The Girl with a Bike

The Girl with a Bike စက်ဘီးနဲ့ကောင်မလေး

Cycling girl is a new cool thing ⛰️🚵🏼‍♀️

ပထမဆုံး မနောလှတောင်ပေါ်ကို မြူတွေအများကြီးကြားထဲက တက်ကြမယ်အောင်ပန်းကလာတဲ့ ကိုရဲ ကို ကလောဆိုင်းဘုတ်မှာသွားကြိုပြီး မနောလှ...
23/06/2026

ပထမဆုံး မနောလှတောင်ပေါ်ကို မြူတွေအများကြီးကြားထဲက တက်ကြမယ်

အောင်ပန်းကလာတဲ့ ကိုရဲ ကို ကလောဆိုင်းဘုတ်မှာသွားကြိုပြီး မနောလှတောင်တက်ကြတဲ့ နေ့ဖြစ်ပါတယ်ရှင်။ စက်ဘီးပြန်စီးတဲ့ ၁၄ ရက်နေ့မြောက်မှာ မနောလှတောင် ပြန်တက်နေရပြီဆိုတော့ လန့်တော့လန့်တယ်။ တောင်ကမြင့်တော့ ဖြည်းဖြည်းချင်းပဲတက်မယ်ဆိုပြီး လိုက်သွားပါတယ်ရှင်။

တောင်တစ်ဝက်လောက်ကနေ မြူတွေကျနေပြီကိုတွေ့ရပြီ တောင်ထိပ်ကိုကမြင်ရနေဘူးဒါပေမယ့် အရမ်းလှတယ်။ တောင်တန်းရယ် မြူတွေရယ်က ဘယ်တော့မှ မလှဘူးဆိုတာမရှိဘူးလေ။ တောင်ထိပ်နား နောက်ဆုံးက မတ်တော့ဖြည်းဖြည်းတက်မှရတယ်။ နားပြီး လူစုံအောင်စောင့်ကြပါတယ် ပြီးတော့မှ တစ်လိမ့်ချင်းတက်သွားကြရင်း မြူထဲပျောက်သွားပါတယ် ☁️။

မနက်စာကတော့ ဦးလေးကြီး ချာပါတီ ဆိုင်မှာဝင်စားကြပါတယ် တောင်တက်တဲ့နေ့တွေဆိုရင် ဗိုက်ပိုဆာပါတယ်ရှင်။ တာ့တာ

#မနောလှတောင် #ကလော

21/06/2026

တို့ဟူးနွေး ကြိုက်သူများအတွက် စက်ဘီးစီးပြီး တို့ဟူးနွေးသွားစားကြမယ်။

#အောင်ပန်း #ကလော

ခရီးခေါင်းစဉ် _ နန်းအွန်ရွာဘက် ဧည့်သည်ကို လိုက်ပို့ပြီး မဟာတို့ဟူးနွေးပန်းကန်ရ တောင်ဘက်ခေါ်နင်းပြီး နောက်နေ့ အရမ်းလမ်းမက...
18/06/2026

ခရီးခေါင်းစဉ် _ နန်းအွန်ရွာဘက် ဧည့်သည်ကို လိုက်ပို့ပြီး မဟာတို့ဟူးနွေးပန်းကန်

ရ တောင်ဘက်ခေါ်နင်းပြီး နောက်နေ့ အရမ်းလမ်းမကြမ်းတဲ့လမ်းဘက်ကိုသွားကြတဲ့နေ့ပေါ့။ နန်းအွန်ရွာလို့ခေါ်တဲ့ လူအများသိတဲ့ ဗျိုက်တောင်နားက လမ်းကြောကို ပတ်နင်းကြတဲ့ နေ့ပါပဲရှင်။ ရွာထဲကလမ်းတွေဖြတ်ရင်း ဧည့်သည်အကိုက သူ့အလုပ်အကြောင်းတွေပြောပြ စိုက်ခင်းတွေကြည့်ကြရင်း ဆူးပုပ်ပင်တွေနား အရွက်ခူးနေတဲ့ ရွာသားတွေတွေ့ မိတ်ဆက်ကြပါတယ်။

ဒီလမ်းကတော့ ပုံမှန်သွားနေကြလမ်းပဲဆိုတော့ လမ်းလည်းမဆိုးဘူး ရှုခင်းလည်းလှ အတက်လည်း ပုံမှန်ဒီဘက်တွေစီးရင် တက်ရတဲ့လမ်းတွေလိုပါပဲ။ ခရမ်းချဉ်စိုက်ခင်းတွေ လွယ်ဟက်ရွာကို ထဲဖြတ်ကြရတာတွေ ပြီးတော့ အောင်ပန်းဇောတိဘက် ပြန်ထွက်လာပြီး မနက်စာဆိုင်ကတော့ မမျိုးကိုသွားစားကြပါတယ်။ အဲ့ဆိုင်ရောက်ဖြစ်ကြလို့ မုန့်မှာရင်လေ ပုံမှန်ပွဲအရွယ်တောင် ပွဲကစားလို့မကုန်ဘူး သတိထားမှာကြပါ။ တို့ဟူးနွေး ပုံမှန်ပွဲမှာလိုက်တာ၂ ယောက်စားလို့ရတယ် ဘဝမှာ ပထမဆုံး အကြီးဆုံး တို့ဟူးနွေးပန်းကန်ကို မြင်ဖူးခဲ့တဲ့ မနက်ခင်းပေါ့ရှင်။

ဧည့်သည်ကတော့ ပြန်ပါပြီရှင် နောက်နေ့တွေကတော့ ပုံမှန်စီးနေကြလူတွေနဲ့ ထပ်ပြီးပတ်သွားကြပါမယ်။

#ကလော #အောင်ပန်း

15/06/2026

မိုးတွေရွာလို့လမ်းတွေ ဆိုးနေတဲ့ ကျောက်လမ်း ရ တောင်ကိုတက်ကြမယ်။

ဧည့်သည်ကိုလိုက်ပို့ပေးမယ်။

#ကလော

12/06/2026

မြင်းမထိရွာထဲ ဖြတ်သွားကြမယ်

#မြင်းမထိ #ကလော

ခရီးစဉ်ခေါင်းစဉ် _ ဧည့်သည်ကို လမ်းကြမ်းနဲ့ ဧည့်ခံလိုက်မိတဲ့အဖြစ် 🥴 နှင့် တောင်တက်ရင်းပျောက် သွားမှာစိုးလို့သေချာ ရွေးထား...
09/06/2026

ခရီးစဉ်ခေါင်းစဉ် _ ဧည့်သည်ကို လမ်းကြမ်းနဲ့ ဧည့်ခံလိုက်မိတဲ့အဖြစ် 🥴 နှင့် တောင်တက်ရင်းပျောက် သွားမှာစိုးလို့သေချာ ရွေးထားတဲ့ အကျီအရောင် 😂

နေပြည်တော်ကနေ အလုပ်နဲ့ရောက်နေတဲ့ အကိုနဲ့ အတူတူ စက်ဘီးလိုက်စီးပေးကြတယ်။ ရှုခင်းကြည့်စေချင် မရောက်ဖူးတဲ့လမ်းလေးတွေကို စီးကြည့်စေချင်တဲ့ ကိုရှိုင်းရဲ့စေတနာ နဲ့ ရ တောင်ကို ခေါ်သွားကြတယ်။ ကိုယ့်ဘာသာလည်း တစ်ခါမှ မရောက်ဖူးသေးတော့ ဘယ်လိုလမ်းပါလိမ့်ပေါ့။

အောင်ပန်းအဖွဲ့နဲ့ ကလောဆိုင်းဘုတ်မှာ ဆုံကြပြီး မြင်းကရွာထဲဖြတ်ကြတယ်။ ၅ ယောက်သား သာသာယာယာလေးပဲ နင်းပြီးသွားကြတယ်ပေါ့။ ရွာထဲက ထွက်ရင်ကိုပဲ လမ်းကကျောက်လမ်းတွေဖြစ်လာပြီလေ ပိန္နပဲပင်မတက်ခင်လမ်းပေါ့။ အဲ့ကနေ လမ်းတွေခွဲသွားပြီး ရောက်သွားကြတယ်ပေါ့ ရှေ့တစ်ရက်က မိုးတွေရွာထားတော့ လမ်းကပျက်နေတာနဲ့တိုးပြီး ချောကလည်းချော ရေစီးကြောင်းတွေနဲ့ မြေသားတွေက မညီနဲ့ ရေညှိတွေ ဗွက်လေးတွေနဲ့ အတက်တွေမှာ။

သူအရင်တက် ငါအရင်တက်နဲ့ နင်းကြလေသတည်းပေါ့ရှင် လမ်းကြောင်းကလည်း ဒီတစ်ခုပဲ နောက်လှည့်ဖို့ကလည်း ဝေးသွားပြီ😂။ ဘာပုံမှ မှတ်တမ်းမတင်နိုင်ဘဲ နင်းသာတက် အရှေ့က ဘီးသွားထားတဲ့ အရာကိုကြည့်ပြီးနင်း ကျောက်တုံးတွေကချောလည်း ဖိနင်း လက်ကိုင်ကလည်း မနည်းထိန်းရတယ် လမ်းကချော်လို့မရဘူး ဘီးရပ်သွားမှ အတက်မှာ ပိုပြဿနာတက်မယ်။ အသက်ရှုတာ ပါးစပ်နဲ့နှာခေါင်း မလောက်နေဘူး။ ကိုယ့်ဘာသာ ပြန်စီးတာတောင်မကြာသေးတော့ ပိုမောတာ။ တွန်းတဲ့လူကတွန်း နင်းတဲ့လူကနင်း။ တောစောင့်နတ် တောင်စောင့်နတ်များ ကူညီပါဝိုင်းတွန်းပေးကြပါလို့ ဆုတောင်းလိုက်သေးတယ်☺️။

ကိုရှိုင်းကအရှေ့ကသွားပြီး ရှုခင်းကြည့်မယ့်နေရာမှာစောင့်နေမယ်ဆိုလို့ သူ့ကိုမြင်ရတော့မလား အရှေ့မှာရှိနေမလားနဲ့ အကွေ့တိုင်း ရှာရတာ တစ်လုပ်။ မြင်ရတဲ့တောင်ကြားကတော့ ပုံထဲကအတိုင်းအရမ်းလှတယ် အမောတွေပြေ။ အကျီအရောင်နဲ့ လိုက်ဖက်နေတာတော့ မတတ်နိုင်ဘူး 😅🤣။ ပုံတွေအဝရိုက်ပြီးတာနဲ့ အောင်ပန်းဘက်ကို ဆင်းကြပါတယ်။ ကလောကိုပြန်နင်းရမှာဆိုတော့ အချိန်က အရမ်းမရ။ ကွန်ကရစ်လမ်းလည်းမြင်ရရော အမလေး တော်သေးတာပေါ့ဖြစ်ရတယ်။

မနက်စာကို ပင်လုံလေးမှာ ရွှံ့အထူထူ တစ်ဖွဲ့လုံးညစ်ပတ်လေးတွေနဲ့ ဝင်စားကြပါတယ်။ ဧည့်သည်ကိုပြောရတယ် ညီမတောင် လမ်းကမရောက်ဖူးသေးဘူးလို့ အဖွဲ့ကလည်း မိုးရွာထားတော့ လမ်းကအရမ်းကြမ်းသွားတာ အကိုရေလို့ (နောက်နေ့လိုက်မစီးတော့မှာစိုးလို့😂)။

စာလေးဖတ် ပုံလေးတွေကြည့်ပြီး အားလုံးအတူတူ မောနိုင်ကြပါစေ 🤪။

#ကလော

တောင်တွေ မမြင်ရတဲ့နေ့ ☁️🌥️အိုးစည်တောင်တက်မယ်ဆိုတဲ့နေ့မှာကံကောင်းချင်တော့ မြူတွေအရမ်းကျနေတာ သတိထားမိတယ်။ အရမ်းတိမ်များနေတ...
09/06/2026

တောင်တွေ မမြင်ရတဲ့နေ့ ☁️🌥️

အိုးစည်တောင်တက်မယ်ဆိုတဲ့နေ့မှာကံကောင်းချင်တော့ မြူတွေအရမ်းကျနေတာ သတိထားမိတယ်။ အရမ်းတိမ်များနေတော့ တောင်ထိပ်ရောက်ရင်တော့ လှမှာပဲဆိုပြီး တွက်ထားကြပြီးသားပေါ့လေ။ နေရောင်ထွက်လာပါစေ ဆုတောင်းနေတာ တောင်ထိပ်ရောက်ခါနီးမှာ နေရောင်လေးစထွက်လာတော့ မြင်ရတဲ့အတိုင်း ပုံတွေထဲကထက်အပြင်မှာပ်ိုလှတယ်။

https://www.facebook.com/share/v/1AfYK141AH/?mibextid=wwXIfr

တိမ်တွေအရမ်းထူတာ ကြည့်ချင်တော့ ကိုရှိုင်း Ko Shine Kalaw က ဘုရားအပေါ်ထပ်တပ်မယ်ဆိုပြီး လှေကားနဲ့တက်သွားကြတယ်။ မြင်ရတာစိတ်ချမ်းသာတယ် မြင်ရနေကျ တောင်တွေ အကုန်မရှိတော့ဘူးလေ။ ၂ ယောက်တည်းပုံတွေရိုက်နေရင်း ကိုကျော်ငြိမ်း Kalaw Image Car Rental လည်း ရောက်လာတော့ အတူတူ မနောလှတောင်ကြောကနေ ကလောထဲ ပြန်ဝင်ကြတယ်။

အဲ့မှာပြဿနာစတာ အဲ့ကူးတဲ့လမ်းမှာက ကုန်း ၂ ခုရှိတယ်။ တက်လိုက်ရတဲ့ တောင်ကူးလမ်းကြား မရောက်ဘူးထင်ပေမယ့်လည်း ဗိုက်ကဆာနေပြီဆိုတော့ နင်းတက်ပဲပေါ့လေ။

မနက်စာကတော့ ဥိီးလေးကြီးချာပါတီ ဆိုင်ပေါ့လေ။

#ကလော #အိုးစည်တောင်

မနက်စုရပ် နာရီစင်နားမှာ ၅ နာရီဆုံပြီး နင်းမယ်ဆိုတော့ ဘယ်လမ်းကြောင်း သွားမလဲကိုရှိူင်းဆိုတော့ မသိဘူးတဲ့။ စဉ်းစားကြပြီးတော...
05/06/2026

မနက်စုရပ် နာရီစင်နားမှာ ၅ နာရီဆုံပြီး နင်းမယ်ဆိုတော့ ဘယ်လမ်းကြောင်း သွားမလဲကိုရှိူင်းဆိုတော့ မသိဘူးတဲ့။ စဉ်းစားကြပြီးတော့ တောင်ဗွာသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ မိုးတွေကတော့ အုံ့နေတယ်လို့ တောင်ရှုခင်းလှမှာ မဟုတ်ဘူးဆိုပေမယ့်လည်း သွားလိုက်ကြပါတယ်ရှင်။

https://www.facebook.com/share/v/1BQc8TqZTP/?mibextid=wwXIfr

လမ်းတွေကမသွားရတာကြာသွားပြီဆိုတော့ မမှတ်မိတော့ဘူး ပြီးမှ အတက်တွေရှိတာပဲ ဆိုပြီး မောမောနဲ့နင်း။ ညက မိုးရွာထားတော့ ရွှံ့တွေလည်းရှိတာပေါ့ လမ်းကတော့ ထုံးစံအတိုင်း တောလမ်းတွေပေါ့။ အဲ့ဒါနဲ့ပဲ နှစ်ယောက်သား နင်းကြရင်း “နေရယ် ထွက်လာပေးပါ နေပူမှရမယ်” ဆိုပြီး ဆုတောင်းနေတာ။ ရောက်ခါနီးနားလည်းကျရော နေထွက်လာပါလေရော။

တောင်ဗွာရွာထဲဖြတ်ပြီးသွားတာနဲ့ လမ်းက မြေလမ်းလေးတွေ မြက်တွေ ရွှံ့တွေနဲ့ လမ်းရဲ့ ဘယ်ဘက်ခြမ်းကတော့ နေရောင်ဖြာနေတဲ့ ရှုခင်းလမ်းပေါ့လေ။ လှတယ်ဆိုပြီး ဓာတ်ပုံရိုက်ကြတာ ဘယ်ဟုတ်မလဲ ဖြုတ်ပိုးတွေ က ကိုက်ကြတယ်တော်။

ဘုန်းကြီးကျောင်းက ရှုခင်းကြည့်လို့ကောင်းတယ်ဆိုတော့ မြန်မြန်ရိုက်ပြီးဆက်နင်းကြပါတယ်ရှင်။ အပြန်လမ်းမှာတော့ ဗိုက်အရမ်းဆာသွားကြပြီမလို့ မြင်းဒိုက်လက်ဖက်ရည်ဆိုင်ဘက် ပြန်နင်းကြပြီး ချာပါတီရော ထမင်းကြော်ရောစားလိုက်ပါတယ်။ စားလို့အရမ်းကောင်းပါတယ် ဒါပါပဲရှင်။

#ကလော

Address

Kalaw

Website

Alerts

Be the first to know and let us send you an email when The Girl with a Bike posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Girl with a Bike:

Share