Japan Unfolded

Japan Unfolded ဂျပန်နိုင်ငံရဲ့အကြောင်းအရာပေါင်းစုံရှူထောင့်ပေါင်းစုံ စိတ်ဝင်စားစရာအကြောင်းအရာပေါင်းစုံကိုတင်ပြပေးသွားမှာဖြစ်ပါတယ်...
よろしくお願いします…

ဒီလိုစာရင်းမျိုးထဲ ကိုယ်တွေ မပါသေးတာတော့ကြံဖန်ဂုဏ်ယူရမှာဦးမှာပါ🇯🇵 ဂျပန်နိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားဦးရေ နှင့် တ...
23/08/2026

ဒီလိုစာရင်းမျိုးထဲ ကိုယ်တွေ မပါသေးတာတော့ကြံဖန်ဂုဏ်ယူရမှာဦးမှာပါ

🇯🇵 ဂျပန်နိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားဦးရေ နှင့် တရားမဝင် အလုပ်လုပ်ကိုင်မှု အတည်ပြုချက် ဦးရေ နှိုင်းယှဉ်ချက် (၂၀၂၅ ခုနှစ်)
ဂျပန်ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးအေဂျင်စီတို့၏ ၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်များအရ နိုင်ငံအလိုက် အလုပ်လုပ်ကိုင်သူ ဦးရေနှင့် တရားမဝင် အလုပ်လုပ်ကိုင်မှု စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ဗီယက်နမ် 🇻🇳
အလုပ်သမား ဦးရေ: ၆၀၅,၉၀၆ ဦး
တရားမဝင် အလုပ်လုပ်မှု: ၅,၈၇၂ ဦး
ရာခိုင်နှုန်း: 0.97%
၂။ ထိုင်း 🇹🇭
အလုပ်သမား ဦးရေ: ၄၁,၄၆၈ ဦး
တရားမဝင် အလုပ်လုပ်မှု: ၃,၂၆၇ ဦး
ရာခိုင်နှုန်း: 7.88%
၃။ အင်ဒိုနီးရှား 🇮🇩
အလုပ်သမား ဦးရေ: ၂၂၈,၁၁၈ ဦး
တရားမဝင် အလုပ်လုပ်မှု: ၁,၄၀၉ ဦး
ရာခိုင်နှုန်း: 0.62%
၄။ တရုတ် 🇨🇳
အလုပ်သမား ဦးရေ: ၄၃၁,၉၄၉ ဦး
တရားမဝင် အလုပ်လုပ်မှု: ၉၉၇ ဦး
ရာခိုင်နှုန်း: 0.23%
၅။ ဖိလစ်ပိုင် 🇵🇭
အလုပ်သမား ဦးရေ: ၂၆၀,၈၆၉ ဦး
တရားမဝင် အလုပ်လုပ်မှု: ၄၅၃ ဦး
ရာခိုင်နှုန်း: 0.17%
၆။ ကမ္ဘောဒီးယား 🇰🇭
အလုပ်သမား ဦးရေ: (နှိုင်းယှဉ်ချက် မရှိ)
တရားမဝင် အလုပ်လုပ်မှု: ၄၄၅ ဦး
ရာခိုင်နှုန်း: (တွက်ချက်ထားခြင်း မရှိ)
၇။ သီရိလင်္ကာ 🇱🇰
အလုပ်သမား ဦးရေ: ၅၀,၄၂၇ ဦး
တရားမဝင် အလုပ်လုပ်မှု: ၂၉၇ ဦး
ရာခိုင်နှုန်း: 0.59%
၈။ နီပေါ 🇳🇵
အလုပ်သမား ဦးရေ: ၂၃၅,၈၇၄ ဦး
တရားမဝင် အလုပ်လုပ်မှု: ၂၀၉ ဦး
ရာခိုင်နှုန်း: 0.09%
၉။ ဥဇဘက်ကစ္စတန် 🇺🇿
အလုပ်သမား ဦးရေ: (နှိုင်းယှဉ်ချက် မရှိ)
တရားမဝင် အလုပ်လုပ်မှု: ၈၄ ဦး
ရာခိုင်နှုန်း: (တွက်ချက်ထားခြင်း မရှိ)
၁၀။ တောင်ကိုရီးယား 🇰🇷
အလုပ်သမား ဦးရေ: ၈၀,၁၉၃ ဦး
တရားမဝင် အလုပ်လုပ်မှု: ၇၉ ဦး
ရာခိုင်နှုန်း: 0.10%
📌 တွက်ချက်မှု နှင့် အချက်အလက် အရင်းအမြစ်
ရာခိုင်နှုန်း တွက်ချက်ပုံ formula: (တရားမဝင် အလုပ်လုပ်မှု ဦးရေ ÷ နိုင်ငံခြားသား အလုပ်သမား ဦးရေ) × ၁၀၀
အလုပ်သမား ဦးရေ: ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန "နိုင်ငံခြားသား အလုပ်ခန့်ထားမှု အခြေအနေ" (၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကုန်)

Nagasakiကတရုတ်တန်းအရသာကတော့ကိုယ့်အကြိုက်မဟုတ်ခဲ့😅
11/08/2026

Nagasakiကတရုတ်တန်းအရသာကတော့ကိုယ့်အကြိုက်မဟုတ်ခဲ့😅

11/08/2026

(Nagasaki Atomic Bomb Museum) ထဲမှာပြထားတဲ့ 3Dပုံစံ

ဗုံးပေါက်ကွဲရာ ဗဟိုချက် (Hypocenter) နဲ့ မီတာ ၈၀၀ ခန့်အကွာ Sakamotoမြို့ရှိအိမ်ပိုင်ရှင် (Chuhachi Kubo) ဆိုသူက ဗုံးဒဏ်က...
11/08/2026

ဗုံးပေါက်ကွဲရာ ဗဟိုချက် (Hypocenter) နဲ့ မီတာ ၈၀၀ ခန့်အကွာ Sakamotoမြို့ရှိအိမ်ပိုင်ရှင် (Chuhachi Kubo) ဆိုသူက ဗုံးဒဏ်ကြောင့် ၁၁:၀၂ အချိန်မှာ ရပ်တန့်သွားခဲ့တဲ့ ဒီသမိုင်းဝင် နာရီကို (Nagasaki Atomic Bomb Museum )ပြတိုက်သို့ လှူဒါန်းပေးခဲ့တာ ပါတဲ့။

ဒီနေရာလေးကတော့Nagasaki မြို့မှာရှိတဲ့ Atomic Bomb Hypocenter Park  ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့၊...
11/08/2026

ဒီနေရာလေးကတော့Nagasaki မြို့မှာရှိတဲ့ Atomic Bomb Hypocenter Park ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့၊ မနက် ၁၁ နာရီ ၂ မိနစ်မှာ Atomic ဗုံးဟာ အခုမြင်နေရတဲ့ကျောက်တိုင်ရဲ့အထက် လေထုအမြင့် မီတာ ၅၀၀ ကျော်မှာ ကွဲထွက်သွားခဲ့တာဖြစ်ပါတယ်။
ရှေ့မှာတော့ ဗုံးဒဏ်ကြောင့် သေဆုံးသွားခဲ့ရသူတွေရဲ့ နာမည်စာရင်း ကို ထိန်းသိမ်းထားရှိပါတယ်။ညာဘက်အစွန်းမှာ မြင်ရတဲ့ အနီရောင်အုတ်တိုင်ကတော့ ဗုံးဒဏ်ကြောင့် ပြိုပျက်သွားခဲ့တဲ့ Urakami Cathedral ဘုရားကျောင်းရဲ့ နံရံအကြွင်းအကျန်တိုင်ကို ဒီနေရာဆီ ရွှေ့ပြောင်း စိုက်ထူထားတာဖြစ်ပါတယ်။

ကမ္ဘာ့ အလှဆုံး ညရှုခင်း ထဲမှတစ်ခုအပါအဝင်ဖြစ်တဲ့ဂျပန်နိုင်ငံရဲ့Nagasakiမြို့လေးမှာရှိတဲ့ Mouth Inasa⛰️ရဲ့ Night View✨
10/08/2026

ကမ္ဘာ့ အလှဆုံး ညရှုခင်း ထဲမှတစ်ခုအပါအဝင်ဖြစ်တဲ့ဂျပန်နိုင်ငံရဲ့Nagasakiမြို့လေးမှာရှိတဲ့ Mouth Inasa⛰️ရဲ့ Night View✨

10/08/2026

တစ်အားချစ်ဖို့ကောင်းပြီးတော်သော🐬လေးတွေ

10/08/2026

မွေးဌာနေအလွမ်းပြေ😋

💩ဒီလူ့ကိုတော်တော်များများသိကြမှာပါ🥶အများအချစ်တော်ကြီးဆိုတော့လေ🤧အခုသူက Saitama ရဲ့မြို့တော်ဝန်ဝင်ပြိုင်မလို့တဲ့ဗျာ😬ပြိုင်...
08/08/2026

💩ဒီလူ့ကိုတော်တော်များများသိကြမှာပါ

🥶အများအချစ်တော်ကြီးဆိုတော့လေ

🤧အခုသူက Saitama ရဲ့မြို့တော်ဝန်ဝင်ပြိုင်မလို့တဲ့ဗျာ

😬ပြိုင်ရတဲ့ရည်ရွယ်ချက်က ခုလက်ရှိမြို့တော်ဝန်က အလုပ်မလုပ်လို့ပျော့ညံ့လို့တဲ့(နိုင်ငံခြားသားကိုင်တွယ်ပုံမှာ)

😡Kurds(တူရကီ)တွေကိုအမှူးထားပြီး တွေ့သမျှနိုင်ငံခြားသား သောက်ပြဿနာရှာချင်တဲ့ ဒီလူသာမြို့တော်ဝန်ဖြစ်လို့ကတော့ ပွဲကတကယ်လှပြီ

😢စိတ်ပျက်သွားပြီဗျာ မတက်နိုင်ဘူး စိတ်ကူးလေးနဲ့ Saitama မှာဝယ်ထားတဲ့အိမ်လေးတောင် စျေးမကျခင် စိတ်ကူးလေးနဲ့ပဲပြန်ရောင်းလိုက်ပါပြီ😅

🙏သူဖြစ်မလာပါစေနဲ့လိုပဲဆုတောင်းရုံမှ တခြားမရှိပါဘူးဗျာ

အမြင်လေးတွေဆွေးနွေးခဲ့ကြပါဦးနော်

住所

Osaka, Osaka

ウェブサイト

アラート

Japan Unfoldedがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する