Up To Date Manchester United News

Up To Date  Manchester United News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Up To Date Manchester United News, Professional Sports Team, Vientiane, Lao.

Diogo Dalot အနေနဲ့ယူနိုက်တက်နဲ့ ရေရှည်စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်နေတာကိုမနေ့ကအင်တာဗျူးမှာအတည်ပြုခဲ့ပါတယ်။"ကျွန...
10/01/2023

Diogo Dalot အနေနဲ့ယူနိုက်တက်နဲ့ ရေရှည်စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေပြုလုပ်နေတာကိုမနေ့ကအင်တာဗျူးမှာအတည်ပြုခဲ့ပါတယ်။

"ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်၊ တွေ့ဆုံပြီးပွင့် ပွင့်လင်းလင်းပြောဆိုနေတာတွေက အကောင်းဘက်သို့ဦးတည်လျှက်ရှိပါတယ်။ "ဒီမှာနေရတာပျော်ပါတယ်။ဘာ လျှို့ဝှက်ချက်မှမရှိပါဘူး။ ကျွန်တော်ယူနိုက်တက်ကို ချစ်ပါတယ်"


ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မှီ ပြုလုပ်ခဲ့သော ထရိန်နင်မှ ယူနိုက်တက်ကစားသမားများ၏ ပုံရိပ်အချို့ 🔴
10/01/2023

ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်မှီ ပြုလုပ်ခဲ့သော ထရိန်နင်မှ ယူနိုက်တက်ကစားသမားများ၏ ပုံရိပ်အချို့ 🔴

အန်တိုနီကနောက်ပိုင်းပွဲတွေဘာတွေလုပ်လို့လုပ်မှန်းမသိဘူး။ ခြေယောင်ပြတယ်၊ နောက်ပြန်ပေးတယ်။ ရှေ့ပေးလဲတလွဲ၊ အလကားကွင်းထဲလူပို...
10/01/2023

အန်တိုနီကနောက်ပိုင်းပွဲတွေဘာတွေလုပ်လို့လုပ်မှန်းမသိဘူး။ ခြေယောင်ပြတယ်၊ နောက်ပြန်ပေးတယ်။ ရှေ့ပေးလဲတလွဲ၊ အလကားကွင်းထဲလူပိုပါ။ ဆိုတဲ့ဝေဖန်သံတွေကိုမြင်နေကြားနေရပြီး ကိုယ် တိုင်ကပြန်လည်ချေပဖို့ အကြောင်းရာရှာမတွေ့ခဲ့။
ဒါပေမယ့် ယုံကြည်မူတွေပြန်ရပြီးဂိုးတွေပြန်သွင်း လာမယ့် အမှန်တရားတခုကတော့အမြဲလည်ပတ်နေ ဆဲ။ ကစားသမားဘဝတိုင်းမှာ ခြေစွမ်းအတက်ကျကတော့ ပုံမှန်ပါဖြစ်သလို အန်တိုနီရဲ့အခုလက်ရှိ ခြေစွမ်းကလဲအသင်းတွက်အားထားလောက်စရာ မဟုတ်သေးပေမယ့် သူ့ဆီမှာဘယ်နေ့မှန်းမသိတဲ့ ယုံကြည်မူတွေပြန်မြင်နေရတယ်။
နည်းပြတန်ဟတ်ရဲ့လက်အောက်မှာကစားသမား ဖြစ်နေတော့ ပိုပြီးတောင်မစိုးရိမ်ပါဘူး။အသက် (၂၂)နှစ်အရွယ်ကစားသမားတယောက်၊ ဖခင်တ ယောက်၊ မိသားစုတခုလုံးကိုထောက်ပံ့ပေးနေသူတ ယောက်။ ဒါတွေကိုအကောင်းဆုံးကျော်ဖြတ်ပြီး ယုံကြည်မူတွေပြန်ရကာ ကွင်းထဲမှာအသင်းကိုဒီထက်ပိုအကျိုးပြုနိုင်ပါစေအန်တိုနီရယ်...
ယူရိုသန်း ၁၀၀ ကတော့ ကော်ဖီ 3 in 1 ဝယ်သောက်လိုက်ကတည်းကတန်သွားပါပြီ။

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမားကြီး တဦး ဖြစ်သူ လီဘော့ဖ်က သူ့ရဲ့ အသင်းဟောင်းဟာ...
10/01/2023

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမားကြီး တဦး ဖြစ်သူ လီဘော့ဖ်က သူ့ရဲ့ အသင်းဟောင်းဟာ လက်ရှိ အသင်းနည်းပြ အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်သင့်ပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။အထူးသဖြင့် ချယ်လ်ဆီးက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့သလို ၁ပွဲသရေ ၆ပွဲ အထိ ရှုံးနိမ့်ထားပြီး အက်ဖ်အေဖလားနဲ့ ကားလင်းဖလားတို့လို ပြိုင်ပွဲတွေကနေပါ ထွက်ခွာခဲ့ရပါတယ်။ ချယ်လ်ဆီးကတော့ ပေါ်တာကို ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားတာကြောင့် ရာထူးကနေ ထုတ်ပယ်ဖို့ မစဉ်းစားသေးပေမယ့် ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမားကြီး တဦး ဖြစ်သူ လီဘော့ဖ်က ချယ်လ်ဆီးဟာ ပေါ်တာကို ထုတ်ပယ်သင့်နေပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ယနေ့ည တွင် ယှည်ပြိုင်ကစားမည့် မန်ယူနိုက်တက် ရီဒင်း ပွဲစဉ်အားခန့်မှန်းပြီး    မေးခွန်း (၃)ခု ဖြေဆိုယုံဖြင့်ငွေကျပ် (5000)...
10/01/2023

ယနေ့ည တွင် ယှည်ပြိုင်ကစားမည့် မန်ယူနိုက်တက် ရီဒင်း ပွဲစဉ်အားခန့်မှန်းပြီး


မေးခွန်း (၃)ခု ဖြေဆိုယုံဖြင့်

ငွေကျပ် (5000)ကျပ် ရယူလိုက်ပါနော်။

မေးခွန်း ၁ခု မှန်ယုံဖြင့် ဆုငွေ ၁၀၀၀ချီးမြှင့်ပေးပါမည်။

မေးခွန်း၁။ ။ ပထမဆုံး စသွင်းမည့် ကစားသမား

မေးခွန်း၂။ ။ ပထမဆုံး အဝါကဒ် ထိမည့် ကစားသမား

မေးခွန်း၃။ ။ပွဲပြီး ရလဒ်တို့ဖြစ်ပါတယ်ရှင့်။

စည်းကမ်းချက်အနေနဲ့ pageအား Like and Follow လုပ်ထားပေးရပါမည်

ယခုပိုစ့်အား Groupတခုခုအား ဝေမျှထားသော ssနှင့်တကွ မန့်ပေးရပါမည်။

အဖြေမှန်သူတိုင်းအား ဆုချီးမြှင့်ပါမည်။

အကောင့်တစ်ခုအား တကြိမ်သာ မန့်ခွင့်ရှိမည် ပြန်ပြင်ရျှ မရပါ ။
ကျေးဇူးတင်ပါတယ် ခင်များ💜

OFFICIAL: Man United သည် FA ဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် အိမ်ကွင်း Old Trafford တွင် Reading အသင်းအား ယှဥ်ပြိုင်ကစားသွား...
10/01/2023

OFFICIAL: Man United သည် FA ဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် အိမ်ကွင်း Old Trafford တွင် Reading အသင်းအား ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။

[News] ယူနိုက်တက်အသင်းသည် ကစားသမားများအား တစ်ပါတ်လုပ်ခ ပေါင် ၂ သိန်းထိသာ အများဆုံးပေးမည့် စနစ်အား စတင်ကျင့်သုံးသွားမည်ဖြ...
10/01/2023

[News]

ယူနိုက်တက်အသင်းသည် ကစားသမားများအား တစ်ပါတ်လုပ်ခ ပေါင် ၂ သိန်းထိသာ အများဆုံးပေးမည့် စနစ်အား စတင်ကျင့်သုံးသွားမည်ဖြစ်သည်။

အသင်းဖော်များထက် အဆမတန်များပြားသည့် လခရရှိနေသော ကစားသမားမရှိရန်နှင့်အတူ အဝတ်လဲခန်းတွင်းရှိ ကစားသမားများအချင်းချင်း မနာလိုစိတ်နှင့် စိတ်ဝမ်းကွဲမှုများ မရှိစေရန်အလို့ငှါ အဆိုပါစနစ်ကို မိတ်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အသင်းမှစီနီယာကစားသမားများဖြစ်သည့် Raphael Varane, Harry Maguire, Casemiro နှင့် Fernandes တို့သည်လည်း ချန်ပီယံလိဂ်ဝင်ခွင့်သာမရပါက ၄င်းတို့၏ အခြေခံလစာသည် တစ်ပါတ်ပေါင် ၁သိန်း၈သောင်းမှ ၂သိန်းထိသာ ရှိမည်ဖြစ်သည်။

အဆိုပါစနစ်ကို Richard Arnold မှ အဆိုပြုခဲ့ပြီး Erik ten Hag သည်လည်း ထောက်ခံခဲ့ကြောင်းသိရသည်။

[Mail]

(မှတ်ချက်- အသင်းရဲ့ အဆမတန်ဖောင်းပွနေတဲ့ အခြေခံလစာတွေကို ထိန်းချုပ်ဖို့ရည်ရွယ်လိုခြင်းဖြစ်နိုင်ပါတယ်၊
စွမ်းဆောင်ရည်အပိုဆုကြေး၊ အသင်းအောင်မြင်မှုအပိုဆုကြေး၊ သွင်းဂိုး၊ တစ်ဦးချင်းအောင်မြင်မှု အစရှိတာတွေပေါ်မူတည်ပြီး လစာကို တိုးပေးသွားမယ်လို့ယူဆရပါတယ်၊
အသင်းမှာ ခြေစွမ်းမပြနိုင်ပဲ တစ်ပါတ်ပေါင် ၃ သိန်းကျော်လောက် ယူနေတာမျိုးကိုလည်း တားဆီးပြီးသားဖြစ်လာမှာပါ)

10/01/2023

(NEW)[Transfer]

ယူနိုက်တက်အသင်းသည် နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူး Wout Weghorst အား ရာသီကုန်ထိ အငှါးဖြင့်ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်စစ်မှူးသည် လက်ရှိတွင် Besiktas အသင်းတွင် ကစားလျှက်ရှိကာ ယူနိုက်တက်၏ ကမ်းလှမ်းမှုကို ၄င်းအနေဖြင့် ငြင်းပယ်သွားမည်မဟုတ်ဟုလည်း သိရသည်။

[Santi_J_FM]

Address

Vientiane
Lao

Telephone

+8562099411853

Website

Alerts

Be the first to know and let us send you an email when Up To Date Manchester United News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share