Manchester United Football Highlights

Manchester United Football Highlights About Manchester

🚨📢Old Trafford မှာ အပြောင်အရွေ့နှင်ပတ်သက်ပြီးလုံးဝကတော့အသံတိတ်သွားခဲ့ပါပြီ ။၂၀၂၆ အပြောင်းအရွှေ့ ရာသီပိတ်သိမ်းသည့်နေ့မှာတ...
01/09/2026

🚨📢Old Trafford မှာ အပြောင်အရွေ့နှင်ပတ်သက်ပြီး

လုံးဝကတော့အသံတိတ်သွားခဲ့ပါပြီ ။

၂၀၂၆ အပြောင်းအရွှေ့ ရာသီပိတ်သိမ်းသည့်နေ့မှာ

တော့United မှာ လှုပ်လှုပ်ရှားရှားနဲ့အော်နေတာဆိုလို့

ကျီးကန်းတွေပဲ ရှိပါတော့တယ်။

သူများအသင်းတွေက အေးဆေး ခေါ်ယူမှုတွေ လုပ်နေ

ချိန်မှာ Old Trafford ကတော့ ဒိုးပတ် ဆိုင်ဝိုင်းသိမ်းချိန်လို့​

တောင်ထင်ရပြီးအခြေအနေကတော့စာကြည့်တိုက်

ထက်တောင် ပိုပြီး တိတ်ဆိတ်လို့ နေပါတယ်။

ဒါပေမယ့်လဲ ယူနိုက်တက်ရဲ့ နွေရာသီ အပြောင်းအရွှေ့

ကတော့ လုံးဝ ဗလာနတ္ထိတော့ မဟုတ်ခဲ့ပါဘူး။

Carrick အတွက် INEOS အဖွဲ့ဟာ Andrey Santos၊ Youri

Tielemans နဲ့ Carlos Baleba တို့အပြင် အလွတ်ပြောင်းရွှေ့

ကြေးနဲ့ ဂိုးသမားတစ်ဦး၊ လူငယ်အချို့ကို ခေါ်ယူပြီး အသင်း

ရဲ့ ကွင်းလယ်ပိုင်းကို ပြန်လည် တည်ဆောက်ထားပြီးသား

ဖြစ်ပါတယ်။

သို့ပေမယ့်လဲ Carrick အနေနဲ့ အသင်းဘုတ်အဖွဲ့ဆီက ပံ့ပိုး

ကူညီမှု အပြည့်အဝ မရရှိခဲ့ပါဘူးလို့ဆိုရမှာဖြစ်ပါတယ်။🥺

⭐️အပြောင်းရွေ့ကတော့ပြီးသွားပြီညီကိုတို့အနေနဲ့ဘယ်လို

မြင်လဲ ပက်ပက်ဆက်ဆက်ပြောကြပါအုံးဗျ😁🥹

⭐️အားပေးတဲ့ညီကိုတစ်ယောက်ချင်းဆီတိုင်ကို

ကျေးဇူးတင်ပါတယ်။❤️

🚨🌟 𝗢𝗙𝗙𝗜𝗖𝗜𝗔𝗟:Ipswich အသင်းနဲ့ ပွဲစဉ်မှာ ကောင်းမွန်လွန်းတဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီးနောက် ဘရူနို ဖာနန်ဒက်စ်ကတော့ ပရီး...
01/09/2026

🚨🌟 𝗢𝗙𝗙𝗜𝗖𝗜𝗔𝗟:

Ipswich အသင်းနဲ့ ပွဲစဉ်မှာ ကောင်းမွန်လွန်းတဲ့

စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီးနောက် ဘရူနို ဖာနန်ဒက်စ်

ကတော့ ပရီးမီးယားလိဂ်ရဲ့ တစ်ပတ်တာ အကောင်းဆုံး

ကစားသမားဆုအတွက် ဇကာတင် ရွေးချယ်ခံရပါတယ်။

⭐️ပြီးတော့ဘရူနို နဲ့ အမ်ဘူမို တို့က မန်ချက်စတာယူနိုက်

တက်အသင်းရဲ့ ဩဂုတ်လအတွက် အကောင်းဆုံးဂိုးဆု

(Goal of the Month) ဇကာတင်စာရင်းမှာ ပါဝင်လာခဲ့ပါ

တယ်။

ဒီဂိုးကိုIpswich အသင်းကို ၅-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်က

ဘရူနိုက အမ်ဘူမိုရဲ့ လှပလွန်းလှတဲ့ဂိုးကိုသွင်းနိုင်

အောင်လဲဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

⭐️နှစ်ယောက်လုံးအတွက်ဂုဏ်ယူပါတယ်။

⭐️အားပေးတဲ့ညီကိုတစ်ယောက်ချင်ဆီတိုင်ကို

ကျေးဇူတင်ပါတယ်။❤️

🚨🏆 (၃)နှစ်နီးပါးခန့် ဝေးကွာခဲ့ပြီးနောက် -ကျွန်တော်တို့ယူနိုက်တက်အသင်းဟာ ဒီလထဲမှာပဲ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ကစားရ...
01/09/2026

🚨🏆 (၃)နှစ်နီးပါးခန့် ဝေးကွာခဲ့ပြီးနောက် -

ကျွန်တော်တို့ယူနိုက်တက်အသင်းဟာ ဒီလထဲမှာပဲ

ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ကစားရတော့မှာ

ဖြစ်ပါတယ်။😍

ကျွန်တော်တို့ပရိသတ်တွေ စောင့်မျှော်နေခဲ့ရတဲ့ ယူနိုက်

တက် ပြန်ကစားမဲ့ ပွဲစဉ်ကိုတော့ စက်တင်ဘာ (၁၀ )ရက်နေ့

အိုထရက်ဖို့ဒ်ကွင်းမှာ (ဆာဘာ)အသင်းနဲ့ စတင်မှာ

ဖြစ်ပါတယ်။

ကျွန်တော်တို့ ယူနိုက်တက် ကွင်းအတွင်း ဝင်ရောက်မ

ယှဉ်ပြိုင်မီအချိန်အထိ အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်

များကြား ဝေးကွာခဲ့ရသည့် အချိန်ကာလကတော့

ရက်ပေါင်း (၁,၀၀၀ )ကျော် သွားခဲ့ပြီဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ချန်ပီယံလိဂ် ပြိုင်ပွဲကြီးဟာ

အိုထရက်ဖို့ဒ်ဆီ ပြန်လည်ရောက်ရှိလာမှု နှင့်အတူ

ကျွန်တော်တို့တွေလဲအိပ်ရေးပျက်ကြတော့မှာဖြစ်ပါတယ်။

⭐️ဘယ်လိုလဲအိပ်ရေးပျက်ခံနိုင်ကြရဲ့လား😁

⭐️အားပေးတဲ့ညီကိုတစ်ယောက်ချင်းဆီတိုင်းကို

ကျေးဇူတင်ပါတယ်။

🚨 မန်ချက်စတာယူနိုက်တက်ရဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ လှုပ်ရှားမှုအချို့ ရှိနေနိုင်သေးသော်လည်း အသင်းဘက်ကတော့ အလျင်စလို...
01/09/2026

🚨 မန်ချက်စတာယူနိုက်တက်ရဲ့ အပြောင်းအရွှေ့

နောက်ဆုံးနေ့မှာ လှုပ်ရှားမှုအချို့ ရှိနေနိုင်သေးသော်လည်း

အသင်းဘက်ကတော့ အလျင်စလို သဘောတူညီမှုရယူဖို့

လုပ်မှာမဟုတ်ပါဘူး။

ယူနိုက်တက်ဟာ ဘယ်နောက်ခံလူတစ်ဦးကို ခေါ်ယူဖို့

ချိန်ဆနေသော်လည်း သင့်တော်တဲ့ အခွင့်အရေးမျိုး

ပေါ်ပေါက်လာမှသာ စီနီယာကစားသမားတစ်ဦးကို ခေါ်

ယူသွားမှာ ဖြစ်ပါတယ်။

Ineos တို့အနေနဲ့ နောက်ထပ် ကာလတို အရေးပေါ် အငှား

စာချုပ်မျိုးကို မပြုလုပ်ချင်ပါဘူး။

ဇက်ခ်ဇီ (Zirkzee) ရဲ့ အနာဂတ်မှာလည်း မရေမရာ ဖြစ်နေ

ပြီး ဂျူဗင်တပ်စ်အသင်းက သူ့ကို ဝယ်ယူခွင့် သို့မဟုတ်

အပြီးသတ်ဝယ်ယူရမည့် မဖြစ်မနေ စည်းကမ်းချက်ပါဝင်

သည့် အငှားစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

သူ ထွက်ခွါသွားခဲ့ရင်တောင် ယူနိုက်တက်ဘက်က အစားထိုး

ကစားသမားတစ်ဦး ထပ်မံမခေါ်ယူဖို့ ဆုံးဖြတ်နိုင်ပါတယ်။

⭐️ညီကိုတို့ သတင်းကတော့မကောင်းဘူး ဘယ်လိုမြင်လဲဗျ

⭐️အားပေးတဲ့ညီကိိုတစ်ယောက်ချင်းဆီးတိုင်ကို

ကျေးဇူးတင်ပါတယ်။

🚨 🚨 အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုများ စတင်လိုက်ပြီ⭐️⭐️မန်ချက်စတာယူနိုက်...
01/09/2026

🚨 🚨 အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုများ စတင်လိုက်ပြီ

⭐️⭐️မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ 

စိတ်ဓာတ်ခွန်အားနိုးဆော်ပေးနိုင်တဲ့ အသင်းခေါင်းဆောင်

ဘရူနို ဖာနန်ဒက်စ် ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက်

ဆွေးနွေးမှုများ စတင်လိုက်ပြီဖြစ်ပါတယ်။

အသင်းနဲ့ ဖာနန်ဒက်စ်ရဲ့ ကိုယ်စားလှယ်တို့အကြား အစထဲ

ကဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့်ယူနိုက်တက်

ဘက်ကတော့ နှစ်မကုန်မီ သဘောတူညီမှု ရရှိရန်

ဆန္ဒရှိနေပါတယ်။

ဖာနန်ဒက်စ်ဟာ လက်ရှိစာချုပ်သက်တမ်း ၁၀ လ ကျန်ရှိနေ

သေးပြီး ယူနိုက်တက်ဘက်က နောက်ထပ်တစ်နှစ်

သက်တမ်းတိုးနိုင်သည့် အခွင့်အရေးကိုလည်း ဆုပ်ကိုင်ထား

ပါတယ်။

အသင်းခေါင်းဆောင်ရဲ့ ရာသီအစ အံ့မခန်း စွမ်းဆောင်

ရည်အပြီးမှာတော့ သူ့ရဲ့အနာဂတ်ဟာ အသင်းရဲ့

ဦးစားပေးကိစ္စတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။

⭐️ညီကိုတိုရောဘယ်လိုမြင်လဲဗျ ဆွေးနွေးခဲ့ကြပါအုံး

⭐️အားပေးတဲ့တစ်ယောက်ချင်ဆီတိုင်ကို

ကျေးဇူးတင်ပါတယ်။🥰

🚨🗣️ ဂယ်ရီ နဗီးလ် က ဘရူနို ဖာနန်ဒက်စ်ပတ်သက်ပြီး -"သူဟာ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားပြီးနောက်ပိုင်း အခြားသူတွေထက် အဝေးကြီ...
31/08/2026

🚨🗣️ ဂယ်ရီ နဗီးလ် က ဘရူနို ဖာနန်ဒက်စ်ပတ်သက်ပြီး -

"သူဟာ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားပြီးနောက်ပိုင်း

အခြားသူတွေထက် အဝေးကြီး သာလွန်ကောင်းမွန်တဲ့

အကောင်းဆုံး ခေါ်ယူမှုပါပဲ။

မန်ချက်စတာယူနိုက်တက်မှာ ကစားဖို့အတွက် လိုအပ်တဲ့

သတ္တိ၊ ရဲရင့်မှုနဲ့ ယုံကြည်ချက်တွေ သူ့မှာ ရှိသလို ဂိုးဖန်တီးမှု

တွေ၊ ဂိုးတွေနဲ့အတူ သူ စွမ်းဆောင်ပေးထားတဲ့ ကိန်းဂဏန်း

စာရင်းဇယားတွေကလည်း ကောင်းမွန်လွန်းပါတယ်။

သူဟာ တကယ့်ကို ထူးချွန်ပြောင်မြောက်တဲ့ ကစားသမား

တစ်ယောက်ပါ၊တကယ်ကိုပါပဲဗျား။"

⭐️ကျွန်တော်ကတော့လက်ခံတယ်ဗျ ဘရူနိုသာ

မရှိခဲ့ရင်ခုယူနိုက်တက်က တန်းဆင်းစုံနားမှာ

ရစ်သီရစ်သီဖြစ်နေလောက်ပြီး။🥺

⭐️ညီကိုတို့ရောဘယ်လိုမြင်လဲဗျ ပြောပေးသွားကြပါအုံးဗျ

❤️အားပေးတဲ့ညီကိုတစ်ယောက်ချင်းဆီတိုင်ကို

ကျေးဇူးတင်ပါတယ်။

🚨🗣️ ရီယို ဖာဒီနန် - "မားကတ်စ် ရက်ဖို့ဒ်ကို ကြည့်ပါဦးဗျာ၊ သူ ကြိုးစားနေတယ်၊ ပင်ပင်ပန်းပန်း ကစားပေးနေတယ်၊ နောက်ပြန်ဆင်းပြီ...
31/08/2026

🚨🗣️ ရီယို ဖာဒီနန် -

"မားကတ်စ် ရက်ဖို့ဒ်ကို ကြည့်ပါဦးဗျာ၊

သူ ကြိုးစားနေတယ်၊

ပင်ပင်ပန်းပန်း ကစားပေးနေတယ်၊

နောက်ပြန်ဆင်းပြီး လိုက်ပိတ်ပေးနေတာပါ။

"ပွဲချိန် ၇၉ မိနစ်မှာ ထင်တယ်၊ သူ့ရဲ့ ပြစ်ဒဏ်ဧရိယာ အစွန်း

ဘေးဘက်နားမှာတင် ဘောလုံးပြန်ရအောင် ဖျက်ထုတ်သွား

ခဲ့တာ။

"အဲဒါထက် ပိုပြီးအရေးကြီးတာကတော့ ပရိသတ်တွေရဲ့

တုံ့ပြန်မှုပါပဲ၊ ဘာလို့လဲဆိုတော့ အဲဒါက လူအများစုအတွက်

စိုးရိမ်စရာ ဖြစ်နေခဲ့တာလေ။

"ရက်ရှ်ဖို့ဒ် အပါအဝင် သူ့ရဲ့ မိသားစုနဲ့ သူ့ပတ်ဝန်းကျင်က

လူတွေအတွက်လည်း စိုးရိမ်စရာ ဖြစ်ခဲ့တာပါ။

ပရိသတ်တွေရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိလာမလဲဆိုတာကို

ပေါ့။"

⭐️ညီကိုတို့ရောဘယ်လိုမြင်လဲ ပြောသွားခဲ့အုံးဗျ

ကျွန်တော်ကတော့ညက ရက်ဖို့ဒ်ရဲ့ ခြေစွမ်းကို

တကယ်သဘောကျတယ်ဗျ။

❤️အားပေးတဲ့ညီကိုမောင်နှမတစ်ယောက်ချင်းဆီတိုင်ကို

ကျေးဇူတင်ပါတယ်။😍

31/08/2026

"ဟျောင် Bruno ငါတို့ ဘောလုံး ရရင် ထိန်းကစားရအောင်"

“Bruno when we get the ball, let’s keep it”

ညကမိန်းနူးက ဘရူနိုဘောလုံးမြန်မြန်တိုက်စစ်ဆင်ဖို့ ဘောလုံးမှားပေးမိသွားတယ်ချိန် အော်ပြောခဲ့တာဖြစ်ပါတယ်။
ဒါဟာ ကျွန်တော်တို့ တကယ့် လိုအပ်နေတဲ့ကွင်းလယ်လူစစ်စစ်ရဲ့ စိတ်ဓာတ်မျိုးဘဲဗျား အရမ်းသဘောကျတယ်ဗျား🥰

🚨🗣️ ဝိန်းရူးနီး - "ကိုဘီ မိန်နူး အကြောင်းလား? သူက တခြားကစားသမားတွေအားလုံးထက် အများကြီးကို ပိုသာလွန်နေခဲ့တယ်လို့ ကျနော် ထ...
31/08/2026

🚨🗣️ ဝိန်းရူးနီး - "ကိုဘီ မိန်နူး အကြောင်းလား?

သူက တခြားကစားသမားတွေအားလုံးထက် အများ

ကြီးကို ပိုသာလွန်နေခဲ့တယ်လို့ ကျနော် ထင်ပါတယ်။

သူ့ရဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ ဘောလုံးပေါ်မှာ တည်

တည်ငြိမ်ငြိမ်ရှိမှုတွေက တကယ်ကို ကောင်းမွန်

လွန်းပါတယ်။

"တစ်ဖက်ကစားသမားကို ကျော်ဖြတ်ဖို့ ဘယ်အချိန်မှာ

အရှိန်နည်းနည်းမြှင့်ပြီး နေရာလွတ်ဖန်တီးရမလဲဆိုတာကို

သူ ကောင်းကောင်းသိတယ်။

သူဟာ ဖျတ်လပ်ပြီးလန်းဆန်းမှုကို ဆောင်ကြဉ်းပေး

နိုင်ခဲ့ပါတယ်။

"သူ့ဘေးမှာ တွဲဖက်ကစားခဲ့တဲ့ ယူရီ တီးလမန်းစ် လည်း

တော်တော်လေး ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့တယ်လို့

ကျနော် မြင်ပါတယ်။"

🫵ရွန်နီပြောတာမှန်တယ်ဗျ ညကမိန်နူးတော်တော်လေး

ကိုကောင်းခဲ့တယ်ဗျ။

🫵ညီကိုတို့ရောဘယ်လိုမြင်လဲ ပြောသွားခဲ့ပါအုံးဗျ။

🔥အာပေးတဲ့တစ်ယောက်ချင်ဆီတိုင်းကို

ကျေးဇူးတင်ပါတယ်။

🚨🗣️ လုခ်ရှော "ကျနော် ကိုဘီ မိန်နူးအကြောင်း ပြောပြချင်ပါတယ်။ ဒီနေ့မှာ သူ တကယ်ကို ခြေစွမ်းပြသွားခဲ့ပြီး အမိုက်စားစွမ်းဆောင...
31/08/2026

🚨🗣️ လုခ်ရှော

"ကျနော် ကိုဘီ မိန်နူးအကြောင်း ပြောပြချင်ပါတယ်။

ဒီနေ့မှာ သူ တကယ်ကို ခြေစွမ်းပြသွားခဲ့ပြီး အမိုက်စားစွမ်းဆောင်ရည်မျိုး ပြသသွားခဲ့တာပါ။

ဘရူနို က ဟက်ထရစ် ရခဲ့တာ မှန်ပေမဲ့ ကျနော်သာဆိုရင် မိန်နူးကိုပဲ(Man of the Match) အဖြစ် သတ်မှတ်မှာပါ။

သူ ဒီလို တိုးတက်လာတာကို မြင်ရတာ တကယ်ကို ဝမ်းမြောက်စရာပါပဲ။

ဒီနေ့ပွဲမှာ သူ တကယ်ကို အံ့မခန်း ကောင်းမွန်ခဲ့သလို ကွင်းလယ်ရဲ့ ခေါင်းဆောင်စစ်စစ် တစ်ယောက် ဖြစ်ခဲ့ပါတယ်။"

🫵ညီကိုတို့ အမြင်လေးကိုလဲ ပြောသွားကြပါအုံးဗျ

🫵အားပေးတဲ့ညီကိုတစ်ယောက်ချင်ဆီတိုင်းကိုကျေးဇူးတင်ပါတယ်။🥰❤️

住所

Minato, Tokyo

アラート

Manchester United Football Highlightsがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

共有する

カテゴリー