12/10/2025
El Hadji Malick Diouf
==================
ဒီနှစ်မှာမှ Czech ကလပ် Slavia Pargue ကနေ PL ကလပ် WestHam ကိုပြောင်းလာတဲ့ Malick Diouf ကိုတော့ PL ဆယ်ပွဲ မပြည့်ခင်မှာတင်ပဲ ပရိတ်သတ်တွေ သတိထားမိပြီးကြပြီထင်ပါတယ် ။
El Hadji Malick Diouf က အသက် ၂၀ အရွယ် Senegal သား ဖြစ်ပြီး အရပ် 6" ရှိပါတယ် ။ LB / LWB ဖြစ်ပြီး very Dynamic & powerful FB ပဲဖြစ်ပါတယ် ။
တချို့ ပလေယာတွေမှာ တခြားလူတွေထပ် အင်မတန်အားသာတဲ့ ၊ superior ဖြစ်လွန်းလှတဲ့ ability တွေရှိတတ်ပါတယ် ။ ဥပမာ - Alphonso Davies ရဲ့ speed/ Stamina , Mbappe ရဲ့ sharpness in Final 3rd , Jeremy Doku ရဲ့ agility while dribbling စသဖြင့်ပေါ့ ။
အဲ့သလို superior factor ပါလာတဲ့ ပလေယာတွေဟာ game ရဲ့ တခြား aspect တချို့ကို ပုံမှန်လောက် ပေါင်းထည့်နိုင်ရုံနဲ့ ထိပ်ဆုံးတန်း အဆင့်ကိုရောက်ဖို့လွယ်ပါတယ် ။ တကယ်လို့ တချို့တချို့အကြောင်းတွေကြောင့် ထိပ်ဆုံးထိ မရောက်နိုင်ခဲ့ရင်တောင် အလယ်အလတ်အဆင့်ထိကျဖို့တောင်ခက်ပါတယ် ၊ များသောအားဖြင့် ထိပ်ဆုံးတန်းနားမှာ တဝေ့ဝေ့လည်နေမှာပါပဲ ။
El Hadji Malick Diouf မှာလဲ ဒီလို တချက်ကြည့်လိုက်တာနဲ့တင် တခြားပလေယာတွေထပ် သာလွန်မြင့်မားနေတဲ့ အချက်ရှိပါတယ် ။ ဒါကတော့ သူ့ရဲ့ natural physicality ကပေးထားတဲ့ athleticism & powerful engine ပါပဲ ။
ကြည့်ဖူးတဲ့ လူတွေဆိုရင် သတိထားမိမှာပါ ၊ Malick Diouf ရဲ့ powerful ဖြစ်မှု နဲ့ engine တလုံးလို မရပ်မနား run နေနိုင်မှုက Top 5 % in the world ပါပဲ ။ ဒီလို ပလေယာမျိုးက ဘယ်အသင်းမဆို ရဲ့ Left side dynamic ကို တမုဟုတ်ချင်း ပြောင်းလဲပေးနိုင်လောက်တဲ့ အထိကို impact ရှိစေပါတယ် ။
Malick Diouf ရဲ့ က WB ပိုဆန်ပါတယ် ၊ Slavia Pargue မှာလဲ Back 5 ရဲ့ LWB style ပိုကစားခဲ့ရတာဖြစ်ပါတယ် ။ ကစားဟန်အရ traditional FB ပုံစံပိုသွားပါတယ် ၊ inverted ဘာညာ မဟုတ်ပါဘူး ၊ up & down တောက်လျှောက်run နေပေးမယ် ၊ Overlapping လုပ်ပြီး crossing ပေးမယ် ၊ ဒီလောက်ပါပဲ ။ ပြောရရင် ရိုးရှင်းပါတယ် ။
ဒီလို ရိုးရှင်းတဲ့ ကစားဟန်ဆိုပေမယ့် ဒါကိုပဲ effective ဖြစ်အောင်အများကြီးလုပ်နိုင်တဲ့ tools တွေ သူ့မှာရှိပါတယ် ။ Touch & Control က elite level မဟုတ်ပေမယ့် Sprint running အတွက်တော့ လုံလောက်တယ် ။ ကြမ်းထနေတဲ့ PnP ရှိတာမို့ wide area မှာ 1 vs 1 ကတော့ ဘယ်ပလေယာဖြစ်ဖြစ် ပြိုင်ချဲပစ်လို့ရတယ် ၊ def မှာပဲ ဖြစ်ဖြစ် attack မှာပဲဖြစ်ဖြစ်ပေါ့ ။ ပွဲ အပေါ် တော်တော်အာရုံစူးစိုက်မှုအားကောင်းပြီး work ethics လဲ ကောင်းတယ် ၊ FB တယောက်အတွက်ဆို aerial duels ပိုင်းကလဲ ကောင်းတဲ့ထဲမှာပါတယ် ။
လူတော်တော်များများ မြင်ကြသိကြသလို Cross quality တော်တော် ကောင်းတယ် ။ ဒါပေမယ့် ဒီနေရာမှာ ထည့်ပြောစရာက သူ့ရဲ့ crossing technique ပါပဲ ။ Malick Diouf က High Cross တွေ တင်တာမှာအတော် ကောင်းတာပါ ၊ ဘောလုံးကို wipe & dip လုပ်ပြီး power တော်တော်ပါတဲ့ ဖြတ်တင်ဘောအမြင့်ကြီး တွေ တင်ပါတယ် ၊ ဒီလိုတင်ရာမှာလဲ ကွင်းလယ်စည်း အကျော် ၊ Final 3rd zone ရဲ့ အစ နေရာတွေက သူ့ရဲ့ အကောင်းဆုံး cross တွေ ထုတ်နိုင်တဲ့နေရာပါပဲ ။
ရှင်းအောင် ပြောရမယ်ဆိုရင် cross တင်တဲ့ zone နည်းနည်းရွေးပါတယ် ။ တခြား zoneက တင်ရင် cross quality အကောင်းဆုံးမရချင်ပါဘူး ။ ဒါ့ကြောင့်မို့ ဆက်ပြောရရင် အနည်းငယ် deep ဖြစ်တဲ့ နေရာက နေပဲ crossing လုပ်တာအားသာပြီး ဂိုးလွန်စည်းနားထိ ဆွဲလာပြီး low driving cross တွေ ပေးတဲ့နေရာမှာတော့ သိပ်မကောင်းလှသေးပါဘူး ။
ခြုံပြောရင် Malick Diouf က အတော်လေး raw ဖြစ်နေသေးပေမယ့် game breaking ability ရှိနေပြီးသား ၊ ရှိကြောင်းကိုလဲ PL လို နေရာမှာတင် သက်သေပြထားပြီးသားပလေယာပါ ။ဒါအပြင် superior athleticism & powerful engine လဲ ရှိနေပါတယ် ။အသက် ၂၀ ပဲ ရှိသေးတာမို့ overall တိုးတက်ဖို့ လိုအပ်တဲ့အရာတွေကို မှန်မှန်ကန်ကန် development လုပ်နိုင်မယ်ဆိုရင် 2+ years လောက်အတွင်း Top 5 LB in the world အဆင့်လောက်ထိ ရောက်သွားနိုင်တဲ့ ပလေယာဖြစ်ပါတယ် ။