Parenting Labs

Call Contact the business

Parenting Labs Empowering parents & educators in raising emotionally intelligent children.

ကလေးတွေကို Emotional Intelligent ဖြစ်အောင် တည်ဆောက်ပေးသည့် မိဘအုပ်ထိန်းမှု အလေ့အထ ၇ ခု
10/09/2026

ကလေးတွေကို
Emotional Intelligent ဖြစ်အောင်
တည်ဆောက်ပေးသည့်
မိဘအုပ်ထိန်းမှု အလေ့အထ ၇ ခု

ကလေးငယ်တွေကို စိတ်ခံစားချက်နဲ့ပါတ်သတ်ပြီး lesson ကောင်းလေးတွေ သင်ကြားပေးတဲ့ စာအုပ် ၅ အုပ်
09/09/2026

ကလေးငယ်တွေကို စိတ်ခံစားချက်နဲ့ပါတ်သတ်ပြီး lesson ကောင်းလေးတွေ သင်ကြားပေးတဲ့ စာအုပ် ၅ အုပ်

ကလေးတွေ သူတို့ခံစားချက်တွေ မပြေားတော့တဲ့အကြောင်းရင်း ၄ ချက် ၁။ "နားမထောင်ပေးဘူးလို့ ခံစားရလို့" - ကလေးက သူ့ခံစားချက်အကြေ...
24/08/2026

ကလေးတွေ သူတို့ခံစားချက်တွေ မပြေားတော့တဲ့အကြောင်းရင်း ၄ ချက်

၁။ "နားမထောင်ပေးဘူးလို့ ခံစားရလို့" - ကလေးက သူ့ခံစားချက်အကြောင်း ပြောနေတဲ့အခါ မေမေ့အာရုံက အလုပ်ထဲရှိနေတော့ “နားမထောင်ပေးဘူး”လို့ ခံစားရလို့။

၂။ "ဆုံးမတာ အရမ်းမြန်လို့" - ဘာဖြစ်တာလဲ အရင်မမေးဘဲ "ဒါကြောင့်ပြောတာပေါ့ … ဒီလိုမလုပ်နဲ့ ဆိုပြီး မြန်မြန်ဆုံးမနေတာမျိုး။

၃။ "အဆိုးမြင်ခံရလို့" - နားလည်ပေးမယ့်အစား "လုပ်လိုက်ရင် အမြဲဒီလိုပဲ" ဆိုပြီး အပြစ်တင်တာမျိုး။

၄။ "အရေးမပါဘူးလို့ အပြောခံရလို့" - ကလေးအတွက်တော့ ကမ္ဘာပျက်မတတ် ကိစ္စကို "ဒါလေးများ" ဆိုပြီး ပေါ့ပေါ့လေး လုပ်ပစ်တာမျိုး။

ကလေးရဲ့ ပြသနာကို ပြုပြင်ဖို့ထက် သူတို့ပြောတာကို နားထောင်ပေးဖို့ အရင်ကြိုးစားပါ။

ဆုံးမစကားတွေထက် နားလည်ပေးတဲ့ အကြည့်တစ်ချက်က ကိုယ်နဲ့ကလေးကြားချစ်ခင်ရင်းနှီးမှုပိုမြဲစေပါတယ်။ 💚

15/08/2026

Five Finger Breathing ✋🌬️

ကလေးတွေ
စိတ်ပူနေတယ် 😟
ဒေါသထွက်နေတယ် 😠
စိတ်ညစ်နေတယ်
စိတ်ရှုပ်နေတယ် 😣 ဆိုရင်….

အဲဒီအချိန်မှာ လက်ချောင်း ၅ ချောင်းကို အသုံးပြုပြီး Five Finger Breathing လေ့ကျင့်ပေးလို့ရပါတယ် 💛

☝️ လက်ချောင်းကို အပေါ်ဘက်ဆွဲတက်တဲ့အခါ → အသက်ရှူဖို့ ပြေားပါ။
👇 အောက်ဘက်ဆင်းတဲ့အခါ → အသက်ရှူထုတ်ဖို့ပြေားပါ။

လက်ချောင်း ၅ ချောင်းလုံး ပြီးတဲ့အထိ ဖြည်းဖြည်းချင်း ဆက်လုပ်ပေးပါ။ ✋

✨ အသက်ကို ဖြည်းဖြည်းရှူ… ဖြည်းဖြည်းရှူထုတ်…

✨ ခန္ဓာကိုယ်က တဖြည်းဖြည်း ငြိမ်သက်လာမယ်။
✨ စိတ်ကလည်း ပိုပြီးအေးဆေးလာမယ်။
✨ ပြီးတော့ ဘာလုပ်ရမလဲဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်လာမယ်။ 🌱

ကလေးတွေအတွက် breathing လေ့ကျင့်ပေးဖို့ Five Finger Breathing template & video လေးလိုချင်ရင် “FFB” လို့ ment ခဲ့ပါရှင့်။

ကလေးက ခက်ခဲတဲ့အရာလုပ်ရတဲ့အခါ …“သမီး ဒါကြီး မလုပ်တတ်ဘူး… ခက်တယ်၊ မလုပ်တော့ဘူး”"သား မလုပ်ချင်ဘူး… မှားမှာ ကြောက်တယ်"“သား ရ...
13/08/2026

ကလေးက ခက်ခဲတဲ့အရာလုပ်ရတဲ့အခါ …
“သမီး ဒါကြီး မလုပ်တတ်ဘူး… ခက်တယ်၊ မလုပ်တော့ဘူး”
"သား မလုပ်ချင်ဘူး… မှားမှာ ကြောက်တယ်"
“သား ရှုံးမှာကြောက်တယ်။” ဆိုပြီးပြေားနေကြလား?

တစ်ခုခုဆို အရှုံးမရင်ဆိုင်ချင်တာ၊ အမှားလုပ်မိမှာကို အလွန်အမင်း ကြောက်နေတာ၊ အသစ်အဆန်းတစ်ခုခု မလုပ်ခင်ကတည်းက မလုပ်နိုင်ဘူးလို့ ညည်းတွားနေတာတွေဟာ ကလေးမှာ Fixed Mindset လွှမ်းမိုးနေတဲ့ အဓိက လက္ခဏာတွေပါပဲ။

ကလေးတော်တော်များများမှာ အသစ်အဆန်းတွေ၊ မရင်းနှီးတဲ့ အရာတွေနဲ့ ကြုံရတဲ့အခါ ဒီလို မဝံ့မရဲဖြစ်တာ သဘာဝပါ။ ဒါပေမဲ့ ဒါကို ဒီအတိုင်း လွှတ်ထားမိရင် ကလေးရဲ့ သင်ယူလိုစိတ်နဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။

ဒါဆို Fixed Mindset ဝင်လာတဲ့အခါ Growth Mindset အဖြစ် ဘယ်လို ပြန်ပြောင်းမလဲ?

သတင်းကောင်းတစ်ခုကတော့… Mindset ဆိုတာ ခန္ဓာကိုယ်ရဲ့ Muscle လိုပါပဲ!

မှန်ကန်တဲ့ နည်းလမ်းနဲ့ အစဉ်အမြဲ လေ့ကျင့်ပေးရင် လေ့ကျင့်သလို သန်မာလာပြီး Growth Mindset အဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။

ကလေးတွေအနေနဲ့ စိန်ခေါ်မှုတိုင်းကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တဲ့ Growth Mindset ရှိတဲ့ ကလေးတစ်ယောက်ဖြစ်အောင် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးချင်တယ်ဆိုရင်တော့ Parenting Labs ရဲ့ "The Mindset Explorers!" သင်တန်းလေးမှာ တက်ရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ 💛

🗓 Class Schedule - Every Monday & Tuesday
⏰ Time - 5:00 PM - 6:00 PM

📩 သင်တန်းအကြောင်းအသေးစိတ်နဲ့ စာရင်းပေးသွင်းဖို့အတွက် “ME” လို့ ment ခဲ့ပါ။ အခုပဲ ဆက်သွယ်စုံစမ်းစို့နော်!

ကလေးတစ်ယောက်က ကိုယ်ပြောတာကို ကြားလိုက်ရုံနဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်နိုင်လိမ့်မယ်လို့ ကျွန်မတို့မေမေတွေ  တွေးတတ်က...
07/08/2026

ကလေးတစ်ယောက်က ကိုယ်ပြောတာကို ကြားလိုက်ရုံနဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်နိုင်လိမ့်မယ်လို့ ကျွန်မတို့မေမေတွေ တွေးတတ်ကြပါတယ်။

ဒါပေမဲ့ နားထောင်တယ်ဆိုတာ စကားလုံးတွေကို ကြားရုံတင် မဟုတ်ပါဘူး။
ဦးနှောက်က…
• အာရုံစိုက်ရတယ်
• ဘာသာစကားကို စဉ်းစားတွေးခေါ် တွက်ချက်ရတယ်
• အချက်အလက်တွေကို မှတ်ဉာဏ်ထဲမှာ ထိန်းသိမ်းထားရတယ်
• ဘာလုပ်ရမလဲဆိုတာ စီစဉ်ရတယ်
• အာရုံထွေပြားစရာတွေကို ဖယ်ရှားရတယ်
• နောက်တစ်ဆင့် ဘာလုပ်ရမလဲဆိုတာကို မှတ်မိနေရတယ်

ကလေးအချို့အတွက်တော့ ဒီလုပ်ငန်းစဉ်က မြင်ရတာထက် အများကြီး ပိုခက်ခဲပါတယ်။

မေမေတို့ ကလေးက ညွှန်ကြားချက်တစ်ခုကို လုပ်နေရင်းနဲ့ တစ်ဝက်မှာ "နားမထောင်တော့သလို" ဖြစ်နေတတ်တယ်ဆိုရင် မေမေ့ကို တမင်တကာ လျစ်လျူရှုနေတာ ဖြစ်ချင်မှ ဖြစ်မယ်။ မေမေပြေားလိုက်တဲ့ စကားကို စဉ်းစားတွေးခေါ်နေဆဲ ဖြစ်နိုင်ပါတယ်။

ညွှန်ကြားချက်တွေကို
- ရိုးရိုးနဲ့ရှင်းရှင်းပြေားပေးပါ
- အဆင့်သေးသေးလေးတွေ ခွဲပေးပါ
- နားလည်ရဲ့လားဆိုတာ စစ်ဆေးတာပါ
- စဉ်းစားတွေးခေါ်ဖို့ အချိန်ပေးပါ။

Pause. Breathe. Connect

"ငါ ဒါကို မလုပ်တတ်ပါဘူး" လို့ တွေးတဲ့ ကလေးတစ်ယောက်ဟာ လက်လျှော့လိုက်ဖို့ ပိုလွယ်ပါတယ်။ ငါ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်က...
05/08/2026

"ငါ ဒါကို မလုပ်တတ်ပါဘူး" လို့ တွေးတဲ့ ကလေးတစ်ယောက်ဟာ လက်လျှော့လိုက်ဖို့ ပိုလွယ်ပါတယ်။ ငါ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ရပ်တန့်လိုက်လို့ပါပဲ။

"ငါ ဒါကို သင်ယူနိုင်ပါတယ်" လို့ တွေးတဲ့ ကလေးကတော့ ဆက်ကြိုးစားဖို့ ပိုပြီး ဆန္ဒရှိပါတယ်။

ဒီယုံကြည်ချက်က ကလေးတွေ ကျောင်းစာ၊ သူငယ်ချင်းဆက်ဆံရေး၊ အခက်အခဲတွေနဲ့ နောင်ကြုံလာရမယ့် စိန်ခေါ်မှုတွေကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာကို ပုံဖော်ပေးပါတယ်။

ဒါလေးကိုတော့ Growth Mindset လို့ခေါ်ပါတယ်။

ကလေးတွေဟာ Growth Mindset က မွေးကတဲ့က ပါလာတာ မဟုတ်ပါဘူး။

Growth Mindset ကို သင်ယူနိုင်တယ်၊ အားကောင်းလာအောင် လေ့ကျင့်နိုင်တယ်။

အရင်ဆုံးတော့ Awareness ရှိဖို့ လိုပါတယ်။ Growth Mindset / Fixed Mindset Awareness အတတွက်တော့ Parenting Labs ရှိပါတယ်။

Growth Mindset / Fixed Mindset Awareness class အသေးစိတ်သိရှိဖို့ GM လို့ ment ခဲ့ပါ။ Detail ဘေးတွေ ရှင်းပြပေးပါမယ်။

Fear based parenting (ကြောက်စိတ်ရှေ့တန်းတင်ပြီး  Parenting) လုပ်မိနေလားFear-Based Parenting ဆိုတာ ဘာလဲ?Fear-based parent...
03/08/2026

Fear based parenting (ကြောက်စိတ်ရှေ့တန်းတင်ပြီး Parenting) လုပ်မိနေလား

Fear-Based Parenting ဆိုတာ ဘာလဲ?
Fear-based parenting ဆိုတာ မိဘတွေရဲ့ စိုးရိမ်
ပူပန်မှုတွေ၊ ကြောက်စိတ်တွေကို ရှေ့တန်းတင်ပြီး ကလေးပြုစုပျိုးထောင် တာပါ။

ပုံမှန်အားဖြင့်တော့ ကြောက်စိတ်ဆိုတာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သတိရှိဖို့ ညွှန်ပြတာမှန်ပါတယ်။ ဒါပေမယ့် အဲဒီကြောက်စိတ်တွေ လွန်ကဲလာတဲ့အခါ ကလေးရဲ့ သဘာဝဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

လိုတာထက်ပိုပြီး ကြောက်စိတ်နောက်လိုက်သွားရင်တော့ မိဘတွေအနေနဲ့လည်း လိုတာထက်ပိုပြီး ကလေးတွေကို ကာကွယ်ပေးမိမယ်။ ကလေးတွေအနေနဲ့လည်း အမြဲလိုက်ကာကွယ်လုပ်ဆောင် ပေးသူရှိနေတဲ့အတွက် အသစ်အဆန်းတွေ သင်ယူခွင့်မကြုံတော့ပါဘူး။

Fear-Based Parenting က

🔰အလွန်အကျွံထိန်းချုပ်ခြင်း - ကလေးရဲ့ လွတ်လပ်မှုကို ကန့်သတ်ပြီး ခြေလှမ်းတိုင်းကို လိုက်လံ စီစဉ်ပေးတတ်ပါတယ်။

🔰 ကိုယ်တိုင်လုပ်ခွင့် မပေးခြင်း - ကလေးက ကိုယ့်ဘာသာဆုံးဖြတ်တာ၊ အမှားလုပ်တာမျိုးကို ခွင့်မပြုဘဲ မိဘကပဲ အမြဲတမ်းဝင်ရောက်လုပ်ဆောင်ပေးတတ်ပါတယ်။

🔰 အန္တရာယ်ကို ချဲ့ကားပြောဆိုခြင်း - ဖြစ်နိုင်တဲ့ အန္တရာယ်သေးသေးလေးကို အဆိုးရွားဆုံးအနေနဲ့ မြင်တတ်ပြီး ကလေးကို ကြောက်ရွံ့လာအောင် သွန်သင်မိတတ်ပါတယ်။

🔰 ဆက်သွယ်မှုအားနည်းခြင်း - ကြောက်စိတ်ကို အခြေခံပြီး ခြိမ်းခြောက်ပြောဆိုတတ်တာကြောင့် ကလေးနဲ့ မိဘကြားမှာ စစ်မှန်တဲ့ နားလည်မှု မတည်ဆောက်နိုင်ပါဘူး။

🔰 အသစ်အဆန်းကို သင်ယူခွင့်မရခြင်း - အမှားတွေကနေ အမှန်ကို သင်ယူနိုင်မှာဖြစ်ပေမယ့် အမှားမလုပ်ရအောင် မိဘက ကြိုတင်ကာကွယ်ထားတဲ့အတွက် ကလေးမှာ သင်ယူစရာ အခွင့်အလမ်းတွေ ဆုံးရှုံးသွားပါတယ်။

❣️ဒါကြောင့် ကလေးတွေကို ချစ်ပါ။

❣️လုံခြုံအောင် ကာကွယ်စောင့်ရှောက်ပေးပါ။

❣️ဒါပေမဲ့ လွှတ်ပေးသင့်တဲ့နေရာတွေမှာ လွှတ်ပေးပါ။

Pause. Breathe. Connect

02/08/2026
တခါတလေမှာ ကလေးတွေရဲ့ တချို့အပြုအမူတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ထိန်းနေတဲ့ကြားက ဒေါသလာလာဆွစေပြီး စိတ်လိုက်မာန်ပါတုန့်ပြန်မိ...
01/08/2026

တခါတလေမှာ ကလေးတွေရဲ့ တချို့အပြုအမူတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ထိန်းနေတဲ့ကြားက ဒေါသလာလာဆွစေပြီး စိတ်လိုက်မာန်ပါတုန့်ပြန်မိတဲ့ အခြေအနေကိုရောက်စေပါတယ်။

စိတ်လိုက်မာန်ပါတုန့်ပြန်မိလိုက်တော့လဲ “ငါဘာလို့ အော်မိလိုက်လဲ…” “ရိုက်မိလိုက်လဲ” ဆိုပြီ နောင်တရကြတာပေါ့….

ဒေါသနဲ့ စိတ်လိုက်မာန်ပါတုံ့ပြန်နေမိတာကို ရပ်တန့်ဖို့ဆိုရင်တော့ …

🛑 ဘာပဲဖြစ်နေဖြစ်နေ ခဏရပ်ပါ။ ဘယ်အရာမှ အခုချက်ချင်းရှင်းလိုက်စရာ မလိုဘူးလို့ မှတ်ယူလိုက်ပါ။

😮‍💨 အသက်ဝဝရှူပါ။

🧘‍♀️ စိတ်လိုက်မာန်ပါမဟုတ်ဘဲ သတိရှိရှိတုံ့ပြန်ဖို့ ကိုယ့်ကိုယ်ကိုယ်အချိန်ယူပါ။

🚨 “ဘယ်အရာကမှ emergency မဟုတ်ကြောင်း” ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။

🔥 ကလေးကို အော်ငေါက်၊ ရိုက်ပစ်လိုက်ခြင်းဖြင့် ပိုဆိုးသွားနိုင်င်တယ်၊ ကလေးနဲ့ကိုယ့်ကြား connection ထိခိုက်သွားနိုင်တယ်ဆိုတာ သတိရှိပါ။

Pause. Breathe. Connect

Address

Mandalay
Mandalay

Telephone

+959977040555

Website

Alerts

Be the first to know and let us send you an email when Parenting Labs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Parenting Labs:

Shortcuts

Share

Category