Candle by Gorgeous May

Candle by Gorgeous May Internationally approved Third eye intuitive Oracle & Tarot Jury, Crystal Specialist, Mentor, Energy

💗Soul Contract မှာ Karmic Partner ပတ်သက်မှုဖြစ်နေခဲ့ရင် တစ်ဖက်သူက သူ့ရဲ့ Soul Contract ထဲက တာဝန်အတိုင်း အချိန်မစေ့မချင်း...
04/09/2026

💗Soul Contract မှာ Karmic Partner ပတ်သက်မှုဖြစ်နေခဲ့ရင် တစ်ဖက်သူက သူ့ရဲ့ Soul Contract ထဲက တာဝန်အတိုင်း အချိန်မစေ့မချင်း ကိုယ့်ကို လိုက်ပတ်သက်နှောင့်ယှက်နေတတ်ပါတယ်💗

💜 မိသားစုချင်းဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းချင်းဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ချင်းဖြစ်စေ 💜 ဆက်ဆံရေးတစ်ခုမှာ ကိုယ့်ဘက်က ယတိပြတ် စိတ်ပြတ်လို့ စိတ်ဆုံးဖြတ်ပြီး 💜 အပြီးတိုင် ပြီးပြတ်ချင်ပေမဲ့လို့ တစ်ဖက်က အတင်းတွေ လိုက်ပတ်သက်ပြီး 💜တမင် စိတ်အနှောင့်အယှက် လိုက်ပေးတာမျိုး ကြုံဖူးကြမလား

💖 ကျွန်မဘဝမှာလေ ကျွန်မရဲ့ Soul Contract အရ သူတို့အလုပ်သူတို့ လုပ်ကြပြီး 💖ပေါ်တင်တိုက်ခိုက်တဲ့သူတွေကိုလည်း စိတ်မကုန်သလို 💖အမုန်းစကားပြောတဲ့သူတွေကိုလည်း စိတ်မပျက်ပေမဲ့ 💖 တမင်သက်သက် ဇွတ် innocent ပြပြီး 💖 အတင်းလိုက်ပတ်သက် ပန်းနုသွေးချစ်ခင်ပြတတ်တဲ့အဲ့လိုလူမျိုးတွေကို စိတ်အပျက်ဆုံးပါ

💙 သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက် ဘယ်လို connection မျိုးမှာမဆို 💙 ကိုယ့်ဘက်က သည်းခံသင့်သလောက် သည်းခံပြီးချိန်မှာတောင် 💙 သူ့ဘက်က beyond the limit ဖြစ်လာတဲ့နောက် 💙တစ်ဖက်သူနဲ့ လုံးဝ အပတ်အသက်မလုပ်ချင်သလို 💙စကားလေးနဲ့တောင် ပြောဆိုဆက်ဆံတာမျိုးမလုပ်ချင်တာ၊ 💙မျက်နှာကိုတောင် မမြင်ချင်တော့တာမျိုး ခံစားရပြီဆိုရင် 💙 ကျွန်မဘက်ကစပြီး အဲဒီ ဆက်ဆံရေးတစ်ခုကို အပြီးတိုင် ေ သ ခန်းဖြတ် ဖြတ်တောက်ပစ်တတ်ပါတယ်

🩵 တစ်ခါတစ်လေမှာတော့ ကိုယ့်ဘက်က ဘယ်လောက်ပြတ်သားစွာဖြတ်တောက်ပါစေ 🩵 တစ်ဖက်က မသိချင်ယောင်ဆောင် အတင်းတွယ်ကပ်ပြီး 🩵 တမင် လူကောင်းဟန်ဆောင်ပြတဲ့ အပေါ်ယံ ချစ်ခင်မှုမျိုးဆိုရင်လည်း 🩵 ကျွန်မဘက်က အလိုလိုကို ဒါဟန်ဆောင်ပြီး တမင် စိတ်ဒုက္ခလိုက်ပေးနေတာဆိုပြီး သိပါတယ်

💚 ရှေ့ဘဝအဆက်ဆက်က ဘိုးဘွားစဉ်ဆက် ဘယ်လို ဆုတောင်းတွေ မှားခဲ့မိလို့ 💚 ဒီဘဝမှာ မြေးမြစ်မျိုးဆက်ဖြစ်တဲ့ ကျွန်မတို့က ပြန်ပေးဆပ်နေရတယ် 💚 ပြင်ဆင်မရပေမဲ့ နောက်ဘဝအဆက်ဆက်မှာ ထပ်တူညီတဲ့ pattern looping မျိုး 💚 ထပ်မပါအောင်တော့ soul contract အရ အပြီးသတ် closure ပေးလို့ရပါတယ်

🩶 Soul Contract အကြောင်း သေချာ မတတ်ခင်ကတော့ closure မရမချင်း စိတ်ထဲ ခံပြင်းအလိုမကျဖြစ်ရပေမဲ့ 🩶 နောက်ပိုင်းမှာတော့ ဘယ်လောက်ပဲ ကိုယ့်ဘက်က ပြတ်သားတင်းမာပြီး စိတ်ပြတ်သားနေပါစေ 🩶 တစ်ဖက်သူရဲ့ အပြုအမူ၊ အပြောအဆို၊ အတွေးအခေါ်၊ လုပ်ရပ်တွေက အတင်းတွယ်ကပ်နေတယ်ဆိုရင် 🩶 သူ့ဘက်က timeline အရ ကိုယ့်အပေါ် ဒုက္ခပေးရမယ့် အချိန်ကျန်နေသေးလို့ လို့ပဲ 🩶 သတ်မှတ်ပေးပြီး သူ့အချိန်ကုန်တဲ့အထိ တွယ်ကပ်နေမှာပဲလေလို့ပဲ စိတ်ထဲ တွေးပေးလိုက်ပါတော့တယ်

❤️ တချို့သူတွေနဲ့ ပြန်လည်း မတွေ့သလို ❤️ အမှတ်တရ Memory တစ်ခုအဖြစ်တောင် မကျန်ခဲ့ဘူးဆိုတာကလည်း ❤️ Soul Contract အရ ပြန်ဆုံရမယ့် ရေစက်ကံအရှိန် မကျန်တော့လို့ပါပဲ

🌷🪴💐 လူတစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့မှာလား၊ ရေစက်ကုန်ပြီလားဆိုတာ Soul Contract အပြင် Astrology, Oracle, Tarot တွေနဲ့ တိတိကျကျ အဆင့်ဆင့် အဖြေယူ စစ်ဆေးလို့ရပါတယ်နော် 🌷🪴💐

❤️ New Version, Better version ဆိုတာ တကယ်တော့ ကျိုးပဲ့ပျက်စီးသွားတဲ့ အပိုင်းအစ အဟောင်းလေးတွေအားလုံးကို ထားပစ်ခဲ့ပြီး အသစ...
09/08/2026

❤️ New Version, Better version ဆိုတာ တကယ်တော့ ကျိုးပဲ့ပျက်စီးသွားတဲ့ အပိုင်းအစ အဟောင်းလေးတွေအားလုံးကို ထားပစ်ခဲ့ပြီး အသစ်တွေနဲ့ တစ်ခုချင်းစီ စိတ်ရှည်လက်ရှည် အစကနေ ပြန်တည်ဆောက်နိုင်မှ ရတာပါ

❤️ အဟောင်းအကျိုးအပျက်တွေကို တစ်စစီ ပြန်စီပြီး နေရာသစ်မှာ random ထည့် တည်ဆောက်လိုက်ရုံနဲ့ new version မဖြစ်လာသလို better version လည်း မဖြစ်နေဘူးရယ်

❤️ တစ်ခါက ကျွန်မ တပည့်တစ်ယောက်ပြောဖူးတဲ့ compliment လေးတစ်ခုက လွန်ခဲ့တဲ့ ၁၂ နှစ်က ကျွန်မကို Flashbacks သွားပြန်မြင်ယောင်မိရင်း ပြုံးမိစေခဲ့တယ်

❤️ ဆရာမက ရင့်ကျက်တယ် တည်ငြိမ်တယ် ပြီးတော့ လူကြီးဆန်တယ် အရာရာကို စဉ်းစားပေးတတ်တယ်တဲ့

❤️ အဲ့လို အခုလက်ရှိ version ရလာဖို့အတွက် လွန်ခဲ့တဲ့ ၁၂ နှစ်က reckless & childish ဆိုတဲ့ version လေးကို တစ်စစီဖယ် ခွာချခဲ့ရတာပေါ့

❤️ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက ရုံးအကြိုနောက်ကျလို့ အဖေ့ကို စိတ်ဆိုးပြီး ပြဿနာရှာတုန်းက အဖေပြောဖူးတဲ့စကားတစ်ခွန်းက ဘာလို့ရယ် မသိ မရည်ရွယ်ပေမဲ့ အခုထိ စိတ်ထဲစွဲနေတုန်းပါ

❤️ အခု ကျွန်မကို သေချာ ထဲထဲဝင်ဝင်သိတဲ့ အသိမိတ်ဆွေတိုင်းလိုလို ပြောပေးကြတဲ့ ရုပ်လေးချောရုံတင်မက စိတ်ထားလေးလည်း အရမ်းလှတာပဲဆို တဲ့ compliment လေးမှာ ကျေနပ်မိပေမဲ့လည်း ဒီဂုဏ်ပုဒ်လေးကို ကာကွယ်ဖို့အတွက်ဆိုပြီး ကိုယ့်ရဲ့ peace & tranquility ကို protect လုပ်ထားတဲ့ boundaries ကိုလာကျော်ပြီး အခွင့်ကောင်းယူ အမြတ်ထုတ်တဲ့လုပ်ရပ်မျိုးကိုတော့ သဘောကောင်းမိမနေဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲ သတိပေး ဆင်ခြင်ရပါတယ်

❤️ အခု version ကနေမှ တစ်ဆင့်ပိုတဲ့ better version ကိုသွားမယ်ဆိုရင်တော့ အခုထက်ပိုပြီး စွန့်ပစ်၊ ထားပစ်ခဲ့ရမယ့်အရာတွေကို နှမြောနေလို့ မရပြန်ဘူးရယ်

❤️Transformation Period တိုင်းက နာကျင်ပါတယ် အရမ်းလည်း risky ဖြစ်ပါတယ် ဒါပေမဲ့ တကယ် အနာခံနိုင်ခဲ့ချိန်မှာလည်း result က တကယ်ကြီးကို မက်မောစရာပါပဲ

❤️ ဒါကြောင့်မို့လည်း ကိုယ့်ရဲ့ အကောင်းမွန်ဆုံး better version ကို ရရှိဖို့အတွက် မလိုလားအပ်တော့တဲ့ အမှိုက်သရိုက်လိုအရာတွေ၊ လူတွေ၊ အကြောင်းအရာ၊ မှတ်ဉာဏ်၊ အမူအကျင့်တွေကို စွန့်ပစ်လိုက်ဖို့ ဝန်မလေးကြပါနဲ့လို့

❤️Crystal လေးတွေရဲ့ အကူအညီကလည်း တကယ်ကြီး မပါမဖြစ်ပါပဲနော် စိတ်ကို ကြည်လင်အေးချမ်းပြီး စိတ်အညစ်အကြေးတွေကို ကင်းစင်စေဖို့အတွက်ပေါ့

🌷Lion’s Gate Portal Peak Day ဖြစ်တဲ့ 8.8 မှာ မလိုချင်တော့တဲ့ ပုံစံဟောင်းကို ခွာချပြီး အကျင့်ဆိုးတွေ၊ စနစ်ဆိုးတွေ၊ ခေါက်ရိုးကျိုးနေတဲ့ ဉာဉ်ဆိုးတွေကို ခွာချပြီး ပိုမိုကောင်းမွန် လှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ 🌷

🌷Lion’s Gate Portal Peak Day ဖြစ်တဲ့ 8.8 မှာ မလိုချင်တော့တဲ့ ပုံစံဟောင်းကို ခွာချပြီး အကျင့်ဆိုးတွေ၊ စနစ်ဆိုးတွေ၊ ခေါက်ရ...
08/08/2026

🌷Lion’s Gate Portal Peak Day ဖြစ်တဲ့ 8.8 မှာ မလိုချင်တော့တဲ့ ပုံစံဟောင်းကို ခွာချပြီး အကျင့်ဆိုးတွေ၊ စနစ်ဆိုးတွေ၊ ခေါက်ရိုးကျိုးနေတဲ့ ဉာဉ်ဆိုးတွေကို ခွာချပြီး ပိုမိုကောင်းမွန် လှပတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ 🌷

🌹 ဒီနေ့မှာ ရာသီခွင်တိုင်း၊ men or women, LGBTQ အားလုံး အဆင်ပြေရင် တတ်နိုင်ရင်တော့ ခေါင်းလျှော်၊ သန့်ရှင်းရေးလုပ်ပေးကြပါရှင်

🌸 စိတ်ရဲ့အညစ်အကြေး၊ ကိုယ်ရဲ့အညစ်အကြေးတွေ ကင်းစင်၊ စင်ကြယ်နေဖို့အတွက် စိတ်ကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို ဒီနေ့ တစ်နေ့တာလေး ခေါင်းထဲက ထုတ်ပြီး အကြည်ဓာတ်လေးနဲ့ positive thinking လေးထားကြရအောင်ပါနော်

🪴 ကိုယ်မဟုတ်တဲ့ တခြားသူရဲ့ အပြုအမူ၊ အပြောအဆို၊ အမူအရာတွေကြောင့် ကြည်လင်အေးချမ်းနေတဲ့ ကိုယ့်စိတ်လေးကို နောက်ကျိ မခံဘဲ ကိုယ်နဲ့မဆိုင်၊ ကိုယ်ပြုပြင်ပေးဖို့မတတ်နိုင်တဲ့ တခြားသူ သူစိမ်းရဲ့ အပြစ်ကို သက်ဆိုင်သူဆီပဲ ပြန်ပေးပြီး ကိုယ့်ဆီ မသယ်မိဖို့အရေးကြီးပါတယ်နော်

🍀Mind, Body, Soul, Spirit အကုန် အေးချမ်းကြည်လင်ပြီး သန့်စင်နေဖို့ အရေးကြီးတာမို့ ကိုယ့်ရဲ့ စိတ်ကို အကြည်ဓာတ်ဖြစ်စေမယ့် အရာလေးတွေကိုပဲ ကြည့်၊ အတွေးလေးတွေကိုပဲ တွေးပြီး စိတ်ကို ပျော်ရွှင်စေမယ့် အရာလေးတွေပဲ လုပ်ပေးပါရှင်

❄️ ကျွန်မကတော့ မနက်စောစောမှာတင် Crystal အမျိုးအစားပေါင်း ၈၀ ကျော် ဘူးပေါင်း ၉၂ ဘူးတိတိကို သန့်ရှင်းရေးလုပ်ပြီး Pilates + strength training လည်း ကစားပြီးပါပြီ

💐 ကိုယ့်စိတ်ကို တကယ်အေးချမ်းပျော်ရွှင်တည်ငြိမ်ချမ်းမြေ့စေပြီး စိတ်ကို အကြည်ဓာတ်ပေးတဲ့၊ ကိုယ်တကယ်လုပ်ရတာ enjoy ဖြစ်တဲ့အရာလေးတွေပဲ ဒီနေ့မှာ လုပ်ပေးဖို့ အထူးမှာချင်ပါတယ်ရှင့်

💗 Better Version, New You ဖြစ်ပြီး စိတ်အေးချမ်းပျော်ရွှင်ကြပါစေ 💗

🤎 Btw, ဒီနေ့ မနက်မိုးလင်းတာနဲ့ ဝတ်မိတဲ့ Gorgeous Creation Limited Edition Crystal Bracelet လေးတွေကတော့ 🪴 The Mother Earth Energy, 💞JDar in Love နဲ့ 🩵 Love & Thunder တို့ပါပဲနော်

🩶 အရေးအကြီးဆုံးနေ့မှာ လတ်တလော အကြိုက်ဆုံးတွေပဲ ဝတ်ဖြစ်တယ်ရယ်

💖 ကျွန်မဘဝမှာ စိတ်ဝင်စားလို့ဆိုပြီး စလိုက်မိပြီး အဆုံးသတ်ပစ်လိုက်လို့မရတဲ့ထဲ spirituality အပြင် Fitness ပါ ပါလာခဲ့ပြီရယ်...
07/08/2026

💖 ကျွန်မဘဝမှာ စိတ်ဝင်စားလို့ဆိုပြီး စလိုက်မိပြီး အဆုံးသတ်ပစ်လိုက်လို့မရတဲ့ထဲ spirituality အပြင် Fitness ပါ ပါလာခဲ့ပြီရယ်

💖Spiritual Path ဆိုတာကို ဘာရယ်မဟုတ် စိတ်ဝင်စားလို့ဆိုပြီး Zero ကနေ Infinity အထိလျှောက်လာဖြစ်တာ ပညာရပ်၊ ဘာသာရပ်အစုံ သင်ယူ လေ့လာရင်းနဲ့ ဘာလိုလိုနဲ့ အနှစ် ၂၀ ကျော်ကို တော်တော်ကျော်လာခဲ့ပါပြီ

💖 ဒီနေ့ ဒီအချိန်အထိ သင်ယူစရာတွေ upgrade လုပ်စရာတွေ မကုန်နိုင်သေးသလို ရပ်လိုက်ဖို့ကိုလည်း မဆုံးဖြတ်ခဲ့ဖူးဘူး

💖Fitness ဆိုတာဟာလည်း နဂိုဝါသနာပါလို့မဟုတ်ဘဲ အရင် အသက် ၂၀ ကျော်တုန်းကတော့ ဒီအတိုင်း စမ်းလုပ်ကြည့်တဲ့အနေနဲ့ ဘာရယ်မဟုတ် Yoga ဘာညာပေါ့

💖 Divine Timing ဆိုတဲ့ အသက်တစ်ခုရောက်လာတဲ့အခါ ၃၀ ကျော် ၄၀ ဆိုတဲ့ အရွယ်အတွက် ရေရှည်မှာ ကျန်းမာရေးအတွက်ဆိုပြီး စလိုက်မိတာမှာ ကောင်းကျိုးရလဒ်တွေနဲ့ သိသာထင်ရှားတဲ့ changes တွေကြောင့် တကယ် တစိုက်မတ်မတ်နဲ့ အားသွန်ခွန်စိုက် လုပ်ဖြစ်ခဲ့သလို အခုဆိုရင် strength training တွေကိုမှ အရမ်းစွဲလန်းနေမိပြီရယ်

💖 အရင်ကဆို အလေးမ လေ့ကျင့်ခန်းတွေက muscle တွေ အရမ်းနာလို့ဆိုပြီး မလုပ်ချင်ခဲ့ပေမဲ့ အခုဆိုရင်တော့ Cardio တွေ running တွေ Yoga တွေ Pilates တွေထက်ကို strength training မှ strength training ဖြစ်လာခဲ့ပြီရယ် (အကြိုက်ဆုံးက strength training ဖြစ်မှန်းမသိ ဖြစ်လာတာ ကြာပြီရယ်)

💖 စစချင်း မနိုင်မနင်းလေးနဲ့ 10 kg ကနေမှ 15 kg, 20 kg, 24kg သဖြင့် တိုးတိုးလာတဲ့ အလေးတွေကို ကြည့်ရင်း ငါ လုပ်နိုင်တာပဲဆိုတဲ့ စိတ်ခံစားချက်လေးက ဘာနဲ့မှ တူမနေဘူးရယ်

💖Oracle စာမေးပွဲတို့ Tarot စာမေးပွဲတို့ ဖြေပြီး approved reader ဖြစ်ခဲ့တုန်းက ခံစားချက်နဲ့ မတူပေမဲ့လည်း I can do it ဆိုတဲ့ satisfies ဖြစ်ရတဲ့ ခံစားချက်ချင်းကတော့ ပြောမပြတတ်အောင်ကို ကျေနပ်ရတယ်

💖 လူတစ်ယောက်ရယ်လို့ ဖြစ်လာတဲ့အခါ အများအတွက် ထိခိုက်နစ်နာမှုမရှိစေဘဲ ကိုယ့်ကိုယ်ပိုင် progressive ဖြစ်စေတဲ့အရာအတွက် အချိန်ပေးနိုင်ခြင်းက ဘဝမှာ နေပျော်ရစေခြင်းအကြောင်းရင်းတွေထဲက တစ်ခုပဲလေ

💖 ဒါပေမဲ့ တစ်ခုရှိတာက အဆုံးသတ်အထိ မငြီးမငွေ့ စိတ်အားထက်ထက်သန်သန်မလျှောက်လှမ်းနိုင်ရင်တော့ ဘယ်အရာမှ အစမပြုတာ ပိုကောင်းမယ် ဝါသနာဖြစ်ဖြစ်၊ အလေ့အကျင့်တစ်ခုဖြစ်ဖြစ်၊ လူတစ်ယောက်ကို ချစ်တာပဲ ဖြစ်ဖြစ်ပေါ့

🌻 ကိုယ်ပြန်မကြိုက်နိုင်မယ့်သူအတွက် time & energy အကုန်မခံခြင်းက တစ်ဖက်သူကိုလည်း respect ထားရာကျသလို ကိုယ့်ကိုယ်ကိုယ် sel...
29/07/2026

🌻 ကိုယ်ပြန်မကြိုက်နိုင်မယ့်သူအတွက် time & energy အကုန်မခံခြင်းက တစ်ဖက်သူကိုလည်း respect ထားရာကျသလို ကိုယ့်ကိုယ်ကိုယ် self-respect ထားခြင်းလည်းဖြစ်ပါတယ်

🌻 လူတစ်ယောက်က ဘယ်သူ့ကိုတော့ ကြိုက်တယ်၊ ဘယ်သူ့ကိုတော့ဖြင့် မချစ်ဘူးဆိုတာ သေချာသိပြီးတဲ့နောက် ကိုယ့်စိတ်ထဲမရှိတဲ့သူအတွက်ဆို ဘယ်လိုနည်းနဲ့မှ တန်ဖိုးရှိလှတဲ့ ကိုယ့်ရဲ့ time & energy ကို အကုန်မခံချင်ကြပါဘူး

🌻 သူက ချစ်တယ်ပြောပြီး လိုအပ်ချိန်တိုင်းမှာ အနားမှာ မရှိဘူး ပစ်ထားတယ်ဆိုတာ ကျွန်မ client တွေဆီက ကြားရတိုင်း ကျွန်မဘက်က အဖြေထုတ်တဲ့ ကတ်တွေမှာ တစ်ဖက်သူက ကျွန်မ client ကို တကယ်မချစ်ဘဲ spare တွဲနေတယ်ဆိုတဲ့ အဖြေတွေပဲ ကျနေခဲ့တာပါ (တချို့ကျတော့ ချစ်လည်းမချစ်ဘူး သူများကိုလည်း မပေးချင်ဘူးဆိုတဲ့ အတ္တကြီးလွန်းတဲ့ အဖြေတွေ ကျပြန်ရော)

🌻 Love Language မတူဘူးဆိုတာမျိုးကကျ တစ်ဖက်သူက မချစ်တတ်တာပါ မချစ်တာ လုံးဝ မဟုတ်ပါဘူး

🌻 သူချစ်တတ်သလို ချစ်ပေးတဲ့ ချစ်ပုံချစ်နည်းက ကိုယ် standard သတ်မှတ်ထားတဲ့ ပုံစံနဲ့ မတူရုံပဲရယ်

🌻 လူတစ်ယောက်နဲ့ တစ်ယောက် Love Language မတူတာမျိုးက ညှိယူရင် ရနိုင်ပေမဲ့ တစ်ဖက်သူက ကိုယ့်အပေါ် လုံးဝ စိတ်မဝင်စားတာ၊ စိတ်ထဲမရှိတာ၊ မချစ်တာ၊ မကြိုက်တာမျိုးကျ ဘာမှ လုပ်ယူလို့မရဘူးရယ်

🌻 ဆရာတူ တပည့်လို့တော့ မပြောကြပါနဲ့ ကျွန်မတို့ ငြင်းတယ်ဆိုတာ ရေရှည် ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ ကိုယ့်စိတ်ထဲမရှိတဲ့သူအတွက် ၂ ဦး ၂ ဖက် အချိန်ကုန် မခံချင်လို့ SelfLove အပြည့်နဲ့ ငြင်းလွှတ်ရတာပါနော်

🌻 No Means No ဆိုတာ တကယ်မကြိုက်လို့ကို ငြင်းတာပါ

🌻တစ်ဖက်က ဘယ်လောက်ပဲ စိတ်နှစ်ထားတယ်ပြောပြော၊ တစ်ဖက်က တုံ့ပြန်မှုမရှိဘူးဆိုရင် တစ်ဖက်သတ်ကြိုးစားမှုတွေဟာ တစ်ဖက်သူအတွက်တော့ အနှောင့်အယှက်ပေးခြင်း သက်သက်ပါပဲ

🌻 အောက်က ပုံလေးကတော့ Gorgeous Students/ Patient/ Client ဖြစ်တဲ့ ကျွန်မ တပည့်ကျော်ရဲ့ Feedback လေးပါ

🌻 သူနဲ့ Homie Heart Call Discussion ဝင်ပေးတုန်းက Future Love Life နဲ့ပတ်သက်သမျှ ပြောပေးလိုက်တာလေးတွေက အခု တစ်ခုပြီးတစ်ခု စအရိပ်ပြနေပြီမို့ သူ့ရဲ့ သက်ဆိုင်သူ Homie Heart ပေါ်လာချိန်ကိုပဲ ကျွန်မတို့တွေ ရင်ခုန်စွာနဲ့ စောင့်နေကြပါပြီ

💥 Leo Season စစဖွင့်ချင်းကတည်းကနေ ဒီနေ့အထိ ပတ်ဝန်းကျင်အနီးတဝိုက်ရော၊ 💥 ကိုယ်တွေ့ကိုယ်တိုင်ရော မြင်နေ၊ တွေ့နေ၊ ကြုံနေရတဲ့...
28/07/2026

💥 Leo Season စစဖွင့်ချင်းကတည်းကနေ ဒီနေ့အထိ ပတ်ဝန်းကျင်အနီးတဝိုက်ရော၊ 💥 ကိုယ်တွေ့ကိုယ်တိုင်ရော မြင်နေ၊ တွေ့နေ၊ ကြုံနေရတဲ့ မြင်ကွင်းလေးကတော့ အောက်ဖော်ပြပါ ပုံအတိုင်းပါပဲကွယ်

💥Fire Sign & Earth Sign တွေက ချေမိုးမှာဖြစ်ပြီး Water Sign & Air Sign တွေက ချေမိုးခံနေရတာပဲ တောက်လျှောက်ကို မြင်တွေ့ကြုံနေရပါတယ်

💥 Fire Sign & Earth Sign တွေဘဝကတော့ တော်ကြပါတော့ ငြင်းရတာ အတော်လေး မောနေပါပြီ မကြိုက်ပါဘူးဆိုနေ အိမ်မှာ မှန်မရှိဘူးလားဆိုတဲ့ Mood

💥 Water Sign & Air Sign တွေကတော့ နင်ချစ်ချစ်မချစ်ချစ် နင့်နောက် ငါလေလိုက်မှာပဲ နင်ကြိုက်ကြိုက်မကြိုက်ကြိုက် ငါအချစ်တွေ ဖွင့်ပြောမှာပဲ ငါရုပ်ဆိုးတယ် ဘာဖြစ်လဲ ငါမည်းတယ် ဘာဖြစ်လဲ မရဘူး မောင်းမထုတ်နဲ့ ချစ်မှာပဲ 😷

Fire Sign= Aries, Leo, Sagittarius
Earth Sign= Ta**us, Virgo, Capricorn

Water Sign= Cancer, Scorpio, Pisces
Air Sign= Gemini, Libra, Aquarius

🌻🍀🦋

🧡 ချစ်ခြင်းမေတ္တာဆိုတာ ထူးဆန်း၊ ဆန်းကြယ်တယ်ဆိုပေမဲ့လို့ တချို့သူတွေက အချစ်ဆိုတာကို တကယ်မသိကြဘဲ တဒင်္ဂ ရင်ခုန်စိတ်လှုပ်ရှ...
24/07/2026

🧡 ချစ်ခြင်းမေတ္တာဆိုတာ ထူးဆန်း၊ ဆန်းကြယ်တယ်ဆိုပေမဲ့လို့ တချို့သူတွေက အချစ်ဆိုတာကို တကယ်မသိကြဘဲ တဒင်္ဂ ရင်ခုန်စိတ်လှုပ်ရှားမှုကို အချစ်လို့ ထင်မှတ်မှားတတ်ကြသလို ခဏတာ တွယ်ငြိမှုကို ရူးသွပ်စွာ အတင်းဆွဲထားရင်း အချစ်လို့ ခေါင်းစဉ်တပ်တတ်ကြတယ်လေ

🧡 တကယ်တမ်းတော့အချစ်ဆိုတာ သနားအောင် အတင်းဒရမ်မာတွေ ခင်းပြပြီး တောင်းယူရတာမျိုးမဟုတ်သလို အတင်းအကြပ် ခြိမ်းခြောက်ပြီး ဘေးနားဆွဲထားရတာမျိုးလည်းမဟုတ်နေဘူးရယ်

🧡 နှလုံးသားရေးရာနဲ့ပတ်သက်ရင် တချို့သူတွေအတွက်က ပေးဆပ်ခြင်းသက်သက်ဆိုပေမဲ့လို့ တချို့သူတွေအတွက်ကျတော့ အတ္တကြီးလွန်းလှပြန်တယ်

🧡 ဘယ်လောက်ပဲ ချစ်ပါတယ်တဖွဖွပြော၊ ချစ်ဟန်ဆောင်ပြနေပါစေ ကိုယ့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရပြီဆိုရင် ဒါဟာ အချစ်မဟုတ်တော့တဲ့ အတ္တကြီးတစ်ကိုယ်ကောင်းဆန်စွာ နှောင့်ယှက်ခြင်းပါပဲ

🧡 ခံစားချက်ကို ဖွင့်ပြောလိုက်ခွင့်ရှိတယ်ဆိုပြီး ခေါင်းမာပြတယ်ဆိုရင်လည်း တစ်ဖက်က မကြိုက်လို့ မကြိုက်ကြောင်း ပြောပြီး ငြင်းနေတာတောင် မရမကအတင်းလိုက်ကပ်နေတာဟာ အချစ်မဟုတ်တော့တဲ့ နှောင့်ယှက်ခြင်းပါ

🧡 မနေ့က ကျွန်မ Secretary ရွှေဝါနဲ့ အလုပ်ကိစ္စ စကားပြောဖြစ်ကြရင်းက Soul Contract အကြောင်းတွေ Astro အကြောင်းတွေ ပြောရင်းက ဒုတိယမြောက်ရှန်ကာအကြောင်းပြောဖြစ်ကြတယ်

🧡 ရှန်ကာတစ်ယောက် မူတီကို ပြောတဲ့ စကားတစ်ခွန်းက တော်တော် ကျောချမ်းဖို့ကောင်းတယ်ရယ် ငါလုပ်ခဲ့သမျှက နင်ပြန်ချစ်လာဖို့အတွက်ပဲတဲ့ နင့်အနားမှာ ငါနေရဖို့၊ နင့်ကို လက်ထပ်ရဖို့အတွက်ပဲ ငါအားလုံးလုပ်ခဲ့တာတဲ့လေ

🧡Universe က စာမေးပွဲ မအောင်မချင်း တူညီတဲ့ pattern - looping တစ်ခုကို ပြန်ပြန်ပို့ပြီး test စစ်တတ်တာကို သိပေမဲ့ ပထမတစ်ခေါက်တုန်းက တစ်ဖက်သူကို သနားပြီး guilty ဖြစ်မိတာရှိလို့ထင်ပါတယ် အခုဒုတိယအကြိမ်မြောက် ရှန်ကာတစ်ယောက်ကို ထပ်လွှတ်လိုက်ပြန်ပါတယ်

🧡 ပထမအကြိမ် ဘဝမှာ မူတီဘဝရောက်သွားတုန်းကလည်း Therapist- Patient Boundaries နဲ့ သေချာ ပြတ်ပြတ်သားသား အပြီးသတ် ရုန်းထွက် ငြင်းလွှတ်နိုင်ခဲ့သလိုပဲ အခု ဒုတိယမြောက် ရှန်ကာမှာလည်း professional ပတ်သက်မှုရဲ့ boundaries ထက်ကျော်ပြီး သနားအားနာညှာတာမှု မရှိ ဆုံးဖြတ်နိုင်ခဲ့တာမို့ တတိယမြောက် ရှန်ကာကို ဘဝမှာ လုံးဝ ထပ်မပေါ်လာစေချင် မဆုံစေချင်တော့ဘူးရယ်

💥 ရှန်ကာအကြောင်း ပထမ post 💥

💗 အချစ်ဆိုတာ လူသားတစ်ယောက်ကို လူကောင်းပကတိအသစ်အတိုင်း ပြန်လည်မွေးဖွားစေနိုင်သလို ဘဝတစ်ခုလုံး စုတ်ပြတ်သွားစေတယ်

💗 အချစ်ဆိုတာ Healthy ဖြစ်ဖြစ် ချစ်တတ်ရင် ဆေးဆိုပေမဲ့ အချစ်မတတ်ရင် Unhealthy ဖြစ်ပြီး အဆိပ်ထက်ပိုပြင်းပါတယ်

💗 အချစ်ကြောင့် ဒဏ်ရာရနာကျင်နေတဲ့ လူတစ်ယောက်ရဲ့Energy က အကောင်းဘက်ကို စုံလုံးကန်ရပ်လိုက်ရင်လည်း အတော်ဆုံးလူတစ်ယောက်ဖြစ်သွားနိုင်သလို အဆိုးဘက်ကို တဇောက်ကန်းရပ်လိုက်တဲ့အခါမှာလည်း အရက်စက်ဆုံးနှလုံးသားမဲ့တဲ့ သူတစ်ယောက်ဖြစ်သွားစေနိုင်ပါတယ်

💗 အချစ်ဆိုတာ သူ့အလိုလိုဖြစ်တည်တယ် တစ်ခါတစ်လေ ထိန်းချုပ်မရအောင်ကို အကန့်အသတ်မဲ့တယ်ဆိုပေမဲ့လို့ တစ်ဖက်သတ်အရမ်းကိုနစ်နစ်နဲနဲချစ်မိသွားတဲ့အခါမှာ တစ်ဖက်က ရင်ခုန်သံက ကိုယ်နဲ့ ထပ်တူကျမနေတဲ့အခါ မြေပေါ်ကြိုးပြတ်လဲကျတတ်ကြရပြန်တယ်

💗 ကိုယ့်ဘဝရဲ့ ကောင်းခြင်းဆိုးခြင်းပျော်ရွှင်ခြင်းအရာရာကို တစ်စုံတစ်ယောက်အတွက် ပုံအပ်လိုက်မိချိန်မှာ တစ်ဖက်အတွက် လက်မခံနိုင်ရုံတင်မက ဝန်ထုပ်ဝန်ပိုးအထိဖြစ်သွားတတ်တယ်ဆိုတာ ကျွန်မ client/ patient တွေကို အမြဲပြောပြပါတယ် ဘာလို့ဆိုရင် အဲ့လို ဝန်ထုပ်ဝန်ပိုးမျိုးကို ကျွန်မရဲ့ Patient/ Client တချို့ဆီက ကျွန်မရခဲ့ဖူးလို့ပါပဲ အရာအားလုံးကို ဆရာမ ဖြေရှင်းပေး ဆရာမ ကုပေး ဆရာမ ရှင်းပြဆိုပြီး မှီခိုပစ်လိုက်တဲ့အခါ ကျွန်မအရမ်း ပင်ပန်းခဲ့ရတယ်

🐦‍🔥 ရှန်ကာဆိုတဲ့ကောင်လေး တစ်ယောက်ပေါ့ ကျွန်မလက်တွေ့ဘဝမှာ တကယ့်ရှန်ကာကို မြင်ခဲ့ဖူးခဲ့တယ် အဲ့တုန်းကဆို ကျွန်မအသက် ၃၀ မပြည့်သေးဘူး ၂၀ ကျော်ပဲရှိသေးတယ်ရယ်

🐦‍🔥 အပြင်ဘဝက ရှန်ကာက ရုပ်ရှင်ထဲက ရှန်ကာလိုပဲ အမေ မရှိဘူး ဖခင်အိုကြီးနဲ့ တိုက်ခန်းသေးသေးကျဉ်းကျဉ်းလေးမှာ ငှားနေရရှာတာ သူလည်း ရုပ်ရှင်ထဲက ရှန်ကာအတိုင်း အရမ်းဆိုးတယ် ထစ်ကနဲဆို ရန်ဖြစ်တယ် ဒေါသအရမ်းကြီးတယ် ပြီးတော့ အငြိုးအရမ်းကြီးတယ် ကောင်းကွက်က ဉာဏ်ကောင်းတယ် အိပ်မက်ကြီးတယ် ကြိုးလည်းကြိုးစားတယ် ဒါကြောင့်လည်း လက်ရှိမှာ Indian Army ကအတော်ဆုံး လေယာဉ်မောင်းလေသူရဲဖြစ်နေတာ

🐦‍🔥 ရုပ်ရှင်ထဲက မူတီက Ph.D စာတမ်းအတွက် ရှန်ကာကို Thesis အတွက် ပြုပြင်ပေးရပေမဲ့ ကျွန်မကတော့ Thesis အတွက်တင်မက Therapist တစ်ယောက် အဖြစ် ကိုယ့်ကိုယ်ကိုယ် challenge ခေါ်တဲ့အနေနဲ့ ကုသရအရမ်းခက်ခဲတဲ့ ရှန်ကာလို လူဆိုးတစ်ယောက်ကို ရအောင် ကုသမယ်ဆိုတဲ့ experience အတွက် လူနာတစ်ယောက်လိုရော မိတ်ဆွေတစ်ယောက်လိုပါ စကားပြောရင်း သူ့အကြောင်းတွေ ပိုပိုသိလာရတယ်

🐦‍🔥 ကြက်သွန်နီခွာလိုက်သလိုပါပဲ တစ်လွှာပြီးတစ်လွှာ သူ့ရဲ့ ဘဝတလျှောက်က စိတ်ဒဏ်ရာတွေဆိုတာ Discussion တစ်ချိန်ထက်တစ်ချိန် ကျွန်မ သိသိလာရတယ်

🐦‍🔥 စစချင်းတော့ ရုပ်ရှင်ထဲက မူတီအတိုင်း ကျွန်မ အရမ်းပင်ပန်းခဲ့ရသလို ထစ်ကနဲဆို ရန်ဖြစ်၊ အရွဲ့တိုက်၊ လောကကြီးကို တမင်စိတ်နာနေတဲ့ ရှန်ကာကို ထိန်းကြောင်းပြုပြင်ဆုံးမရတာ အတော်လေး မလွယ်ခဲ့တာပါ

🐦‍🔥 ဒါပေမဲ့ စိတ်ရှည်လက်ရှည် ဖြောင်းဖျပြီး သေချာ နားလည်အောင် ရှင်းပြပေးတဲ့ ကျွန်မကြောင့် လအနည်းငယ်ကြာတဲ့အခါမှာ ရှန်ကာတစ်ယောက် လုံးဝပြောင်းလဲတည်ငြိမ်သွားခဲ့တယ်

🐦‍🔥 ထစ်ကနဲဆိုရန်ဖြစ်ဖို့က စာသေချာလုပ်တတ်လာတယ် သူများကိစ္စထက် သူ့ကိစ္စသူ ပိုစိတ်ဝင်စားလာတယ် မလုပ်နဲ့လို့ မှာထားတဲ့ ကိစ္စတွေဆိုရင် ၂ ခါပြောစရာမလိုအောင်ကို ရှောင်တတ်လာတယ်

🐦‍🔥 ဒါပေမဲ့ ပြဿနာက ရှန်ကာဘဝအတွက် မူတီသည်သာ အရာရာဖြစ်လာသလိုမျိုး အရိပ်အယောင်တွေ ပြလာခဲ့တယ်

🐦‍🔥 မူတီသာ တစ်ခွန်းပြောလိုက် ဘာမဆို ရှန်ကာက ရအောင်ဖြစ်အောင်လုပ်မယ် တစ်ခုပဲ သူ့ဘေးနားမှာ မူတီရှိနေမှဖြစ်မယ် မဟုတ်ရင် သူဘာမှ ဆက်လုပ်မှာမဟုတ်ဘူး အကုန်ရပ်ပြီး အရင်လို ပြန်ဆိုးပြန်တေမှာပဲဆိုတဲ့ ပုံစံမျိုးပေါ့

🐦‍🔥 မူတီမှာလည်း ကိုယ်ပိုင်ဘဝဆိုတာရှိတယ် ရှန်ကာနဲ့မူတီဆိုတာ living standards တွေတင်မက အမျိုးဇာတ်ဆိုတဲ့ မိသားစုကျောထောက်နောက်ခံ background လည်းမတူ အတွေးအခေါ် အယူအဆ နေထိုင်ရှင်သန်ပုံချင်း တခြားစီရယ်

🐦‍🔥 ကိုယ့်မိသားစု၊ မိဘရဲ့ ပြုစုပျိုးထောင်ပုံတင်မက အတွေးအခေါ်တွေ ကြီးပြင်းလာတဲ့အသိုင်းအဝိုင်းဘာဆို ဘာမှမတူတဲ့ ရှန်ကာကို မူတီဘက်က Thesis အတွက်ရယ်၊ လူသားချင်းစာနာမှုရယ်အတွက် ကုသပေးနေတဲ့ patient တစ်ယောက်ထက် မပိုနိုင်ဘူးလေ

🐦‍🔥 အဲ့မှာ ရှန်ကာစပြီး ပြဿနာတက်တော့တာပါပဲ တစ်ဖက်သတ် သဝန်တွေတိုတယ် မူတီရဲ့ အာရုံစိုက်မှုကိုရဖို့ ကိုယ့်အသက် ကိုယ်ပြန်ရန်ရှာတာတွေပါ လုပ်လာတယ် ပိုဆိုးတာက သူနဲ့မတွေ့ခင်ကတည်းက မူတီဘဝထဲမှာရှိခဲ့တဲ့ သူ့ထက်အရင်ခင်မင်ရင်းနှီးခဲ့တဲ့ မူတီဘေးက လူတိုင်းအပေါ် သူမုန်းတီးလာခဲ့တာပဲ

🐦‍🔥 ရုတ်တရက်ကြီး မီးတောက်လို လောင်လာခဲ့တဲ့ ဒီအခြေအနေကြီး တစ်ခုလုံးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် မူတီမှာ solution မရှိနေခဲ့ဘူး သူနဂိုကတည်းက ရှန်ကာကို ကူညီကတည်းက ပြောခဲ့တယ် ဒီပတ်သက်မှုက အလုပ်သဘောအရဖြစ်တဲ့အတွက် အလုပ်ကိစ္စထက် မပိုဘူးဆိုတာကိုပေါ့

🐦‍🔥 ရှန်ကာက ပြောင်းလဲသွားပါတယ် တော်တော်လေးလည်း ဘဝကောင်းသွားတယ် ဒါပေမဲ့ ဒါတွေအားလုံးက မူတီမရှိရင် အရင်ထက်ပိုဆိုးတဲ့ ငရဲအထိ ဆင်းသွားမယ်ဆိုတာ မူတီရော ရှန်ကာရော ၂ ယောက်စလုံးသိနေကြတယ် သူ့ဘဝမှာ မိခင်မေတ္တာကိုရော နွေးထွေးမှုဆိုတာပါ မရဖူးခဲ့တဲ့ ရှန်ကာတစ်ယောက် မူတီအပေါ် လိုအပ်တာထက် စွဲလန်းမှုတွေ တစ်နေ့တခြား ပိုပိုတိုးပြီး အရူးရင့်လာခဲ့တယ်

🐦‍🔥 မူတီအတွက်ကတော့ စေတနာနဲ့ ဘဝကို ပြောင်းလဲပေးမိကာမှ အရာအားလုံးက သူ့ပခုံးပေါ် ပုံကျလာသလိုဖြစ်ခဲ့ရတော့ အရမ်းက်ို ကျဉ်းထဲကြပ်ထဲရောက်ခဲ့တာပေါ့

🐦‍🔥 ရှန်ကာဘက်ကကြည့်တော့လည်း သူ့ဟာသူ မိလ္လာမြောင်းထဲက ကြွက်ဘဝနဲ့နေရတာ အသားကျနေတာကို ဘာလို့ လူဖြစ်အောင် လုပ်ပေးပြီးမှ တိရိစ္ဆာန်ဖြစ်အောင် ထပ်လုပ်ရတာလဲပေါ့ (မူတီ သူ့ဘေးနားရှိနေချိန်ဆို သူဟာလူဖြစ်နေပြီး မူတီသာ သူ့ဘေးနားမရှိဘူးဆိုရင် သူဟာ အင်မတန်ဒေါသထွက်ပေါက်ကွဲလွယ်တဲ့ လူကြမ်းတစ်ယောက်ပြန်ဖြစ်သွားတဲ့အတွက် တိရိစ္ဆာန်လိုပဲလို့ပြောတာပါ)

🐦‍🔥 ရုပ်ရှင်ထဲက မူတီကတော့ သူ့အဖေကို အကူအညီတောင်းပြီး ဒီမဖြစ်နိုင်တဲ့ ဇာတ်လမ်းကြီးကို အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဇွဲကြီးလွန်းတဲ့ ရှန်ကာရဲ့အချစ်ကြောင့် နောက်ဆုံးမှာ မူတီကိုယ်တိုင် ကြိုးပျက်ပြီး ဘဝတစ်ခုလုံး ပျက်စီးခဲ့တယ်ပေါ့

🐦‍🔥 ရှန်ကာရဲ့အချစ်က မိုက်ရူးရဲဆန်လွန်းပေမဲ့ နှလုံးသားပြည့်ဝလွန်းပြီး လေးနက်လွန်းတော့ တခြားသူဘယ်သူဘယ်လောက် ချစ်ချစ် ရှန်ကာလောက် သူ့အပေါ်ချစ်တယ်လို့ မူတီ မခံစားရတော့ဘူးလေ သူကိုယ်တိုင်ရွေးထားတဲ့ သူအရမ်းချစ်ခဲ့တဲ့ သတို့သားလောင်းကိုတောင် မင်္ဂလာဆောင်နေရင်းတန်းလန်း ပွဲမပြီးသေးခင်ပွဲမှာ ထားပစ်ခဲ့မိတဲ့အထိကို အချစ်ကြောင့် ပျက်စီးခဲ့ရတာ

🐦‍🔥 ဒီနေရာမှာ မူတီက Therapist တစ်ယောက်မဟုတ်ပေမဲ့ India က Ph.D တင်မက US မှာပါ Post Graduated Ph.D အထိကို ပညာသင်ယူထားတဲ့ Counsellor တစ်ယောက်အနေနဲ့ shock ဖြစ်စရာ အခြေအနေကို ကိုယ်တိုင်ကြုံလာတဲ့အခါ Handle မလုပ်နိုင်ခဲ့ဘဲ စိတ်ဒဏ်ရာတွေရ စိတ်ထွက်ပေါက်အဖြစ် အရက်စွဲ၊ ဆေးလိပ်စွဲနဲ့ အသက်ငယ်ငယ်လေးနဲ့ပါ ဆုံးခဲ့ရတယ်ပေါ့လေ

💗 ကျွန်မကတော့ Therapist တစ်ယောက်အနေနဲ့ သိသင့်သိထိုက်၊ ရှောင်သင့်ရှောင်အပ်တာတွေ၊ စိတ်နေစိတ်ထားတွေပါအကုန်လုံးကို စာတွေ့တင်မက လက်တွေ့ situation တိုင်းမှာ လက်တွေ့ applied လုပ်နိုင်ခဲ့ပြီး ကျွန်မအတွက် Toxic ဖြစ်နေတဲ့ Patient ရှန်ကာကို အတိတ်မှာပဲ ထားခဲ့ပါတယ်

💗 ကျွန်မတပည့်လေးတွေကိုလည်း Psychotherapy အတန်းမှာရော Therapeutics အတန်းမှာပါ ဘယ်လို patient ဆိုရင် ဘယ်လို Handle လုပ်မယ် စိတ်ကိုထားမယ်ဆိုတာတွေ သေချာသင်ပေးထားပါတယ်

💗 အဖြစ်အပျက်က ကြာခဲ့ပြီဆိုပေမဲ့ အဲ့တုန်းက အဖြစ်အပျက်က ကိုယ်တွေ့အတွေ့အကြုံဖြစ်နေလေတော့ အခုထက်ထိကို တစ်ခါတစ်ခါ ခြောက်လှန့်နေသေးတယ်ဆိုတာတော့ အမှန်ပါ ကိုယ့်ဘက်က ရိုးရိုးသားသား Patient ပဲဆိုပေမဲ့ သူ့ဘက်ကတော့ တစ်ကမ႓ာဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီး ရူးနေခဲ့တာရယ် အရမ်းတိုက်ဆိုင်တာက ရုပ်ရှင်ထဲမှာ မူတီပြောခဲ့တဲ့စကားတချို့ကို ကျွန်မက အပြင်မှာ ရှန်ကာကို ပြောခဲ့ဖူးတာပါပဲ

🐦‍🔥အခုရက်ပိုင်းအတွင်း အချစ်နာကျနေတဲ့ patient/ client တွေကို One on One call discussion ဝင်ပေးရတာရော၊ တစ်ချိန်က ကျွန်မ therapist အဖြစ်ကြည့်ပေးနေတဲ့ လူနာတစ်ယောက်ရဲ့ ကျွန်မ ထားရှိခဲ့တဲ့စိတ်ထားအပြုအမူတွေနဲ့ အဖြစ်အပျက်တချို့ဆင်တဲ့ ရုပ်ရှင်တစ်ကားကြည့်မိတာရောနဲ့ ဒီစာလေးကို ရေးဖြစ်ပါတယ်

💛 Sun Virgo တွေအကြောင်းပြောရရင် တော်တယ် ကြိုးစားချင်စိတ် အရမ်းရှိတယ် Perfectionist တစ်ယောက်ပီပီ ရည်မှန်းချက်ကြီးတယ်💛 အမှ...
23/07/2026

💛 Sun Virgo တွေအကြောင်းပြောရရင် တော်တယ် ကြိုးစားချင်စိတ် အရမ်းရှိတယ် Perfectionist တစ်ယောက်ပီပီ ရည်မှန်းချက်ကြီးတယ်

💛 အမှတ်သညာကောင်းတယ် တစ်ခုခုဆိုရင် မှတ်မိလွယ်ပြီး အမှတ်အတေးထားတတ်တယ်

💛 စိတ်ဓာတ်မာကြော ကြံ့ခိုင်ပေမဲ့ နည်းနည်းတော့ အပျင်းတစ်တတ်လို့ တွန်းအား တစ်ခုခုတော့လိုပါတယ်

💛 ကျော်ဇော်အောင်မြင်မှုကို လွယ်လွယ်နဲ့ ဘယ်တော့မှ မရပေမဲ့ အမြဲကြိုးစားနေတာမို့ ထိုက်သင့်တဲ့နေရာတစ်ခုတော့ အမြဲရတတ်ပါတယ်

💛 အချစ်ရေးမှာ လူချစ်လူခင်များပြီး စန်းပွင့်ပေမဲ့ အိမ်ထောင်ရေးအတွက် မျက်နှာမများ တစ်ယောက်ဆိုတစ်ယောက် သေတဖန်သက်တဆုံး လက်တွဲသွားတတ်ကြပါတယ်

💛 အလုပ်မှာဆို ပင်ပန်းပေမဲ့ မျက်နှာကောင်းမရဘဲ အထက်လူကြီးဆီက အမြဲဖိနပ်ရတတ်ပေမဲ့ လုပ်ဖော်ကိုင်ဖက်အပေါင်းရဲ့ ချစ်ခင်လေးစားအားကျခြင်းကို အမြဲခံရတတ်ပါတယ်

💛 သူတို့စိတ်ထဲရှိတဲ့သူဆိုရင် အရမ်း လေးလေးနက်နက် ဂရုစိုက်ဖေးမတတ်ပေမဲ့ သူတို့အတွက်ဘောင်မဝင်တဲ့သူဆိုရင်တော့ ဘာတုံ့ပြန်မှုကိုမှ မပေးတတ်တာ Virgo တွေပါပဲ

💛 Mother Earth Energy Influence ကြောင့် မိခင်စိတ်ရှိပြီး အရမ်းနွေးထွေးပေမဲ့ စိတ်ပျက်အောင်လုပ်ရင်တော့ မြေဓာတ်ဖွားရာသီခွင်ပီပီ အရမ်းလျစ်လျူရှုတတ်အေးစက်မာကြောတတ်ပါတယ်

💛 ခွင့်လွှတ်တတ်ပေမဲ့ စိတ်ပြေဖို့ ခက်ခဲသလို လိမ်ညာခြင်းကို အင်မတန်မုန်းတီးတဲ့ရာသီခွင်ဖြစ်ပါတယ်

💛 စိတ်ကူးယဉ်ဘဝထက် လက်တွေ့ဘဝကို စနစ်ကျကျ ဖြတ်သန်းခဲ့ရသူတွေ ပီပီ တစ်ခုခုဆိုရင် ထိုင်စဉ်းစားဖို့ထက် လက်တွေ့အကောင်အထည်ဖော်တတ်ပါတယ်

💛 Virgo မိန်းကလေးတွေက မိဘ ဆွေမျိုးအပေါ် အရမ်းကောင်းကျိုးပေးပြီး မိသားစုဒဏ်အရမ်းခံတတ်ကြပါတယ်

💛 သံယောဇဉ်အလွန်ကြီးတာကြောင့် တစ်ခုခုနဲ့ ယှဉ်ရွေးချယ်ရတိုင်း မိသားစုကိုသာ အမြဲဦးစားပေးတာကြောင့် တချို့နေရာတွေမှာ ဖြစ်ထွန်းပေါက်မြောက်သင့်သလောက် မရောက်ပေမဲ့ အမြဲ ကျေနပ်တင်းတိမ်နေတတ်ကြသူတွေပါ

💛 Virgo တွေက ဖြောင့်မတ်ကြပေမဲ့ ကံဆိုးစွာဘဲ သူ့ဖြောင့်မတ်မှုကို အမြဲ အခွင့်ကောင်းယူပြီး အသုံးချတတ်သူတွေ ရှိတာမို့ နာမည်ဆိုးနဲ့ ကျော်ကြားရပြန်ပါတယ်

Sun/ Moon/ Venus/ Rising/ Jupiter နဲ့ ပတ်သက်သမျှ
https://www.facebook.com/102190788015630/posts/187474272820614/?d=n

၁၂ ရာသီခွင်အကြောင်း မှတ်စု ၁

https://www.facebook.com/102190788015630/posts/245271817040859/?extid=0&d=n

၁၂ ရာသီခွင် မှတ်စု ၂
https://www.facebook.com/102190788015630/posts/415569893344383/?extid=0&d=n

Sun signs
https://www.facebook.com/102190788015630/posts/340578540843519/?extid=0&d=n

ရာသီခွင်အကြောင်းများ စုစည်းခြင်း ၃ https://www.facebook.com/102190788015630/posts/437930774441628/?d=n

🦋❤️Intuition and Energy can’t be faked 🦋❤️
🌻May NiNi Oo🌻 Gorgeous 990🌻
🌻🍀🦋

🍀 အငြိမ်သက်ဆုံး၊ အတိတ်ဆိတ်ဆုံးနဲ့အတည်ငြိမ်ဆုံးလူတစ်ယောက်ရဲ့ အနာကျင်ဆုံးအပြင်းထန်ဆုံးအသံတိတ်အော်သံကို အဲဒီ့သူကို တကယ်ချစ်...
12/07/2026

🍀 အငြိမ်သက်ဆုံး၊ အတိတ်ဆိတ်ဆုံးနဲ့အတည်ငြိမ်ဆုံးလူတစ်ယောက်ရဲ့ အနာကျင်ဆုံးအပြင်းထန်ဆုံးအသံတိတ်အော်သံကို အဲဒီ့သူကို တကယ်ချစ်တဲ့သူ၊ ဂရုစိုက်တဲ့သူကပဲ ကြားနိုင်ပါတယ်

🍀 မယုံမရှိနဲ့နော် Virgo တွေမှာရှိတဲ့ Super Power က သူများအပူ၊ ဒဏ်ရာ၊ နာကျင်မှု၊ ဝမ်းနည်းမှုတွေကို ကာယကံရှင် ဘာမှ မပြောဘဲ အကုန်ခံစားသိရှိတာပဲရယ်

🍀ကျွန်မသူငယ်ချင်းနဲ့ ကျွန်မကြားမှာ နေ့တိုင်း စာတွေမပို့ဖြစ်သလို နေ့တိုင်း video call/ phone call မပြောဖြစ်ဘူး တစ်ခါတစ်လေဆို သူမအား၊ ကိုယ်မအားနဲ့ ၃/၄ လကို အဆက်ပြတ်နေတတ်တာပါ

🍀 သူလည်း သူ့အလုပ်နဲ့သူ အလုပ်ရှုပ်နေတတ်သလို ကိုယ်ကလည်း ကိုယ့် patient/ client နဲဲ့ကိုယ်တောင် အချိန်မအားနိုင်ဘူးရယ်

🍀နိုင်ငံချင်းလည်းမတူဘူး Working hours & work nature ချင်းလည်းတူမနေပေမဲ့ သူ့မှာ တစ်ခုခုဆိုတိုင်း သူဘာမှ မပြောရင်တောင် ကျွန်မဟာကျွန်မ သိပြီး အမြဲ စိတ်ရင်းနဲ့ ကူတတ်သလောက် ကူပေးသလို ကျွန်မ အရမ်းငြိမ်နေပြီဆိုရင်လည်း တစ်ခုခုဖြစ်နေပြီဆိုတာ သူအမြဲ သိတယ်ရယ်

🍀ကိုယ်ဘာဖြစ်နေနေ ဘယ်သူ့ကိုမှ အပူမပေးတတ်ဘဲ ငြိမ်ငြိမ်လေးနေတတ်တဲ့ ကျွန်မအတွက်တော့ ခင်လေးက အရာရာကို အကုန် နားလည်ပေးတတ်တဲ့ သူငယ်ချင်းကောင်းပဲ

🍀Leoဂါလူဆာမနဲ့ ခင်လေးဆိုတာ မွေးကတည်းက ခင်လာတဲ့ အနှစ် ၃၀ ကျော်ငယ်သူငယ်ချင်းပါ

🍀 ဒါပေမဲ့ လီယိုမရဲ့ ပြဿနာကိုတုံ့ပြန်ပုံနဲ့ Virgo ခင်လေးရဲ့ ပြဿနာကို တုံ့ပြန်ပုံက အရမ်းကွာခြားပါတယ်

🍀 ကြုံတုန်းလေး ပြောရရင် ကျွန်မတပည့်ထဲမှာလည်း အနှစ် ၂၀ ကျော် ရန်ဖြစ်ပြန်ချစ် တွဲလာတဲ့ Leo + Virgo အတွဲရှိတယ်ရယ်

🍀 Leo တွေရဲ့ တူညီတဲ့အချက်ကလေ ကျွန်မသူငယ်ချင်းရော၊ ကျွန်မတပည့်ရော သူတို့ပြောချင်တာကို တိုက်ရိုက် လာမပြောကြဘဲ ကြားခံအဖြစ် Virgo သူငယ်ချင်းနဲ့ Virgo တပည့်လေးကို ပြောခိုင်းကြတာပါပဲ

🍀 Virgo တွေက စိတ်ထဲမရှိရင် ဘယ်သူဘာဖြစ်ဖြစ် သိလည်းမသိသလို အာရုံလည်းမရှိပေမဲ့ သူတို့တကယ် ချစ်တဲ့ခင်တဲ့စိတ်ထဲရှိတဲ့သူဆိုရင် တစ်ဖက်က ဘာမှမပြောဘဲ အသံတိတ်နေတာကိုတောင် သူ့နားထဲမှာ အကုန်ကြားနေသလိုကို စိတ်ထဲက အကုန်သိနေတာမျိုးပါ

🍀Leo တွေကျတော့ သိတယ်မဟုတ်လား ဂရုကလည်း စိုက်ချင်၊ ချေကလည်းချေချင်၊ တစ်ခါတစ်လေကျရင်လည်း တမင် မသိသလိုဟန်ဆောင်ရင်းက သည်းသည်းလှုပ်ချစ်ပြပြန်ရောရယ် (ဂေါက်သီး sign အစစ်ပါ Leoတွေဆိုတာ)

🍀ကျွန်မရဲ့ Aspects တွေကလည်း ထူးခြားတယ်ရယ် ဘဝမှာ Leo+ Virgo သူငယ်ချင်းအတွဲတွေနဲ့ သူငယ်ချင်းရော တပည့်ရော ဖြစ်ရရုံတင်မက အဲ့အတွဲတွေကလည်း ကိုယ့်အတွက် တကယ်စိတ်ထဲကနေကို စေတနာ မေတ္တာနဲ့စိတ်ရင်းစေတနာပါကြတယ်

🍀 ခေါင်းမာဆိုးသွမ်းချေမိုးပါတယ်နာမည်ကြီးတဲ့ Scorpio တွေဆိုလည်း သူငယ်ချင်းရော တပည့်ရော ကိုယ့်အပေါ် အရမ်း မေတ္တာစေတနာရှိကြတာရယ်

🍀 Soul Contract အရ အချိန်ကိုက် မွေးလာရတယ်ဆိုပေမဲ့လည်း ကိုယ့်အတွက် အကောင်းဆုံးအရာတွေရအောင် အကြာကြီး ဗိုက်အနာခံရင်း Divine Timing အချိန်ကိုက်မွေးပေးတဲ့ အမေ့ကိုလည်း ကျေးဇူးတင်ရပါတယ်လေ

💝 လူတစ်ယောက် ကိုယ့်ဘေးမှာ သက်ဆုံးတိုင်အမြဲရှိနေဖို့ဆိုတာ lifetime soul contract တစ်ခုနဲ့  အချစ်တစ်ခုပဲ အဓိက လိုတယ်ရယ်💝 ရ...
10/07/2026

💝 လူတစ်ယောက် ကိုယ့်ဘေးမှာ သက်ဆုံးတိုင်အမြဲရှိနေဖို့ဆိုတာ lifetime soul contract တစ်ခုနဲ့ အချစ်တစ်ခုပဲ အဓိက လိုတယ်ရယ်

💝 ရေစက်ဆိုတဲ့အရာကို Soul Contract က ဆုံးဖြတ်ပါတယ်

💝 Soul Contract ထဲမှာ ပါတဲ့အတိုင်း ဒီလူက ကိုယ့်ဘေးမှာ အချိန်ကာလ ဘယ်လောက်ကြာကြာရှိမယ်ဆိုတဲ့ အချိန်အတိုင်းအတာအထိပဲ အတူရှိခွင့်ရကြပါတယ်

💝 University Students ဘဝထဲကနေ ဆယ်နှစ်ကျော်တွဲလာခဲ့ပြီး တရားဝင်လက်ထပ်ထားတာ ၃ နှစ်မပြည့်သေးတဲ့ ကျွန်မ အသိမောင်လေးတို့အတွဲ ဟိုတစ်လကပဲ ကွာရှင်းပြတ်ဆဲသွားရောရယ်

💝 အဲ့မတိုင်ခင် ၃/၄ လလောက်ကတည်းက အဲ့ကောင်လေးနဲ့ တခြားသူစိမ်းမိန်းကလေးတစ်ယောက်ရဲ့အလုပ်နဲ့မှာ communicate လုပ်ဆက်ဆံနေတဲ့ ပြောဆိုဆက်ဆံမှုမှာ ပုံမှန်ထက်ပိုတဲ့ chemistry တစ်ခုရနေတာကို ကျွန်မခံစားမိပေမဲ့ ဘယ်သူ့ကိုမှ ကျွန်မ မပြောခဲ့မိပါဘူး

💝 အမှန်အတိုင်းပြောရရင် သူတို့ ၂ ယောက်ကြားက chemistry က တခြားသော သာမန် သွေးရိုးသားရိုးယောကျာ်းလေး၊ မိန်းကလေး colleagues ကြားက energy မျိုးမဟုတ်နေတာကြီးကို first glance မှာတင် ခံစားမိလိုက်ပေမဲ့လည်း ဪ ကောင်လေးက သူ့မိန်းမကို အရမ်းချစ်ရှာတာပဲလေ မဟုတ်လောက်ပါဘူးပေါ့ဆိုပြီးပဲ အာရုံပြောင်းခဲ့လိုက်တယ်

💝 ကိုယ့်အတွေး၊ ကိုယ့်အမြင်၊ ကိုယ့် sense ကို ကိုယ့်စိတ်ထဲမှာပဲ ထားပြီး နေနေခဲ့ပေမဲ့ ၄ လမပြည့်ခင်မှာတင် အိမ်ထောင်ကွဲပြီဆိုတာကို ကြားလိုက်ရချိန်မှာ ဟယ် ကနဲ ဖြစ်ရတော့တာပါပဲ

💝 ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကို ချစ်မိသွားပြီဆိုရင်လေ မျက်လုံးအကြည့်တွေ၊ Body Language တွေ၊ စကားပြောတဲ့လေသံအသွားအလာ၊ လေယူလေသိမ်းတွေက အစ မတူတော့ဘဲ ဖုံးထားလို့မရတဲ့ ရင်ခုန်သံတိုးတိုးလေးတွေကပ်ပါလာတတ်ပါတယ်

💝 နှစ်ယောက်နှစ်ဦးသဘောတူစည်းချက်ကျတဲ့ ရင်ခုန်သံဆိုရင်တော့ ဘေးလူတွေပါ တစ်ချက်ကြည့်ရုံတင် သိသာတဲ့ chemistry တစ်ခုပါ

💝 ခုနကအကြောင်းပြန်ဆက်ရရင်တော့လေ အိမ်ထောင်တစ်ခုပြိုကွဲတယ်ဆိုတာ ဘာရယ်ညာရယ် အထင်အမြင်မပေးချင်ပေမဲ့လို့ အဓိကက သူတို့ ၂ ယောက်ရဲ့ soul contract ပါပဲ

💝ရေစက်ဆိုတာ soul contract ထဲမှာ အချိန်ကာလတစ်ခုအထိပဲ ပါတဲ့သူတွေက ဘယ်လောက်ပဲ ဆယ်နှစ်ကျော် ချစ်ခဲ့ပါတယ် တွဲခဲ့ပါတယ်ပြောပြော အချိန်တန်ရင် ချစ်လျှက်နဲ့လည်း လမ်းခွဲကြတတ်ရသလို မချစ်တော့ဘဲ အမုန်းနဲ့လည်း ကွဲကွာတတ်ကြရပါတယ်

💝 မသေချာတော့တဲ့ မနက်ဖြန်တွေမှာ တကယ်သေချာတာကတော့ Today ဒီနေ့ဆိုတဲ့အချိန်လေးပါ လက်ရှိမှာ သေချာတာကတော့ Now ဆိုတဲ့အခုအချိန်ဖြစ်တဲ့အတွက် ချစ်ရင် ချစ်တဲ့အကြောင်းလေး သေချာပြောပြပြီး အမှတ်တရကောင်းလေးတွေ အတူတူဖန်တီးကြနိုင်ပါစေရှင်

Address

Kashmir
Srinagar

Website

Alerts

Be the first to know and let us send you an email when Candle by Gorgeous May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category