YOUTH& HOPE

YOUTH& HOPE Never ever stop believing in yourself.You are the born to make it BIG!

03/09/2024

ခေတ်သစ်လူငယ့်စီးပွားရေးသမားတစ်ဦးဖြစ်နိုင်ဖို့။
ဟော.....ဒီမှာပါဗျား အခွင့်အရေး။

တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်းများ၏ အခြေခံအုတ်မြစ် (Foundation of Responsible Business (Intermediate) အကြောင်း ထဲထဲဝင်ဝင်လေ့လာပြီး သိချင်သည့်အရာများ မေးမြန်းနိုင်ရန် အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို မကြာမီကျင်းပသွားမည်ဖြစ်ပါသည်။...
အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲ အသေးစိတ်
နေ့ရက် - ၂၀၂၄ စက်တင်ဘာလ ၇ ရက် (စနေနေ့)
အချိန် - နံနက် ၉ နာရီမှ ၁၁နာရီခွဲအထိ
ဘာသာစကား - မြန်မာ
Fee - အခမဲ့
စာရင်းပေးသွင်းရန် - https://shorturl.at/39UiK [တက်ရောက်ရမည့် Zoom workshop လင့်ခ်ကို စာရင်းပေးသွင်းထားသော လူကြီးမင်း၏ အီးမေးလ်သို့ ပေးပို့သွားမည်ဖြစ်ပါသည်။]...
အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲတွင်
● စီးပွားရေးလုပ်ငန်းများအတွက် ကျင့်ဝတ်များနှင့် လူ့အခွင့်အရေးအား လေးစားမှုအရေးပါပုံ
● နိုင်ငံတကာဥပဒေမူဘောင်များ၊ နိုင်ငံတကာစံနှုန်းများကို သိရှိနားလည်ရန် ဗဟုသုတများ
● အပြန်အလှန်အကျိုးပြုနိုင်မည့် လူမှုရေးတာဝန်ယူမှုများ၊ တန်ဖိုးမျှဝေမှုများ ဖန်တီးခြင်း
● ရေရှည်အကျိုးအမြတ်များ အကောင်အထည်ဖော်နိုင်ရန် သဘာဝပတ်ဝန်းကျင်၊ လူမှုရေး နှင့် အခြားသက်ရောက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများကို စီမံခြင်းများ
● လူ့အခွင့်အရေးအား ထိခိုက်မှုမရှိစေမည့် လုပ်ထုံးလုပ်နည်းနှင့် စီမံခန့်ခွဲရေးကျွမ်းကျင်မှုများကို
ဆွေးနွေးမျှဝေသွားပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
….
“တာဝန်ယူမှုရှိသောစီးပွားရေးလုပ်ငန်းများ၏ အခြေခံအုတ်မြစ် (Foundation of Responsible Business (Intermediate) သင်တန်း” ကို eLearning Portal for MSMEs (https://msmelearning.mm.undp.org/) တွင် ပို့ချပေးလျက်ရှိသည့် ဝါရင့်ကျွမ်းကျင်ပညာရှင်က ဆွေးနွေးဝေမျှပေးသွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များ၊ စီမံခန့်ခွဲမှုတာဝန်ရှိသူများနှင့် စိတ်ဝင်စားသူအားလုံးအတွက် ထဲထဲဝင်ဝင်လေ့လာသိရှိနိုင်မည့် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါသည်။...
UNDP Myanmar ရဲ့ eLearning Portal for MSMEs ဆိုင်ရာ စိတ်ဝင်စားဖွယ်အစီအစဉ်တွေ၊ သင်တန်းတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးကြေညာပေးသွားမှာဖြစ်လို့ Facebook, LinkedIn, Viber နဲ့ Telegram တွေမှာ အောက်ကလင့်ခ်တွေကိုနှိပ်ပြီး like & follow /subscribe လုပ်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Facebook: https://www.facebook.com/MMeLearningPortal
Telegram: https://t.me/eLearningPortal4MSMEs
LinkedIn: https://www.linkedin.com/company/e-learning-portal-for-msmes/?viewAsMember=true
Viber: https://invite.viber.com/?g2=AQAsLo9aRL8%2BJFD5gqMAD3haTSHzG018a0TNOP6hUhWG0r%2BIooTwIw94dPaWa15S....
“eLearning Portal for MSMEs" မှာ မြန်မာဘာသာစကားနဲ့ အခမဲ့တက်ရောက်နိုင်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာသင်တန်း (၁၈) ခုကို သိချင်ရင်တော့ အောက်ကလင့်ခ်လေးကို နှိပ်လိုက်ပါနော်။
https://www.facebook.com/photo/?fbid=439855699044039&set=a.255619310801013...
eLearning Portal for MSMEs (https://msmelearning.mm.undp.org/) မှာ အကောင့်ဖွင့်ပုံ၊ သင်တန်းရွေးချယ်တက်ပုံ၊ ဖိုင်ဒေါင်းလုတ်ဆွဲပုံတွေပါတဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်လေးနှိပ်ပြီး ကြည့်နိုင်ပါတယ်။
https://www.facebook.com/MMeLearningPortal/videos/1561949664633584

Welcome! You are invited to join a meeting: Virtual Workshop: Foundation of Responsible Business (Intermediate). After registering, you will receive a confirmation email about joining the meeting.

အိပ်မက်များနှင့် ဘဝခြေလှမ်းအသစ်အသစ်ဆီသို့ခြေဆန့်နေသောလူငယ်များဆီသို့Important Update for Cohort 2 Applicants! [Burmese v...
03/09/2024

အိပ်မက်များနှင့် ဘဝခြေလှမ်းအသစ်အသစ်ဆီသို့ခြေဆန့်နေသောလူငယ်များဆီသို့

Important Update for Cohort 2 Applicants!
[Burmese version below]

DISP is thrilled to announce that our scholarship program is expanding and evolving to impact even more lives in Myanmar.

What’s New?

In Cohort 2, we’re shifting our focus to offer 2-year Associate's Degrees and Master’s Degrees. While we previously provided 4-year Bachelor's Degrees, this change allows us to help more students achieve their academic dreams. Last time, nearly 2,500 students applied, but we could only award scholarships to 107 of them. By offering Associate's Degrees, we can support many more deserving students on their educational journeys!

What is an Associate's Degree?

An Associate's Degree is a 2-year program that provides students with foundational knowledge and skills in a specific field. It’s a great stepping stone, allowing you to enter the workforce sooner or continue your studies towards a higher degree. It can also be a good option for students from vulnerable groups who may have been blocked from having the same academic opportunities as people with more privilege.

New Opportunity!

For those who have outstanding scholarship applications but fall short on the English test score normally required to move to the interview round, we’re introducing a brand-new opportunity: you may be considered for a competitive, 1-year English study scholarship in Thailand! This can give you the chance to improve your English skills and reapply for your desired program.

Stay tuned and follow this page for more details on how to apply for Cohort 2! We can’t wait to see the amazing things you’ll achieve!

*******************************************
DISP ပညာသင်ဆု အသိပေးကြေညာချက်

မြန်မာ့လူမှုအဖွဲ့အစည်းအား အထောက်အကူပြုမည့် မြန်မာလူငယ်လူရွယ်များအတွက် USAID မှ ထောက်ပံ့ပေးအပ်နေသော DISP ပညာသင်ဆုကို အစီအစဉ်သစ်များဖြင့် တိုးချဲ့လုပ်ဆောင်နေကြောင်း DISP မှ ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။

ဒီတကြိမ် ဘာတွေထူးခြားပါလဲ?

အခု ဒုတိယအကြိမ် (Cohort 2) ပညာသင်ဆုအတွက် DISP မှ (၂) နှစ်တာ ပညာသင်ကြားမှုနဲ့ ဘွဲ့ရရှိမည့် Associate's Degree နှင့် Master's Degrees များဖြင့် ပညာသင်ဆု အစီအစဉ်များပြောင်းလဲပေးအပ်သွားပါမည်။ ပထမအကြိမ် (Cohort 1) ပညာသင်ဆု ပေးအပ်စဉ်က (၄) နှစ် တက်ရတဲ့ ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့ကို ပေးအပ်ခဲ့ပေမဲ့၊ အခုတကြိမ် အပြောင်းအလဲကတော့ မြန်မာနိုင်ငံတွင်းရှိ အထက်တန်းပညာ အောင်မြင်ပြီး (သို့) တက္ကသိုလ်ပညာရေးကို (၁-၂) နှစ် တက်ရောက်ပြီး ပညာ ဆက်လက်သင်ကြားခွင့် ဆုံးရှုံးနေသော များစွာသော လူငယ်များ၏ ပညာရေးအိပ်မက်ကို တနည်းတဖုံ ကူညီပေးသည့် အခွင့်အရေး ဖြစ်ပါတယ်။ ပထမအကြိမ် DISP ပညာသင်ဆုအတွက် လူငယ်ကျောင်းသူကျောင်းသား ၂,၅၀၀ နီးပါး လျှောက်ထားခဲ့သော်လည်း လျှောက်ထားသူများထဲမှ ၁၀၇ ဦးကို ပညာသင်ဆုများ ရွေးချယ်ပေးအပ်ခဲ့ပါတယ်။ ဒီတကြိမ်တော့ Associate's Degree ဘွဲ့ကို ရွေးချယ်ပေးအပ်ရသည့် ရည်ရွယ်ချက်မှာပညာရေးအခွင့်အရေး ဆုံးရှုံးနေသော မြန်မာလူငယ်လူရွယ်များအတွက် အခွင့်အလမ်းသစ်ဖြင့် ပံ့ပိုးပေးလိုခြင်း ဖြစ်ပါတယ်။

Associate's Degree ဆိုတာ ဘာလဲ?

Associate's Degree ဆိုတာ (၄) နှစ် သင်ကြားရသည့် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့ (Bachelor) အောက်ရှိ (၂) နှစ် ကောလိပ်တက္ကသိုလ် အရည်အချင်းစစ် ဘွဲ့ကြိုဘွဲ့ ဖြစ်ပါတယ်။ တနည်းအားဖြင့် (၂) နှစ် ကျောင်းတက်ပြီး သင်ကြားတက်‌မြောက်သည့် ပညာရပ်ဖြင့် အလုပ်ခွင်သို့ အလျင်အမြန် ဝင်ရောက်နိုင်သလို၊ (၂) နှစ် တက်ရောက်‌ပြီးနောက် (၄) နှစ် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့ကို ပေါင်းကူးတက်ရောက်နိုင်သည့် အခွင့်အလမ်း ဖြစ်ပါတယ်။ အထူးအားဖြင့် အခွင့်အလမ်းနည်းပါး၊ ပိတ်ပင်တားမြစ်မှုတွေကို ရင်ဆိုင်နေကြသော မြန်မာလူငယ်လူရွယ်များအတွက် သင့်တော်သော အခွင့်ရေးကောင်း ဖြစ်ပါတယ်။

အခွင့်အလမ်းသစ်

ဒီတကြိမ် DISP မှ စီစဉ်ပေးအပ်သွားမည့် အခွင့်အလမ်းသစ် နောက်တခုကတော့ ပညာသင်ဆုလျှောက်ပြီး၊ လျှောက်လွှာအဆင့် အောင်ခဲ့ပေမဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲရမှတ် နည်းလို့၊ လူတွေ့အင်တာဗျူး ဖြေဆိုခွင့်မရသူများအတွက် အင်္ဂလိပ်စာ မွမ်းမံသင်တန်းကို ဖွင့်လှစ်ပေးသွားပါမည်။ အဆင့်မြင့် ထိုင်းတက္ကသိုလ်တခုမှာ (၁) နှစ်တာ အင်္ဂလိပ်စာသင်တန်းကို တက်ရောက်သင်ကြားပြီး၊ နောက်တကြိမ် ပညာသင်ဆု ရွေးချယ်‌တဲ့အခါ အင်္ဂလိပ်စာ သင်တန်းတက်ရောက် အောင်မြင်သူများအား ဦးစားပေးစဉ်းစားသွားမည့် အခွင့်အရေး ဖြစ်ပါတယ်။

Cohort 2 အတွက် သိသင့်သိထိုက်တဲ့ အချက်အလက်များကို ဆက်လက်တင်ပြသွားမှာမို့ ဒီစာမျက်နှာကို Like & Follow လုပ် စောင့်ကြည့်သွားပါ။ မြန်မာလူငယ်လူရွယ်များ၏ ကြိုးစားအားထုတ်၊ အောင်မြင်မှုများကို DISP အဖွဲ့သူအဖွဲ့သားများမှ အမြဲဂုဏ်ယူလျှက်ရှိပါတယ်။



အရာအားလုံးပြီးဆုံးသွားမယ့်တစ်နေ့လက်နက်ကြီးငယ်အကုန်စွန့်ပြီးမနာလိုဖြစ်ရလောက်အောင်ကိုလည်ပတ်ပစ်မယ် ‎
26/08/2024

အရာအားလုံးပြီးဆုံးသွားမယ့်တစ်နေ့
လက်နက်ကြီးငယ်အကုန်စွန့်ပြီး
မနာလိုဖြစ်ရလောက်အောင်ကိုလည်ပတ်ပစ်မယ် ‎

Gipsy လိုလွင့်မျောတာမဟုတ်ပေမယ့်ဒုက္ခပေါင်းထောင်ချီကို ကျောခိုင်းဖို့အိမ်နဲ့ဝေးခဲ့ကြရတဲ့လူငယ်တွေပါဗျား😌 ‎
26/08/2024

Gipsy လိုလွင့်မျောတာမဟုတ်ပေမယ့်
ဒုက္ခပေါင်းထောင်ချီကို ကျောခိုင်းဖို့အိမ်နဲ့ဝေးခဲ့ကြရတဲ့လူငယ်တွေပါဗျား😌 ‎

25/08/2024

To Hokkaido Friends

25/08/2024

Hello, Dear Youth

ငယ်ငယ်က လူငယ်တွေလိုကြီးပြင်းချင်ခဲ့တယ်

သို့သော်......အရွယ်ရောက်ခြင်းကပင်ပန်းတယ်နော

လူငယ်တို့ ဘဝတွေရဲ့ပင်ပန်းခြင်းတွေပြီးဆုံးရင်

အမေနဲ့အဖေရှိရာ ကိုယ်စီအိမ်ကို ပြန်နိုင်ကြပါစေ။

住所

Miyagi Prefecture, Sendai City
Sendai, Miyagi
981-1106

ウェブサイト

アラート

YOUTH& HOPEがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する

カテゴリー