𝐁𝐈𝐆 𝐒𝐓𝐄𝐏 𝐅𝐂

𝐁𝐈𝐆 𝐒𝐓𝐄𝐏 𝐅𝐂 B : Big
I : Inspired
G : Grab the
S : Success
T : Teamwork
E : Empathy
P : Peace

26.4.2026(Sunday )မှာကျင်းပမည့် Sunday )မှာကျင်းပမည့် Sagaing Revolutions Cupမှာတော့ Big Step နဲ့ Big Step Sedai ဆိုပြီး...
18/04/2026

26.4.2026(Sunday )မှာကျင်းပမည့် Sunday )မှာကျင်းပမည့် Sagaing Revolutions Cupမှာတော့ Big Step နဲ့ Big Step Sedai ဆိုပြီး၂သင်းပါဝင်အားဖြည့်သွားမှာဖြစ်ပါတယ် နည်းစနစ်ဆရာအာတေတာမဟုတ်ပေမဲ့ နည်းစနစ်ဆရာကိုသားကြီးကဦးဆောင်ပြီး ဒုတိယလူဖန်များစွာပါဝင်ထားတဲ့ Big Step ကတော့ Rဆင်နယ်ဖန်ပီသစွာ ဒုတိယနေရာရရှိဖို့ကြိုးစားသွားမလား ဂိတ်ကြီးဖန်(၃)ယောက်ရဲ့ ဆန္ဒအရ စောစော ပြန်🍻သောက်ရမလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်သလို အောင်ဇမ္ဗူမဟုတ်တဲ့ ချာဇမ္မူ စမ်းရေးမိုးမဟုတ်တဲ့အပြုံးမင်းသားလေးစိုပြည်မိုးတို့ပါဝင်တဲ့ Big Step Sedai ဟာဆိုရင်ဖြင့်လည် ခြေထိုးခြေခံအကအလှတွေနဲ့မဟုတ်ဘဲ ခြေထိုးခံခြေကလပ်လှဲ အတင်းလိုက်အတင်းတိုက် မရရင် ရသလိုက်ဖက်ကိုက်ဆိုတဲ့ အကွက်စမ်းတွေကိုသုံးပြီး ဘယ်လိုအောင်မြင်မှုတွေရယူသွားမလဲဆိုတာကိုတော့ လာမဲ့အပတ် (Sunday)မှာတော့ စောင့်မျှော်အားပေးသွားကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်😍😍

အသင်းရဲ့training မှာစည်းလုံးမှုသည်အင်အားပဲ training အပြီးသောက်ဖို့အတွက် လူစုချိန်မှာအားလုံးစုံနေရမယ်နောက်ဆုံးမှာလူမစုံရင...
29/03/2026

အသင်းရဲ့training မှာစည်းလုံးမှုသည်အင်အားပဲ training အပြီးသောက်ဖို့အတွက် လူစုချိန်မှာအားလုံးစုံနေရမယ်နောက်ဆုံးမှာလူမစုံရင် သောက်ရတာမပျော် လို့ 😂😀

21/03/2026

အသင်းနဲ့ အရှေ့က၂ယောက်ကိုကယ်တင်သွားတဲ့ Tankကြီးနဲ့ Support player (၂)ယောက်😍🥰

21/03/2026

ဘယ်ရထားမှာလွဲခဲ့သလဲမဟုတ်တော့ဘူး ဘယ်နေရာမှာခလုတ်တိုက်သွားခဲ့တာလဲ😂😂

21/03/2026

Skinအသစ်နဲ့Buff ပေးထားပေမဲ့ အကွက်အသစ်တွေထုတ်သုံးလာတဲ့ အသင်းရဲ့Legend player

ကျနော်တို့Big Step အသင်းဟာဆိုရင်ဖြင့် ပြန်လည်ဖွဲ့စည်းထားတာမကြာသေးတော့ အသင်းသားတွေအနေနဲ့တယောက်နဲ့တယောက် ပိုမိုရင်းနှီးမှု...
16/03/2026

ကျနော်တို့Big Step အသင်းဟာဆိုရင်ဖြင့် ပြန်လည်ဖွဲ့စည်းထားတာမကြာသေးတော့ အသင်းသားတွေအနေနဲ့တယောက်နဲ့တယောက် ပိုမိုရင်းနှီးမှုရရှိစေရန်ဒီအပတ်Sunday မှာတော့Training နားပြီးအသင်းသားစုံညီတွေဆုံပွဲပြုလုပ်ခဲ့ပါတယ်
အရက်မသောက်ပေမဲ့ အိမ်ရှင်မှအားမနာထမင်းနှစ်ခါပြန်စားတဲ့သူပါသလို ကိုလာနဲ့ရေသောက်ပြီး အမြည်းမှန်သမျှဒိုင်ခံစားပေးသူနဲ့ Training ဆင်းတဲ့အပတ်ဆို အကြောင်းမျိုးစုံနဲ့ မလာနှိင်တဲ့ ကစားသမားက သောက်ဖို့ချိန်းတဲ့အချိန်မှာရှေ့ဆုံးကရောက်နေခဲ့သလို ပင်နယ်တီ မဝင်တဲ့အချိန်မှာ ခြေထောက်နာတဲ့အကွက်တွေ ထုတ်သုံးခဲ့ပေမဲ့ သောက်တဲ့အချိန်မှာ အိမ်ပြန်ဖို့ဖိအားပေးခံရပေမဲ့ မပြန်ရအောင် လှပစွာအကွက်တွေထုတ်သုံးပြခဲ့သလို နောက်ဆုံးမှာတော့ညီအကိုတွေ ချစ်ခင်မှုတွေပြသခဲ့ကြတဲ့ ကိုကြီးစားညီလေးစားနဲ့ ရေချိန်ကျော်လွန်နေတဲ့ ညီအကိုနှစ်ယောက်နဲ့အတူ အရက်သိပ်မကြိုက်ပေမဲ့ နောက်ဆုံးအချိန်ထိ အသင်းသားတွေကိုအားနာလို့ အရက်သောက်ပေးခဲ့တဲ့ ယမကာလုလင်တွေနဲ့ ပျော်ရွှင်စွာ ချက်ပြုတ်စားသောက်ပြီး အသင်းစည်းလုံးမှုကိုလုပ်ဆောင်ခဲ့တဲ့အမှတ်တရနေ့အဖြစ် ပြန်လည်မျှဝေလိုက်ရပါတယ်😊💪❤️

07/03/2026

ကျနော်တို့Big Step အသင်းအနေနဲ့ ရံပုံငွေ ဘောလုံးပြိုင်ပွဲတွေမှာအချိန်အတော်ကြာဝေးကွာနေခဲ့ပြီး အသင်းကညီလေးတွေနဲ့အတူဝါသနာရှင်ကစားသမားအသစ်တွေစုပေါင်းပြီး Thar Gyiရဲ့ဦးဆောင်မှုနဲ့အတူ 2026 .03 .08နေ့မှာကျင်းပပြုလုပ်သွားမည့် SOUTHERN EAGLE REVOLUTION CUPမှာ ပြန်လည်ပါဝင်အားဖြည့်ရင်း FUT MESSE KAWAGUCHI-MOTOGO
T332-0011 Saitama, Kawaguchi, Motogo, 2 Chome-15-3
サミットストア・エルザタワー屋上フロア
SOUTHERN ကွင်းမှာဘယ်လောက်အထိ ရောက်အောင်စွမ်းဆောင်သွားနှိင်မလဲဆိုတာကတော့ 💪💪💪💪စောင့်မျှော်အားပေးသွားကြပါအုံးခင်မျ🥰🥰

ကျနော်တို့ Big Step  အသင်းအနေနဲ့ ကစားသမားအင်အားနည်းနေတဲ့ အတွက်ကြောင့် ရံပုံငွေဘောလုံးပြိုင်ပွဲတွေမှာ ပါဝင်မပေးနှိင်တဲ့အခ...
14/02/2025

ကျနော်တို့ Big Step အသင်းအနေနဲ့ ကစားသမားအင်အားနည်းနေတဲ့ အတွက်ကြောင့် ရံပုံငွေဘောလုံးပြိုင်ပွဲတွေမှာ ပါဝင်မပေးနှိင်တဲ့အချိန် အသင်းရဲ့ အာဆင်နယ်ဖန် ညီလေးကတော့ Victoria FCအသင်းနဲ့အတူ ခိုးလွမ်းနေတာမဟုတ်ဘဲ ခိုးကြမ်းပြခဲ့ပေမဲ့ Champions League trophy ပုံစံမှာ Champions League ရခဲ့ဖူးတဲ့အသင်းနာမည်တွေရေးထားတဲ့ ဆုဖလားပေးအပ်တဲ့ “၇၇နှစ်မြှောက် ချင်းအမျိုးသားနေ့ ဖူဆယ်ဖိတ်ခေါ်ဖလားပြိုင်ပွဲ”မှာတော့ အာကြီးဖန်တယောက်အနေနဲ့ အာဆင်နယ်အသင်းနဲ့ ချန်ပီယံလိဂ် အိမ်မက်ဆိုးကိုချေဖျက် မပေးနှိင်ခဲ့ဘဲအာကြီးဖန်ပီသစွာ စည်သူလွင် ဘဝနဲ့ ကျေနပ်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်မှီပေမဲ့ Best player and Top Scorer Award နှစ်ခုလုံးဆွတ်ခူးသွားသောအာကြီးဖန် Yan Gyi Congratulations 🥳 👏

#ဂျပန်ရောက်ဘောလုံးဝါသနာရှင်ညီအကိုများအနေနဲ့အားကစားအတွက်အချိန်ပေးနှိင်ပြီးကြိုးစားချင်တဲ့ညီအကိုများအသင်းနဲ့ လာရောက်ပူးပေါင်းလို့ရပါကြောင်း ဖိတ်ခေါ်ပါတယ်ခင်မျ #

29.12.2024ရက်နေ့က ကျင်းပခဲ့သော“မနောမြေရဲ့ စစ်ငိုသံ အားကစားဖြင့် ဒို့တော်လှန် “ဖူဆယ်ဘောလုံးပြိုင်ပွဲမှ ရရှိခဲ့သော ရံပုံငွ...
15/01/2025

29.12.2024ရက်နေ့က ကျင်းပခဲ့သော

“မနောမြေရဲ့ စစ်ငိုသံ အားကစားဖြင့် ဒို့တော်လှန် “ဖူဆယ်ဘောလုံးပြိုင်ပွဲမှ ရရှိခဲ့သော ရံပုံငွေများကို တော်လှန်ရေး အဖွဲ့ များနှင့် စစ်ဘေးရှောင်များအတွက် ထောက်ပို့ ပေးအပ်ခဲ့ပြီး ရရှိထားသော Certificate များမှာအောက်ပါအတိုင်းဖြစ်ပါတယ်😍
ပါဝင်ပေးကြသော အသင်းများနှငိ့ ပွဲမှာ အားဖြည့်ကူညီပေးခဲ့ကြသော အယောက်စီတိုင်းကို
ကျေးဇူးတင်ပါတယ် ခင်ဗျာ🙇🙇‍♂️🤗

“မနောမြေရဲ့ စစ်ငိုသံ အားကစားဖြင့် ဒို့တော်လှန် “ရံပုံငွေ ဘောလုံးပြိုင်ပွဲ ပုံရိပ်များ
31/12/2024

“မနောမြေရဲ့ စစ်ငိုသံ အားကစားဖြင့် ဒို့တော်လှန် “ရံပုံငွေ ဘောလုံးပြိုင်ပွဲ ပုံရိပ်များ

၂၀၂၄/၁၂/၂၉ ရက်နေ့   Z futsal sport shim Misato တွင် ကျင်းပခဲ့သည့် “မနောမြေရဲ့စစ်ငိုသံ အားကစားဖြင့်ဒို့တော်လှန် “ရံပုံငွေ...
31/12/2024

၂၀၂၄/၁၂/၂၉ ရက်နေ့ Z futsal sport shim Misato တွင် ကျင်းပခဲ့သည့် “မနောမြေရဲ့စစ်ငိုသံ အားကစားဖြင့်ဒို့တော်လှန် “ရံပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲငွေစာရင်းရှင်းတမ်းဖြစ်ပါတယ်ခင်မျ။
ရံပုံငွေများကိုသတ်မှတ်ထားသော နေရာဒေသ များသို့ ပို့ဆောင်ပေးအပ်ပြီးcertificate များကို တင်ပြပေးသွားပါမည်ခင်မျ… 🫷ပြိုင်ပွဲ အောင်မြင်စွာကျင်းပနှိင်ရန်ပါဝင်ပေးကြသောဂျပန်ရောက်ဖူဆယ်ဘောလုံးအသင်းများနှင့် အသင်းသားတယောက်စီတိုင်းနှင့်အတူ မစခင်ကတည်းကနေပြီးမြောက်တဲ့ထိအဆုံးတိုင်အဖက်ဖက်က ပါဝင်ကူညီပေးကြသော တစ်ယောက်စီတိုင်းကို အထူးပင်ကျေးဇူးတင်အပ်ပါတယ်ခင်မျ🤗😍❤️

住所

Ota-ku, Tokyo

電話番号

+819039607516

ウェブサイト

アラート

𝐁𝐈𝐆 𝐒𝐓𝐄𝐏 𝐅𝐂がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

𝐁𝐈𝐆 𝐒𝐓𝐄𝐏 𝐅𝐂にメッセージを送信:

ショートカット

共有する

カテゴリー