16/09/2026
ဘရိုက်တန်နဲ့ပွဲ့အတွက် နည်းပြကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှ ပြောစကားများ....
ဘရိုက်တန်နဲ့ပွဲကိုတော့ Shaw အနေနဲ့ ကြံ့ခိုင်မှုပြည့်နိုင်ပါတယ်။ဒါပေမယ့် ယတိပြတ်ပြောလို့မရသေးပါဘူး။ ဒီရက်တွေအတွင်း ကြည့်ရဦးမှာပါ။
Amad ကတော့ ဒဏ်ရာကနေသက်သာဖို့ ရက်ပိုင်းလောက်ထိတော့ မနီးသေးပေမယ့် တစ်ပတ်ချင်းတော့တိုးတက်လာပါပြီ။ De Ligt ကတော့ ပိုအဆင်ပြေလာပြီဖြစ်ပေမယ့်အရမ်းကြီး တွန်းအားပေးသွားမှာမဟုတ်ပါဘူး။
Baleba အနေနဲ့ အသင်းနဲ့တော့ နောက်အပတ်လောက် သေချာထရိန်နင်ဆင်းနိုင်ပါတယ်။ ဒီလိုဆင်းနိုင်ရင်တော့ နိုင်ငံတကာပွဲစဉ်တွေပြီးတာနဲ့ ကောင်းမွန်တဲ့ပုံစံကိုရနိုင်ပါတယ်။ Baleba အနေနဲ့ အသင်းဖော်တွေနဲ့အတူကစားရဖို့ ဆန္ဒပြင်းပြနေလျက်ရှိပါတယ်။
အခုကရာသီသစ်ဖြစ်သလ်ို လက်ရှိရမှတ်တွေက ကျေနပ်စရာမရှိနေပါဘူး။ ဒါကျွန်တော်ဝန်ခံပါတယ်။ ဒါပေမယ့် နိုင်ပွဲတွေကိုကျင့်သားရသွားရင် ရမှတ်တွေက အလိုလိုရောက်လာမှာပါ။ ပြောတာကတော့လွယ်တယ်ဆိုပေမယ့် လက်ရှိအသင်းက ဒီလိုတွေနိုင်ပွဲဆက်ဖို့ လုပ်နိုင်စွမ်းရှိပါတယ်။
Dorgu က Sabah နဲ့ပွဲမှာ အကောင်းဆုံကစားပြခဲ့သလို City နဲ့ပွဲမှာလည်းတစ်ပွဲလုံးမှာကြည့်ရင်ကောင်းကွက်တချို့ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းမှာလူစာရင်းအပြည့်လည်းဖြည့်ထားတာပါ။ ဒဏ်ရာကြောင့်မှမဟုတ်ဘဲ ကစားသမားအလှည့်အပြောင်းတွေကိုနည်းစနစ်အရ သုံးလို့ရတာပေါ့။
ဒါဘီရှုံးပွဲအပေါ် ကစားသမားတွေက နိုင်ပွဲတွေနဲ့တုံ့ပြန်ဖို့ စိတ်အားထက်သန်နေပါတယ်။ သူတို့လုပ်နိုင်စွမ်းရှိတာကိုလည်းကျွန်တော်ကတော့ယုံကြည်ပါတယ်။ ဆုဖလားဆိုတာကလည်း ဘယ်လိုဖလားဖြစ်ဖြစ်အောင်မြင်မှုဆိုတဲ့ခံစားချက်ရှိတာမို့ ပရိသတ်တွေကိုလည်းအားတက်စေပါတယ်။ ဒါကြောင့် ဘယ်ဆုဖလားမဆို ရရှိဖို့ကြိုးပမ်းသွားပါမယ်"