01/02/2025
"ပတ်ဝန်းကျင်မကောင်းရင် Manifastation အဆင်ပြေနိုင်ပါ့မလား “
------------------------------------------------------------------
"'ငါ့ရဲ့ အလုပ်မှာက အရမ်းNegative ဖြစ်တယ် 'ငါ့မိသားစုက Negative မြင်တွေများတယ်...😢' ဒီပတ် ဝန်းကျင်မှာနေရင်တော့ ငါ့ရဲ့ Manifestation တွေအဆင်ပြေပါ့မလား ? အဖြေကတော့ အဲ့လိုဆိုးတဲ့ ပတ်၀◌န်းကျင်မှာရှိလဲ အဆင်ပြေပါတယ် ။ ဒီတစ်ခုပဲ ပြောင်းလိုက်ပါ ။ ဒါဆိုရင် သင်Manifastလုပ်ထားတဲ့ ဆန္ဒတွေနဲ့ ပြည့်စုံလာလိမ့်မယ်။
ဒီတစ်ခုကို ကျွန်မမိသားစု၀◌င်တွေ ကွဲကွဲပြားပြားသိထားတာနဲ့တင်လုံလောက်ပါတယ် ။
Manifastation ကို အဆုံးအဖြတ်ပေးတာက "ပတ်ဝန်းကျင်မဟုတ်ဘဲ Vibration နဲ့ ဆုံးဖြတ်တာဖြစ်တယ် "
❌ ကိုယ့်ပတ်ဝန်းကျင်က စိတ်သောကတွေပေးလာတဲ့အခါ Vibration မကောင်းတော့ဘူး ။ Manifastation ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာကတော့အမှန်တရားပါ ။
သို့သော် ကျွန်မတို့ လုပ်နိုင်တာရှိပါတယ် ။ ။။။။။။။။။။။။။။။။။။ ကျွန်မတို့လုပ်ရမှာက အပြင်ပတ်၀◌န်း ကျင်မဟုတ်တဲ့ဒီတစ်ခုပါ ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ "အတွင်းပတ်ဝန်းကျင်"...................................
✅ "အတွင်းပတ်ဝန်းကျင်" ကိုသာတိုးတက်အောင်လုပ်လိုက်ပါ ။ စိတ်ပိုင်းဆိုင်ရာပတ်၀◌န်းကျင် တိုးတက်လာတဲ့အခါ ပြင်ပကမ္ဘာလည်း လိုက်ပါပြောင်းလဲလာပါလိမ့် မယ်။
ပတ်ဝန်းကျင်ကအနှောင့်အယှက်တွေကကိုယ့်ရဲ့ Manifestation ကိုမထိခိုက်စေချင်ရင် ဒီလိုလုပ်ကြည့်ပါလား
① “ကိုယ့်ကိုကဗဟိုပြု” ပါ 🧘♀️ → တခြားသူတွေပြောတာကို လိုက်မခံစားပါနဲ့ “ငါက ငါပဲ” သူတို့က သူတို့သဘာ၀နဲ့ သူတို့ပြောနေကြတာလေ ။ သူတို့က အခုစာဖတ်နေတဲ့မိတ်ဆွေကို Energy , Vibration , Manifestation တွေကို နားမလည်သေးလို့ဖြစ်မှာပေါ့ ။
② ပျော်ရွှင်မှုအသေးစားလေးတွေကိုရှာပါ 💖 → ဘယ်လိုအခြေအနေမျိုးမှာမဆို ကျေးဇူးတင် စရာအရာတွေရှိတတ်ပါတယ် ။ ဒါကို အာရုံစိုက်လိုက်ပါ။
③ Create high-vibration time 🎶 → Music ၊ တရားထိုင်ခြင်း ၊ သဘာဝတရား.နဲ့ထိတွေ့ခြင်းတွေက. သင့်စွမ်းအင်ကို ဟန်ချက်ညီစေပါတယ် ။ အဲ့ဒါတွေကိုအချိန်ပိုပေးလိုက်ရုံပါပဲ ။
ကိုယ့်ရဲ့ပတ်ဝန်းကျင်က ဘယ်လိုပဲဖြစ်နေပါစေ ကိုယ့်ရဲ့ Vibration တွေကိုသာပြန်ပြန်ညှိပါ ။ အဲ့လိုလုပ်လိုက်ရင် အခြေအနေကပြောင်းလဲသွားပါလိမ့်မယ် ။ ပထမဦးဆုံးအနေနဲ့ "သင်အခုလက်ရှိမှာ ပျော်ရွှင်မှုရနိုင်တဲ့ အရာလေးတွေကို ရှာကြည့်ပါ" 💖 ဒီနေ့အတွက် ကျေးဇူးတင်တဲ့အရာကို Comment မှာ ရေးသွားပြီး သင့်ရဲ့ Vibration ကို မြှင့်သွားလိုက်ပါ "
1.2.2024 12: 30 PM
မေတ္တာဖြင့်
New Me @ မနွေ
ိုနားထောင်ခြင်း
#အတွင်းစိတ်ကိုနားထောင်ခြင်း