31/08/2026
⚽အားလုံးအတူတူပဲ ပါဝင်အားဖြည့်ကူပေး🙏အသေးဆုံးပြည်နယ် စစ်ဘေးရှောင်ပြည်သူအများဆုံး နေ့စဉ်✈️မပြတ်ကြုံတွေ့နေရ ဆက်လက်ပြီးပါဝင်ပေး မေတ္တာရပ်ခံ🙏💪
Karenni IDP Charity Cup🏆
(27.9.2026)
ရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖိတ်ခေါ်လွှာ
ချစ်ခင်လေးစားရပါသော ဂျပန်ရောက်ဘောလုံးဝါသနာရှင် ညီအစ်ကိုမောင်နှမများခင်ဗျား...
ကျွန်တော်တို့၏ Karenni FC နှင့် MJFF တို့မှ ဦးစီးကျင်းပပြုလုပ်မည့် "ရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲ" သို့ ပါဝင်ယှဉ်ပြိုင်ကြရန် အသင်းအသီးသီးမှ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်များကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
ပြိုင်ပွဲကျင်းပမည့် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ကျင်းပမည့်နေ့ရက်: 27.9.2026 (တနင်္ဂနွေနေ့)
အချိန်: မနက် 8:30 မှ ည 10:00 နာရီအထိ
နေရာ: Z futsal Shin Misato ( 1 Chome-121 Uneme, Misato, Saitama 341-0011
အသင်းဝင်ကြေး: 30,000 (တစ်အသင်း)
ကစားသမားဦးရေ: တစ်အသင်းလျှင် အများဆုံး (၁၁) ယောက်
အသိပေးချက်:
ယခုပြိုင်ပွဲသည် ရန်ပုံငွေပွဲ ဖြစ်သည့်အတွက် ဆုကြေးငွေ သီးသန့် ပေးအပ်မည် မဟုတ်ပါ။ (ပြိုင်ပွဲမှ ရရှိလာသော အမြတ်ငွေအားလုံးကို စစ်ဘေးရှောင်နှင့်မြေပြင်အတွက်လှူဒါန်း သုံးစွဲသွားမည် ဖြစ်ပါသည်)။
ခေတ္တခဏ စိတ်လက်ပေါ့ပါးစွာဖြင့် ဘောလုံးကစားရင်း ကောင်းမှုကုသိုလ် ပရဟိတလည်းဖြစ်၊ မိမိတို့နိုင်ငံအတွက်လည်း တဖက်တလှမ်းမှ ပါဝင်နိုင်ကြဖို့ အသင်းများကို အမြန်ဆုံး စာရင်းပေးသွင်းကြရန် ဖိတ်ခေါ်လိုက်ရပါတယ်။ အသင်းအရေအတွက် ၅၃ သင်းသာ သတ်မှတ်ထားပါသည်။
အသင်းစာရင်းများကို ၉လပိုင်း ၆ ရက်နေ့ တနင်္ဂနွေနေ့ ( စနေည ၁၂ )ထိုးတာနဲ့ စတင်လက်ခံသွားပါမည်။ ကြိုတင်ပေးသော စာရင်းများကို ထည့်တွက်မည်မဟုတ်ပါ။
အသင်းစာရင်းများကို အောက်ဖော်ပြပါ page messenger တစ်ခုထဲကသာလျှင် လက်ခံသွားပါမည်ခင်ဗျာ။
https://www.facebook.com/share/191AaqC7D3/?mibextid=wwXIfr