𝐒𝐡𝐰𝐞 𝐁𝐚𝐥𝐥𝐨𝐧𝐞

  • Home
  • Myanmar
  • Bago
  • 𝐒𝐡𝐰𝐞 𝐁𝐚𝐥𝐥𝐨𝐧𝐞

𝐒𝐡𝐰𝐞 𝐁𝐚𝐥𝐥𝐨𝐧𝐞 𝐒𝐡𝐰𝐞 𝐁𝐚𝐥𝐥𝐨𝐧𝐞 ဘောလုံး / လက်ဝှေ့ နှင့် တိုက်ခိုက်ရေး အားကစားသတင်း များ တင်ဆက်ပေးပါမည်
(5)

14/05/2026

"ပွဲမှာ ပင်ပန်းခဲ့သမျှ အခုရက်ပိုင်းတော့ အနားယူဦးမှပေါ့ ချန်ပီယံရေ။ ဒါပေမဲ့ မနားနိုင်ဘဲ ပြန်လေ့ကျင့်နေတဲ့ မင်းရဲ့ စိတ်ဓာတ်ကတော့ ငါတို့အတွက် အမြဲတမ်း ဂုဏ်ယူစရာပါပဲ။" ❤️🇲🇲🙌

ချန်ပီယံတစ်ယောက်ရဲ့ လမ်းစဉ်က မနားမနေ ကြိုးစားမှုတွေနဲ့ တည်ဆောက်ထားတာပါ။ 𝐑𝐞𝐬𝐩𝐞𝐜𝐭, 𝐉𝐨𝐬𝐡𝐮𝐚 𝐕𝐚𝐧! 🇲🇲🥊"

#𝐇𝐢𝐠𝐡𝐥𝐢𝐠𝐡𝐭𝐬
#𝐉𝐨𝐬𝐡𝐮𝐚𝐕𝐚𝐧 #𝐌𝐌𝐀 #𝐔𝐅𝐂 #𝐃𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐞 #𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐒𝐩𝐢𝐫𝐢𝐭 #𝐇𝐚𝐫𝐝𝐖𝐨𝐫𝐤 #𝐌𝐲𝐚𝐧𝐦𝐚𝐫𝐅𝐢𝐠𝐡𝐭𝐞𝐫𝐅𝐚𝐧

🎉 Facebook recognized me for starting engaging conversations and producing inspiring content among my audience and peers...
13/05/2026

🎉 Facebook recognized me for starting engaging conversations and producing inspiring content among my audience and peers!

မန်ချက်စတာစီးတီးအသင်းကတော့ ပွဲကျန်ကိုအနိုင်ကစားပြီး အာဆင်နယ်အသင်းနဲ့ ၂ မှတ်အကွာကို ရောက်ရှိလာခဲ့ပါပြီ ။ အက်ဖ်အေဖလားဖိုင်...
13/05/2026

မန်ချက်စတာစီးတီးအသင်းကတော့ ပွဲကျန်ကိုအနိုင်ကစားပြီး အာဆင်နယ်အသင်းနဲ့ ၂ မှတ်အကွာကို ရောက်ရှိလာခဲ့ပါပြီ ။ အက်ဖ်အေဖလားဖိုင်နယ်ရှိနေတာကြောင့် ဟာလန်း ၊ ချာကီတို့ကို အနားပေးထားပြီး အရန်ကစားသမားအချို့ကို ပွဲထုတ်ခဲ့ပေမယ့် မန်စီးတီးတို့ အိမ်ကွင်းမှာ သက်တောင့်သက်သာအနိုင်ရရှိခဲ့ပါတယ် ။

လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်စီးတီးဟာ ၂၀၂၆ ထဲမှာ ပုံစံကောင်းတွေပြသထားပြီး ရှုံးပွဲမရှိတာကြာပြီဖြစ်တဲ့ ဘုန်းမောက်အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ် ။

#𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥𝐍𝐞𝐰𝐬

13/05/2026

𝐆𝐨𝐚𝐭 𝐂𝐫𝐢𝐬𝐭𝐢𝐚𝐧𝐨 𝐑𝐨𝐧𝐚𝐥𝐝𝐨 👑💪

ပရီးမီးယားလိဂ်ဝင်ခွင့်ကို ဘယ်အသင်းရယူသွားမလဲချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို ဝင်ခွင့်ရရှိမယ့်နောက်ဆုံးလက်ကျန်နေရာဖြစ်တဲ...
13/05/2026

ပရီးမီးယားလိဂ်ဝင်ခွင့်ကို ဘယ်အသင်းရယူသွားမလဲ

ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို ဝင်ခွင့်ရရှိမယ့်နောက်ဆုံးလက်ကျန်နေရာဖြစ်တဲ့ Playoff ဖလားဗိုလ်လုပွဲထွက်ပေါ်လာပါပြီ ။ ဒီနှစ်မှာတော့ ဆောက်သမ်တန်နဲ့ ဟားလ်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ ။ ဒီပွဲကအနိုင်ရတဲ့အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ရရှိမှာဖြစ်ပြီး ရုပ်သံထုတ်လွှင့်မှုတွေအပါအဝင် ပေါင် သန်း ၁၀၀ ကျော်ရရှိနိုင်တာကြောင့် သန်း ၁၀၀ တန်တဲ့ဗိုလ်လုပွဲလို့တောင် ခေါ်ဆိုခဲ့ကြတာပါ ။

ဒီရာသီတွေ့ဆုံမှုမှာတော့ ဟားလ်စီးတီးက ဆောက်သမ်တန်ကို အိမ်ကွင်းရောအဝေးကွင်းပါ အနိုင်ရရှိထားပါတယ် ။ ဒါပေမယ့် ဝင်ဘာလေမှာကစားမယ့် အဆုံးအဖြတ်ဗိုလ်လုပွဲမှာတော့ ဘာမဆိုဖြစ်သွားနိုင်မှာပါ ။ ဘယ်အသင်းကို ပရီးမီးယားလိဂ်မှာ ပြန်လည်မြင်တွေ့ရမလဲဆိုတာကတော့ မေလ ၂၃ ရက်နေ့ညမှာ သိရတော့မှာပဲ ဖြစ်ပါတယ် ။

#𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥𝐍𝐞𝐰𝐬

ဒီရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ဟာ တခြားအသင်းကြီးတွေနဲ့မတူတဲ့ ထူးခြားတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်ထားပါတယ် အဲဒါကတော့...
13/05/2026

ဒီရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ဟာ တခြားအသင်းကြီးတွေနဲ့မတူတဲ့ ထူးခြားတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်ထားပါတယ် အဲဒါကတော့ အသင်းမှာ အနည်းဆုံး လိဂ်ဂိုး ၈ ဂိုးနဲ့အထက် သွင်းယူထားနိုင်တဲ့ ကစားသမား ၅ ဦးအထိ ရှိနေတာပဲ ဖြစ်ပါတယ်

တခြားအသင်းကြီးတွေရဲ့ အခြေအနေနဲ့ ယှဉ်ကြည့်ရင် ယူနိုက်တက်ရဲ့ စံချိန်က ပိုပြီးပေါ်လွင်လာပါတယ် အမှတ်ပေးဇယားထိပ်ပိုင်းက အာဆင်နယ်မှာ ၈ ဂိုးအထက်သွင်းသူ ၁ ဦးသာရှိပြီး မန်စီးတီးနဲ့ ဗီလာတို့မှာ ၂ ဦးစီသာ ရှိပါသေးတယ် လီဗာပူးမှာ ၁ ဦးနဲ့ ချယ်လ်ဆီးမှာ ၃ ဦးစီသာ ရှိတာကြောင့် ယူနိုက်တက်ရဲ့ ဂိုးသွင်းအား မျှဝေနိုင်မှုက တကယ့်ကို အံ့အားသင့်စရာ ကောင်းနေတာပါ

ဒီလိုမျိုး ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ အစုံအလင်ရှိနေတာက အသင်းအတွက် အားသာချက်တစ်ခု ဖြစ်စေပါတယ် တိုက်စစ်မှူးတွေသာမက ကွင်းလယ်ကစားသမားတွေကပါ ဂိုးတွေအသီးသီး သွင်းယူပေးနေတာကြောင့် ပြိုင်ဘက်ခံစစ်တွေအနေနဲ့ ဘယ်သူ့ကို အဓိကထား တားဆီးရမလဲဆိုတာ ခေါင်းခဲစရာ ဖြစ်နေမှာပါ ယူနိုက်တက်ရဲ့ ဒီစွမ်းဆောင်ရည်ကပဲ အသင်းရဲ့ တိုက်စစ်ကစားဟန် ပိုမိုစုံလင်လာတာကို သက်သေပြနေတာလည်း ဖြစ်ပါတယ်

#𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥𝐍𝐞𝐰𝐬

13/05/2026
တကယ်တမ်း ပြောရရင် ခရစ္စတယ်ပဲလေ့စ်ဟာ ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာ အာဆင်နယ်ကို ပွဲလျှော့ပေးလိုက်ဖို့ ရှိနေပါတယ်။ အခုထွက်ပေါ...
13/05/2026

တကယ်တမ်း ပြောရရင် ခရစ္စတယ်ပဲလေ့စ်ဟာ ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာ အာဆင်နယ်ကို ပွဲလျှော့ပေးလိုက်ဖို့ ရှိနေပါတယ်။ အခုထွက်ပေါ်လာတဲ့ ပဲလေ့စ်၊ အီဇီ နဲ့ အာဆင်နယ်တို့ကြားက သတင်းတွေကတော့ တကယ့်ကို ရူးချင်စရာပါပဲ။ ဒါကို သေသေချာချာ ပြန်ကြည့်မယ်ဆိုရင် ပဲလေ့စ်အနေနဲ့ အာဆင်နယ်ကို အနိုင်ပေးလိုက်ပြီး ပွဲကို လွှတ်ချလိုက်ဖို့က တကယ်ပဲ အဓိပ္ပာယ်ရှိနေပါတယ်။ ဒါဟာ ရာသီကုန်မှာ စုံစမ်းစစ်ဆေးမှုတွေတောင် ကြုံရနိုင်တဲ့ကိစ္စဖြစ်ပြီး မန်စီးတီးပရိသတ်တွေကတော့ ဒါကို ဘယ်လိုမှ ကျေနပ်ကြမှာ မဟုတ်ပါဘူး

အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ နွေရာသီတုန်းက အီဘရီချီ အီဇီဟာ ပဲလေ့စ်ကနေ အာဆင်နယ်ကို ပေါင် သန်း ၆၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအရွှေ့မှာ နောက်ထပ် ထပ်ဆောင်းပေးချေရမယ့် Add-ons (အပိုဆုကြေး) အချက်အလက်တွေ ပါဝင်နေပါတယ်။ အဲ့ဒါတွေကတော့ အီဇီရဲ့ ခြေစွမ်းပြမှုတွေအပေါ်မှာရော၊ အာဆင်နယ်ရဲ့ အောင်မြင်မှုတွေအပေါ်မှာပါ မူတည်နေတာပါ

ရာသီကုန်ခါနီးအချိန်မှာ ခရစ္စတယ်ပဲလေ့စ်အတွက်ကတော့ ပရီးမီးယားလိဂ်မှာ ဘာမှ ထပ်ပြီး ကြိုးစားစရာ မရှိတော့ပါဘူး။ သူတို့ တန်းဆင်းမှာလည်း မဟုတ်သလို၊ လိဂ်ကနေတစ်ဆင့် ဥရောပဝင်ခွင့်ရဖို့ကလည်း မဖြစ်နိုင်တော့ပါဘူး။ ဒါ့အပြင် အဲ့ဒီပွဲအပြီး နောက်ထပ် ရက်အနည်းငယ်မှာတင် သူတို့အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ယူရိုပါ ကွန်ဖရင့်လိဂ် ဗိုလ်လုပွဲကို ကစားရဦးမှာပါ

သတင်းတွေအရ အီဇီရဲ့ စာချုပ်ထဲက Add-ons တစ်ခုမှာ "အကယ်၍ အာဆင်နယ်သာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ရင် ခရစ္စတယ်ပဲလေ့စ်ကို အတော်အတန်များပြားတဲ့ ငွေကြေးပမာဏ ထပ်ပေးရမယ်" ဆိုတဲ့ အချက် ပါဝင်နေတယ်လို့ ဆိုပါတယ်

ဒါကြောင့် ပဲလေ့စ်ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ အာဆင်နယ်ကိုပဲ အနိုင်ပေးလိုက်ပြီး၊ သူတို့ကို ချန်ပီယံဖြစ်အောင် ကူညီပေးကာ ငွေတွေ ထပ်ယူလိုက်တာက သူတို့အတွက် ပိုတွက်ခြေကိုက်နေတာ အမှန်ပဲဖြစ်ပါတယ်

#𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥𝐍𝐞𝐰𝐬

"ကျွန်တော့တယောက်တည်းစိတ်ကူးအရဆိုရင်တော့ နေမာကို ကမ္ဘာ့ဖလားဆီ ခေါ်ဆောင်သွားမှာပါ ။ သူပွဲတိုင်းတော့ ကစားခွင့်ရမှာမဟုတ်ဘူး ...
13/05/2026

"ကျွန်တော့တယောက်တည်းစိတ်ကူးအရဆိုရင်တော့ နေမာကို ကမ္ဘာ့ဖလားဆီ ခေါ်ဆောင်သွားမှာပါ ။ သူပွဲတိုင်းတော့ ကစားခွင့်ရမှာမဟုတ်ဘူး ၊ သူက အဲလောက်တော့ အဆင်သင့်မဖြစ်နေတော့ဘူးလေ ။ ဂိုးမရှိသရေကျနေတဲ့ပွဲမျိုးမှာဖြစ်ဖြစ် ပွဲပြီးခါနီးမှာသူ့ကို ထည့်ကစားမယ် ၊ သူ့ဆီက အလှည့်အပြောင်းဖြစ်စေမယ့် သွင်းဂိုးဖြစ်ဖြစ် ဂိုးဖန်တီးမှုဖြစ်ဖြစ်ပေါ့ ။ ဒါပေမယ့် ဒါက အန်ဆယ်လော့တီ စဉ်းစားရမယ့်ကိစ္စပါဗျာ"

𝐂𝐚𝐬𝐞𝐦𝐢𝐫𝐨

နေမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဖီဖာဆီ ပေးပို့ထားတဲ့ ဘရာဇီးအသင်းရဲ့ ကနဦးကစားသမား ၅၅ ယောက်စာရင်းထဲမှာ ပါဝင်ထားပါတယ် ။ အဆိုပါအထဲကမှ ၂၆ ဦးကို အန်ဆယ်လော့တီက ပြန်လည်ရွေးချယ်သွားမှာပါ ။

#𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥𝐍𝐞𝐰𝐬

မနေ့က ရုတ်တရက်ပြုလုပ်ခဲ့တဲ့ ရီးရဲဥက္ကဌကြီး ပီရက်ဇ်ရဲ့ သတင်းစာရှင်းလင်းပွဲကပြောဆိုမှုအချို့"နီဂရီယာကိစ္စက ဘောလုံးသမိုင်းတ...
13/05/2026

မနေ့က ရုတ်တရက်ပြုလုပ်ခဲ့တဲ့ ရီးရဲဥက္ကဌကြီး ပီရက်ဇ်ရဲ့ သတင်းစာရှင်းလင်းပွဲကပြောဆိုမှုအချို့

"နီဂရီယာကိစ္စက ဘောလုံးသမိုင်းတလျောက်အဆိုးရွားဆိုး အပေးအယူကိစ္စပါ ။ ဒီကိစ္စအခုထိ မပြီးနိုင်သေးတာကို အံ့သြလို့မဆုံးပါဘူး ။ နီဂရီယာကိစ္စမှာပါဝင်တဲ့ဒိုင်လူကြီးတွေက အခုထိ လာလီဂါမှာ ဆက်ရှိနေကြသေးတယ်လေ ။ လုံးဝအဓိပ္ပါယ်မရှိတဲ့ကိစ္စလေဗျာ ။ ဘာစီလိုနာက ဒိုင်လူကြီးတွေကိုပေးလာခဲ့တာ ဆယ်စုနှစ် ၂ ခုတောင်မှပါ ၊ အဲဒီကဒိုင်လူကြီးတွေက ဆယ်စုနှစ် ၃ ခုလောက်ကြာတဲ့အထိ လာလီဂါမှာဆက်ရှိနေတုန်းပဲလေ ။ ဒီတော့ ဘာစီလိုနာပဲ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေမှာ အမြဲအသာရနေတော့တာပေါ့ ။ 𝐔𝐄𝐅𝐀 အနေနဲ့ ဒီကိစ္စကို ဝင်ရောက်ဖြေရှင်ပေးသင့်ပါပြီ"

"ကျွန်တော်တို့ရသင့်တဲ့အမှတ်တွေဆုံးရှုံးခဲ့တယ် ။ ဒီရာသီတခုတည်းမှာတင် ၁၈ မှတ်အထိရှိခဲ့တယ် ။ ကျွန်တော်ဥက္ကဌလုပ်လာတဲ့တလျောက်မှာလည်း ရီးရဲမက်ဒရစ်က လာလီဂါ ၇ ကြိမ်ပဲဖြစ်ခဲ့တာ ၊ အမှန်ဆိုရင် ၁၄ ကြိမ်အထိ ဖြစ်နိုင်ခဲ့တာ ၊ ကျွန်တော်တို့ရသင့်တဲ့ ဖလား ၇ လုံး ဘယ်အသင်းဆီရောက်သွားလဲဆိုတာ ပြောနေစရာတောင်မလိုပါဘူး"

"လာလီဂါက ကျွန်တော်တို့ရဲ့ ထာဝရပြိုင်ဘက်ပါ ။ နီဂရီယာကိစ္စမှာ သူတို့က ဘာစီလိုနာဘက်ကနေ ရပ်တည်ခဲ့တယ်လေ ။ ဒါကြောင့် ကျွန်တော်တို့ 𝐔𝐄𝐅𝐀 ကို ကြားဝင်ပေးဖို့လိုအပ်တယ်လို့ ပြောချင်တာပါ ။ စာမျက်နှာ ၅၀၀ လောက်ပါတဲ့ဖိုင်ကြီးတခုကို ပြင်ဆင်နေပါတယ် ။ ဒီအကြောင်းတွေကို အားလုံးသိရအောင် 𝐔𝐄𝐅𝐀 ဆီပေးပို့သွားမှာပါ"

"အသင်းထဲမှာ ကျွန်တော့နေရာကို ယူချင်တဲ့သူတွေရှိနေတယ် ။ ကျွန်တော် ဒီအသင်းမှာလုပ်နေတာတွေက မဟုတ်ဘူးလို့ထင်နေသူတွေရှိနေကြတယ် ။ ကျွန်တော့ကို ဒီအသင်းကနေဖယ်ထုတ်ချင်နေကြတာ . . . ဒါမျိုးလုပ်လို့မရဘူး ၊ ဆောရီးပဲ ၊ ကျွန်တော်ကတော့ နှုတ်ထွက်မှာမဟုတ်ဘူး ။ ကျွန်တော့ထက်သာတယ်လို့ထင်ရင် ကျွန်တော်တို့ ( ဥက္ကဌနေရာအတွက် ) ပြန်ရွေးကြမယ် ။ ကျွန်တော့ကို နိုင်ခဲ့ရင် ဒီအသင်းကနေ ကျွန်တော်ထွက်သွားပေးမယ်ဗျာ"

𝐅𝐥𝐨𝐫𝐞𝐧𝐭𝐢𝐧𝐨 𝐏𝐞𝐫𝐞𝐳 ( 𝐑𝐞𝐚𝐥 𝐌𝐚𝐝𝐫𝐢𝐝 အသင်းဥက္ကဌကြီး )

#𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥𝐍𝐞𝐰𝐬

ဂိုးသမားရယ် ဘာမှ မဆိုင်တာကွာ  တက်ဖမ်းပြီး ကန်ထုတ်လိုက်ရင်တောင် ပွဲပြီးပြီလေ ဒါကို ဂိုးထဲ ပုတ်ထည့်လိုက်တယ် 😅ရော်နယ်ဒိုတော...
13/05/2026

ဂိုးသမားရယ် ဘာမှ မဆိုင်တာကွာ

တက်ဖမ်းပြီး ကန်ထုတ်လိုက်ရင်တောင် ပွဲပြီးပြီလေ
ဒါကို ဂိုးထဲ ပုတ်ထည့်လိုက်တယ် 😅

ရော်နယ်ဒိုတောင် အောင်ပွဲခံနေပြီ
မင်းလုပ်လို့ အခု သူငိုကြွေးနေရပြီ

ရော်နယ်ဒိုပရိသတ်တွေရဲ့ အကြီးဆုံး ဗီလိန်က မင်းဖြစ်သွားပြီ

အန်စလော့တီလည်း မင့်ကို ဘရာဇီးအသင်းအတွက် ရွေးမှာ မဟုတ်တော့ဘူး

#𝐅𝐨𝐨𝐭𝐛𝐚𝐥𝐥𝐍𝐞𝐰𝐬

Address

Kyan Sit Thar
Bago

Website

Alerts

Be the first to know and let us send you an email when 𝐒𝐡𝐰𝐞 𝐁𝐚𝐥𝐥𝐨𝐧𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category