Arirang Taekwondo Club MDY

Arirang Taekwondo Club MDY Fight for win

08/02/2026

နွေရာသီအတွက် ၂လပိုင်းတစ်လလုံးအတွက် တိုက်ကွမ်ဒို ပညာဒါနသင်တန်းဖွင့်လှစ်တော့မှာဖြစ်ပါတယ်ရှင့်

သင်တန်းနေရာ 90×91 between 38 St

Ph.09-797794855,09775960695

🔥🔥 ဒီနွေရာသီ သင်ကိုယ်တိုင်ကို ပြောင်းလဲလိုက်ပါ! 🔥🔥နွေရာသီကို အိမ်မှာပဲ အချိန်ဖြုန်းမလား ❓ဒါမှမဟုတ်💪 အားမာန်ရှိတဲ့ ကိုယ်ခ...
04/02/2026

🔥🔥 ဒီနွေရာသီ သင်ကိုယ်တိုင်ကို ပြောင်းလဲလိုက်ပါ! 🔥🔥

နွေရာသီကို အိမ်မှာပဲ အချိန်ဖြုန်းမလား ❓
ဒါမှမဟုတ်
💪 အားမာန်ရှိတဲ့ ကိုယ်ခန္ဓာ
🥋 မလှုပ်မယှက် လက်မလျှော့တဲ့ စိတ်ဓာတ်
🔥 ယုံကြည်မှုပြည့်ဝတဲ့ သင်ကိုယ်တိုင်
ကို ဖန်တီးမလား ❓

👉 အခုပဲ ရွေးချယ်လိုက်ပါ!

🎉 နွေရာသီတိုက်ကွမ်ဒို အထူးအစီအစဉ် 🎉
📅 ၁၅.၂.၂၀၂၆ မှ လကုန်အထိ
💥 သင်တန်းကြေး ၁ ကျပ်မှ မပေးရ! (FREE) 💥

ဒါက အခွင့်အရေးတစ်ခါတည်းပါ ❗
နောက်မှ စိတ်ကူးရင် နောက်ကျနိုင်ပါတယ် ⚠️

📍 သင်တန်းနေရာ
👉 ၃၈ လမ်း၊ ၉၁ × ၉၂ ကြား အားကစားရုံ

✔ Beginner
✔ ကလေး / လူငယ် / လူကြီး အားလုံးအတွက်
✔ စနစ်တကျ၊ စည်းကမ်းရှိတဲ့ Training

📩 ယနေ့ပဲ Page ကို Message ပို့ပြီး နာမည်စာရင်း‌ စတင်လက်ခံနေပါပြီ။

🔥 ဒီနွေရာသီကို သာမန်နွေရာသီမဖြစ်စေပါနဲ့ — Taekwondo နွေရာသီဖြစ်ပါစေ! 🔥











23/01/2026

🔥 နွေရာသီကို အချည်းနှီး မဖြတ်သန်းပါနဲ့

— သင့်ကလေးရဲ့ အနာဂတ်ကို ပြောင်းလဲစေမယ့် တိုက်ကွမ်ဒို သင်တန်း! 🥋🌞

ဒီနွေရာသီမှာ…
📱 ဖုန်းနဲ့ဂိမ်းပဲ ကစားနေရတာထက်၊
💪 ကိုယ်ခံအားကောင်း၊ စိတ်ဓာတ်ကြံ့ခိုင်
🧠 စည်းကမ်း၊ ယုံကြည်မှု၊ ဦးဆောင်နိုင်စွမ်း တိုးတက်စေမယ့်
တိုက်ကွမ်ဒို သင်တန်း ကို ရွေးချယ်လိုက်ပါ 💥

🥋 သင်ကြားပေးမယ့် အချက်များ

✅ အခြေခံမှ စပြီး စနစ်တကျ သင်ကြား
✅ Self-Defense နည်းလမ်းများ
✅ Discipline + Focus + Confidence Training
✅ Physical Fitness + Flexibility

🏆 ပြောင်းလဲရရှိလာမည့်အကျိုးကျေးဇူးများ

✨ ကိုယ်ခံအားကောင်းလာမယ်
✨ စိတ်ဓာတ်ခိုင်မာလာမယ်
✨ မိမိကိုယ်ကို ယုံကြည်မှု တိုးတက်လာမယ်
✨ အတန်းထဲမှာပါ အာရုံစိုက်မှု ကောင်းလာမယ်

🎯 နွေရာသီ Special Program

🗓️ သင်တန်းစတင်မည့်ရက်- ၁၅.၂ .၂၀၂၆ မှ လကုန်အထိ

📍 သင်တန်းနေရာ – (၉၁×၉၂ ကြား ၃၈ လမ်း)

💰 သင်တန်းကြေး – (အခမဲ့ပညာဒါနသင်တန်း)

📌 Limited Seats – အမြန်ဆုံး စာရင်းပေးသွင်းပါ!
📩 Page Messenger/ ☎️ ဖုန်း – (09797794855 ,09775960695)

👉 သင့်ကလေးကို အားကစားနဲ့အနာဂတ်တောက်ပစေချင်ရင် ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့ 🥇


#နွေရာသီသင်တန်း

23/01/2026

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

14/03/2025
တိုက်ကွမ်ဒိုပညာရပ်ကိုသင်ကြားနေသည့်လူကြီး၊လူငယ်၊လူရွယ်များ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကျိုးရှိစေနိုင်သည့် ...
17/02/2025

တိုက်ကွမ်ဒိုပညာရပ်ကိုသင်ကြားနေသည့်လူကြီး၊လူငယ်၊လူရွယ်များ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကျိုးရှိစေနိုင်သည့် အကြောင်းရင်းများစွာရှိပါသည်။ ဤသည်မှာ အဓိကအချက်အချို့ဖြစ်သည်-

1. ကိုယ်လက်ကြံ့ခိုင်မှု-

တိုက်ကွမ်ဒိုသည် နှလုံးသွေး‌ကြော‌အတွက်သာမက ကြံ့ခိုင်မှု၊ ပျော့ပြောင်းမှုနှင့် ပေါင်းစပ်မှုကို တိုးတက်ကောင်းမွန်စေရန် ကူညီပေးသည့် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်သည်။ အမျိုးမျိုးသောနည်းစနစ်များနှင့် ပုံစံ(Form)များတွင် သိသာထင်ရှားသော ကိုယ်လက်လှုပ်ရှားမှုများ ပါဝင်ပြီး အလုံးစုံကျန်းမာရေးနှင့် ကျန်းမာကြံ့ခိုင်မှုကို မြှင့်တင်ပေးသည့်ပညာရပ်တခုဖြစ်သည်။

2. Self-Defense Skills-

တိုက်ကွမ်ဒိုသည် အန္တရာယ်ရှိသော အခြေအနေများတွင် သင့်ကိုယ်သင် ကာကွယ်နိုင်စေမည့် လက်တွေ့ကျသော မိမိကိုယ်ကို ကာကွယ်နည်းများကို သင်ကြားပေးပါသည်။ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ သင်ယူခြင်းနှင့် လေ့ကျင့်မှုတို့အ‌ပေါ်မူတည်၍ သင့်ရဲ့ယုံကြည်မှုကို တိုးစေနိုင်ပါတယ်။

3. စည်းကမ်းနှင့် အာရုံစူးစိုက်မှု-

တိုက်ကွမ်ဒိုသင်တန်းတွင် စည်းကမ်းနှင့် အာရုံစူးစိုက်မှု လိုအပ်သည်။ ပုံစံ(Form)များ၊ လေ့ကျင့်ခြင်းနှင့် နည်းစနစ်များသည် ပညာရေး သို့မဟုတ် အလုပ်ကဲ့သို့သော ဘဝ၏ အခြားနယ်ပယ်များကို အကျိုးပြုနိုင်သည့် စိတ်အာရုံစူးစိုက်မှုကို ဖွံ့ဖြိုးစေသည်။

4. ယုံကြည်မှုတည်ဆောက်ခြင်း-

တိုက်ကွမ်ဒိုတွင် တိုးတက်အောင်မြင်ပြီး ခါးပတ်အဆင့်များနှင့် ကျွမ်းကျင်မှုအသစ်များရရှိလာသည်နှင့်အမျှ သင့်ကိုယ်သင် လေးစားမှုနှင့် ယုံကြည်မှုကို မြှင့်တင်ပေးသည့် အောင်မြင်မှုခံစားချက်ကို သင်ရရှိမည်ဖြစ်သည်။

5. Stress Relief-

ကိုယ်လက်လှုပ်ရှားမှုသည် စိတ်ဖိစီးမှုကို လျှော့ကျနိုင်‌စေပြီး လှုပ်ရှားမှုနှင့် နည်းစနစ်များကို အာရုံစိုက်ခြင်းက သင့်စိတ်ကို ကြည်လင်စေသည့်အပြင် သင့်စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေပါသည်။

6. ယဉ်ကျေးမှုဆိုင်ရာ နားလည်မှု-

တိုက်ကွမ်ဒိုပညာရပ်သည် ကိုရီးယားယဉ်ကျေးမှုသမိုင်းတွင် နက်ရှိုင်းသော အရင်းအမြစ်များရှိပြီး လေ့ကျင့်မှုတွင်လည်း လေးစားမှု၊ နှိမ့်ချမှုနှင့် ဇွဲလုံ့လတို့ကဲ့သို့သော ကိုယ်ခံပညာဆိုင်ရာ ဓလေ့ထုံးတမ်းများ၊ အတွေးအခေါ်နှင့် တန်ဖိုးထားမှုများကို ထိုးထွင်းသိမြင်စေနိုင်သည်။

7. အသိုက်အဝန်းနှင့် ခင်မင်ရင်းနှီးမှု-

တိုက်ကွမ်ဒို သင်တန်းတက်‌ရောက်ထားရခြင်းရဲ့ အားသာချက်တခုမှာ သင့်အား အလားတူ အကျိုးစီးပွားများ မျှဝေပေးသော အခြားသူများနှင့် ချိတ်ဆက်နိုင်စေကာ ရပ်ရွာနှင့် ခင်မင်ရင်းနှီးမှု ခံစားချက်ကို တိုးပွားစေပါသည်။ ဤလူမှုရေးအသွင်အပြင်သည် သင်၏စိတ်အားထက်သန်မှုကို မြှင့်တင်ပေးနိုင်ပြီး လေ့ကျင့်မှုကို ပိုမိုနှစ်သက်စေသည်။

8. ပန်းတိုင်သတ်မှတ်ခြင်း-

မတူညီသောခါးပတ်အဆင့်များမှတစ်ဆင့် မိမိ၏တိုးတက်မှုသည် မိမိကိုယ်ကိုလှုံ့ဆော်မှုနှင့် ဆုလာဘ်များဖြစ်စေနိုင်သည့် ပန်းတိုင်များသတ်မှတ်ခြင်းနှင့် အောင်မြင်ခြင်းအတွက် ရှင်းလင်းသောဖွဲ့စည်းပုံတစ်ခုကို ထောက်ပံ့ပေးသည်။

9. Reflexes နှင့် Agility ကိုတိုးတက်စေခြင်း-

တိုက်ကွမ်ဒိုတွင်သင်ကြားရသည့် လျင်မြန်သောနည်းစနစ်များသည် သင်၏တုံ့ပြန်မှု၊ သွက်လက်မှုနှင့် မိမိ၏ခန္ဓာကိုယ်တစ်ခုလုံး သွက်လက်ပေါ့ပါးမှုကို တိုးတက် ပြောင်းလဲစေပြီး၊ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများနှင့် အားကစားအမျိုးမျိုးတွင် အကျိုးပြုနိုင်သည်။

10. တစ်သက်တာလေ့ကျင့်မှု-

တိုက်ကွမ်ဒိုသည် မည်သည့်အသက်အရွယ်တွင်မဆို လေ့ကျင့်နိုင်ပြီး မတူညီသောကြံ့ခိုင်မှုအဆင့်များနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ပြီး လူတိုင်းနှစ်သက်နိုင်သည့် တစ်သက်တာလှုပ်ရှားမှုတစ်ခု ဖြစ်လာစေသည်။

ကိုယ်လက်လှုပ်ရှားမှုအသစ်၊ မိမိကိုယ်မိမိ တိုးတက်စေသည့်နည်းလမ်း သို့မဟုတ် ရိုးရှင်းစွာပျော်စရာကောင်းသော ဝါသနာကိုရှာဖွေနေသည်ဖြစ်စေ တိုက်ကွမ်ဒိုသည် တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အလုံးစုံချဉ်းကပ်နည်းကို ပေးဆောင်ထားသည်။

Merry Christmas guys,နှစ်တနှစ်ရဲ့ ကူးပြောင်းကာလရောက်ဖို့ ခရစ်ယာန်ဘာသာ၀င်တွေရဲ့ နေ့ထူးနေ့မြတ်ကို လေးစားသောအားဖြင့် ARIRAN...
25/12/2024

Merry Christmas guys,

နှစ်တနှစ်ရဲ့ ကူးပြောင်းကာလရောက်ဖို့ ခရစ်ယာန်ဘာသာ၀င်တွေရဲ့ နေ့ထူးနေ့မြတ်ကို လေးစားသောအားဖြင့် ARIRANG TAEKWONDO Club မှ ပျော်ရွင်ဖွယ်ရာ Christmas Day ကိုလှိုက်လှဲစွာ ကြိုဆိုပါတယ်။၂၀၂၅ ရောက်တော့မှာဖြစ်လို့ ကျန်းမာရေးကိုလဲ ယခုထက်မက အဓိကလိုက်စားကြဖို့ တိုက်တွန်းလိုပါတယ်။ကလေးငယ်မျာရဲ့ Physical, Mental , Relationship,Personality,အစရှိတဲ့ အရာတွေကို ကောင်းမွန်တိုးတက်စေဖို့အတွက်ဆိုရင် မိဘများအနေနဲ့Supporting များများလုပ်ပေးဖို့လိုအပ်ပါတယ်။

စိတ်ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ နှစ်သစ်ကူးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

I wish you a happy and peaceful New Year.💥

၂၀၂၄ ခုနှစ်၊မန္တလေးတိုင်း ဒေသကြီး၊အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ULight International School တို့မှ ကြီးမှူးကျင်းပသည့...
11/11/2024

၂၀၂၄ ခုနှစ်၊မန္တလေးတိုင်း ဒေသကြီး၊အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ULight International School တို့မှ ကြီးမှူးကျင်းပသည့် ကလပ်ပေါင်းစုံ ဖိတ်ခေါ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုရရှိမှု မှတ်တမ်း။

အတိုက်ပြိုင်ပွဲ
--------------------
🥇ရွှေ-၅

🥈ငွေ-၇

🥉ကြေး-၁၇

🎖️🎖️ဆုတံဆိပ်ပေါင်း (၂၉) ခု

*ကကွက်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ
အတိုက်ပြိုင်ပွဲသာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။*

*အတိုက်ပြိုင်ပွဲ၀င် (၃၃)ဦးအနက် ဆုတံဆိပ်ရရှိသူ (၂၉)ဦး။*🎖️🎖️

ကလပ်တည်ထောင်ချိန် ၁ နှစ်မပြည့်သေးသော်လဲ ယခုလို ထိုက်သင့်တဲ့အောင်မြင်မှု ရရှိခဲ့တဲ့အတွက် Arirang Taekwondo Club အနေဖြင့် ကျေနပ်အားရမှုရှိပါတယ်။

ပါ၀င်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကျောင်းသား/သူများနှင့်အားဖြည့်ကူညီပေးခဲ့ကြသော ပြိုင်ပွဲ၀င် ကလေးမိဘများကို Arirang Taekwondo Club မှ အထူးပင်‌ ကျေးဇူးတင်ရှိပါတယ်။



ခါးစည်း စစ်ဆေးမြင့်တင်ပေးခြင်း လှုပ်ရှားမှုများ
16/05/2024

ခါးစည်း စစ်ဆေးမြင့်တင်ပေးခြင်း လှုပ်ရှားမှုများ

အလုပ်သမားနေ့ သင်တန်းပိတ်ရက် ကြေညာခြင်း🥋 1.5.2024  ဗုဒ္ဓဟူးနေ့သည် 134ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်ပါသောက...
30/04/2024

အလုပ်သမားနေ့ သင်တန်းပိတ်ရက် ကြေညာခြင်း🥋

1.5.2024 ဗုဒ္ဓဟူးနေ့သည်
134ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်ပါသောကြောင့် သင်တန်းနေရာများအားလုံး မနက်ဖြန် တရက် ပိတ်ပါသည်ရှင့်။

2.5.2024 ကြာသပတေးနေ့တွင်
ပုံမှန်အတိုင်း ပြန်လည် ဖွင့်ထားမည်ဖြစ်ပါသည်။

ARIRANG TAEKWONDO CLUB MDY

အားလုံးဘဲမင်္ဂလာပါARIRANG Taekwondo Club မှကြိုဆိုပါတယ်ရှင့်။Arirang Taekwondo Club ရဲ့တန်းခွဲအသစ်တစ်ခုကို 38လမ်း 86/87 ...
19/04/2024

အားလုံးဘဲမင်္ဂလာပါARIRANG Taekwondo Club မှကြိုဆိုပါတယ်ရှင့်။

Arirang Taekwondo Club ရဲ့တန်းခွဲအသစ်တစ်ခုကို

38လမ်း 86/87 ကြားတွင်တိုးချဲ့ဖွင့်လှစ်ပေးထားပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါတယ်ရှင့်။

နှစ်သစ်မှာ လိုအင်ဆန္ဒများပြည့်၀ပီး အောင်မြင်မှုများရရှိပါစေကြောင်းဆုမွန်တောင်းပေးလိုက်ပါတယ်ရှင့်။

Address

Arirang Branch (1) 57×58 Bt 30 Street, , Arirang Branch (2) 75D 114 St, Arirang Branch (3) 64ASt 101×102 Bt
Mandalay

Website

Alerts

Be the first to know and let us send you an email when Arirang Taekwondo Club MDY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category