အသင်းမျိုးကို ကျွန်တော်
အပါအဝင် ကစားသမားတိုင်း ကစားချင်ကြပါတယ်
ဟု ၎င်း၏ ရင်ခုန်သံကို မျှဝေခဲ့ပါတယ် ။


#ဘောလုံးသတင်း
#မန်စီးတီး
#အန်ဇို

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Goal Bet MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category