Shizuoka Revolution Group.SRG

Shizuoka Revolution Group.SRG fighting to free

26/8 အတွက် SRG လစဉ် ထ/ပ …မှတ်တမ်းထဲက၁ခု အဖြစ် ..
22/08/2026

26/8 အတွက် SRG လစဉ် ထ/ပ …မှတ်တမ်းထဲက
၁ခု အဖြစ် ..

ကမ္ဘာကြီးကိုဒုက္ခပေးနေတာ တိရစ္ဆာန် တစ်ကောင်မှမပါဘူးအော်…လူတွေ ..လူတွေCartoon :credit  # # #
09/08/2026

ကမ္ဘာကြီးကိုဒုက္ခပေးနေတာ တိရစ္ဆာန် တစ်ကောင်မှမပါဘူး

အော်…လူတွေ ..လူတွေ

Cartoon :credit # # #

26/06/2026

🗻🛘⚠️Shizuoka မှာ အခုလေးတင်
ငလျင်လှုပ်သွားပါတယ်
မုန်တိုင်းလည်းရှိလို့ အားလုံးပဲ သတိရှိကြပါ
အန္တရာယ် အပေါင်းမှ ကင်းဝေးကြပါစေ.⚠️‼️‼️

20/06/2026

စိတ်ဝင်စား စရာပဲ🤔🤔

ရန်ကုန်မှာ ရန်တွေကုန်တဲ့တနေ့ ပြန်ဆုံမယ်လို့မျှော်လင့်ထားရင် ထောက်/ပို့ပေးလို့ရပါတယ်.. 💪💪💪💪💪 # # ်_ထောက်ပို့အဖွဲ့…Link ht...
17/06/2026

ရန်ကုန်မှာ ရန်တွေကုန်တဲ့တနေ့ ပြန်ဆုံမယ်လို့
မျှော်လင့်ထားရင် ထောက်/ပို့ပေးလို့ရပါတယ်..
💪💪💪💪💪
# # ်_ထောက်ပို့အဖွဲ့…
Link https://www.facebook.com/share/14i8jr1YAfL/?mibextid=wwXIfr

"ရန်ကုန် သားသ-တ်သမား" လို့.... နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ဗိုလ် စိန်လွင်ကို ... ၁၉၂၄ ခုနှစ် ၊ ဇန်နဝါရီ ၂၇ ရက်နေ့မှာမွန်ပြည...
14/06/2026

"ရန်ကုန် သားသ-တ်သမား" လို့.... နာမည်ဆိုးနဲ့ ကျော်ကြားတဲ့
ဗိုလ် စိန်လွင်ကို ... ၁၉၂၄ ခုနှစ် ၊ ဇန်နဝါရီ ၂၇ ရက်နေ့မှာ
မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ... ကော့ကရင်ရွာမှာ
မွေးပါတယ်...။

မိဘတွေကတော့... ဦးရွှေရင် ၊ ဒေါ်မမကြီး တို့ဖြစ်ပြီး
မွန်လူမျိုးတွေ ဖြစ်ပါတယ်...။

ကျောင်းပညာရေးအနေနဲ့ ဗိုလ်မှူးကြီး စိန်လွင်ဟာ...
၆ တန်းအထိသာ တက်ရောက်ခဲ့ဖူးသူပါ...။

အဲဒီနောက် .... သူ့အသက် (၁၈) နှစ်အရွယ်
၁၉၄၂ ခုနှစ်မှာ.... ဗမာ့လွတ်လပ်ရေးတပ်မတော် ၊ သထုံခရိုင်တပ်ထဲကို
ဝင်ပြီး အမှုထမ်းပါတယ်...။

အဲဒီနောက်.... ဗမာ့လွတ်လပ်ရေး တပ်မတော် ကို
ဗမာ့ကာကွယ်ရေး တပ်မတော် အဖြစ် .... ပြောင်းလဲဖွဲ့စည်းပြီး
၁၉၄၃ ခုနှစ်မှာ.... ၆ တန်းအောင် တပ်သား မောင်စိန်လွင်တစ်ယောက်
ဂျပန်ခေတ် ၊ မင်္ဂလာဒုံ ဗိုလ်သင်တန်း .... တတိယပတ်ကို
တက်ရောက်ခွင့်ရလိုက်ပါတယ်...။

ဒီလိုနဲ့ပဲ သူဟာ....ဗိုလ်သင်တန်းဆင်း အရာရှိဖြစ်လာခဲ့ပါတယ်..။

ဖက်ဆစ်တော်လှန်ရေးစတဲ့... ၁၉၄၅ ခုနှစ်မှာတော့
ဗိုလ်စိန်လွင်ဟာ .... တိုင်း (၂) မှာ တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းပြီး.... မြစ်ဝကျွန်းပေါ်ဒေသမှာ စစ်ရေးလှုပ်ရှားပါတယ်...။

လွတ်လပ်ရေးရပြီး ၁၉၄၈ မှာတော့...ပြန်တမ်းဝင် အရာရှိဖြစ်လာပြီး
တနင်္သါရီတိုင်း မင်းကြီးရဲ့ အပါးတော်မြဲအဖြစ်...
ဗိုလ်စိန်လွင်ဟာ.... ပြည်ထဲရေးဌာနနဲ့ တွဲဖက်ဆောက်ရွက်ခဲ့ပါတယ်...။

ပြီးတော့... ဗိုလ်စိန်လွင်ဟာ
သူ့ရဲ့ အထက်အရာရှိ ဒါမှမဟုတ် ....ဗိုလ်ချုပ်နေဝင်းရဲ့ ယုံကြည်မှုကို
ရဖို့ဆိုရင် ဘာမဆို လက်မရွံ့ဆောင်ရွက်တတ်သူအဖြစ်
နာမည်ကြီးပါတယ်...။

ဗိုလ်ချုပ်နေဝင်းရဲ့ ပစားပေးမှုကို ခံရမယ့်
ဗိုလ်စိန်လွင်ရဲ့ ပထမဆုံး အောင်ပွဲကတော့....
၁၉၅၀ ခုနှစ် ၊ အမှတ် (၃) ခြေလျင် တပ်ခွဲမှူး ဘဝနဲ့
KNU ဥက္ကဌ "စောဘဦးကြီး" ကို.... အ​ေ-သ ဖမ်းဆီးနိုင်ခဲ့မှုပဲ
ဖြစ်ပါတယ်...။

ဒီကိစ္စနဲ့ ပက်သက်ပြီး ...
ကြေးမှုံး ဦးသောင်းရဲ့ "ဘီလူးတို့ရွာ" ဆိုတဲ့ စာအုပ်မှာတော့
စောဘဦးကြီးတို့အဖွဲ့ဟာ.... လက်နက်ချကြပါလျက် နဲ့
သူတို့ကို ပစ်ခတ် သ-တ်ဖြတ်လိုက်ကြတယ်လို့ ရေးပါတယ်..။

ဒီလို ရက်စက်ပြီး လက်စလက်နရှိတဲ့
ဗိုလ်စိန်လွင်ကို.... ဗိုလ်ချုပ်နေဝင်းဟာ မျက်စိကျလာပြီး
လက်သပ်မွေးမြူခဲ့ပါတယ်...။

ဒါကြောင့်.... ဗိုလ်စိန်လွင်ဟာ
အမှတ် (၁) လေ့ကျင့်ရေးတပ် ဒု-တပ်ရင်းမှူး ၊ ဗိုလ်ချုပ်နေဝင်းရဲ့
မိခင်တပ်ရင်းဖြစ်တဲ့ အမှတ် (၄) သေနတ်ကိုင်တပ်ရင်း တပ်ရင်းမှူး ၊
အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး စသဖြင့်
ရာထူး အဆင့်ဆင့်တက်လာခဲ့ပါတယ်... ။

အဲဒီနောက် ၁၉၆၂ ခုနှစ် မှာ.... ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး
၄ လ အကြာ....အာဏာရှင်ဆန့်ကျင်ရေးသမိုင်းမှာ
ဆဲလ်ဗင်း ဂျူလိုင် အဖြစ် သမိုင်းတွင်မယ့်...
ကျောင်းသားအရေးအခင်းကြီး စပါတယ်...။

ဒီအရေးအခင်းမှာ.... ၆ တန်းအောင် ဗိုလ်စိန်လွင်က
ဂျာမနီကနေ အသစ်စက်စက် မှာယူထားတဲ့...
G3 ချေမှုန်းရေး ရိုင်ဖယ်တွေကို အသုံးပြုစေပြီး
တက္ကသိုလ် ကျောင်းသားတွေကို... စိန်ပြေနပြေ ပစ်ခတ် သ-တ်ဖြတ်ဖို့
အမိန့်ပေးခဲ့သူပါ....။

ဆဲလ်ဗင်းဂျူလိုင် အရေးအခင်းမှာ...
ကျောင်းသား (၁၅) ဦး ေ-သဆုံးပြီး ၊ (၂၇) ဦး ဒဏ်ရာရတယ်လို့
ဗိုလ်ချုပ်နေဝင်း စစ်အစိုးရက ....တိုင်းပြည်ကို လိမ်ညာပြီး
သတင်းထုတ်ပြန်ခဲ့ပါတယ်...။

ဒါပေမယ့်.... အဆိုပါ အရေးအခင်းဖြစ်စဥ် အနီးအနားမှာရှိနေကြပြီး
ကိုယ်တွေ့မြင်ခဲ့ကြရတဲ့.... သတင်းထောက် တင်မောင် တို့လို
သတင်းသမားတွေကတော့ ....တက္ကသိုလ်ကျောင်းသား (၁၀၀) ကျော်မက
ကျဆုံးတယ်လို့ ရေးသားကြပါတယ်...။

ယခုလို အာဏာရှင် ဗိုလ်ချုပ်နေဝင်း အလိုကျ....
တက္ကသိုလ်ကျောင်းသားတွေကို သ-တ်ဖြတ်ခဲ့မှုအတွက်
ဗိုလ်စိန်လွင်ဟာ အရှေ့ပိုင်းတိုင်း ဗျူဟာမှူး.... တိုင်းကြီးကြပ်ရေး ဥက္ကဌ...
အဲဒီနောက် ... အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး စသဖြင့်
ရာထူးတွေ အဆင့်ဆင့် တက်လာခဲ့ပါတယ်....။

ဗိုလ်စိန်လွင်ရဲ့ .... ကျောင်းသားပြည်သူတွေအပေါ်
လက်မရွံ့ ကျူးလွန် သ-တ်ဖြတ်မှုတွေက ....
ဒီမှာတင် ရပ်တန့်နေသေးတာ မဟုတ်ပါဘူး...။

ဗိုလ်စိန်လွင်ဟာ... ပြည်ထဲရေး နဲ့ သာသနာရေး ဝန်ကြီးအဖြစ်
တာဝန်ယူထားချိန်.... ၁၉၈၈ ခုနှစ် ၊ မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့
တံတားနီအရေးအခင်းမှာ.... နောက်ထပ် စစ်ရာဇဝတ်မှုကို
ပြောင်ပြောင်းတင်းတင်း ကျူးလွန်ပြခဲ့ပါသေးတယ်...။

အဲဒါကတော့.... ၁၉၈၈ ခုနှစ် ၊ မတ်လ ၁၆ ရက်နေ့မှာ
ရန်ကုန်တက္ကသိုလ်ဝင်းထဲကနေ အင်းလျားကန်ဘောင်အတိုင်း
ချီတက်လာတဲ့ .... ဆန္ဒပြ ကျောင်းသားပြည်သူတွေကို
ဗိုလ်စိန်လွင်အမိန့် နဲ့ .... လုံထိန်းတွေက ရက်ရက်စက်စက်
ပစ်ခတ်နှိမ်နင်းခဲ့ပါတယ်...။

ယခင်က "တံတားဖြူ" လို့ခေါ်တဲ့ ....အင်းလျားကန်ဘောင်ပေါ်က
တံတားဟာ.... ကျည်သင့်တဲ့ ကျောင်းသားများစွာရဲ့ သွေးတွေနဲ့
ချင်းချင်းနီသွားခဲ့တာကြောင့်... "တံတားနီ အရေးအခင်း" ဆိုပြီး
သမိုင်းဝင်ခဲ့ပါတယ်...။

ဗိုလ်ချုပ်နေဝင်းရဲ့... မဆလ အစိုးရ
တံတားနီ အရေးအခင်းမှာ ...ကျောင်းသား ၂ ဦးသာ
ေ-သဆုံးတယ်လို့ ... လိမ်လည် သတင်းထုတ်ပြန်ခဲ့ပါတယ်...။

ထိုစဥ်က မြေပြင်သတင်းအချက်အလက်တွေအရ
ကျည်သင့်ပြီး ကျဆုံးတာတွေ ၊ လုံထိန်းတွေရဲ့ ရက်ရက်စက်စက်
ဝိုင်းဝန်းရိုက်နှက်မှုတွေ နဲ့.... အင်းလျားကန်အတွင်း ခုန်ချထွက်ပြေးရာ
ရေနစ် ​ေ-သဆုံးသွားရတဲ့.... ကျောင်းသား/သူ အားလုံးပေါင်းရင်
ေ-သဆုံးမှုဟာ ရာဂဏန်းအထက်မှာ ရှိတယ်လို့
ဆိုပါတယ်...။

နောက်ပြီး.... ထိုနေ့က ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေအနက်
ကျောင်းသား (၄၁) ဦးဟာ....ပိတ်လှောင်နေတဲ့ အချုပ်ကားတွေ နဲ့
အင်းစိန်ထောင်ကို ပို့ဆောင်ချိန်မှာ ... အသက်ရှုပ်ကြပ်ပြီး
ေ-သဆုံးသွားခဲ့ရပါသေးတယ်...။

ကျောင်းသားတွေကို... ယခုလို အစုလိုက်အပြုံလိုက် သ-တ်ဖြတ်ဖို့
အကွက်ကျကျ စီမံ အမိန့်ခဲ့သူကတော့... ဗိုလ်စိန်လွင်ပဲ ဖြစ်ပါတယ်...။

အဲဒီ အရေးအခင်းကနေစပြီး..... ဗိုလ်စိန်လွင်ဟာ
"ရန်ကုန်ရဲ့ သားသ-တ်သမား" (Butcher Of Rangoon) ဆိုတဲ့
နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်...။

ဒီလို ရမ်းကားရက်စက်တဲ့ မိုက်ဂုဏ်ကြောင့်ပဲ
ဗိုလ်စိန်လွင်ဟာ... ဗိုလ်ချုပ်နေဝင်းရဲ့ ယုံကြည်မှုကို
အပြည့်အဝ ရရှိခဲ့ပါတယ်...။

ဥပမာ - ၈၈ အရေးအခင်းကြောင့်
ဗိုလ်ချုပ်နေဝင်း... ရာထူးကနေ နုတ်ထွက်သွားရတဲ့အခါ
မဆလ ပါတီ ဥက္ကဌ နဲ့ သမ္မတရာထူးကို.... ဗိုလ်စိန်လွင်ကို လွဲခဲ့တာကို
ကြည့်ရင် သိနိုင်ပါတယ်...။

ဒါပေမယ့်လည်း.... ကျောင်းသားပြည်သူတွေဟာ
သမ္မတဖြစ်လာတဲ့.... "သားသ-တ်သမား စိန်လွင်" ကို လက်မခံဘဲ
ဆက်လက် ဆန့်ကျင်ရာကနေ... ၈၈ အရေးအခင်းဟာ ဆက်ဖြစ်ပါတယ်။

ဒီအခါမှာ.... သမ္မတ စိန်လွင်ကနေ
စစ်တပ်ကို အမိန့်ပေးပြီး.... ဆန္ဒပြ ပြည်သူတွေကို
ဆက်ပြီး သ-တ်ပြခဲ့ပြန်ပါတယ်...။

သို့သော်လည်း ဆန္ဒပြပွဲတွေဟာ..... ဆက်ပြင်းထန်လာသလို
စစ်တပ်ရဲ့ ထောက်ခံမှုပါ လျော့ကျလာတာကြောင့်...
ဗိုလ်စိန်လွင်ဟာ.... သမ္မတ သက်တမ်း ၁၆ ရက်ပြည့်တဲ့နေ့
(၁၉၈၈ ၊ သြဂုတ် ၁၂ ရက်နေ့) မှာပဲ ရာထူးကနေ
ပြုတ်ကျသွားပါတယ်...။

အဲဒီနောက်ပိုင်း....စစ်အစိုးရကနေပြီး သူ့ကို
အငြိမ်းစား ၊ ပင်စင်စား အဆောင်အယောင်တွေနဲ့
ထောက်ပံ့ပေး ထားခဲ့ပါတယ်...။

ဒါပေမယ့်လည်း... ၂၀၀၂ ခုနှစ် ဗိုလ်သန်းရွှေ လက်ထက်မှာတော့
ဗိုလ်ချုပ်နေဝင်းရဲ့ မြေး နဲ့ သားမက်ဖြစ်သူတွေကို
နိုင်ငံတော်အာဏာလုရန် ကြံစည်တယ်ဆိုပြီး... ဖမ်းဆီးခဲ့သလို
ဗိုလ်ချုပ်နေဝင်းကိုပါ နေအိမ်အကျယ်ချုပ် ချပါတယ်...။

ပြီးတော့.... တချိန်က ဗိုလ်ချုပ်နေဝင်း လက်သပ်မွေးထားတဲ့
"ရန်ကုန် သားသ-တ်သမား ဗိုလ်စိန်လွင်" ကိုပါ...
အဆောင်အယောင်တွေ ၊ ခံစားခွင့်တွေကို
ဗိုလ်သန်းရွှေက ရုတ်သိမ်းပစ်လိုက်ပါတယ်...။

ဒါကြောင့်.... တချိန်က ကျောင်းသားပြည်သူများစွာကို
စိတ်ထင်တိုင်း သ-တ်ဖြတ်ခဲ့ပြီး... ပြည်သူတွေ အော့နှလုံးနာခဲ့ရတဲ့
ဗိုလ်စိန်လွင်ဟာ... သာမန်ပြည်သူတစ်ဦးအနေနဲ့
သူ့ဘဝနောက်ဆုံးအချိန်ကို ဆင်းရဲနွမ်းပါးစွာ ဖြတ်သန်းသွားခဲ့ရပါတယ်...။

ဒီလိုနဲ့.... ၂၀၀၄ ခုနှစ် ၊ ဧပြီ ၉ ရက်နေ့
သူ့အသက် (၈၀) မှာပဲ ကွယ်လွန်သွားပြီး...
ဗိုလ်သန်းရွှေရဲ့ နအဖ အစိုးရက.... နိုင်ငံတော်အဆင့် နာရေး အခမ်းအနား ကျင်းပခွင့် မပြုခဲ့ပါဘူး....။

Credit: Original ရေးသားသူအား credit ပေးပါတယ်။

သမိုင်း ကြောင်းအမှန် # # #

#ဗိုလ်စိန်လွင် #၈၈အရေးအခင်း #တံတားနီအရေးအခင်း #ဆဲလ်ဗင်းဇူလိုင်

အဗ ball မ တာနဲ့တင် မကျေနပ်သေး🖕
05/06/2026

အဗ ball မ တာနဲ့တင် မကျေနပ်သေး🖕

03/06/2026

ဘာတဲ့။ကုန်းဘောင်(၁၁)ဆက်ရုပ်ရှင်ကို ၁၀ ဘီလီယံကျပ်သုံးမည့်် ကိစ္စလား ခင်ဗျာ။ကျနော့်အမြင်အရ ခွက်ခွက်လန် ရှုံးမှာပါ ခင်ဗျာ။ဘာဖြစ်လို့လဲဆိုရင် ကုန်းဘောင်(၁၁)ဆက်ကို အထင်ကြီးလေးစားသူတွေထက် သက်ဦးဆံပိုင် ဘုရင်စနစ် ကုန်းဘောင်(၁၁)ဆက်ကို မနှစ်သက်မလေးစား စိတ်မဝင်စားသူတွေက ပိုများနေလို့ပါ။လူတွေကို ဂျင်းသမိုင်းနဲ့ အတင်းသွပ်သွင်းလို့ ရမည့်ခေတ်လို့ ထင်နေတာ။ကုန်းဘောင်(၁၁)ဆက်ကို ဖြုတ်ပစ်တဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တဲ့သူတွေတောင် များနေတာကို။တိုင်းရင်းသားတွေကို မပြောသေးဘူး။အထက်မြန်မာပြည် ကုန်ဘောင်မင်းဆက်တွေအုပ်ချုပ် အောက်မြန်မာပြည် အင်္ဂလိပ်အုပ်ချုပ်ချိန် အထက်မြန်မာပြည်သား အိမ်ထောင်စု(၂)သိန်းကျော် (လူဦးရေ လေးပုံတစ်ပုံ )အင်္ဂလိပ်အုပ်ချုပ်ရေးရှိတဲ့ အောက်မြန်မာပြည်ကို ပြောင်းရွေ့ခဲ့ကြတာ သမိုင်းပဲ။အောက်မြန်မာပြည် မော်တော်ကား၊မီးရထား၊ရုပ်ရှင်ကြည့်၊ပညာရေးစတင်နေချိန် အထက်မြန်မာပြည်မှာ ဘုန်းကြီးကျောင်းစာနဲ့ ဝေါယာဉ်နဲ့ လှည်းနဲ့ သွားနေရတုန်းပဲ။
အာဏာရဖို့ ဆွေမျိုးအချင်းချင်းသတ်၊အာဏာရရင် ဖိနှိပ်အုပ်ချုပ်ပြီး မိန်းမတွေတစ်ပုံတစ်ခေါင်းယူ စည်းစိမ်ယစ်မူးနဲ့ ဒစ်လည်နေတဲ့ မင်းဆက်အကြောင်းကိုမှ အရေးတယူကွာ။
ပိုက်ဆံပေါနေရင် မြေဝယ်ပြီး ရော်ဘာပင်စိုက်လိုက်။အေးရော။

Crd Aung Myint Khine

SRG လစဉ်ထ/ပ မှုတွေ                    ထဲက ဒီလအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ…..သွေးအေးနေတယ်ထင်နေမှာစိုးလို့….၊။
23/04/2026

SRG လစဉ်ထ/ပ မှုတွေ
ထဲက ဒီလအတွက်
ဂုဏ်ပြုမှတ်တမ်းလွှာ…..သွေးအေးနေတယ်ထင်နေမှာစိုးလို့….၊။

2026/4/12 ရှီဇူအိုကာ သင်္ကြန်ပွဲမှာဒီကံစမ်းမဲ လက်ကျန်လက်မှတ်လေးတွေ….ရောင်းပေးမှာဖြစ်လို့ …..ပါဝင်ကံစမ်းပေးကြဖို့ဖိတ်ခေါ်...
08/04/2026

2026/4/12 ရှီဇူအိုကာ သင်္ကြန်ပွဲမှာ
ဒီကံစမ်းမဲ လက်ကျန်လက်မှတ်လေးတွေ….ရောင်းပေးမှာဖြစ်လို့ …..ပါဝင်ကံစမ်းပေးကြဖို့
ဖိတ်ခေါ်တယ်နော်…..

住所

Shizuoka
Shizuoka, 静岡県

電話番号

+819033031845

ウェブサイト

アラート

Shizuoka Revolution Group.SRGがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

共有する

カテゴリー