Swim Today

Swim Today 🏊‍♂️ အရည်အသွေးကောင်းပီးခေတ်မှီတဲ့ ရေကူးဝတ်စုံ၊မျက်မှန်၊ဦးထုပ်နှင့်ဆက်စပ်ပစ္စည်းများကိုအလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်ရှင်🙏

(ရေကူးဦးထုပ်) ဝတ်ဖို့ တကယ်ရော လိုအပ်သလား? 🏊‍♂️🤔ရေကူးကန်သွားရင် (သို့မဟုတ်) ရေကူးသင်တန်းတွေမှာ ရေကူးဦးထုပ်ကို အပျော်သဘော ...
03/05/2026

(ရေကူးဦးထုပ်) ဝတ်ဖို့ တကယ်ရော လိုအပ်သလား? 🏊‍♂️🤔

ရေကူးကန်သွားရင် (သို့မဟုတ်) ရေကူးသင်တန်းတွေမှာ ရေကူးဦးထုပ်ကို အပျော်သဘော ဝတ်ကြတာချည်းမဟုတ်ပဲ သူ့မှာ လူအများ သတိမထားမိတဲ့ အရေးကြီးတဲ့ အကျိုးကျေးဇူးတွေ ရှိနေတာကြောင့်ပဲဖြစ်ပါတယ် ❤️

ဘာကြောင့် Swim Cap ကို မဖြစ်မနေ သုံးသင့်သလဲဆိုတဲ့ အချက် (၄) ချက်ကို မျှဝေပေးလိုက်ပါတယ်။

✔️ဆံသားကို ကလိုရင်း (Chlorine) ဒဏ်ကနေ ကာကွယ်ပေးတယ် ✨
ရေကူးကန်ထဲမှာ ပါဝင်တဲ့ ကလိုရင်းနဲ့ တခြားဓာတုပစ္စည်းတွေက ဆံသားကို ခြောက်သွေ့စေပြီး ပျက်စီးစေပါတယ်။ ရေကူးဦးထုပ် ဝတ်ထားခြင်းက ဆံပင်နဲ့ ရေ တိုက်ရိုက်ထိတွေ့မှုကို လျှော့ချပေးလို့ ဆံသားအရောင်မပျက်အောင်နဲ့ မကြမ်းအောင် ကာကွယ်ပေးပါတယ်။

✔️ရေကူးကန် သန့်ရှင်းရေးကို ကူညီရာရောက်တယ် 🌊
လူတစ်ယောက်မှာ တစ်နေ့ကို ဆံပင်အပင်ပေါင်း များစွာ ကျွတ်တတ်ပါတယ်။ ရေကူးဦးထုပ် မဝတ်ဘဲ ရေကူးရင် ကျွတ်ကျလာတဲ့ ဆံပင်တွေက ရေကူးကန်ရဲ့ ရေစစ် (Filter) တွေကို ပိတ်ဆို့စေပြီး ရေကို ညစ်ပတ်စေပါတယ်။ ဒါကြောင့် ရေကူးကန်အများစုမှာ ဦးထုပ်ဝတ်ဖို့ စည်းကမ်းထုတ်ထားတာ ဖြစ်ပါတယ်။

✔️ရေကူးတဲ့အခါ ပိုပြီး မြန်ဆန်သွက်လက်စေတယ် 🚀
ဆံပင်အရှည်ရှိသူတွေအတွက် ရေကူးတဲ့အခါ ဆံပင်တွေက ရေစီးကြောင်းကို ခုခံမှု (Drag) ဖြစ်စေပါတယ်။ ဦးထုပ်ဝတ်လိုက်တဲ့အခါ ခေါင်းပိုင်းက ချောမွေ့သွားပြီး ရေစီးကြောင်းအတိုင်း ပိုမိုသွက်လက်စွာ ကူးခတ်နိုင်စေပါတယ်။

✔️နားထဲ ရေဝင်ခြင်းကို သက်သာစေတယ် 👂
ရေကူးဦးထုပ်က နားကို တစ်ဝက်တစ်ပျက် ဖုံးအုပ်ပေးထားနိုင်လို့ နားထဲကို ရေအများကြီး ဝင်မသွားအောင် အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ (ပိုပြီး သေချာစေချင်ရင်တော့ Earplugs နဲ့ တွဲသုံးသင့်ပါတယ်)

❣️အခုလို အကျိုးကျေးဇူးတွေ ရဖို့ဆိုရင် ကိုယ့်အတွက် သက်သောင့်သက်သာအရှိဆုံး ဖြစ်မယ့် ဦးထုပ်ကို ရွေးချယ်ဖို့ လိုပါတယ်❣️

- ရာဘားအသားနဲ့ပြုလုပ်ထားတဲ့ swim cap

-အတွင်း ပိတ်သား အပြင် လည်သာနဲ့ ပြုလုပ်ထားတဲ့ swim cap ဆိုပြီးရှိပါတယ်

သူတို့ 2 ခုရဲ့ အားနည်းချက် အားသာချက်လေးများကို နောက် ပို့စ်တွေမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်ရှင်🙏

ပိုပြီး ကျန်းမာပျော်ရွှင်တဲ့ ရေကူးတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ 💦💙

#ရေကူးဦးထုပ် #ဗဟုသုတ

ရေကူးသင်တန်းအတွက်သုံးမလား ရေကူးကန်မှာ အပျော်သွားကူးရင်းပဲ သုံးမလား ?Premium ဆန်ဆန်နဲ့ ဝတ်ရတာ အသက်သာဆုံးဖြစ်မယ့် Black PU...
03/05/2026

ရေကူးသင်တန်းအတွက်သုံးမလား ရေကူးကန်မှာ အပျော်သွားကူးရင်းပဲ သုံးမလား ?

Premium ဆန်ဆန်နဲ့ ဝတ်ရတာ အသက်သာဆုံးဖြစ်မယ့် Black PU Swimming Cap 🖤🏊‍♂️

အခု ရောက်ရှိလာတဲ့ PU Coated Swimming Cap က ပုံမှန် ရေကူးဦးထုပ်တွေလို ရော်ဘာသား သီးသန့်မဟုတ်ဘဲ အတွင်းသားကို ပိတ်သား အပြင်မှာ လည်သာသားကို ကာဗာလုပ်ပြီး ပြုလုပ်ထားတာကြောင့်

✔️ခေါင်းကို အရမ်းညှစ်ထားတာမျိုး မရှိလို့ အကြာကြီး ဝတ်ထားလည်း ခေါင်းမကိုက်ဘူးနော်

✔️ပိတ်သားဖြစ်လို့ ချွတ်တဲ့အခါမှာ ဆံပင်ကို ဆွဲထားသလိုမဖြစ်စေပါဘူး

✔️အပြင်ဘက်ကို Quality ကောင်းတဲ့ လည်သာသားနဲ့ အုပ်ထားလို့ ကြည့်ရတာ ပြောင်ချောပြီး အရမ်း Luxury ဆန်ပါတယ်နော်

⚠️ မှတ်ချက်: အတွင်းသားက ပိတ်သားအိအိလေး ဖြစ်တာကြောင့် ရေကူးတဲ့အခါ ရေတော့ အနည်းငယ် စိမ့်ဝင်နိုင်ပါတယ်။

ဒါပေမယ့် ရေကူးကန်ထဲမှာ စတိုင်ကျနေဖို့နဲ့ ဝတ်ရတာ ပေါ့ပါးလွတ်လပ်ဖို့အတွက်ဆိုရင်တော့ အကောင်းဆုံး ရွေးချယ်မှုပါရှင့် 💯

ဝတ်ရတာ ခေါင်းမညှစ်တဲ့ Premium Quality ဦးထုပ်လေးကိုမှ ရှာနေတာဆိုရင်တော့ ဒီအနက်ရောင်လေးက အလိုက်ဖက်ဆုံးပဲနော်။ 🔥

အနက်ရောင် သီးသန့်ပဲရပါမယ်ရှင် ❤️

တစ်ခု - 20000

Page messenger မှာဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင်


#ရေကူးဦးထုပ် #အနက်ရောင်

သားသားမီးမီးတို့အကြိုက် ကားတွန်းရေကူးမျက်မှန်များ ပြန်လာပါပြီနော်🤓ဒီဇိုင်းဆန်းပီး ပျော်စရာကောင်းလို့ရေကူးတဲ့အခါ ပိုမိုမြ...
08/05/2025

သားသားမီးမီးတို့အကြိုက် ကားတွန်းရေကူးမျက်မှန်များ ပြန်လာပါပြီနော်🤓

ဒီဇိုင်းဆန်းပီး ပျော်စရာကောင်းလို့ရေကူးတဲ့အခါ ပိုမိုမြန်ဆန်ပီးအလန်းစားဖြစ်မှာ သေချာပါတယ်!

ရရှိနိုင်သောဒီဇိုင်းများ -

🐸 ဖားရုပ် (Frog)

🐢 လိပ် (Turtle)

🧜 ရေသူမ (Mermaid)

🦩 ကြိုးကြာ (Flamingo)

ထူးခြားချက်များ -

✔️UV Protection

✔️Anti-Fog Lens

✔️အလွယ်တကူဝတ်ဆင်နိုင်မှု

✔️ရေထဲမှာမျက်စိဖိစီးမှုလျော့ပြီး ပျော်စရာကောင်းတဲ့ အတွေ့အကြုံ

သားသားမီးမီးတို့ရေကူးတဲ့အခါ တစ်ကယ်ကိုပြီးပြည့်စုံစေမယ့် ကာတွန်းမျက်မှန်လေးတွေဖြစ်လို့ ကိုယ့်စိတ်ကြိုက်ဒီဇိုင်းကိုမြန်မြန်လေး chat box 🗨️ မှာ Order မှာယူလိုက်တော့နော်🤗

#ကာတွန်းရေကူးမျက်မှန် #ရေကူးမျက်မှန်
#ရေကူး #ကလေးရေကူးမျက်မှန်

🥽 သားသားမီးမီးတို့အကြိုက် အသည်းစွဲဖြစ်မယ့် ရေကူးမျက်မှန်အသစ်တွေ အများကြီးရောက်ထားပါတယ်နော်🤗မကြာခင်အသေးစိတ်လေးတင်ပေးပါမယ်...
13/03/2025

🥽 သားသားမီးမီးတို့အကြိုက် အသည်းစွဲဖြစ်မယ့် ရေကူးမျက်မှန်အသစ်တွေ အများကြီးရောက်ထားပါတယ်နော်🤗

မကြာခင်အသေးစိတ်လေးတင်ပေးပါမယ်ရှင့်❣️

#ရေကူးမျက်မှန် #ကလေးရေကူးမျက်မှန် #နွေရာသီ #ကလေးကာတွန်း #ရေကူး #သားသားမီးမီး

ကြည်လင်ပြတ်သားတဲ့ရေအောက်ကမ္ဘာကို ရှုစားဖို့ရေကူးမျက်မှန်လေးတွေ ရောက်ရှိလာပါပြီနော်🤗 #ရေကူးမျက်မှန်    #မကွေးမြို့
11/02/2025

ကြည်လင်ပြတ်သားတဲ့ရေအောက်ကမ္ဘာကို ရှုစားဖို့ရေကူးမျက်မှန်လေးတွေ ရောက်ရှိလာပါပြီနော်🤗

#ရေကူးမျက်မှန် #မကွေးမြို့

🏊‍♀️ ရေကူးမျက်မှန်ကိုရွေးချယ်သည့်အခါသက်တောင့်သက်သာ၊အံဝင်ခွင်ကျဖြစ်မှု၊ခရမ်းလွန်ရောင်ခြည်ကာကွယ်မှု စသည့်အချက်များကိုထည့်သ...
25/11/2023

🏊‍♀️ ရေကူးမျက်မှန်ကိုရွေးချယ်သည့်အခါ
သက်တောင့်သက်သာ၊အံဝင်ခွင်ကျဖြစ်မှု၊ခရမ်းလွန်ရောင်ခြည်ကာကွယ်မှု စသည့်အချက်များကိုထည့်သွင်းစဉ်းစားပီးရွေးချယ်သင့်ပါတယ်❤️

ပို့ပေးရတဲ့ order လေးတွေ🥰မှာယူအားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏
19/10/2023

ပို့ပေးရတဲ့ order လေးတွေ🥰
မှာယူအားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏

  👉 ရေကူးမျက်မှန်များ၊နားပိတ်၊ခေါင်းစွပ်များကိုစိတ်တိုင်းကျဝယ်ယူအားပေးနိုင်ပါတယ်ရှင့်🤗🔹ရေကူးမျက်မှန်များသည်သင့်မျက်လုံးမ...
15/10/2023

👉 ရေကူးမျက်မှန်များ၊နားပိတ်၊ခေါင်းစွပ်များကိုစိတ်တိုင်းကျဝယ်ယူအားပေးနိုင်ပါတယ်ရှင့်🤗

🔹ရေကူးမျက်မှန်များသည်သင့်မျက်လုံးများကိုကာကွယ်ရန်နှင့်ရေအောက်မြင်နိုင်စွမ်းကိုတိုးတက်စေရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်နော် ❤️

🏊‍♀️ ရေကူးမျက်မှန်ကိုရွေးချယ်သည့်အခါ
သက်တောင့်သက်သာ၊အံဝင်ခွင်ကျဖြစ်မှု၊ခရမ်းလွန်ရောင်ခြည်ကာကွယ်မှု စသည့်အချက်များကိုထည့်သွင်းစဉ်းစားပီးရွေးချယ်သင့်ပါတယ်။

👉 Speedo မျက်မှန် 18000 ကျပ်
👉 Speedo ခေါင်းစွပ် 9000 ကျပ်
👉 Speedo နားပိတ် 5000 ကျပ်
👉 ရေကူးမျက်မှန် အကြီး 18000 ကျပ်

CM Swimsuit & Accessories
Ph / Viber 09796895809

#ရေကူးမျက်မှန်

#နားပိတ် #ခေါင်းစွပ်

ရေကူးသင်တန်းတက်ရင်အများဆုံးအသုံးပြုကြတဲ့မျက်မှန်လေးတွေ..😍✔️မျက်မှန်နဲ့ နားပိတ် တွဲလျှက်ပါတာမို့ ရေထဲမှာ နားပိတ်ပျောက်လို...
23/08/2023

ရေကူးသင်တန်းတက်ရင်အများဆုံးအသုံးပြုကြတဲ့မျက်မှန်လေးတွေ..😍
✔️မျက်မှန်နဲ့ နားပိတ် တွဲလျှက်ပါတာမို့ ရေထဲမှာ နားပိတ်ပျောက်လို့ လိုက်ရှာရတာတွေ မဖြစ်တော့ပါဘူးနော်
✔️ကလေး လူကြီး ဝတ်ဆင်လို့ရတဲ့ မျက်မှန်လေးပါ
✔️ရွေးချယ်စရာ အရောင် ၅ ရောင် ရပါမယ်ရှင့်
✔️ကြိုးကို ကိုယ်လိုအပ်သလို အတိုးအလျော့ လုပ်လို့ရပြီး မျက်လုံးထဲ ရေဝင်မှာလည်း မပူရပါဘူးနော် ရေလုံပါတယ်ရှင့်

တစ်လက်-13000
#ရေကူးမျက်မှန်

Address

No. 37, Awayyar Road, Yanway Quarter
Magway
04011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959796895809

Website

Alerts

Be the first to know and let us send you an email when Swim Today posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Swim Today:

Shortcuts

Share

Category