Gentlemen United FC - Hopin

Gentlemen United FC - Hopin ကျန်းမာရေး ကောင်း​ချင်ပါသလား ၊ဘောလုံးကစားပါ 😊

Gentlemen FC vs မြန်မာ့လက်ရွေးစင်အသင်း ပွဲကြိုသုံးသပ်ချက်ယနေ့ည ၁၂:၀၀ နာရီမှာတော့ ဘောလုံးဝါသနာရှင်တွေ အံ့အားသင့်သွားစေမယ့...
01/04/2026

Gentlemen FC vs မြန်မာ့လက်ရွေးစင်အသင်း ပွဲကြိုသုံးသပ်ချက်

ယနေ့ည ၁၂:၀၀ နာရီမှာတော့ ဘောလုံးဝါသနာရှင်တွေ အံ့အားသင့်သွားစေမယ့် ထူးခြားဆန်းပြားလွန်းတဲ့ ခြေစမ်းပွဲတစ်ပွဲ ရှိနေပါတယ်။ အပျော်တမ်းလောကရဲ့ နာမည်ကျော် Gentlemen FC နဲ့ ကျွန်တော်တို့ရဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမယ့်ပွဲပဲ ဖြစ်ပါတယ်။

Gentlemen FC ရဲ့ အားသာချက်နဲ့ လူစာရင်းအခြေအနေ

Gentlemen FC ဟာ သူတို့ရဲ့ အထိုင်ကျနေတဲ့ 4-4-2 Formation နဲ့ ပွဲထွက်လာဖို့ ရှိပါတယ်။ ဂိုးသမားနေရာမှာ အတွေ့အကြုံရင့် GK ပါဝင်လာပြီး နောက်တန်း ၄ ယောက်ရဲ့ စုစည်းမှုကလည်း အားကောင်းပါတယ်။
ဒါပေမဲ့ အခုပွဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ တိုက်စစ်ပိုင်းပါပဲ။ သတင်းရင်းမြစ်တွေအရ တိုက်စစ်မှာ လူမလောက်လို့ အနားယူ (Retire) သွားတာ ကြာပြီဖြစ်တဲ့ "ဂန္ထဝင် ဝါရင့်တိုက်စစ်မှူးကြီး" ကိုတောင် ပြန်ခေါ်ထုတ်ပြီး ထည့်ထားရတယ်လို့ သိရပါတယ်။ အသက်ရှူစက်တပ်ပြီး ကန်ရမလား၊ ကွင်းထဲမှာပဲ ဗိုက်အောင့်လို့ ထိုင်နားနေမလားဆိုတာကတော့ ရင်ခုန်စရာပါပဲ။ ဒီဝါရင့်ကြီးရဲ့ "ဗိုက်" က လက်ရွေးစင်နောက်တန်းကို ဘယ်လိုမျိုး တိုက်စစ်ဆင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ အခြေအနေ

လက်ရွေးစင်အသင်းအနေနဲ့ကတော့ လူငယ်ကစားသမားသစ်တွေကို စမ်းသပ်ဖို့ ရှိနေပြီး Gentlemen FC လို အဖွဲ့အစည်းကောင်းတဲ့ (ပြီးတော့ ဝါရင့်အဖိုးကြီးတွေပါတဲ့) အသင်းမျိုးနဲ့ ကစားရမှာ ဖြစ်လို့ တော်တော်လေး သတိထားကစားရမှာပါ။

သုံးသပ်ချက်
ဒီပွဲက တကယ့်ကို ယုံနိုင်စရာမရှိအောင် (Unbelievable) ထူးခြားလွန်းတဲ့ ပွဲစဉ်တစ်ခုပါ။ အပျော်တမ်းအသင်းတစ်သင်းက လက်ရွေးစင်အသင်းနဲ့ အခုလို ညသန်းခေါင်ယံအချိန်မှာ ကစားခွင့်ရတယ်ဆိုတာမျိုးက ဘောလုံးလောကမှာ တစ်နှစ်မှာ တစ်ခါလောက်ပဲ မြင်ဖူးမယ့် အခြေအနေမျိုး ဖြစ်ပါတယ်။
အထူးသဖြင့် ဒီကနေ့ ဧပြီလ ၁ ရက်နေ့ (April Fool's Day) မှာမှ အခုလို ပွဲကြီးပွဲကောင်းကြီး ဖြစ်လာတာဆိုတော့ Gentlemen FC ပရိသတ်တွေအတွက်တော့ တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ ဒါပေမဲ့ ပရိသတ်တို့ရေ... ဒီည ၁၂ နာရီမှာ တကယ်ကန်မလား၊ ဒါမှမဟုတ် အိမ်မက်ထဲမှာပဲ ကန်ကြမလားဆိုတာကတော့ "လူတိုင်း သိသင့်တဲ့ နေ့ထူးနေ့မြတ်" ရဲ့ အနှစ်သာရအတိုင်းပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Gentlemen FC ရဲ့ လူစာရင်း (အနားယူသွားတဲ့ တိုက်စစ်မှူး အပါအဝင်) ကတော့ လက်ရွေးစင်ကို ယှဉ်ကစားဖို့ "အဆင်သင့်" ဖြစ်နေတာကတော့ အမှန်ပါပဲ။ Happy April 1st ပါ Gentlemen FC ရေ! ⚽💨

ဗိုလ်လုပွဲ၊ မိုးရွာခြင်း၊ နှင့် Gentlemen FCဗိုလ်လုပွဲက အရှိန်အဟုန်ပြင်းနေတုန်း။ ကွင်းထဲမှာ ကစားသမားတွေက အားရပါးရ။ ကွင်း...
28/03/2026

ဗိုလ်လုပွဲ၊ မိုးရွာခြင်း၊ နှင့် Gentlemen FC

ဗိုလ်လုပွဲက အရှိန်အဟုန်ပြင်းနေတုန်း။ ကွင်းထဲမှာ ကစားသမားတွေက အားရပါးရ။ ကွင်းဘေးမှာ Gentlemen FC က ဝါရင့်သုံးယောက် ကတော့ 'ပညာရှင်ကြီး' တွေလို သုံးသပ်ချက်တွေနဲ့ အလုပ်ရှုပ်နေကြတယ်။

မန်နေဂျာ (နေကာမျက်မှန်နဲ့လူ)- "ဒီပွဲကလေ... ငါတို့နဲ့ကစားတုန်းကထက် ပိုမြန်နေသလိုပဲ။ ကြည့်ပါဦး၊ ဟိုကောင်ပြေးနေတာ မြန်လိုက်တာ"

ကွင်းလယ်လူ (အပြာရောင်အင်္ကျီနဲ့လူ) - "အေးပါကွာ၊ မြန်တာကတော့ မြန်တာပေါ့။ ဒါပေမယ့် ပညာသားမပါဘူး။ ငါတို့ခေတ်တုန်းကဆိုရင်တော့............... # #ဘာညာ၊ဘာညာ ပေါ့ "

တိုက်စစ်မှူး(ဘယ်ဘက်က ထိုင်နေတဲ့သူ) - "ဟေး၊ မင်းတို့ပြောတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် အခုကွင်းထဲကလူတွေထက် ငါတို့က ပို 'ချော' တယ်ဆိုတာတော့ ငြင်းလို့မရဘူးလေ"
(အားလုံး ရယ်မောကြသည်)
ရုတ်တရက်... ကောင်းကင်ကြီးက ညိုမှောင်လာပြီး... မိုးတွေ တဖြုန်းဖြုန်း ရွာချလာပါတော့တယ်။

မန်နေဂျာ - "ဟာ... ဒီမိုးကလည်း။ ဗိုလ်လုပွဲကိုမှ လာရွာရသလား။ ငါ့ရဲ့ 'စတိုင်' တွေ ပျက်ကုန်ပါပြီ"

(အားလုံး မိုးရေထဲမှာ ရယ်ရမလို၊ ငိုရမလိုနဲ့ ဆက်ထိုင်နေကြတယ်)

ကွင်းထဲမှာတော့ ကစားသမားတွေက မိုးရေထဲမှာ ဆက်ကစားနေကြတယ်။

တိုက်စစ်မှူး - "ဒီလိုမိုးရွာပုံနဲ့ ငါတို့အသင်းသာဆိုရင်... အခုချိန်ဆို အိမ်ပြန်ရောက်ပြီး ဘီယာသောက်နေလောက်ပြီ"
(အားလုံး ထပ်ပြီး ရယ်မောကြသည်)
နောက်ဆုံးတော့... မိုးကလည်းစဲ၊ ပွဲကလည်း ပြီး။ ၃-၁ နဲ့ ရွှေလင်းယုန်တွေ နိုင်သွားပြီ ။

ကွင်းလယ်လူ - "ကဲ... မိုးကလည်း ရွာ၊ ငါတို့လည်း စို။ ဒါပေမယ့် ဗိုလ်လုပွဲဆိုတော့ ကြည့်ရတာတန်ပါတယ်။ အဓိကကတော့ ငါတို့က 'Legends' တွေလို မိုးရေထဲမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ပွဲကြည့်နေနိုင်တာပဲလေ"
( မန်နေဂျာက သူ့စိုနေတဲ့အင်္ကျီကို ခါလိုက်ရင်း...)
မန်နေဂျာ - " ငါတို့က 'တည်တည်ငြိမ်ငြိမ်' နဲ့ မိုးစိုခံပြီး အအေးပတ်နေကြတာ ၊ ပြန်ကြစို့ မုန်တိုင်းလာတော့မယ် "

အားလုံးအတူတူ ပြန်ခဲ့ကြတယ် ၊ မိုးအေးအေးနဲ့ --ခြေလှမ်းများ ဘုံဆိုင်ဆီသို့

ဘောလုံးကွင်းထဲက တိုက်စစ်မှူး ဘဝကို စွန့်လွှတ်လိုက်ပေမယ့် ဂျင်တဲလ်မင်း FC ရဲ့ နံပါတ် (၉) တိုက်စစ်မှူး ဟောင်းဟာ အခုတော့ အလ...
27/03/2026

ဘောလုံးကွင်းထဲက တိုက်စစ်မှူး ဘဝကို စွန့်လွှတ်လိုက်ပေမယ့် ဂျင်တဲလ်မင်း FC ရဲ့ နံပါတ် (၉) တိုက်စစ်မှူး ဟောင်းဟာ အခုတော့ အလှူအတန်းပွဲတွေရဲ့ "ပတ်စား" အဖြစ်နဲ့ အောင်မြင်မှုတွေ ထပ်မံရရှိနေပါတယ် ... နောက်ထပ် 'ဂိုး' သွင်းဖို့ မလိုတော့ဘဲ၊ နောက်ထပ် 'အလှူပွဲ ဖိတ်စာ' တွေ ကိုပဲ စောင့်မျှော် နေပါတယ် ။

ဂိုးသွင်းကောင်းလွန်းတဲ့ Gentlemen FC ရဲ့ No.9 တိုက်စစ်မှူးကြီး အနားယူသွားရတဲ့ အကြောင်းရင်းက တကယ်တော့ ဒဏ်ရာပြဿနာ မဟုတ်ပါဘူး။
ကွင်းထဲမှာ ဘောလုံးက ဂိုးပေါက်ထဲမဝင်ဘဲ သူ့ရဲ့ "အသည်းနှလုံး" (သို့မဟုတ်) "အဖိုးတန်ရတနာ" ကို တည့်တည့်မတ်မတ် လာမှန်ခဲ့ရာကနေ စတာပါ။ အဲဒီနေ့ကစပြီး "ဘောလုံးဆိုတာ ကန်ရုံတင်မကဘူး၊ ပြန်လည်း အကန်ခံရတတ်ပါလား" ဆိုတဲ့ လောကဓံကို စိတ်နာသွားတာကြောင့် အခုလို အလှူအိမ်တွေမှာ လက်ဖက်ရည်ကြမ်းလေးသောက်၊ အကြော်လေးစားနဲ့ "အထိုင်တိုက်စစ်မှူး" ဘဝကို ပြောင်းလဲလိုက်တာပါ။
ကွင်းထဲမှာ ဘောလုံးမှန်ရင် နာပေမယ့်၊ အလှူအိမ်မှာ ပတ်စားလို့ ဗိုက်မှန်တာကတော့ ပိုပြီး အရသာရှိတယ်လေ။ အခုဆိုရင် ကွင်းထဲက ဘောလုံးကို မြင်တာနဲ့တင် အလိုလို လက်က ကာမိရက်သား ဖြစ်နေလို့ ဘောလုံးလောကကို အပြီးအပိုင် ကျောခိုင်းလိုက်ပြီလို့ သတင်းထွက်နေပါတယ်။

ပုံထဲက သူ့ရဲ့ အကြည့်တစ်ချက်က "ကြည့်တော့ ကြည့်ချင်တယ်၊ ဒါပေမဲ့ မိန်းမကိုတော့ ကြောက်တယ်" ဆိုတဲ့ အိမ်ထောင်ရှင် တိုက်စစ်မှူးတို့ရဲ့ ထုံးစံအတိုင်း "High Pressing" မိနေတဲ့ ရုပ်လေးပါ။
ဘောလုံးမှန်လို့ စိတ်နာခဲ့တဲ့ ဒဏ်ရာတွေကို အကြည့်တစ်ချက်နဲ့ ကုစားနေပုံက တကယ်ကို အနုပညာဆန်လွန်းပါတယ်။
ရှေ့က လက်ဖက်ရည်ကြမ်း ပန်းကန်ကိုတောင် မမြင်တော့ဘဲ မျက်တောင်မခတ်တမ်း ကြည့်နေပုံက "ဖဲဝိုင်းသွားဖို့ နာရီကို မော့ကြည့် နေသလို အသက်ဝင်လွန်းလှပါတယ် "

"Gentlemen FC အဖွဲ့သားတွေကို ကွင်းထဲမှာ 'ပုဂံခေတ်က မြင်းတပ်' လို ထင်ခဲ့တာ၊ ပြိုင်ဘက်က 'Formula 1 ကား' တွေ ဖြစ်နေတယ်။ သူတ...
26/03/2026

"Gentlemen FC အဖွဲ့သားတွေကို ကွင်းထဲမှာ 'ပုဂံခေတ်က မြင်းတပ်' လို ထင်ခဲ့တာ၊ ပြိုင်ဘက်က 'Formula 1 ကား' တွေ ဖြစ်နေတယ်။ သူတို့ အမြန်နှုန်းကြောင့် ကျွန်တော်တို့ ဘောလုံးတောင် မမြင်လိုက်ရဘူး။ 😂🏎️"

"ဘောလုံးပေးလိုက်ရင် လူဆီမရောက်ဘဲ 'တောထဲ' ရောက်သွားတာက Gentlemen FC ရဲ့ ထူးခြားချက်ပဲ။ ကျွန်တော်တို့ခြေထောက်က GPS စနစ် ပျက်နေတာလား၊ ဘောလုံးကပဲ လမ်းပျောက်တတ်တာလား မသိတော့ပါဘူး။ တစ်ဖက်အသင်းက မြန်လွန်းတော့ ကျွန်တော်တို့ ပေးလိုက်တဲ့ ဘောလုံးက လေထဲမှာတင် တင်ကျန်ခဲ့သလိုပဲ။ 💨⚽"

"ပွဲအပြီးမှာ ကျွန်တော်တို့ Gentlemen FC အဖွဲ့သားတွေ အားလုံး ပြုံးပျော်နေကြတာကို ကြည့်ပြီး ရလဒ်ကို ခန့်မှန်းကြည့်ကြပါ။ ကျွန်တော်တို့ကတော့ တစ်ဖက်အသင်းကို အားနာလို့ ဂိုးရလဒ်ကို 'လျှို့ဝှက်' ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ (ဘယ်သူမှ မမေးကြပါနဲ့တော့)။ 🤫⚽"

နေပူထဲက Gentleman FC ဒိုင်ယာရီပထမပိုင်း:"ကွင်းထဲဆင်းတာနဲ့ နေမင်းကြီးက 'Welcome to Hell' လို့ နှုတ်ဆက်သလိုပဲဗျာ။ လူက gent...
25/03/2026

နေပူထဲက Gentleman FC ဒိုင်ယာရီ
ပထမပိုင်း:
"ကွင်းထဲဆင်းတာနဲ့ နေမင်းကြီးက 'Welcome to Hell' လို့ နှုတ်ဆက်သလိုပဲဗျာ။ လူက gentleman ဆိုပေမယ့် ရေငတ်တာကတော့ လိုဏ်ဂူထဲက ဘီလူးလိုပဲ။ ချွေးတွေက မျက်လုံးထဲဝင်လို့ သူ့လူလား ကိုယ့်လူလား မခွဲခြားနိုင်တော့ဘူး လူပေးမှားပြီး ရော့ တစ်ဂိုး ။"
ဒုတိယပိုင်း:
"ဂိုးသွင်းဖို့ထက် အရိပ်ရဖို့က ပိုအရေးကြီးနေတယ်။ ခြေထောက်က ဘောလုံးဆီ၊ စိတ်ကတော့ ညနေစာစားဖို့ ဘီယာဆိုင်ဆီ ။"
ပွဲအပြီး:
"ပွဲအပြီးမှာတော့ အားလုံးက gentleman တွေမဟုတ်တော့ဘူး၊ ရေဆာဆာနဲ့ လမ်းလျှောက်နေတဲ့ ဖုတ်ကောင်တွေလိုပဲ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး 'ဘယ်လို‌ တွေ ကန် နေကြတာလဲ ' လို့ မေးခွန်းထုတ်နေကြတယ်။ ဒါပေမယ့် နောက်‌နေ့ ကျရင်တော့ ပြန်ကန်ကြဦးမှာပဲ။ ဒါကတော့ gentleman တွေရဲ့ 'နေပူထဲက ဘောလုံးချစ်စိတ်' ပါပဲ။"

Gentleman တွေကတော့ Ready ဖြစ်နေပြီ 😊
24/03/2026

Gentleman တွေကတော့ Ready ဖြစ်နေပြီ 😊

Gentleman အသင်းက Group C မှာ ပါဝင်ပြီး မနက်ဖြန် မနက်ပိုင်းမှာ ပွဲ ကစားရမှာဖြစ်ပါတယ်။အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်မလားဆိုတ...
24/03/2026

Gentleman အသင်းက Group C မှာ ပါဝင်ပြီး မနက်ဖြန် မနက်ပိုင်းမှာ ပွဲ ကစားရမှာဖြစ်ပါတယ်။
အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်မလားဆိုတာကတော့
မကြာမှီမျှော် 😊

ဖူဆယ်မှာ တောနဲ့မြို့ အသင်းတွေ ကစားပုံကွာတယ် တဲ့ ကွာမှာပေါ့ ဒီကကောင်တွေက ဖူဆယ်ကို ကွင်းကျယ်လိုဆော့နေကြတာ အပြေးသန်တိုင်းကစ...
01/10/2025

ဖူဆယ်မှာ တောနဲ့မြို့ အသင်းတွေ ကစားပုံကွာတယ် တဲ့
ကွာမှာပေါ့
ဒီကကောင်တွေက ဖူဆယ်ကို ကွင်းကျယ်လိုဆော့နေကြတာ
အပြေးသန်တိုင်း
ကစ်ပါဝါကောင်းတိုင်း
ဘော်ဒီတိုက်နိုင်တိုင်း
ပြောရမယ်ဆိုရင်တော့
ခပ်ကြမ်းကြမ်းဆော့နိုင်တိုင်း ဘောလုံးကစားတတ်တယ် ဆရာကြီးထင်နေကြတယ်
အဲ့လိုဆော့တော့ မနိုင်ဘူးလား ဆိုတော့ နိုင်ပါတယ်(တောမှာ)
မြို့တက်တော့ ခံလာရပြန်ရော 😅

ဘာလိုနေလဲ ဆိုတော့ နည်းစနစ် တွေလိုအပ်နေတာ
တိတိကျကျ ပြောရရင် ဦးနှောက် မသုံးတာ

အင်တာနက် ခေတ်ကြီးမှာဗျာ နည်းစနစ်ပိုင်းအရ တောကမြို့ထက်နည်းစနစ်ပိုင်း နောက်ကျနေတယ်ဆိုတော့ ဗျာ တွေးကြည့်ရင် ရီစရာ ကောင်းပါတယ်
ဦးနှောက်က အလုပ်မှမလုပ်တာ
Just do it

Edit: ဆောတီးပါ ဦးနှောက်က အလုပ်မလုပ်ဘူး ပြောမိလို့
အမှန်တော့ အလုပ်လုပ်ပါတယ် အရက်သောက်ဖို့၊ဆေးလိပ်သောက်ဖို့၊မနိုင်ရင် ဒိုင်ကိုဆဲဖို့ အဲ့လိုနေရာတွေမှာပါ အရမ်းတော်ကြပါတယ်

အသင်းရဲ့ Old Service ကြီးတစ်ချို့
03/09/2025

အသင်းရဲ့ Old Service ကြီးတစ်ချို့

အသင်း တစ်သင်း ကို စီမံ ခန့်ခွဲရတာ လွယ်တယ်မှတ်လို့ ၊ တော်သေးတယ် အားလုံးဝိုင်းကူနေကြလို့ သက်သာနေတာ ၊ ကစားကွက် အကြောင်းပဲ စ...
03/09/2025

အသင်း တစ်သင်း ကို စီမံ ခန့်ခွဲရတာ လွယ်တယ်မှတ်လို့ ၊ တော်သေးတယ် အားလုံးဝိုင်းကူနေကြလို့ သက်သာနေတာ ၊ ကစားကွက် အကြောင်းပဲ စဉ်းစားချင်တယ် ကျန်တာတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေလုပ်လိမ့်မယ် ၊ ကလပ် ရဲ့ အကြွေးတွေလဲ ဆပ်လိုက်ကြအုံး ၊ ကစားသမား အဝင်အထွက် နဲ့ ပတ်သက်တဲ့ ငွေကြေးတွေ သေချာ လုပ်ဖို့လိုအပ်တယ် ၊
ခုမှ အသစ်ဝယ်ထားတဲ့ ကစားသမားတွေကို ပွဲတွေမှာ ချက်ချင်း ထည့်ကစားမှာ မဟုတ်ဘူး ၊ ကစားကွက်နဲ့ အသားကျတဲ့ အထိ ထားအုံးမှာ

ကစားကွက် မရှိပဲ ဘောလုံးကန်နေတာဟာ ဘာနဲ့တူလဲဆိုတော့ ရေမကူးတတ်တဲ့ ငါးနဲ့တူတယ်တဲ့ ပုံ ဆာဘော
02/09/2025

ကစားကွက် မရှိပဲ ဘောလုံးကန်နေတာဟာ ဘာနဲ့တူလဲဆိုတော့ ရေမကူးတတ်တဲ့ ငါးနဲ့တူတယ်တဲ့
ပုံ ဆာဘော

Address

Hopin

Telephone

+959444366566

Website

Alerts

Be the first to know and let us send you an email when Gentlemen United FC - Hopin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share