Hokkaido Myanmar Football Club

Hokkaido Myanmar Football Club Sports

⚽⚽⚽သတင်းကောင်းတခုက 🤗🤗Hokkaido Friendship Cup ကိုAug /14 ရက်နေ့မှာ ကျင်းပပြုလုပ်သွားမည်။ လာခဲ့ပါ ထပ်တွေ့ကြအုံးမယ်နော 🤗🤗
23/07/2026

⚽⚽⚽သတင်းကောင်းတခုက 🤗🤗
Hokkaido Friendship Cup ကို
Aug /14 ရက်နေ့မှာ ကျင်းပပြုလုပ်သွားမည်။
လာခဲ့ပါ ထပ်တွေ့ကြအုံးမယ်နော 🤗🤗

Big Congratulations 🎉👏 Third Place! 🏆A heartfelt thank you to our Nepal Team from Sapporo Language Center for joining th...
21/07/2026

Big Congratulations 🎉👏
Third Place! 🏆

A heartfelt thank you to our Nepal Team from Sapporo Language Center for joining the Heroes' Memorial Cup 2026 and sharing the spirit of friendship, sportsmanship, and unity with us.

Your continued support and participation mean a great deal to us. We truly appreciate your friendship and look forward to welcoming you back for many more tournaments in the future.

Thank you, Team Nepal!
🇳🇵🤝🇲🇲 Together, football brings us closer.

🇲🇲⚽ Heroes' Memorial Cup – July 19, 2026  Heroes' Memorial Cup 2026 ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ကျဆုံးသွားသေ...
21/07/2026

🇲🇲⚽ Heroes' Memorial Cup – July 19, 2026

Heroes' Memorial Cup 2026 ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအားလုံးကို လေးစားစွာ ဂုဏ်ပြုအလေးပြုအပ်ပါသည်။

🏆 Tournament Results
🥇 Champion – Kayan Force FC
🥈 Runner-up – Asahikawa Unity FC
🥉 Third Place – Sapporo Language Center FC

ဒီပြိုင်ပွဲရဲ့ အဓိကအောင်မြင်မှုက ဆုဖလားတစ်လုံးထက် ပိုပါတယ်။

မိုးထဲ၊ လေထဲမှာ အတူကစားခဲ့ကြတဲ့ အခိုက်အတန့်တွေ၊ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ပြီး မိတ်ဆွေအဖြစ် ပြန်လည်လက်ဆွဲခဲ့တဲ့ အမှတ်တရတွေ၊ တစ်ယောက်ကိုတစ်ယောက် အားပေးခဲ့တဲ့ အပြုံးတွေက ကျွန်တော်တို့ကို ပိုပြီး စည်းလုံးစေခဲ့ပါတယ်။ ပိုပြီးတော့ စုစည်းလာနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် အချိန်ပေးပြီး ပါဝင်ခဲ့ကြသော အသင်းခေါင်းဆောင်များ၊အသင်းသားများ၊ စပွန်ဆာများ၊ လာရောက်အားပေးခဲ့ကြသော ဘောလုံးချစ်သူများနှင့် ကူညီပံ့ပိုးပေးသူအားလုံးကို Hokkaido Myanmar Football Team မှ အထူးကျေးဇူးတင်ရှိပါသည်။

🩵 ကစားသမားများအတွက် ကယန်းဆန်ပြုတ် ကြိုးစားချက်ပြုတ်ပေးတဲ့ ခွန်းမာရီယိုတို့ မိသားစု၊
💙 သောက်ရေလှူဒါန်းပေးသော အလှူရှင်နှင့်
💙 Pocari Sweat အချိုရည်ကို လှူဒါန်းပေးတဲ့ မကျဲလွင်တို့အား အထူးကျေးဇူးတင်ပါတယ်။

ဆက်လက်ပြီးတော့လဲ Sponsor များကို ဖိတ်ခေါ်
နေလျက်ပါ 🤗🤗

ဘောလုံးတစ်လုံးက လူတွေကို စည်းလုံးစေတယ်။
စည်းလုံးမှုကတော့ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အောင်ပွဲပါ။ ❤️🇲🇲





⚽️Heroes’ Memorial Cup 2026 🇲🇲⚽️"The Martyrs' Day (July 19)" 🔥 မဂ်လာပါ ခင်ဗျာ 🔥  အသိပေး နောက်ကျမူအတွက် အားလုံးကို တောင်း...
14/07/2026

⚽️Heroes’ Memorial Cup 2026 🇲🇲⚽️

"The Martyrs' Day (July 19)"

🔥 မဂ်လာပါ ခင်ဗျာ 🔥

  အသိပေး နောက်ကျမူအတွက် အားလုံးကို တောင်းပန်ပါတယ်။
ဇူလိုင် ၁၉ ဆိုတာ ကျွန်တော်တို့အတွက် မမေ့နိုင်တဲ့ နေ့တစ်နေ့ဖြစ်သလို လက်ဆင့်ကမ်း မျှဝေပေးဖို့လည်း လိုအပ်ပါတယ်။ ယနေ့အချိန်ထိ တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့ရသော အာဇာနည် သူရဲကောင်းအားလုံးကို အောက်မေ့သတိရစေတဲ့ နေ့ထူး‌နေ့မြတ်နေ့ဖြစ်တဲ့အတွက် အတူတကွ သတိရဆုတောင်းပေးကြရအောင်။
တစ်ဖက်မှာလည်း နိုင်ငံရပ်ခြားဆိုတာ အထီးကျန်မူ၊ စိတ်ဖိစီးမူ၊ အလုပ်ပင်ပန်းမူတွေကို ခဏဘေးဖယ်ထားပြီး မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အတူဆုံတွေ့ကြမယ်။ ပျော်ရွှင်စွာ ဘောလုံးကို အတူကစားကြရအောင်။

ငယ်ရွယ်တုန်း နုပျိုနေတုန်း လုပ်နိုင်တဲ့အရာတွေကို စည်းလုံးစွာနဲ့ အတူရှေ့ဆက်ကြမယ်။

🏆 ဒီတစ်ခေါက် ပြိုင်ပွဲမှာတော့ အသင်း စုစုပေါင်း (၁၁) သင်းပါဝင် ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

သတင်းကောင်းတခုကတော့
💧 ကစားသမားများအတွက် ရေသန့်ပံ့ပိုးပေးမည့် အလှူရှင်များလည်း ရှိပါမည်။

📍 နေရာ
〒007-0820 北海道札幌市東区東雁来町
豊平川緑地少年サッカー場

🕗 အချိန် – မနက် ၈:၀၀ နာရီ
🎟 အသင်းဝင်ကြေး – ¥20000 / Team
🚌 လမ်းညွှန်ချက်
Sapporo Station မှ Bus No. 56 စီးပြီး
「東雁来8条2丁目 (Higashi Kariki 8-2)」မှတ်တိုင်တွင် ဆင်းပါ။
ထို့နောက် ခြေလျှင် (၇) မိနစ်ခန့် လျှောက်လျှင် ကွင်းသို့ ရောက်ရှိနိုင်ပါသည်။

📍 Google Map Link
https://maps.app.goo.gl/EeXHzVgnPyUxQV696?g_st=afm

📣 မိတ်ဆွေများနှင့်အတူ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်နော။
📣 ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်နေ့တာကို အတူဖြတ်သန်းကြမယ်။

"One Team.
One Community.
One Hope for Myanmar."

Memorial Cup


🎉 ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျေးဇူးတင်ရှိကြောင်း အသိပေးကြေညာခြင်း 🎉  ၂၀၂၆ ခုနှစ် မေလနှင့် ဇွန်လအတွင်း HMFT (Hokkaido Myan...
09/07/2026

🎉 ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျေးဇူးတင်ရှိကြောင်း အသိပေးကြေညာခြင်း 🎉

၂၀၂၆ ခုနှစ် မေလနှင့် ဇွန်လအတွင်း HMFT (Hokkaido Myanmar Football Team) မှ ကြီးမှူးကျင်းပခဲ့သော Hokkaido Zone ဘောလုံးပြိုင်ပွဲများ မှ ရရှိခဲ့သည့် အလှူငွေများကို လိုအပ်နေသော ဒေသအသီးသီးရှိ အဖွဲ့အစည်းများထံသို့ လှူဒါန်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အသိပေးအပ်ပါသည်။
ဘောလုံးပွဲနှင့်အလှူငွေများ ရရှိနိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသော ရင်ဘတ်တူ ညီအစ်ကို မောင်နှမများ၊ အားကစားသမားများ၊ အသင်း‌ခေါင်းဆောင်များ၊ စေတနာရှင် အလှူရှင်များနှင့် ပရိသတ်များအားလုံးကို HMFT မိသားစု မှ ဂုဏ်ယူလေးစားစွာဖြင့် အထူးကျေးဇူးတင်ရှိပါသည်။
ရှေ့ဆက်တွင်လည်း HMFTနှင့်အတူ တတ်နိုင်သည့် အခန်းကဏ္ဍမှ အတူတကွ လက်တွဲပါဝင်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။




Thank you so much for your outstanding leadership and unwavering support of HMFT over the years, Luck Hau. 🫡 We will alw...
19/06/2026

Thank you so much for your outstanding leadership and unwavering support of HMFT over the years, Luck Hau. 🫡

We will always appreciate your dedication and commitment.
From 2022 to the present, your contributions have made a lasting impact.
Thank you for everything! 🙏🫡

🏆 Suu 81 Unity Cup အောင်မြင်စွာ ပြီးဆုံး 🏆Congratulations 🎉 Titan United FC 🎉🎂 Happy 81st Birthday အမေစု 🎂ကျန်းမာဘေးကင်း...
19/06/2026

🏆 Suu 81 Unity Cup အောင်မြင်စွာ ပြီးဆုံး 🏆

Congratulations 🎉 Titan United FC 🎉

🎂 Happy 81st Birthday အမေစု 🎂

ကျန်းမာဘေးကင်း၍ မတရားအချုပ်အနှောင်များမှ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ယနေ့ကျင်းပခဲ့သော Suu 81 Unity Cup ဘောလုံးပြိုင်ပွဲတွင် အသင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘောလုံးအားကစားမှတဆင့် စည်းလုံးညီညွတ်မှု၊ အပြန်အလှန်နားလည်မှုနှင့် ညီအစ်ကိုမောင်နှမ စိတ်ဓာတ်များကို ပိုမိုခိုင်မာစေခဲ့သော အမှတ်တရနေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။

⚽ ဘောလုံးသည် အနိုင်အရှုံးအတွက်သာ မဟုတ်ဘဲ မတူညီသော နေရာဒေသများမှ မြန်မာညီအစ်ကိုမောင်နှမများကို ပြန်လည်ဆုံစည်းစေပြီး ချစ်ခင်ရင်းနှီးမှုများ တည်ဆောက်ပေးသော တံတားတစ်စင်းလည်း ဖြစ်ပါသည်။

🙇🙇ပွဲဖြစ်မြောက်ရေးအတွက် အချိန်၊ ခွန်အားနှင့် စေတနာများဖြင့် ပါဝင်ကူညီပေးခဲ့ကြသော မိတ်ဆွေများ၊ အသင်းခေါင်းဆောင်များ၊ ကစားသမားများ၊ အလှူရှင်များနှင့် အဝေးအနီးမှ လာရောက်အားပေးခဲ့ကြသူ တစ်ဦးချင်းစီအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။

💧 လစဉ်လတိုင်း ရေသန့်လှူဒါန်းပေးသော အလှူရှင်များအားလည်း အထူးကျေးဇူးတင်ရှိပါသည်။

🍱 နေ့လည်စာများ စီစဉ်ရောင်းချပေးခဲ့ကြသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

ဘောလုံးကို ချစ်မြတ်နိုးသူများ၊ မြန်မာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားသူများနှင့်အတူ လာမည့်ပြိုင်ပွဲများတွင်လည်း ဆက်လက်တွေ့ဆုံနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

🤝 Together We Are Stronger

⚽ Football Unites Us

❤️ We Are Brotherhood









⚽️🇲🇲 SUU 81 UNITY CUP 2026 🇲🇲⚽️🔥 ဟိုကိုင်းဒိုးရောက် မြန်မာညီအစ်ကို မောင်နှမများခင်ဗျာ 🔥   ဘောလုံးပွဲတစ်ပွဲထက် ပိုတဲ့ အဓိ...
06/06/2026

⚽️🇲🇲 SUU 81 UNITY CUP 2026 🇲🇲⚽️
🔥 ဟိုကိုင်းဒိုးရောက် မြန်မာညီအစ်ကို မောင်နှမများခင်ဗျာ 🔥

ဘောလုံးပွဲတစ်ပွဲထက် ပိုတဲ့ အဓိပ္ပါယ်တစ်ခု...
ဟိုကိုင်းဒိုးရောက် ဘောလုံးချစ်သူ ညီအစ်ကိုအားလုံးအတွက် ပျော်ရွှင်ဖွယ် တွေ့ဆုံနိုင်မယ့် အခွင့်အရေး၊ ပိုမို ချစ်ခင်ရင်းနှီးမူအတွက်

June 14, 2026 ခုနှစ်တွင် ကျင်းပမည့် Suu 81 Unity Cup သို့ အားလုံးကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

🏆 အသင်းသစ်များ၊ ပြိုင်ဆိုင်မှုပြင်းထန်သော ပွဲစဉ်များ ⚽️ အသင်း (၁၂) သင်း
🤝 မိတ်ဆွေသစ်များနှင့် ပြန်လည်ဆုံတွေ့ခွင့်
🎂 အမေ ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်နှင့်အတူ
ဘောလုံးပွဲတပွဲ ထက် တန်ဖိုးရှိသောနေ့ထူးနေ့မြတ်နေ့.....
အားကစားချစ်မြတ်နိုးသူများ ဆုံစည်းနိုင်သော နေ့တနေ့ ....
အားလုံးရဲ့ စည်းလုံးမှုက ပိုမိုကောင်းမွန်သော နေ့ရက်များကို ဖန်တီးနိုင်ပါတယ်။
တဦးစီရဲ့ အားပေးမှုက လိုအပ်နေသူများထံ အကူအညီ ရောက်ရှိစေနိုင်ပါတယ်။
ဝိုဂ်းဝန်း လက်တွဲခေါ်ခြင်းကနေ အမိ မြန်မာပြည်ကို ပိုမိုပံ့ပိုးကူညီကြမယ် 💪💪

👉သတင်းကောင်းတခုကတော့
💧 ကစားသမားများအတွက် ရေသန့်ပံ့ပိုးပေးမည့် အလှူရှင်များလည်း ရှိပါမည်။
🍚🍛🍗နေ့လည်စာအတွက်လဲ စိတ်မပူပါနဲ့ လက်ရာရှယ်ကောင်းတဲ့ မမရဲ့ ကြက်သား ဟင်း၊ထမင်းတွေလည်း ရှိပါမယ်နော 🤗🤗

📍 နေရာ
〒007-0820 北海道札幌市東区東雁来町
豊平川緑地少年サッカー場
🕗 အချိန် – မနက် ၈:၀၀ နာရီ
🎟 အသင်းဝင်ကြေး – ¥22,000 / Team
🚌 လမ်းညွှန်ချက်
Sapporo Station မှ Bus No. 56 စီးပြီး
「東雁来8条2丁目 (Higashi Kariki 8-2)」 မှတ်တိုင်တွင် ဆင်းပါ။
ထို့နောက် ခြေလျှင် (၇) မိနစ်ခန့် လျှောက်လျှင် ကွင်းသို့ ရောက်ရှိနိုင်ပါသည်။
📍 Google Map Link
https://maps.app.goo.gl/EeXHzVgnPyUxQV696?g_st=afm

📣 လာရောက်ကြည့်ရှုအားပေးဖို့ မမေ့နဲ့နော။
📣 စည်းလုံးမှုကို ရှေ့ဆက်အတူသွားကြမယ် 🤝🤝
"One Team.
One Community.
One Hope for Myanmar."

📅 Date: June 14, 2026
⚽ SUU 81 UNITY CUP
📍 Hokkaido, Japan





🤗🤗မဂ်လာပါသတင်းကောင်းတစ်ခုကတော့ Suu 81 Unity Cup ပွဲကို June 14ရက်နေ့ (Sunday) မှာ ကျင်းပပြုလုပ်သွားပါမယ်နော 🥰🥰အသင်းမရှိသ...
11/05/2026

🤗🤗
မဂ်လာပါ
သတင်းကောင်းတစ်ခုကတော့
Suu 81 Unity Cup ပွဲကို June 14ရက်နေ့ (Sunday) မှာ ကျင်းပပြုလုပ်သွားပါမယ်နော

🥰🥰အသင်းမရှိသူများ စိတ်မပူပါနဲ့
အသင်းသစ်ပါဝင်ချင်တဲ့ သူများ
ဒီအကောင့် ပိုင်ရှင်(CT Lin Shing) သို့ ဆက်သွယ်ပေးပါနော
Links
https://www.facebook.com/share/1EnE1LvCxK/

🌸 Golden Week Cup 2026📅 မေလ ၅ ရက်🏆 Big Congratulations to Vikings FC! နွေဦးရာသီရဲ့ နူးညံ့လှပတဲ့ Sakura ပန်းပွင့်များကြား...
06/05/2026

🌸 Golden Week Cup 2026
📅 မေလ ၅ ရက်
🏆 Big Congratulations to Vikings FC!

နွေဦးရာသီရဲ့ နူးညံ့လှပတဲ့ Sakura ပန်းပွင့်များကြား၊ ဟိုကိုင်းဒိုးမြေပြင်ပေါ်မှာ ဘောလုံးချစ်သူ မြန်မာညီအစ်ကိုမောင်နှမများ ပြန်လည်ဆုံဆည်းခဲ့ကြတဲ့ အမှတ်တရနေ့တစ်နေ့ကို အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့ပါပြီ။ 🌸⚽

အဖွဲ့ခေါင်းဆောင်များ၏ စည်းလုံးညီညွတ်မှု၊ ကြိုးစားအားထုတ်မှုများကြောင့် ပြိုင်ပွဲတစ်လုံးကို အဆင်ပြေချောမွေ့စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။
ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ကစားသမားတိုင်း၊ အားပေးပရိတ်သတ်များနှင့် အဘက်ဘက်မှ ပါဝင်ကူညီပံ့ပိုးပေးသူအားလုံးကို အထူးကျေးဇူးတင်ရှိပါသည် 🙏
💧 အားကစားသမားများနှင့် ပရိတ်သတ်များအတွက် ရေများလှူဒါန်းပေးသော အလှူရှင် နှင့်🥤 အချိုရေများ လှူဒါန်းပေးခဲ့သော မွေးနေ့ရှင် Nay Linn Htoo ကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ 🎉 မွေးနေ့မှစ၍ ရည်မှန်းချက်များကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

⚽ စည်းလုံးမှုနဲ့အတူ 🤝 အနာဂတ်ကို အတူတကွ ဆက်လက်လျှောက်လှမ်းကြရအောင်…
လာမည့်လမှာလည်း ရင်ခုန်စိတ်လူပ်ရှားစရာများနဲ့ ပြန်လည်ဆုံတွေ့ကြမယ်နော
are brotherhood, and we stand together! 🇲🇲❤️
Myanmar Football Team
#📢 Support & Donation to Refugees and Revolutions

住所

Hokkaido
Sapporo-shi, Hokkaido

ウェブサイト

アラート

Hokkaido Myanmar Football Clubがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

共有する

カテゴリー