23/01/2026
ကယ်လိုရီချင်း တူပေမယ့် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ပုံချင်း မတူပါဘူး 🧪🍎
မနေ့က ကယ်လိုရီ ပမာဏ (Quantity) အကြောင်း ပြောခဲ့ပြီးပြီ။ ဒီနေ့ အရည်အသွေး (Quality) အကြောင်း ပြောမယ်။
ဒိုးနပ် ကနေရတဲ့ 100 Cal နဲ့ ကြက်သား ကနေရတဲ့ 100 Cal အတူတူပဲလား?
အဖြေက "NO" ပါ။
Macronutrients (၃) မျိုးရဲ့ Metabolic Effect မတူကြပါဘူး။
Protein (4 Cal/g):
TEF (Thermic Effect of Food) အမြင့်ဆုံး: ပရိုတင်းကို ချေဖျက်ဖို့ ခန္ဓာကိုယ်က စွမ်းအင်ပြန်သုံးရတယ်။
Muscle Sparing: အဆီချချိန်မှာ ကြွက်သားမဆုံးရှုံးအောင် ကာကွယ်ပေးတယ်။
Carbohydrates (4 Cal/g):
ခန္ဓာကိုယ်ရဲ့ "Primary Fuel" (အဓိကလောင်စာ)။ ဦးနှောက်နဲ့ ကြွက်သားတွေ အလုပ်လုပ်ဖို့ လိုအပ်တယ်။
Fats (9 Cal/g):
စွမ်းအင်သိပ်သည်းဆ အများဆုံး။ ဟော်မုန်းထုတ်လုပ်မှုအတွက် မရှိမဖြစ် လိုအပ်တယ်။
Tip: 💡
အဆီချချင်ရင် ကယ်လိုရီလျှော့ရုံနဲ့ မရပါဘူး။ ဟော်မုန်းမျှတဖို့နဲ့ ဇီဝကမ္မဖြစ်စဉ် ကောင်းဖို့ Macro Ratio မျှတအောင် စားဖို့လိုပါတယ်။