2026/09/09
အလုပ်ကအပြန်အပျင်းပြေလေး စားမြုံပြန်ဦးမယ်
Kyushu ကနေ Tokyo ကိုရောက်လာချိန်မှာ ဘောလုံးကန်ချင်လွန်းလို့အသင်းလိုက်ရှာရင်း ကိုတင့်ထူးကခေါ်ပေးလို့ New Force နဲ့ Joined ဖြစ်ခဲ့တယ် အဲ့အချိန် အသင်းမှာ ဖူဆယ်ပလေးစောက်ရမ်းကောင်းတဲ့ မောင်သန့်ရှိသလို အသင်းကို ထိန်းပေးနိုင်တဲ့ ကိုရာဇာရယ် skills ကျွတ်ထနေအောင်ကောင်းတဲ့ ကိုဘုန်းခေါ် ကိုကျားကြီး စိုင်းဘို ထက်လင်းနဲ့ ကိုလင်းထူး အမွှာညီအကို skill ကောင်းသလောက်အာကျယ်တဲ့ဖြိုးကို အောင်မျိုးစက်နဲ့ကျန်တဲ့ဝါသနာအရဝင်ကစားနေကြတဲ့ညီအကိုတွေ အတူကစားခဲ့ကြတယ် ပြိုင်ပွဲအနည်းငယ်ပဲအတူကစားခဲ့သေးတဉ် မောင်သန့်က Sakra ရောက်သွားသလို ကိုရာဇာကို အသင်းကထွက်ပြီး အသင်းတိုင်းမှာ ဝင်ကစားပေးနေပြီ ကိုကျားကြီးက အနားယူသွားတယ် တစ်ချို့ညီအကိုတွေက နယ်တွေပြောင်းပြီး အသင်းမှာ ပကတိကျန်ခဲ့တာဆိုလို ထက်လင်း စိုင်းဘို မြတ်နိုးနဲ့ က်ုတင့်ပဲရှိတယ် နောက် TTFN အသင်းကနေ ကိုစိုးကြီး မျိုးချစ်နဲ့ သန်းတိုးအောင်ရောက်လာတယ်
ပြိုင်ပွဲတိုင်းကို မြတ်နိုး စိုင်းဘို ထက်လင်း မျိုးချစ် အမာခံလေးရောက်နဲ့ လတိုင်းနိီးပါးဝင်ပြိုင်ခဲ့ရတယ် နိုင်ပွဲမရပဲအုပ်စုအဆင့်က ပြန်ခဲ့ရတဲ့လတွေတောင်ရှိခဲ့တယ်
နောက် နေမင်းခန့်နဲ့ ရာဇာအောင်နဲ့အတူ ကစားနိုင်တဲ့ညီတွေရောက်လာတော့အသင်းက မာကျောတဲ့အဆင့်ရောက်လာပြီး GP stage ကိုလတိုင်းကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဆုဖလားစိန်ခေါ်နိုင်တဲ့အဆင့်ထိမရောက်နိုင်သေးဘူး
တိုကျိုက မြန်မာတစ်ရောက်နဲ့မှ မခင်သေးတဲ့မသိသေးတဲ့တော်တော်ကစားနိုင်တဲ့တိုင်းရင်းသားညီလေး KST ရောက်လာတော့ အသင်းက အတက်ဘက်ကိုဦးတည်လာခဲ့တယ် နောက် မင်းဝေကျော်နဲ့ TikTok ကနေ သိလာတဲ့ ညီလေးထက်လင်းပါရောက်လာချိန်မှာ အသင်းက ဆုဖလားစိန်ခေါ်လာနိုင်ပြီ
အများက ကစားရခက်တဲ့အသင်းတစ်သင်းအဖြစ်မြင်လာကြပြီ ခွန်းရှင်းသန့်အမြဲပြောပြောနေတဲ့ League 2 သူ့သူငယ်ချင်းလာတော့မယ်ဆိုတော့ သူလာမယ့်အချိန်မှာ ဆုဖလားရအောင်ယူနိုင်တော့မယ်ဆိုတာ အလိုလိုသိလာပြီ
သက်နိုင် ရန်ပိုင် အတွဲနဲ့ခင်မင်လာရတော့ သူတို့အသင်းနဲ့နားချိန် NF မှာကစား NF နားချိန်မှာ မင်းဝေနဲ့ ထက်လင်းက သူတို့မှာကစားကြဖို့တိုင်ပင်ပြီး ပြိုင်ပွဲဝင်ခဲ့တယ် ပထမလ ဒုတိယဆု ဒုတိယလမှာ ကိုတင့်နဲ့အတူအသင်းသားတိုင်းအရမ်းလိုချင်နေခဲ့တဲ့ ဆုဖလားကို တိုကျိုက အသင်းကောင်းတိုင်းကို ကျော်ဖြတ်ပြီးရခဲ့တယ်
ဒါတွေဘာလို့ပြန်ပြောနေရသလဲဆိုရင် အသင်းတစ်သင်းရေရည်ရပ်တည်နိုင်ဖို့ အမြဲအထောက်အပံ့ပေးတဲ့ ကိုတင့်လိုလူကိုလိုအပ်သလို ကျရှုံးမူ့တွေကြားထဲက မပြိုမလဲအသင်းနဲ့အတူရပ်တည်လာခဲ့ကြတဲ့ လူဟောင်းတွေလည်းအရေးပါခဲ့တယ် အခုလို အသင်းက တိုးတက်လာချိန်မှာလူအင်အားတောင့်နေပြီးသားအသင်းကြီးတွေကတစ်ဦးပြီးတစ်ဦးခေါ်သွားကြတယ် တစ်ခုမေးချင်တာက မင်းတို့က အနိုင်ကိုပဲလိုချင်ကြတာလား ကောင်းမွန်တဲ့ပြိုင်ဘက်ကိုမလိုချင်ဘူးလား တိုကျိုမှာလတိုင်းပြ်ုင်ပွဲဝင်နေကြတယ်ဆိုတာက တော်လှန်ရေးအတွက်ဘယ်လိုပဲဦးတည်ပါတယ်ပြောပြော အသင်းတိုင်းကတော့ကောင်းကောင်းကန်းကန်းကစားချင်ကြတာပဲ အခုက အသင်းငယ်လေးတစ်သင်းက လူကောင်းတစ်ယောက်ပေါ်လာပြီဆို အမဲဖြတ်သလို အလုအယက်ခေါ်နေကြတာဘာသဘောလဲ အသင်းတိုင်းက Five Starsအသင်းကိုလေးစားကြတယ် respect ထားပြီးကစားကြတယ်ဆိုတာက သူတို့က ဘယ်သူ့အသင်းသားမှ ခေါ်မထားသလို ကန်ချင်ကြတဲ့သူတွေများတာတောင် သူတို့ဆိီမခေါ်ပဲ တစ်ခြားအသင်းတွေဆီသွားကြဖို့ညွန်ပေးတက်တဲ့ကောင်းမွန်တဲ့ Manners နဲ့ အသင်းတွင်းစည်းလုံးနေမူ့ ရှိကြလို့ပဲ ဒီတော့ကွာ မင်းတို့တွေ ရှိသမျှလူကောင်းတွေအကုန်ခေါ်ကန်လည်း ဖလားသာရမယ် အသင်းတိုင်းက လေးစားကြတဲ့ ရေရှည်ရပ်တည်နိုင်တဲ့အသင်းတစ်သင်းဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး ငါတို့ကတော့ ကျန်ရှိနေတဲ့အင်အားနဲ့ တော်လှန်ရေးမပြီးမချင်း မင်းတို့ကို စိတ်မကုန်မချင်း ပါဝင်နေကြရဦးမှာပဲ အေး ပြောချင်တာကတော့ကွာ အနိုင်သာရချင်ရမယ် Respect တော့ သေတောင်ရလာမှာမဟုတ်ဘူးဆိုတာပဲ