Victory Fitness Club

Victory Fitness Club Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Victory Fitness Club, Gym/Physical Fitness Center, No, 548, Nant Thar Phyu Street, Mawlamyinegyun, AYEYARWADDY DIVISION.

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ရဲ့ Victory Fitness Club ရဲ့  21.12.2023 မှာ ကျရောက်မဲ့ (2) နှစ်ပြည့်အထိမ်းအမှတ်အနေနှင...
20/12/2023

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ရဲ့ Victory Fitness Club ရဲ့ 21.12.2023 မှာ ကျရောက်မဲ့ (2) နှစ်ပြည့်အထိမ်းအမှတ်အနေနှင့်

20.12.2013မှ 31.12.2023 အထိ ... ကျွန်တော်တို့ရဲ့ Workout plan များကို
ယခင် 1 month (60,000) မှ
ယခု 1 month (50,000)
3 months (140,000)
6 months (260,000) ဖြင့်
promotion ချပေးသွားမှာပါဖြစ်ပါတယ်ဗျ။

Promotion ရဲ့ သတ်မှတ်ထားတဲ့ကာလအတွင်း ကျွန်တော်တို့ရဲ့ Workout plan တွေကို စိတ်ကြိုက် ဝယ်ယူနိုင်မဲ့အခွင့်အရေးအပြင် Workout plan ဝယ်ယူအားပေးတဲ့ customer များကို ကျွန်တော်တို့ Victory Fitness Club ရဲ့ Logo ပါ တီရှပ်လက်ဆောင်များပေးသွားမှာလဲဖြစ်ပါတယ်။

ဒီဆောင်းအကူးမှာ Workout plan လေးတွေချပြီး ယုံကြည်ချက်အပြည့်နဲ့ကြိုးစားရင် ကျစ်လစ်သွယ်လျှပြီး ကျန်းမာတဲ့ခန္ဓာကိုယ်လေးတွေပိုင်ဆိုင်မှာ အသေအချာပဲမို့ ကျွန်တော်တို့နဲ့အတူကြိုးစားဖို့ Victory Fitness Club ကို လှမ်းခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်နော့။

20/12/2022

Hello
မဂ်လာပါ ခင်ဗျာ🙏
Victory Fitness Club ရဲ့
Promotion မေးနေကြတဲ့ညီအကိုမောင်နှမများအတွက်

Victory Fitness Club ရဲ့ (1)နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့်

ယခင်(1)Month (60000)ကို
ယခု21.12.2022မှ23.12.22အထိ
(1)Month ကို(40000)ကျပ်ဖြင့်
Promotion ကာလအတွင်း လအကန့်အသတ်မရှိ စိတ်ကြိုက်အပ်နှံနိုင်မည့်အခွင့်အရေးအပြင်

နောက်တစ်ခု ပျော်စရာအစီစဥ်အနေဖြ င့်
လာရောက်အပ်နှံသူများ မိတ်ဟောင်းမိတ်သစ်များကို
21.12.22 တွင်ကံစမ်းမဲများလဲ
ဖောက်ပေးသွားမှာဖြစ်ပါတယ်နော်

နှစ်သစ်မှာ Body အသစ်နဲ့လန်းဖို့
Victory fitness club ကိုလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်

ကျန်းမာသန်စွမ်းလှပတဲ့ Body အား
သင်ကိုယ်တိုင်ဖန်တီးအရယူလိုက်ပါနော်

Victory fitness club 🏋️‍♀️🏋️‍♀️🏋️‍♀️

Hello Victory fitness club ရဲ့အောက်တိုဘာလ Promotion လေးလာပြီနော်1.10.2022မှ10.10.2022ထိ လာရောက်အပ်နှံသူMember အသစ်/ဟောင်...
30/09/2022

Hello
Victory fitness club ရဲ့
အောက်တိုဘာလ Promotion လေးလာပြီနော်
1.10.2022မှ10.10.2022ထိ လာရောက်အပ်နှံသူ
Member အသစ်/ဟောင်းများ ကို 1month 50000
ဖြင့်အမြန်လာရောက်အပ်နှံဖို့ဖိတ်ခေါ်ပါရစေနော်
နှစ်လ/သုံးလ စသဖြင့် ​ကြိုပြီး ဝယ်ယူချင်သူများလဲ
သတ်မှတ်ထားတဲ့ Date အတွင်းလာရောက်
50000ကျပ်ဖြင့် ဝယ်ယူအပ်နှံနိူင်ပါပြီနော်

Personal trainerနဲ့ကစားပြီး
Bodyလှချင်သူများလဲ လာရောက်အပ်နှံဖို့ဖိတ်ခေါ်ပါတယ်နော်

2 Month body transformationနှစ်သစ်မရောက်ခင် Body အသစ်နဲ့ လန်းချင်ရင်Victory Fitness Club ကို လှမ်းခဲ့လိုက်တော့နော် PT ကစ...
28/09/2022

2 Month body transformation
နှစ်သစ်မရောက်ခင် Body အသစ်နဲ့ လန်းချင်ရင်
Victory Fitness Club ကို လှမ်းခဲ့လိုက်တော့နော်

PT ကစားချင်သူများအတွက်လဲ
Trainerနဲ့
အချိန်ညှိ့နိူင်းလိူ့ရပါတယ်နော်

သတင်းကောင်းလေးလဲ ပါးလိုက်ပါရစေနော်
မကြာမီ
သီတင်းကျွတ် Promotion လေးလာတော့မှာနော်😍😍😍

အစားအသောက်ရွေးစားတဲ့အခါ  calorie ကိုတွက်ချက်စားပါ။🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။စမူဆ...
19/09/2022

အစားအသောက်ရွေးစားတဲ့အခါ calorie ကိုတွက်ချက်စားပါ။
🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။

စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊

ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပၲတဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍

ကယ်လိုရီတန်ဖိုးများ
----------------------
🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ

🥩🍗🍖အသားဓာတ် (protein)🍖🍗🥩
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ

🧀🧈အဆီဓာတ် (fat )🧈🧀
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ

🥭🍇🥑သစ်သီး🍇🥭🥑
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)

🥬🍅ဟင်းသီးဟင်းရွက်🍅🥬
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)

🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ

(🔺ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။
🔺ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။
🔺ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။
🔺ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။)

Credit
Photo crd Ha Hoang

သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ယောက်နေ့တိုင်းလေ့ကျင့်ခန်းအားကစားလုပ်တာကို သူ့မိတ်ဆွေကမေးတယ် ... တစ်နေကုန်အလုပ်လည်းပင်ပန...
19/07/2022

သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးတစ်ယောက်
နေ့တိုင်းလေ့ကျင့်ခန်းအားကစားလုပ်တာကို
သူ့မိတ်ဆွေကမေးတယ် ...

တစ်နေကုန်အလုပ်လည်း
ပင်ပန်းလာပြီးပြီ ရတဲ့လစာလေးကလည်းနည်းနည်း
ဘာလို့ကျန်းမာရေးကိုဒီလောက်ဂရုစိုက်နေရသလဲ

သူမရဲ့အဖြေဟာ အားလုံးကိုနိုးထလာစေတယ် ...
လွန်ခဲ့တဲ့ ၁၀နှစ်က ကျွန်မရဲ့အဖေဟာ
သူစုထားတဲ့ငွေဘတ်၈သိန်း ကိုအဖိုးရဲ့
ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့တယ်

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မရဲ့၁၀နှစ်စာစုမိထားတဲ့ငွေ ဘတ်၂သန်း လည်း ကျမ ရဲ့အဖေ့ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့ရပြန်တယ်

ကျွန်မတို့ ၂မျိုးဆက်လုံး (Generation) ဟာ
ဆေးရုံအတွက်ပင်ပင်ပန်းပန်းအလုပ်တွေလုပ်ခဲ့ရတယ် ၊ ကျွန်မရဲ့သားသမီးတွေကို ကျွန်မလို
ဒုက္ခမပေးချင်ဘူး

မျိုးဆက်နံပါတ် ၃ ကိုလည်းဆေးရုံအတွက်
ပင်ပင်ပန်းပန်းအလုပ် မလုပ်ပေးရအောင် ဒီနေ့ ကျွန်မကျန်းမာတုန်း မဖျားမနာတုန်း ကျွန်မရဲ့ ကျန်းမာရေး ကို ကျွန်မ ဂရုစိုက်ရပါမယ် ။

✔️ကျန်းမာရေးကိုဂရုစိုက်ကြပါ ...
✔️ကျန်းမာရေးစောင့်ရှောက်ဖို့အတွက်
စရိတ်ဘယ်လောက်ကြီးကြီး
ဆေးရုံဆေးခန်းကုသစရိတ်
ဆေးဖိုးဝါးစရိတ်ထက်မကြီးဘူးဆိုတာ ယုံလိုက်ပါ

သင့်ကို ကျန်းမာရေးဂရုစိုက်ပါလို့လာပြောတဲ့ မိတ်ဆွေအပေါင်းသင်းတွေကိုကျေးဇူးတင်လိုက်ပါ

လူတော်တော်များကျန်းမာရေးဂရုမစိုက်ဖို့
ပေးလေ့ရှိတဲ့အကြောင်းပြချက်တွေက

- စိတ်မဝင်စားဘူး
- မလိုအပ်သေးဘူး
- အချိန်မရှိဘူး

သင့်ပိုက်ဆံအိပ်ထဲက ပိုက်ဆံကိုကုန်အောင် ဆရာဝန်စကား (၃)ခွန်းပဲပြောမှာပါ

- သင့်ရဲ့ကျန်းမာရေးအရမ်းဆိုးဝါးနေပါပြီ
- ခင်ဗျားကံကောင်းသေးတယ်
ကုသလို့ရသေးလို့
- ဒါပေမယ့် " ပိုက်ဆံ ကုန်ကျစရိတ် "တော့များမယ်

သင့်ရဲ့နှစ် ၃၀လောက်စုထားတဲ့ငွေကို ဆရာဝန်က ၃မိနစ်အတွင်းအရယူသွားလိုက်ပါပြီ

🍃 ကျန်းမာရေးကိုဂရုစိုက်ကြပါ
🍃 ခန္ဓာကိုယ်ရဲ့ကလီစာတွေဟာ
စျေးအရမ်း ကြီးတယ်
🍃 အဲဒီ ကလီစာတွေက
လွယ်လွယ်ကူကူရှာဝယ်လို့မရပါဘူး

အသက်ငယ်သေးလို့ ကျန်းမာရေးကောင်းပါသေးတယ်ဆိုတာ အကြောင်းပြချက်ပါ ၊ ဒီနေ့သတင်းစာမျက်နှာတွေပေါ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးတဲ့လူဦးရေအရမ်းများပါတယ်

" ကျန်းမာရေးကောင်းရင် အနာဂတ်အတွက်လုံခြုံရပါတယ် "

မူရင်းရေးသူကို ကျေးဇူးတင်ပါတယ်ဗျ

Photo Crd.

 #ပေါင်ချိန်စက်ပေါ်တက်စိတ်တွေပျက်မနေကြပါနဲ့❗️ယနေ့ခေတ်လူအများစုဟာတစ်ရက်တစ်ရက် ပေါင်ချိန်စက်ပေါ်အားအားရှိတက်ပြီး င့ါပေါင်ခ...
01/06/2022

#ပေါင်ချိန်စက်ပေါ်တက်စိတ်တွေပျက်မနေကြပါနဲ့❗️

ယနေ့ခေတ်လူအများစုဟာတစ်ရက်တစ်ရက် ပေါင်ချိန်စက်ပေါ်အားအားရှိတက်ပြီး င့ါပေါင်ချိန်တွေ တက်လာပြီ ဟော ကျသွားပြီ ဆိုကာ သောကအလွန်းများနေကြတာကိုတွေ့ရတယ်။

ပေါင်ချိန်စက်ပေါ်မှာပြတဲ့ ကိန်းဂဏန်းတွေက ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးရဲ့ ကိုယ်တွင်းအဆီတွေ/အသွေး/အသား/ကလီစာအရိုးအကုန်လုံးစုပေါင်းထားသောအလေးချိန်ကိုပြတာဖြစ်တယ်။

ဘယ်ဟာဘယ်လောက်လေးတယ်ခွဲခြားဖော်ပြထားတာမဟုတ်တာပဲလေ။

ပေါက်ချိန်စက် တွေဟာ မိတ်ဆွေတို့ ဝနေလားပိန်‌နေလားဆိုတာအတိကျမပြော
နိုင်ဘူးဗျာ။

ကျွန်တော်အမြဲ ဉပမာပေးနေကျအတိုင်း
ထပ်ပြောရရင် အဆီတွေနဲ့ ဝတုတ်နေတဲ့ လူဝကြီးလည်း ပေါင် ၂၀၀ ကြွက်သား
တွေနဲ့ အဆီမရှိကျစ်လစ်နေတဲ့ အားကစားသမားလည်း ပေါင် ၂၀၀။

သိပ်ကိုရိုးရှင်းထင်ရှားပါတယ်ဗျာ အဆီ ၅ ပေါင်ကျပြီးကြွက်သား ၅ ပေါင်တိုးလာရုံဖြင့် body အနေအထားက အရမ်းကွာခြားသွားနိုင်ပါတယ်။

⚠️ကြွက်သားတွေနဲ့ကျစ်လစ်နေသော်လည်း ကဆီဓါတ်တွေအစားများ တဲ့အခါရေ
ဝိတ်တက်ပြီးပေါင်ချိန်တိုးတက်ပါတယ်။

⚠️ကိုယ်တွင်းအဆီ 1 gram ကိုချေဖျက်
ကိုယ်ထဲမှာ ရေ 1 gram ထွက်လာတတ်ပါတယ်။

ထိုအခြေနေတွေမှာလည်း နည်းမှန်လမ်းမှန် အဆီချနေပါလျက်နဲ့ ပေါင်ချိန်တက်လာတယ်ဆိုပြီး စိတ်မညစ်ပါနဲ့။

အချုပ်အားဖြင့်ပြောရရင် ပေါင်ချိန်စက်ပေါ်ခဏခဏတက်ပြီးစိတ်အဆင်းရဲမခံပါနဲ့ဗျာ။ ကိုယ်တွင်းအဆီပမာဏ သာအဓိကဖြစ်ပြီး ထိုပမာဏအတိကျသိရှိဖို့ကိုတော့ skinfold calipers နဲ့တိုင်းနိုင်သလို gym ရုံအချို့တွင် in body machine များဖြင့် တိတိကျကျတိုင်းနိုင်ပါတယ်။

မှန်ထဲမှာ ကြည့်ရုံနဲ့လည်း အကြမ်းမျဉ်းတော့ကြည့်လို့ရနိုင်ပါတယ်။အဆီတွေတက်လာတာက သိသာပါတယ်( ကိုယ့်ကိုကို တော့ မလိမ်နဲ့ပေါ့ဗျာ😁)



တင်သားလှလှ ထွက်ချင်လား  ☺️☺️ တင်သားတခုရဲ့အချိုးအစားဟာ ခါးဆိုက်အပေါ်မှာ များစွာမူတည်တယ်။ အကြောင်းရာတခုကို ချဉ်းကပ်တဲ့အခါ ...
24/05/2022

တင်သားလှလှ ထွက်ချင်လား ☺️☺️

တင်သားတခုရဲ့အချိုးအစားဟာ ခါးဆိုက်အပေါ်မှာ များစွာမူတည်တယ်။ အကြောင်းရာတခုကို ချဉ်းကပ်တဲ့အခါ contrast ဆန့်ကျင်ဖက် သဘောကို အရင်နားလည်ဖို့လိုပါတယ်။ အရာဝတ္တုတခု မျက်စိထဲမှာ ထင်းနေဖို့ ကျန်ဝတ္တုတခုက မှောင်ပေးရတာ သဘာဝပါ။ အဲလိုပဲ တင်သားလှချင်ကြီးဖို့ သူနဲ့ကပ်ရပ် ခါးဆိုက်အရွယ်အစား တတ်နိုင်သမျှ သေးအောင် လုပ်ရမယ်။ ဒါက သီအိုရီ။အရပ်ငါးပေ၈လက်မရှိတဲ့ မိန်းကလေးတယောက်ရဲ့ ခါးဆိုက်ဟာ ၂၈ ရှိရင် အကောင်းဆုံးဖြစ်တယ်။ ခါးဆိုက်နဲ့ တင်သား အမြဲအချိုးကျနေရမယ်။ waist-hip ratio ခါးနဲ့ တင်သားအချုးအစားက 0.7 ရှိရင် အဆိုပါ အမျိူးသမီးဟာ ဆန့်ကျင်ဖက်လိင်တွေကို ပိုဆွဲဆောင်နိုင်တယ်လို့ ဆိုတယ်။ ယေဘုယျ waist-hip ratio အချိုးအစား 0.6 ရှိရင် အကောင်းဆုံးဖြစ်ပါတယ်။

တင်သားလှဖို့ အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ လိုပါတယ်။ တင်းသားအရွယ်အစားက အီစတိုဂျင်ဟော်မုန်းနဲ့ ဆက်စပ်နေပြန်တယ်။ စားတဲ့ထဲမှာ အဆီများရင် အီစတိုဂျင်ထုတ်ပေးတယ်။ အဆီဆဲလ်ထဲမှာ aromatase ခေါ်တဲ့ အီစတိုဂျင်ဖွဲ့စည်းမှုအားပေးတဲ့ အင်ဇိုင်းဓာတ်တမျိုးရှိတယ်။ သူက တင်ပါး၊ရင်သား ဖွံဖြိုးအောင် ပြုလုပ်ပေးတယ်။ ဒါ့ကြောင့် သတ်သတ်လွတ်သမားတွေ၊ အစားရှောင်တဲ့သူတွေဟာ သူများလောက် မဖွံ့ထွားတာဖြစ်ပါတယ်။

အစားသောက်ထဲမှာ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် ကို အဓိကစားသင့်တယ်။ ပရိုတင်း (၃၀)ဂရမ်နဲ့ ကာဗိုဟိုက်ဒရိတ် (၁၅၀)ဂရမ်ကို လေ့ကျင့်ခန်းလုပ်ပြီး နာရီဝက်အတွင်း စားရင် ပိုထူးခြားတယ်။ အုတ်ဂျုံ၊ ကြက်ဥအကာနဲ့ ပဲနက်စေ့ များများစားပါ။ polyunsaturated fats ပါတဲ့ ငါးအဆီပိုကဲ စားသင့်တယ်။ ပရိုတင်းဓာတ်ထဲမှာ ပဲအမျိုးမျိုး၊ ပဲနို့၊ ချီးစ်၊ ကြက်ရင်အုံသား၊ ဆာမွန်ငါး၊ တူနာငါး စတာတွေ ကောင်းတယ်။ ကာဗိုဟိုက်ဒရိတ်ထဲက ဆန်လုံးညို၊ အုတ်ဂျုံ၊ ပေါင်မုန့်၊ ကန်စွန်းဥ၊ အစေ့အဆန် စတာတွေ စားသင့်တယ်။ တရက်ကို ခြောက်ကြိမ် အစားအသောက် မျှတအောင် စားပေးသင့်တယ်။

(၁) မနက်စာကြက်ဥအကာနှစ်လုံး၊ ပေါင်မုန့်တချပ်နဲ့ သစ်သီးတမျိုးမျုးစားပါ။
(၂) ဒိန်ချဉ်နဲ့ စတော်ဘယ်ရီသီးအရောကို သောက်ပါ။
(၃) နေ့လည်စာ ကြက်သားရင်အုပ်နဲ့ ဟင်းသီးဟင်းရွက်ပြုတ်စားပါ။
(၄) ညနေပိုင်း ပေါင်မုန့် ထောပတ်သုတ် အစာပြေစားနိုင်တယ်။
(၅) ညစာ အမဲသား လက်တဖဝါးစာကို အရွက်ကြော်နဲ့စားပါ။
(၆) အိပ်ခါနီး protein shake သောက်ပါ။

တင်ပါးလေ့ကျင့်ခန်း မလုပ်ခင် ခန္ဓာဗေဒကို အရင်ဆုံးနားလည်ဖို့ လိုပါတယ်။ တင်ပါးမှာ gluteus muscle ကြွက်သားအစုအဝေးဆိုတာ ရှိတယ်။ အဓိကကြွက်သား သုံးခုရှိတယ်။ ဒီကြွက်သားတွေက ခန္ဓာကိုယ်မှာ အကြီးဆုံးဖြစ်တယ်။ တင်သားကြီးပြီး လုံးချင်ရင် ဒီကြွက်သားအစုအဝေးကို လေ့ကျင့်ပေးရမှာ ဖြစ်တယ်။

ဘာတွေ လုပ်မလဲ
(၁) လက်ဆန့်ပြီး တင်ပါးကို နောက်ထုတ်ပြီး ထိုင် ထလုပ်ပါ။ ဒီလေ့ကျင့်ခန်းကို squat ခေါ်တယ်။ တင်ပါးမှာရှိတဲ့ ဂလူးတီးယပ်စ် ကြွက်သားကို ကြီးထွားစေတယ်။ တခါလုပ် အကြိမ် (၂၀)လ၊ သုံးကျော့စီ ပြန်လုပ်သင့်တယ်။
(၂) lunges ဆိုတာ ခါးထောက်ပြီး ခြေထောက်တဖက်စီကို ရှေ့ထုတ်ပြီး ထိုင်ချတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ lunges လုပ်ခြင်းက နောက်ပိုင်းအလှ ကောက်ကြောင်းကို ပေါ်လွင်စေတယ်။
(၃) deadlift ဆိုတာ ခါးကုန်း အလေးမပြီး ခါးဆန့် ပြန်ထရတဲ့ လေ့ကျင်ခန်းဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းက တင်ပါးနဲ့ ပေါင်ကြွက်သားတွေကို ကြီးထွားစေတယ်။ဘယ်လေ့ကျင့်ခန်းမဆို ခါးနောက်ပ်ုင်းကိုသာ အားထုတ်လုပ်ရမယ်။
(၄) hip extension ဆိုတာ လေးဖက်ထောက်အနေအထားမှ ခြေထောက် နောက်ပစ်လွှဲရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်စဉ် waist trainer လို ဝတ်စုံမျိုးဝတ်သင့်တယ်။ ဒါမှ ခါးမှာရှိတဲ့အဆီတွေက အောင်ပိုင်းကို ကျသွားမှာဖြစ်တယ်။

စျေးကွက်ထဲမှာ တင်သားကြီးစေတဲ့ သောက်ဆေး၊လိမ်းဆေး အမျိုးမျိုးရှိတယ်။ butt enhancing pills ဆိုတာ တင်သားကြီးထွားတဲ့ သောက်ဆေးကို ခေါ်တာ။ အဓိကအားဖြင့် ဟော်မုန်းထိန်းညှိပေးတာဖြစ်တယ်။ ထိန်းညှိတယ်ဆိုတာ မဟော်မုန်း estrogen များစေတာဖြစ်ပြီး ယောကျာ်းဟော်မုန်း androgen နည်းစေတာဖြစ်တယ်။ မဟော်မုန်းများရင် အဆီတွေက ခန္ဓာကိုယ်ရဲ့ ပေါင်၊ရင်သား၊တင်ပါးစတဲ့နေရာတွေသာ စုအောင်းနေမယ်။

သောက်ဆေးအားလုံးထဲမှာ အသုံးများဆုံးက maca root ပါတဲ့ဆေးတွေဖြစ်တယ်။ ဒီဆေးက ပီရူးနိုင်ငံမှာ အားဆေးအနေနဲ့အသုံးများတယ်။ နောက်ပြီး saw palmetto, berries, Fenugreek seed , fennel seed,L-tyrosine တွေ သုံးကြတယ်။ သဘာဝဆေးတွေထဲမှာ Wild Mexican Yam , thistle, Kelp, D**g Quai, Mothers's wort စတဲ့ဆေးတွေ အသုံးများဆုံးပဲ။ အာနိသင်သက်ရောက်မှုက တခုနဲ့တခုကွာမယ်။ ပဲနို့နေ့စဉ်သောက်ပေးခြင်းက တင်သားကို ကြီးထွားစေတယ်။

လိမ်းဆေးတွေလည်း ရှိတယ်။ အပူပိုင်း အာဖရိကမှာ တွေ့တဲ့ Kigelia Africana ကို အခြေခံပြီးထုတ်တာ များတယ်။ အာနိသင်က fibrous တွယ်ဆက်တစ်ရှုး ဖွဲ့စည်းမှုက်ု အားပေးတာဖြစ်လို့ တင်ပါးနဲ့ ရင်သား ကြီးထွားစေတယ်။ လိမ်းဆေးထဲမှာ နာမည်ကြီးတွေက gluteboost, b***y magic , b***y perfect cream, iso sensual curve စတဲ့လိမ်းဆေးတွေ ဖြစ်တယ်။ ဆေးကို တနေ့ တကြိမ်မှ နှစ်ကြိမ် အချိန်မှန်လိမ်းပေးရတယ်။ တချို့ဆေးတွေထဲမှာ ရှားစောင်းလက်ပပ်၊ ထောပတ်၊ မက္ကာမြစ်၊ ဘယ်ရီသီး၊ ကော်ဖီစေ့၊ အလှဆီ၊ သံလွင်ဆီ၊ ဗာဒံဆီဂစတာတွေ ပါလေ့ရှိတယ်။

သိပ္ပံနည်းကျမဟုတ်တဲ့ အလွယ်သုံး အရပ်ပြောနည်းတွေလည်း ရှိပါတယ်။ nivea အပြာရောင် လိမ်းဆေးခရင်မ်ကို သံလွင်ဆီနဲ့ရောပြီး တင်ပါးက်ု လိမ်းလို့ရတယ်။ နောက်တနည်းက ငှက်ပျောသီးနဲ့ ဒိန်ချဉ်ရောပြီး လိမ်း၊ နာရီဝက်ကြာတဲ့အခါ ရေပြန်ဆေးရမယ်။ ပြီးရင် သုံးနေကျ moisturizer တခုခု ထပ် သုံးရမယ်။ တပတ်ကို သုံးကြိမ် လုပ်ပါ။

လူသုံးများတဲ့ အိမ်သုံးနည်းလည်း ရှိဦးမယ်။ ငါးကြီးဆီ နှစ်လုံးကို ဖောက်ပြီး တင်သားတဖက်ကို နှိပ်ပြီး လိမ်းပေးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံ လိမ်းပေးရမယ်။ နှိပ်တဲ့အခါ အနည်းဆုံး ဆယ်မိနစ်ကြာရမယ်။ နာရီဝက် ထားပြီး ရေပြန်ဆေးချပါ။ အာနိသင်ကောင်းဖို့ တနေ့ နှစ်ကြိမ်လုပ်ပါ။ နေ့စဉ်လုပ်ရင် ၃ ပတ်အတွင်း ထူးခြားမှုရှိလာလိမ့်မယ်။

နောက်ဆုံးတနည်းကတော့ butt lifterလို့ခေါ်တဲ့ ရုန်းဆန့်နိုင်တဲ့ ဘောင်းဘီအပျော့စား တွေ ဝတ်တဲ့နည်းပါ။ ဘောင်းဘီကို အတွင်းခံသဘောဝတ်ရပြီး တင်သားအောက်ပိုင်းကနေ ပင့်တင်ပြီး အမြင်သဏ္ဌာန် လှအောင်လုပ်တာဖြစ်တယ်။ ယာယီဆိုပေမယ့် ချက်ချင်းသိသာတဲ့နည်းလို့ ပြောရမယ်။ ခါးဆ်ုက်သာမက ပေါင်တံကိုပါ သိသိသာသာ သေးသွယ်သွားစေတယ်။ ခန္ဓာကိုယ်အချိုးအစားကတော့ အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားလိမ့်မယ်။

crd

ဒေါက်တာ အေးမင်းထူး
၇.၃.၁၇

Gym ကမန်ဘာများ Trainer ဆရာနဲ့ Challenge ကြပါလား😁😁😁
21/05/2022

Gym ကမန်ဘာများ
Trainer ဆရာနဲ့ Challenge ကြပါလား😁😁😁

ဒါဖတ်ပြီးမှ ဝိတ်ချမယ်++++++++++++++မြန်မာတွေ ဝိတ်ချတယ်ဆိုပြီး ဘာ့ကြောင့်မပိန်သေးတာလဲ။ ပိန်အောင်လုပ်ချင်သူ၊ကြိုးစားချင်သူ...
18/05/2022

ဒါဖတ်ပြီးမှ ဝိတ်ချမယ်
++++++++++++++

မြန်မာတွေ ဝိတ်ချတယ်ဆိုပြီး ဘာ့ကြောင့်မပိန်သေးတာလဲ။ ပိန်အောင်လုပ်ချင်သူ၊ကြိုးစားချင်သူတွေ အများကြီးထဲမှာမှ တကယ်ဝိတ်ချနိုင်တဲ့ဦးရေက ဘာ့ကြောင့်နည်းရတာပါလဲ။ လူတော်တော်များများစဉ်းစားရကျပ်တဲ့ မေးခွန်းတခုကို ပြန်မေးမိ တယ်။ သေချာလေ့လာကြည့်တဲ့အခါ နံပါတ်တစ်တွေ့တာက ဝိတ်ချနည်းကို ကောင်းကောင်းမသိလို့။ အသုံးမချတတ်လို့ပါ။ ဘယ်လိုဝိတ်ချရင်ကျမလဲ။ စနစ်တကျမလုပ်တတ်သေးလို့ဆိုတာ တွေ့တယ်။ နောက်တချက်က ဝိတ်ကျဆေးတွေ စျေးကြီးပေးဝယ်သောက်ရင်ပျောက်မယ်ထင်နေကြသူတွေ တနေ့တခြားများလာလို့ဆိုလည်း မမှားဘူး။ အများစုက ဆေးအပေါ်မှာ အားကိုးမှီခိုလွန်းတယ်။ တချို့ကျတော့ ထမင်းတနပ်လျှော့စားရင် ဝိတ်ကျမယ်ထင်သူတွေလည်း ရှိသေးတယ်။ တကယ်တမ်းလျှော့စားကြည့်တဲ့အခါ သိပ်ကြာကြာမခံဘူးဆိုတာ တွေ့ရပါတယ်။ ပိုဆိုးတာက ညစာတော့ရှောင်ပါရဲ့။ အစာပြေအာလူးချောင်းကြော်တထုပ် စားမိလိုက်တယ်။ ဝင်လာတဲ့ ကယ်လိုရီကို သတိမထားမိဘူး။ ကစီဓာတ်၊အဆီဓာတ်၊အသားဓာတ်တွေရဲ့ အခြေခံအကြောင်းအရာကို နားမလည်သေးရင် ဝိတ်ချရတာ ခက်တယ်။

ဝိတ်ချသူတွေထဲမှာမှ စားနိုင်သောက်နိုင်၊ချမ်းသာသူတွေအတွက် ဝိတ်ချရတာ အခက်ခဲဆုံးဖြစ်နေကြတယ်။ တကယ်က သူတို့ရဲ့ နေထိုင်စားသောက်ပုံကြောင့်ပါ။ လေ့လာကြည့်ရင် နေ့စဉ် လှုပ်ရှားမှုအလွန်နည်းတယ်။ ပိုဆိုးတာက လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းတောင် မလုပ်မိဘူး။ အလုပ်စားပွဲမှာပဲ အချိန်ကုန်တာများတယ်။ စိတ်ဖိစီးမှု သူများထက် ပိုတယ်။ အစားအသောက်မှာလည်း အတူတူပဲ။ စားပွဲသောက်ပွဲတွေက ပေးလိုက်တဲ့ အဆီတွေလည်း မနည်းလှဘူး။ ဘီယာ၊အရက်ကိုလည်း လူတန်းစေ့နေနိုင်အောင် သောက်တယ်။ သက်တမ်းစေ့အောင် မနေရတာ သတိမထားမိဘူး။ ဒါတွေကို သတိထား ပြုပြင်ရမယ်။

နိုင်ငံတနိုင်ငံရဲ့ အစားအသောက်၊လူနေမှုပုံစံတွေက အဲဒီနိုင်ငံသားတွေရဲ့ ကျန်းမာရေးပေါ် အဓိကသက်ရောက်စေတယ်။ မြန်မာလူမျိုးတွေမှာ သူ့တို့ရဲ့ ကိုယ်ပိုင် အစားအသောက်၊ကိုယ်ပိုင်လူနေမှုပုံစံရှိပါတယ်။ မြန်မာတွေ ဘာနဲ့စားကြလဲ။ ထမင်းစားတယ်လို့ အများစုဖြေလိမ့်မယ်။ အဲဒါက သမားရိုးကျတွက်ချက်သူတွေ ပြောတဲ့စကားဖြစ်တယ်။ တကယ်က မြန်မာတွေလောက် ဆီစားတာ ကမ္ဘာမှာ မရှိဘူး။ ထမင်းဆို ဆီဆမ်း၊ဟင်းဆိုလည်း ဆီပြန်၊လက်ဖက်ဆိုလည်း ဆီရွဲရွဲလေးနဲ့မှ စားကြတာ မြန်မာလူမျိုးအများစုရဲ့ နေထိုင်စားသောက်ပုံဖြစ်တယ်။ နေ့စဉ်ပုံမှန်စားသောက်နေတဲ့ အစားအသောက်တွေထဲမှာ ဆီနဲ့ကင်းတာ ဘာတခုမှမရှိပါဘူး။ အိမ်တိုင်းမှာ ဆီပြန်ဟင်းချက်ကြတယ်။ ကြက်သားဆီပြန်၊ဝက်သားဆီပြန်ချက်လေးလည်း ပါမှ ထမင်းမိန်တယ်။ ဒါ့ကြောင့် မြန်မာတွေ ဝလာတယ်။

ပိုဆိုးတာရှိသေးတယ်။ ပြန်ကြော်ဆီတွေကို သိမ်းထားပြီး နောက်ရက်တွေမှာ ပြန်သုံးနေတာဖြစ်ပါတယ်။ ကြော်ပါများတော့ ပြည့်ဝဆီတွေဖြစ်လာတယ်။ ပြည့်ဝဆီနဲ့ကြော်ထားတဲ့ ဆီကြော်စာတွေက လူတွေကို ပိုဝလာစေတယ်။ ဆိုင်ကဝယ်တဲ့ အကြော်တွေက အရင်ရက်က သုံးထားတဲ့ဆီအကျန်တွေ မဟုတ်ပါလား။ ကျန်းမာရေးဖက်ကကြည့်တော့ အဆိုးဖက်ကချည်းပဲ။ နောက်ဆက်တွဲ အဆီဖုံးတာ၊သွေးကြောပိတ်တာတွေ ဖြစ်လာတယ်။ မြန်မာမိဘတွေက သင်ပေးထားတဲ့ အလေ့အကျင့်တခုရှိသေးတယ်။ အစားစားရင် ကုန်အောင်စား၊မကျန်စေနဲ့ဆိုတာမျိုး။ ဒီလိုသင်ကြားမှုတွေက ကိုယ့်ကလေးတွေကို လိုတာထက်ပိုစားတတ်အောင်၊ရောဂါထူပြောလာအောင် သင်ပေးနေတယ်ဆိုတာ သတိမပြုမိကြဘူး။ တကယ်သင်ပေးရမှာက အစားကို သင့်တင့်မျှတရုံ စားတတ်ဖို့၊ဗိုက်ပြည့်ရုံစားတတ်ဖို့ ဖြစ်တယ်။ ဒီအကြောင်းရာတွေက မြန်မာလူမျိုးတွေ သတိမထားမိဘဲ ဝနေရတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။

ဝိတ်တက်တဲ့ သီအိုရီက ရိုးရှင်းပါတယ်။ ဝင်လာတဲ့ calorie(အစားအသောက်)က သုံးစွဲတဲ့ calorie(လှုပ်ရှားမှု)ထက် များနေလို့ဖြစ်ပါတယ်။ အသားတင် calorie 3500လောက် ပိုလျှံတိုင်း ဝိတ်တပေါင်စီတက်မှာ ဖြစ်ပါတယ်။ ဒီတော့ လုပ်စရာက (၂)မျိုးပဲ ရှိတယ်။ အစားလျှော့စားမလား။ လေ့ကျင့်ခန်း လုပ်မလား။ မေးစရာရှိတာက ဘယ်လောက်ထိ အစားလျှော့စားရမှာလဲ။ သာမန်လူတယောက်က ဘယ်လောက်ထိ အစားရှောင်နိုင်မလဲ တွက်ချက်ဖို့တော့ လိုပါတယ်။ ကယ်လိုရီ(၂၅၀၀)နေ့စဉ် လိုအပ်သူတယောက်ဟာ နေ့စဉ် ကယ်လိုရီ(၅၀၀)လျှော့စားလို့ရတယ်။

အဲဒီမှာ ထည့်တွက်ရမယ့်အချက်က ဗိုက်ဆာတဲ့ဖြစ်စဉ်အတွက် အရေးပါတဲ့ leptinဆိုတဲ့ ဓာတ်ဖြစ်ပါတယ်။ ဒီဓာတ်က ဗိုက်ပြည့်နေပြီဆိုတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတယ်။ ၂၀၁၃တုန်းက ဗိုက်ဆာတဲ့ဖြစ်စဉ်နဲ့ leptin လက်ခံဆဲလ်(leptin receptor)တွေရဲ့ ပြောင်းလဲမှုကို လေ့လာကြည့်တဲ့အခါ အဆီအစားများသူတွေရဲ့ အစာအိမ်မှာရှိတဲ့ leptin လက်ခံဆဲလ်တွေက သိပ်အလုပ်မလုပ်တော့တာ တွေ့ရတယ်။ အဲဒီဖြစ်စဉ်ကြောင့် အဆီအစားများသူတွေဟာ ဗိုက်ပြည့်နေပြီဆိုတဲ့ ခံစားမှုမျိုးမရှိတာပါ။ အဲဒီမှာ စားပြီးရင်းစားချင်၊ဝိတ်တက်ပြီးရင်း တက်လာတာဖြစ်တယ်။ ဒါ့ကြောင် အဆီစားများသူတွေဟာ ဝိတ်ချရခက်ခဲသူများ ဖြစ်လာပါတယ်။ ပိုဆိုးတာက ဝိတ်ကျရင်တောင် ဒီပြောင်းလဲမှုက ကြာရှည်ခံနေတာ ဖြစ်တယ်။

နောက်တွေ့တာတခုက လေ့ကျင့်ခန်းလုပ်ပါဆိုလို့ လုပ်ပါတယ်။ အလွယ်ဆုံးနဲ့ အသက်သာဆုံးနည်းဖြစ်တဲ့ လမ်းလျှောက်ကြတယ်။ ကောင်းပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက်လျှောက်သလားဆိုတော့လည်း မလျှောက်ပါဘူး။ တပတ်(သို့) တလလောက်နေတော့ နားလိုက်တယ်။ ပိုဆိုးတာက လမ်းလျှောက်ပြီးအပြန် မနက်စာတောင် ဝင်စားသေးတယ်။ စားတော့လည်း အဆီများတဲ့ ဆီကြော်စာ၊မုန့်တီစတာတွေမှ ရွေးစားကြတယ်။ ဒီလိုအစားအသောက်တွေကနေ ကယ်လိုရီ(၃၀၀-၅၀၀) ကြားဝင်သွားတာ သတိမပြုမိကြဘူး။ အဲဒါက ဘာကိုပြလဲဆိုတော့ ကယ်လိုရီရဲ့ သဘောတရားတွေကို မသိသေးဘူး။ စနစ်တကျဝိတ်မချတတ်သေးဘူး ဆိုတာ ရှင်းပါတယ်။

ဝိတ်ကျဖို့ ဘယ်လေ့ကျင့်ခန်းတွေကောင်းလဲ။ ကယ်လိုရီ(၁၀၀)ကုန်ဖို့ ဘယ်လေ့ကျင့်ခန်းကို ဘယ်လောက်လုပ်ရင် ရမလဲ သိထားသင့်တယ်။ ဥပမာ နာရီဝက်လမ်းလျှောက်တိုင်း ကယ်လိုရီ(၁၀၀)ကုန်တယ်။ ၁၅မိနစ်လောက် ပြေးရင် ကယ်လိုရီ(၁၀၀)ကုန်တယ်။ ဒါတွေသိရမယ်။ ဝိတ်ကျဖို့ ကယ်လိုရီများများဖြုန်းတဲ့ လေ့ကျင့်ခန်းသာ အကောင်းဆုံးပါ။ ပင်ပင်ပန်းပန်းလုပ်ရတဲ့ လေ့ကျင့်ခန်းမျိုးက မြန်မြန်ကျတဲ့ လေ့ကျင့်ခန်းလို့ ယေဘုယျမှတ်ပါ။ ဗိုက်အဆီပြင်များသူတွေအတွက် အိပ်ထမတင် လေ့ကျင့်ခန်းမျိုး လိုပါတယ်။ ဒါဆိုလေ့ကျင့်ခန်းမလုပ်ချင်သူများအတွက် နည်းမရှိဘူးလား။ အဆီစုပ်တာ၊အဆီချေတာမျိုးတွေ တချို့လုပ်ကြတယ်။ ဒါပေမယ့် သေချာတယ်။သိပ်ကြာကြာမခံပါဘူး။ဘာကြောင့်လဲဆိုတော့ ဝိတ်မြန်မြန်ကျသူဟာ ဝိတ်မြန်မြန်တက်ဖို့ အခွင့်အလန်းပ်ိုများလို့ဖြစ်တယ်။ နောက်ပြီး နေထိုင်စားသောက်ပုံကို မပြုပြင်သရွေ့ ရေရှည်ဝိတ်ကျဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာပါ။

ဝိတ်ချရတာ အပြောလွယ်သလောက် တကယ်လုပ်တဲ့အခါ ခက်ခဲပါတယ်။ ဝိတ်ကျချင်ပါတယ် စိတ်ထဲကအော်နေရုံနဲ့တော့ မရဘူး။ လက်တွေ့လုပ်ဆောင်မှုက အရေးကြီးတယ်။ နည်းနည်းလောက် ဝိတ်ကျသွားပြီဆိုတိုင်း မပြီးသေးဘူး။ ဆက်လုပ်ရမှာတွေ ရှိသေးတယ်။ ထူးထူးခြားခြား သိသိသာသာ ပိန်ဖို့ အနည်းဆုံး အချိန် (၃)လလောက်လိုအပ်တယ်။ ပိန်ပြီဆိုတိုင်း ဝမ်းမသာပါနဲ့ဦး။ ပိန်ပြီး တနှစ်လောက်ထိ ဝိတ်ထိန်းနိုင်မှ တကယ်စိတ်ချရတယ်။ တကယ်တော့ ဝိတ်ချတယ်၊ဝိတ်ထိန်းတယ် ဆိုတာ အဆက်မပြတ်လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုမျိုး ဖြစ်တယ်။ မြန်မာတွေ ပိန်ဖို့၊ ဝိတ်ကျဖို့ဆိုရင် အထက်မှာဖော်ပြထားတဲ့ အချက်တွေကို သတိထားပြုပြင်ဖို့ လိုအပ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၂၀.၈.၁၆

ကျန်းမာသော နေထိုင်စားသောက်မှု အတွက်အခြေခံသိသင့်သော ကယ်လိုရီ၊ လှုပ်ရှားမှုနှင့် လောင်ကျွမ်းမှုများ
--------------------------------------------------------------

လှုပ်ရှားမှု / မိနစ် ၃၀ အတွင်း လောင်ကျွမ်းသွားသော ကယ်လိုရီ Kcal

- လေ့ကျင့်ခန်း -

1) ထိုင်ထ / 411 Kcal
2) ရေကူး / 375 Kcal
3) ကြိုးခုန် / 333
4) ဘောလုံး / 321
5) ဘတ်စကတ်ဘော / 273
6) တစ်နာရီ 12မိုင်နှုန်း စက်ဘီးစီး / 273
7) တစ်နာရီ 5မိုင်နှုန်း ပြေးခုန် / 273
8) တင်းနစ်၊ထွေပစ်၊အားကစား / 273
9) အေရိုးဗစ်အက / 258
10) ကြက်တောင်ရိုက် / 153
11) ဂေါက်သီး / 153
12) စားပွဲတင်တင်းနစ် / 138 Kcal
13) ယောဂကျင့်စဉ် / 117
14) ဘိုးလင်းပစ် / 102

-နေ့စဉ်လှုပ်ရှားမှု-

a) လှေကားတက် / 273
b) ခြံစိုက်ပေါင်းသင်/ 153
c) တစ်နာရီ 3မိုင်နှုန်း လမ်းလျှောက် / 120
d) တံမြက်စည်းလှည်း / 84
e) ပေါ့ပါးသောအလုပ် / 69
f) ထိုင်ခြင်း / 60
g) အိပ်ခြင်း / 33 Kcal

အစားအသောက်တွင် ပါဝင်သော ကယ်လိုရီ%
-----------------------------------------------------------

အစားအသောက် / ပါဝင်သော ကယ်လိုရီ

1) ထမင်း ၁ပန်းကန်လုံး (6ဇွန်း) / 187.5 Kcal
2) ထမင်း ၁ပန်းကန်ပြား (9ဇွန်း) / 275
3) ကြက်သားဒံပေါက် (13ဇွန်း) / 708
4) ။ ။ (9ဇွန်း) / 525
5) ကြက်သားခေါက်ဆွဲကြော် (14ဇွန်း) / 594
6) ။ ။ (9ဇွန်း) / 396
7) ပဲပြုတ်ထမင်းဆီဆမ်း (9ဇွန်း) / 435
8) ပဲပြုတ်ထမင်းကြော် (9ဇွန်း) / 426
9) ထမင်းပေါင်း ၁ပွဲ (12ဇွန်း) / 475
10) တို့ဟူးသုပ် ၁ပွဲ / 195
11) ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး အစုံသုပ် ၁ပွဲ / 373
12) နန်းကြီးသုပ် ၁ပွဲ / 735
13) ရှမ်းခေါက်ဆွဲ ၁ပွဲ / 747
14) မုန့်ဟင်းခါး ၁ပွဲ / 268.5
15) အုန်းနို့ခေါက်ဆွဲ ၁ပွဲ / 466
16) ရခိုင်မုန့်တီ ၁ပွဲ / 126.5
17) ကြက်သား ဆီချက်ခေါက်ဆွဲ ၁ပွဲ / 475
18) ကြေးအိုး ၁ပွဲ ကြက်သား / 1588 Kcal
19) ။ ။ ၁ပန်းကန်လုံး / 553
20) ဘယာကြော်၁ခု / 194
21) စမူဆာ ၃ခု / 91
22) ဘူးသီးကြော် ၁ခု / 70
23) ကော်ပြန့်စိမ်း / 76
24) ကော်ပြန့်ကြော် / 200
25) ပေါင်မုန့် ၂ချပ် / 150
26) ။ ထောပတ်သုပ် ၁ချပ် / 119
27) ကိတ်မုန့် ၁ချပ် / 118
28) ကြက်သား ဟမ်ဘာဂါ / 580
29) ဒိုးနတ် ၁ခု / 210.5
30) ချိစ် ဆန်းဒွစ်(ခ်ျ)/ 130
31) နံပြား ၁ချပ် / 226
32) ဝက်သားပေါက်စီ ၁လုံး / 340
33) ပဲပလာတာ ၁ချပ် / 377
34) အီကြာကွေး ၁ / 314
35) ဆီထမင်း ပန်းကန်ပြားသေး ၁ / 187
36) ပဲပြုတ်ကောက်ညှင်းပေါင်း သေး ၁ / 217
37) မုန့်ကျွဲသဲ / 56
38) ထန်းသီးမုန့် / 120
39) မုန့်လင်မယား / 73
40) ဘိန်းမုန့် / 286.4
41) သာကူ မုန့်ဖက်ထုပ် / 121
42) အာလူးကြော် ၂၀ခု / 177.5
43) ငါးမုန့်ကြော် ၃ခု / 140
44) ကြက်ဥကြော် ၁ / 129
45) ကြက်ဥပြုတ် ၁ / 80
46) ပြောင်းဖူးပြုတ် ၁ / 350
47) ဂေါ်ရခါးသီးပြုတ် ၁ / 27
48) ရုံပတီသီး + ပုဇွန်ခြောက်ကြော် / 130
49) ကန်စွန်းရွက်ကြော် ၃ ဇွန်း / 41.2
50) ကြက်သား + ဘူးသီး / 95
51) ခရမ်းသီး + ပုဇွန်ခြောက် / 156 Kcal
52) ငှက်ပျောသီး သီးမွှေး / 140
53) စပ်စ္သီး / 83
54) နာနတ်သီး ၁ပန်းကန်လုံး / 75
55) ဖရဲသီး ၁ပန်းကန်လုံး / 38
56) သရက်သီးမှည့် ၁ပန်းကန်လုံး / 128
57) သင်္ဘောသီး ၁ပန်းကန်လုံး / 63
58) ကျွဲကောသီး ၁ပန်းကန်လုံး / 40
59) လက်ဖက်သုပ် ၁ပွဲ / 467
60) ။ ။ ၁ဇွန်း / 78
61) ဂျင်းသုပ် ၁ပွဲ / 512
62) ခရမ်းချဉ်သီးသုပ် ၁ပွဲ / 117
63) ငါးဖယ်သုပ် ၁ပွဲ / 130
64) ငါးကြင်းကြော် / 116
65) ငါးလေးဟင်း / 180
66) ဘဲဥဟင်း / 125
67) ပုဇွန်ဟင်း / 98
68) ဝက်သားဟင်း / 202
69) ကြက်သားဟင်း / 216

70) နို့ ၁ဖန်ခွက် / 168
71) ကော်ဖီ ၁ခွက် / 84
72) ကိုလာ ၁ဗူး / 103
73) လိမ္မော်ရည် ၁ခွက် / 115
74) စတော်ဘယ်ရီယို ၁ဇွန်း / 23.2
75) ထောပတ် ၁ ဇွန်း / 76 Kcal

(နံနက္စာ)
a) ကော်ဖီ+ပေါင်မုန့်ကြက်ဥကြော် / 393 Kcal
b) ကော်ဖီ+ပေါင်မုန့်ထောပတ်သုပ် / 452
c) ကော်ဖီ+ပဲပြုတ်ထမင်းကြော် / 511
d) ကော်ဖီ+ပဲပြုတ်ထမင်းဆီဆမ်း / 519
e) ကော်ဖီ+မုန့်ဟင်းခါး / 353
f) ကော်ဖီ+အုန်းနို့ခေါက်ဆွဲ / 550

(နေ့လည်စာ)
• ထမင်း+ဝက်သားဟင်း+ ကန်စွန်းရွက်ကြော်+သီးစုံ ချဉ်ရည်ဟင်း +သရက်သီးမှည့် / 725
• ထမင်း+ကြက်သားဟင်း+ပဲသီးKcalကြော်+ချဉ်ပေါင်ဟင်း+ဖရဲသီး / 706 Kcal
• ထမင်း+ငါးဖယ်သုပ် +ဗူးညွန့်ကြော်ချက် +ပဲကြီးဆူးပုတ်ဟင်း +စပျစ်သီး / 654 Kcal

မူးရင်းရေးသားသာအား လေးစားလျှက်💪

ဝိတ်ကျပြီး၊ အသားကျစ်ချင်သူများ ယေဘူယျ ရှောင်ကျဥ်သင့်တဲ့ အစားအစာများ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~🚫ဆီ၊ အဆီ၊ ချိုလွန်း၊...
16/05/2022

ဝိတ်ကျပြီး၊ အသားကျစ်ချင်သူများ ယေဘူယျ ရှောင်ကျဥ်သင့်တဲ့ အစားအစာများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🚫ဆီ၊ အဆီ၊ ချိုလွန်း၊ ငံလွန်း သည်များ အဓိကရှောင်ရန်

🚫 Gas ပါသော ယမကာများ၊ အချိုရည်များ

- Beer အမျိုးမျိုး
- ယမကာ အမျိုးမျိုး
- Gas ပါသောအချိုရည် အမျိုးမျိုး
- အရသာရှိအောင်ပြုပြင်ထားသော အသီးဖျော်ရည်အမျိုးမျိုး

🚫 လက်သုပ်အစားအစာများ

- ဆီ၊ အသားဆီ၊ ဟင်းခတ်အမွှေးအကြိုင် စသဖြင့် အမျိုးအစား ၃မျိုး ၄မျိုးပေါင်းစပ်ပြုလုပ်ထားသော လက်သုပ်အစားအစာ အမျိုးမျိုး

🚫 Readymade အစားအစာများ

- အသားသွတ်ဘူးအမျိုးမျိုး
- အသင့်စားအကြော်အလှော်များ
- အသားသွတ်အူအမျိုးမျိုး

🚫 အဆီ၊ ဆီကြော်စာများ

- အသားကြော်အမျိုးမျိုး
- ထမင်းကြော်
- အသား အဆီအမျိုးမျိုး

🚫 ဟင်းအနှစ်များ

- အရသာရှိအောင်ချက်ပြုတ်ထားသော ဟင်းအနှစ်များ

×××××××××××××××××××®××××××××××××××××××

ဝိတ်ကျပြီး၊ အသားကျစ်ချင်သူများ ယေဘူယျ စားသောက်သင့်တဲ့ အစားအစာများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

✔ပဲ တစ်မျိုးမျိုးထည့်စားရန်

✔အရွက်များများစားရန် ( ပြုတ် or ဆီအလွန်နည်းပြီး ရည်များများနဲ့ ကြော်ရန်)

✔အသားများများစားရန် ( ပြုတ် or ဆီအလွန်နည်းပြီး အိုးကင်းပူတိုက်ရန်)

✔ဥ အပြုတ် များများစားရန် (ဥ အနှစ်မပါ)

✔ နွားနို့၊ ဆိတ်နို့ စသဖြင့် တမျိုးမျိုးသောက်ရန်( အဆီထုတ်ပြီး)

✔ တို့စား၊ အစိမ်းစားလို့ ရသည့်အသီးအနှံများစားရန်( သခွားသီး၊ ခါကြက်ဥ စသဖြင့်)

✔အသီးဖျော်ရည်များကို မပြုပြင်ဘဲ သဘာဝအတိုင်းသောက်ရန်( ချိုလွန်းသောအသီးများရှောင်ရန်)

✔ ထမင်းဖြူအတိုင်း အနည်းငယ်သာစားရန်( ထမင်းကြော်၊ ထမင်းပေါင်း၊ ထမင်းသုပ် စသဖြင့် ရှောင်ရန်)

✔ အစေ့အစံ အနည်းငယ်စားရန်

✅ အနပ်တိုင်းတွင် အထက်ပါအစားအသောက်များအားလုံးပါဝင်ရမည် မဆိုလိုပါ။ သင့်တင့်သလို တွဲစားနိုင်ပါသည်။

✅ စားသောက်သမျှအရာတိုင်း သန့်ရှင်းလက်ဆက်နေစေရန် ပဓါနကျပါသည်။

Linn Taryar (7.5.2022)

13/05/2022

လူကြီးမင်းတို့ အနေဖြင့်

Weight lossလား
Weight gainလား
Muscle gainလား
body အချိုးအစားလှချင်လို့လား
အဆီချချင်လိူ့ဘဲဖြစ်ဖြစ် ကျန်းမားရေးလိုက်စားချင်လို့ဘဲဖစ်ဖြစ်
Victory Fitness Club ကိုသာလှမ်းခဲ့လိုက်ပါဗျ။
Victory Fitness Clubကနေလူကြီးမင်းတိူ့ကို ကြိုဆိုနေပါတယ်ဗျ။

Member Fees

1day (3000)
1month (60000)
3month (171000)
6month (324000)
1year (612000)

Victory Fitness Club💪💪💪

13.5.2022
ညနေပိုင်း

Address

No, 548, Nant Thar Phyu Street, Mawlamyinegyun
Ayeyarwaddy Division

Telephone

+959255299533

Website

Alerts

Be the first to know and let us send you an email when Victory Fitness Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share