LEDI Badminton Club Shwedaung

LEDI Badminton Club Shwedaung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LEDI Badminton Club Shwedaung, Sports Team, Shwedaung Township, Bago Division.

17/08/2026
23/06/2026

“No edits, no filters—just shoot and post straight to Facebook.”

မနေ့က ကမ္ဘာ့ဖလားပြိုင်ပွဲစင်မြင့်မှာ ပေါ်တူဂီက ၅-၀ နဲ့ ဥဇဘက်ကစ္စတန်ကို အနိုင်ရခဲ့ပြီး C ရော်နယ်ဒိုက နှစ်ဂိုးသွင်းယူခဲ့ပါတယ်။ ဂိုးသွင်းပြီးတဲ့နောက် သူက ပရိသတ်ဘက်လှည့်ပြီး "I'm back" လို့ အော်ပြောပါတယ်။

ဘောလုံးလောကမှာ အသက် ၄၁ နှစ်အရွယ် ကစားသမားကို "စစ်ပြန်" လို့ သတ်မှတ်ကြတဲ့ အရွယ်မှာ သူဟာ လူတွေရှေ့ ပြန်ရပ်နေခဲ့ပါတယ်။

လူကို ထိရှစေဆုံးက သူဂိုးသွင်းနိုင်ဆဲမဟုတ်ဘဲ ပြင်းပြင်းထန်ထန် ဝေဖန်ခံရပြီးနောက်မှာ ပြန်ထရဲတာပဲဖြစ်တယ်။

ပထမပွဲစဉ်အပြီးမှာ သူ ဘာတွေကြုံတွေ့ခဲ့လည်းဆိုတာ လူအများသိပါတယ်။ ပေါ်တူဂီရဲ့ ပထမဆုံးပွဲစဉ်မှာ ညံ့ဖျင်းစွာ ကစားခဲ့လို့ တစ်ကမ္ဘာလုံးရဲ့ ဝေဖန်မှုတွေက သူ့ကို ဦးတည်နေခဲ့တာပါ။

အသက်ကြီးပြီး၊
မပြေးနိုင်တော့ဘူး၊
အနားယူရမယ့်အချိန်ရောက်ပြီ၊
ငယ်ရွယ်တဲ့ ကစားသမားတွေအတွက် နေရာဖယ်မပေးဘူး။

လူမှုကွန်ရက်မှာ ဒီလူကြီး ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ စောင့်ကြည့်ရင်း အပျက်သဘောဆောင်တဲ့ အတွေးတွေနဲ့ ပြည့်နေခဲ့ပါတယ်။

ဒုတိယပွဲစဉ်ကို ရောက်လာပါတယ်။ ဇွန်လ ၂၄ ရက်နေ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု K ပွဲစဉ်မှာ ဥဇဘက်ကစ္စတန်နဲ့ ပေါ်တူဂီ ယှဉ်ပြိုင်ကစားခဲ့ပြီး အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုက နှစ်ဂိုးသွင်းယူခဲ့ပါတယ်။

သူဟာ ကမ္ဘာ့ဖလားမှာ ၁၀ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘောလုံးသမိုင်းမှာ ကမ္ဘာ့ဖလားခြောက်ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ လေးနှစ်ခြားတစ်ကြိမ်၊ ခြောက်ကြိမ်.... ဒါဟာ နှစ်နှစ်ဆယ်ကျော်ကာလပါ။ သူဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ပေါ်တူဂီအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ဘောလုံးကွင်းထဲမှာ အသက် ၄၁ နှစ်ဆိုတာ ဘာကိုဆိုလိုတာလဲ သိလား။ သူနဲ့တစ်ချိန်တည်းလောက်မှာ ပွဲဦးထွက်ခဲ့တဲ့ ကြယ်ပွင့်အများစုဟာ အနားယူသွားတာကြာပြီ။ တချို့က နည်းပြတွေဖြစ်လာကြပြီး တချို့က မှတ်ချက်ပေးခန်းမှာ ဘီယာဗိုက်နဲ့ထိုင်ပြီး ငယ်ရွယ်တဲ့ကစားသမားတွေကို ဝေဖန်နေကြပါတယ်။

ဒါပေမဲ့ သူကတော့ မြက်ခင်းပေါ်မှာ အသက် ၂၀ ကျော်အရွယ်တွေနဲ့ မြန်နှုန်း၊ တုံ့ပြန်နှုန်း၊ စက္ကန့်နှုန်းအရှိန်ကို ယှဉ်ပြိုင်နေဆဲဖြစ်တယ်။

ဒီခန္ဓာကိုယ်အတွက် သူဟာ အနှစ် ၂၀ လောက် အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းခဲ့တယ်။ တချို့တွေ စားသောက်နေချိန် သူ လေ့ကျင့်နေတယ်။ တချို့တွေ အပန်းဖြေနေချိန် သူက ခန္ဓာကိုယ်အဆီပမာဏကို တိုင်းတာနေတယ်။

အသက်လေးဆယ်အရွယ်မှာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ တောင့်တင်းမှုက အသက် ၂၀ အရွယ် ပရော်ဖက်ရှင်နယ်ကစားသမားတွေထက် ပိုကောင်းတယ်လို့ လူတွေက ဆိုကြတယ်။ ဒါဟာ ဥုံဖွဆိုပြီး ဖြစ်လာတဲ့ လက်ဆောင်တစ်ခု မဟုတ်ပါဘူး။ ဒါဟာ တစ်ရက်ပြီး တစ်ရက် မိမိကိုယ်ကိုစည်းကမ်းရှိအောင် ပြုစုပျိုးထောင်ခြင်းရဲ့ ရလဒ်ပဲဖြစ်ပါတယ်။

နှစ်သက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုက ဖရီးကစ်တစ်ခုပါ — အဲဒီဖရီးကစ်ကို သူကန်မယ်လို့ လူတွေထင်ကြတယ်။ သူက ဘောလုံးရှေ့မှာ ရပ်ပြီး၊ ခဏလောက် လက်ဟန်ပြတယ်။ ဟန်ဆောင်ရှောင်တိမ်းပြီး သူ့အသင်းဖော် မန်ဒက်စ်ကို ဂိုးသွင်းခွင့်ပေးလိုက်တယ်။

မှတ်ချက်ပေးသူက “တစ်လောကလုံးကို သူ လှည့်စားလိုက်တယ်” လို့ အော်တယ်။ ဂိုးသွင်းပြီးတဲ့နောက် သူ့ခေါင်းကို သူလက်ညှိုးထိုးပြတယ်။ သဘောက .... ကျွန်တော့်အသက်အရွယ်ကိုပဲ အာရုံစိုက်မနေပါနဲ့၊ ကျွန်တော်က ခင်ဗျားတို့ထက် ပိုမြန်တယ် ဆိုတာဖြစ်မှာပါ။

ပွဲအပြီးမှာ သတင်းထောက်တစ်ယောက်က သူ့ကို ဖိစီးမှုတွေ အရမ်းများနေမှာပဲ .. ဘယ်လိုခံစားရလဲလို့ မေးတယ်။

သူက သိပ်ဂုဏ်ဝင့်တဲ့ လေသံနဲ့ "ဖိစိးမှု ဟုတ်လား... အဲဒါက ကျွန်တော့်ရဲ့ (BGM) နောက်ခံတေးဂီတပါ။" လို့ ပြောတယ်။

အမှန်အတိုင်းပြောရရင် လူအများစုက ပွဲကြည့်ရင်း သူ့ကို ရယ်ကြတယ်။
သူ့ဟန်ဆောင်မှုကို ရယ်တယ်၊
သူ့ဒရမ်မာကို ရယ်တယ်။
ဒါပေမဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ အင်တာနက်ပေါ်မှာ လှောင်ပြောင်မခံရဖို့၊
သူ့ကိုယ်သူ ကာကွယ်ဖို့ စာရှည်ကြီးတွေနဲ့ မဖြေရှင်းဘူး။ သူ့နာမည်ရှင်းအောင် သတင်းထုတ်ပြန်ချက်ရေးဖို့ ဘယ်သူ့ကိုမှ မငှားခဲ့ဘူး။

သူက တစ်ခုပဲ လုပ်တယ် ... ကွင်းထဲ ဝင်ပြီး ဂိုးတစ်ဂိုးသွင်းပြီး "ငါ ပြန်လာပြီ" လို့ အော်ခဲ့တယ်။

ဒီလိုလူမျိုး ကိုယ့်ဘေးမှာရှိလား။
ကိုယ်ကလည်း အဲဒီလို လူမျိုးလား။

အထင်သေးခံရတဲ့အခါ မကျေမနပ် ပြောမနေဘူး။ အသံတိတ် ခေါင်းငုံ့ အလုပ်လုပ်ပြီး ပြောတဲ့သူရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တဲ့ လူမျိုး။ ဒီလိုလူမျိုးက ဘယ်သူထက်မဆို ပို ကျေနပ်စရာကောင်းတဲ့ ဘဝကို ဖြတ်သန်းပါတယ်။

မိမိကိုယ်ကိုစည်းကမ်းရှိခြင်း၊ ဇွဲလုံ့လရှိခြင်းဆိုတာ ရိုးရှင်းပြီး သိပ်ကြီးကျယ်တဲ့ စကားလုံးလို့ ထင်ရတယ်။ ဒါပေမဲ့ ဒါတွေက အမှန်တကယ် လက်တွေ့ကျပါတယ်။

ဘယ်သူမှ ကိုယ့်အပေါ် မယုံကြည်သည့်တိုင် ကိုယ်က နေ့တိုင်း ကြိုးစားအားထုတ်၊ နေ့တိုင်း ပြီးမြောက်အောင်လုပ်ဆောင်ပြီး နေ့တိုင်း ရှေ့ကို တစ်လှမ်းချင်း တက်လှမ်းတာဖြစ်တယ်။

အထင်သေးခံရတာက ရှက်စရာ မဟုတ်ဘူး။ အထင်သေးတာကို လက်ခံလိုက်တာကမှ ရှက်စရာပါ။

တခြားသူက ကိုယ့်ဇာတ်သိမ်းကို ရေးလိုက်ကြပြီ။ ဒါပေမဲ့ ကိုယ်က ကိုယ့်ဇာတ်ညွှန်းကို ကိုယ်တိုင်ပြန်ရေးတယ်။ အဲဒီခေါင်းမာမှုကို အကြောတင်းတယ်လို့ခေါ်တယ်။

ပါးစပ်တစ်ပေါက်နဲ့ ပြောတတ်သူတွေ နေရာတိုင်းမှာရှိပေမယ့် ခြေထောက်ကို မြဲမြဲ ရပ်နိုင်သူကမှ ခရီးရှည်ကို လျှောက်နိုင်မှာဖြစ်တယ်။

ဒါကြောင့် တစ်ယောက်ယောက်က ကိုယ်ကျရှုံးတာကို မြင်ချင်နေတယ်ဆိုရင် အရင်ဆုံး ခံရမခက်သွားပါနဲ့။

ပြန်ပြောစရာလည်း မလို.. ခေါင်းအေးအေးထားပြီး အလုပ်တွေကို ပြီးအောင်လုပ်ပါ။ အဲဒါက ဆင်ခြေပေါင်းတစ်ထောင်ထက် ပိုထိရောက်ပါတယ်။

စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းရှိရင် ဒီအကြောင်း ပြောပြလိုက်ပါ - အသက် ၄၁ နှစ်မှာတောင် တစ်ခေါက် ပြန်နိုင်နိုင်သေးရင် ဘာအတွက် ကိုယ်စိုးရိမ်မကင်း ဖြစ်နေဦးမလဲ...

--- ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ပရိသတ်တွေအတွက် မျှဝေပါတယ်

💌
#နိုင်းနိုင်းစနေ

23/06/2026

“Snap it and post it—no editing needed, ever.”

အသက်က မပြိုင်ဘူး… အချိန်ကပဲ ပြိုင်တယ်
ကြက်တောင်အားကစားဟာ အမြန်နှုန်း၊ ပေါက်ကွဲအား၊ တုံ့ပြန်နှုန်း (Reaction Time) နဲ့ ခံနိုင်ရည် (Endurance) ကို အလွန်အမင်း လိုအပ်တဲ့ အားကစားတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် တခြားအားကစားနည်းတွေလိုပဲ အသက်အရွယ်ဟာ အနိုင်အရှုံးကို သက်ရောက်စေတဲ့ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာပါတယ်။
အသက် ၂၀ ကျော်အရွယ်မှာ ကစားသမားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ အမြန်ဆုံး၊ အားအကောင်းဆုံးနဲ့ ဒဏ်ခံနိုင်ဆုံး အချိန်ကို ရောက်ရှိနေတတ်ပါတယ်။ ဒါပေမယ့် အသက် ၃၀ ကျော်လာတဲ့အခါ ကြွက်သားပြန်လည်နာလန်ထူနှုန်း နှေးလာတယ်၊ ဒဏ်ရာရလွယ်လာတယ်၊ တစ်ပွဲပြီး တစ်ပွဲ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ထိန်းထားဖို့ ပိုခက်လာပါတယ်။ အထူးသဖြင့် ယနေ့ခေတ် လူငယ်ကစားသမားတွေရဲ့ အရှိန်နဲ့ အင်အားကို နေ့စဉ် ရင်ဆိုင်ရတာက ပိုမိုခက်ခဲလာပါတယ်။
ဒီအချက်ကို ကြက်တောင်သမိုင်းရဲ့ ဂန္တဝင်တွေက သက်သေပြခဲ့ကြပါတယ်။
Lin Dan ဟာ အသက် ၃၆ နှစ်အရွယ်မှာ အနားယူခဲ့ပြီး၊ သူ့ရဲ့ အနားယူကြောင်း ကြေညာချက်ထဲမှာ "ဒဏ်ရာတွေနဲ့ နာကျင်မှုတွေကြောင့် အမြင့်ဆုံးအဆင့်မှာ ဆက်မပြိုင်နိုင်တော့ဘူး" လို့ ပြောခဲ့ပါတယ်။
Lee Chong Wei ကလည်း အသက် ၃၆ နှစ်အရွယ်မှာ နှာခေါင်းကင်ဆာကုသမှုနဲ့ ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့ရပါတယ်။ ကမ္ဘာ့နံပါတ် (၁) အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ကစားသမားတောင် အမြင့်ဆုံးအဆင့်မှာ ဆက်ကစားဖို့ မလွယ်တော့ခဲ့ပါဘူး။
ယနေ့ခေတ်ရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ Viktor Axelsen ကလည်း အသက် ၃၂ နှစ်မှာ ကျောဒဏ်ရာတွေ ဆက်တိုက်ဖြစ်ပေါ်လာတာကြောင့် အမြင့်ဆုံးအဆင့်မှာ လေ့ကျင့်ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ကြောင်း ပြောပြီး အနားယူခဲ့ပါတယ်။
ဒီဥပမာတွေက အချက်တစ်ခုကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။
ကြက်တောင်မှာ ရှုံးတာက နည်းစနစ်မကောင်းလို့ မဟုတ်သလို စိတ်ဓာတ်မရှိလို့လည်း မဟုတ်ပါဘူး။ တစ်ခါတလေမှာ အချိန် ကို မနိုင်တော့လို့ ဖြစ်ပါတယ်။
အသက်ကြီးလာတဲ့ ကစားသမားဟာ အတွေ့အကြုံ၊ ဂိမ်းဖတ်နိုင်စွမ်း၊ စိတ်တည်ငြိမ်မှုတွေမှာ လူငယ်တွေထက် ပိုသာနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ကတော့ အချိန်ရဲ့ သဘောတရားကို မလွန်ဆန်နိုင်ပါဘူး။ လူငယ်တစ်ယောက်ရဲ့ အရှိန်၊ တုံ့ပြန်နှုန်းနဲ့ ခံနိုင်ရည်ကို နေ့တိုင်း ရင်ဆိုင်ဖို့က ပိုပိုပြီး ခက်ခဲလာပါတယ်။
ဒါကြောင့် အသက်ကြီးလာတဲ့အခါ လူငယ်တွေကို ရှုံးတာဟာ အားနည်းလို့ မဟုတ်ပါဘူး။ အဲဒါဟာ အားကစားသဘာဝတရားကို လက်ခံရတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်။
ချန်ပီယံအစစ်ဆိုတာ အချိန်ကို အမြဲအနိုင်ယူနိုင်သူ မဟုတ်ပါဘူး။ အချိန်ရောက်လာတဲ့အခါ ဂုဏ်သိက္ခာရှိရှိ လက်ခံနိုင်သူပါ။

13 June 20197 years ago တဲ့လား 🙏🏻🏸
14/06/2026

13 June 2019
7 years ago တဲ့လား 🙏🏻🏸

Address

Shwedaung Township
Bago Division

Website

Alerts

Be the first to know and let us send you an email when LEDI Badminton Club Shwedaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category