Daily Double Ibet789 Myanmar 1.0

  • Home
  • Daily Double Ibet789 Myanmar 1.0

Daily Double Ibet789 Myanmar 1.0 ibet789 && moung55 မန်ဘာသစ် 10% / ယူနစ်ဖြည့်၅% ဘောနပ်
(2)

ဂါနာနဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆုရခဲ့ပေမယ့် ဘယ်လင်ဟမ်က ဆုလက်ခံရယူပြီးနောက်မှာ :“ရိုးရိုးသားသားပြောရရင် ဒီဆုက ကျနော်နဲ့...
24/06/2026

ဂါနာနဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆုရခဲ့ပေမယ့် ဘယ်လင်ဟမ်က ဆုလက်ခံရယူပြီးနောက်မှာ :

“ရိုးရိုးသားသားပြောရရင် ဒီဆုက ကျနော်နဲ့ မထိုက်တန်ပါဘူး၊ ခံစစ်ကို အကောင်းဆုံးကစားနိုင်ခဲ့တဲ့ ဂါနာကစားသမားတဦးဦး ရရှိသင့်ခဲ့တာပါ”

ဘယ်လင်ဟမ်က တကယ့်ပကတိအမှန်တရားကို ပြောဆိုခဲ့ရင်း ပြိုင်ဘက်ကစားသမားတွေရဲ့ အားထုတ်မှုကို ချီးကျူးသွားခဲ့တာပါ။

Respect!

ဒီဂိုးသာ ရလိုက်ရင် ရော်နယ်ဒိုက ဟက်ထရစ်ဖြစ်ခဲ့မှာပါ။ အလွတ်တည်ကန်ဘော ရခဲ့တာကို သူ ကန်မလိုလိုလုပ်ပြီး ရော်နယ်ဒိုက ဧရိယာထဲကိ...
24/06/2026

ဒီဂိုးသာ ရလိုက်ရင် ရော်နယ်ဒိုက ဟက်ထရစ်ဖြစ်ခဲ့မှာပါ။ အလွတ်တည်ကန်ဘော ရခဲ့တာကို သူ ကန်မလိုလိုလုပ်ပြီး ရော်နယ်ဒိုက ဧရိယာထဲကို ပြေးတက်သွားတယ်။

မန်ဒက်စ်က သူ ကန်သွင်းမယ့်ဟန်လုပ်ပြီး တကယ်မကန်ဘဲ ဖာနန်ဒက်စ်က ရော်နယ်ဒိုရဲ့ ပြေးလမ်းကြောင်းကို အသာလေး မ,တင်ပေးလိုက်တယ်။ ရော်နယ်ဒို အပိုင်ပိတ်သွင်းခဲ့တာပါပဲ။ ဒါပေမယ့် ဥဇဘက်ဂိုးသမားက ပြေးထွက်ကာကွယ်ခဲ့ရာမှာ ခြေထောက်နဲ့ ထိထွက်သွားလို့ ကံဆိုးသွားတာပါ။

တော်တော်တေလးကောင်းတဲ့ အချိတ်အဆက်ဖြစ်ပြီး ပေါ်တူဂီရဲ့ အလွတ်တည်ကန်ဘောလှည့်ကွက်တွေက တော်တော်လေးအလုပ်ဖြစ်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ဂိုးပြီလို့တောင်မှ ထင်မှတ်ခဲ့ရတဲ့ အခြေအနေပါ။

- ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ တဦးတည်းသော ကစားသမား - အသက် ၄၁ နှစ်အရွယ်မှာ ကမ္ဘာ့ဖလားသွင်းဂိုး ရယူနို...
24/06/2026

- ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ တဦးတည်းသော ကစားသမား
- အသက် ၄၁ နှစ်အရွယ်မှာ ကမ္ဘာ့ဖလားသွင်းဂိုး ရယူနိုင်ခဲ့တဲ့ သူ

ဥဇဘက်နဲ့ပွဲမှာ ၂ဂိုးသွင်းပြီးနောက် ရော်နယ်ဒိုက သူ့ကို ဝေဖန်နေသူတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။ ပေါ်တူဂီတို့ နိုင်ပွဲမရခဲ့လို့ ဆိုရှယ်မီဒီယာပေါ်မှာ ဝက်ဝက်ကွဲအောင် ပြသနာတွေ ရှိနေခဲ့တာကိုပါ တခါတည်း ဖြေရှင်းပြီးသား ဖြစ်သွားခဲ့ပါတယ်။

ဖာနန်ဒက်စ်က ရော်နယ်ဒိုအတွက် ဂိုးဖန်တီးပေးခဲ့ကာ သူတို့ကြား အဆင်မပြေဘူးဆိုတဲ့ စကားသံတွေကို ချေဖျက်ခဲ့ပါတယ်။ ဥဇဘက်က ညံ့တာလည်း တပိုင်း၊ တဖက်မှာ ပေါ်တူဂီတို့ ဒီပွဲအတွက် သေချာပြင်ဆင်ပြီး ကြိုးစားခဲ့တာကိုလည်း မေ့ထားလို့မရပါဘူး။

ဘာဖြစ်ဖြစ် ရော်နယ်ဒိုကတော့ ကျေနပ်စရာကောင်းတဲ့ ပွဲတပွဲကို ကစားနိုင်ခဲ့ပါတယ်။ သူ့ဆီက အပြုံးတွေကို အားလုံးမြင်ခဲ့ရပါပြီ။

"မက်ဆီ ပင်နယ်တီကို လွဲချော်သွားချိန် ကျွန်တော် ရယ်မိတယ်၊ ဘာလိုလဲဆိုတော့ ကျွန်တော် သူ့အကြောင်းကို ကောင်းကောင်းသိနေလိုပါ။ ...
23/06/2026

"မက်ဆီ ပင်နယ်တီကို လွဲချော်သွားချိန် ကျွန်တော် ရယ်မိတယ်၊ ဘာလိုလဲဆိုတော့ ကျွန်တော် သူ့အကြောင်းကို ကောင်းကောင်းသိနေလိုပါ။ ကစားသမား အများစုကတော့ ပင်နယ်တီ လွဲသွားပြီးရင် ယုံကြည်မှုတွေ ကျဆင်းသွားတတ်ကြပေမဲ့ မက်ဆီကတော့ အဲဒီလိုလွဲချော်ပြီးတဲ့နောက်မှာ ပိုပြီးတော့တောင် အန္တရာယ်များတဲ့သူ ဖြစ်လာတတ်ပါတယ်”

“အဲဒါကြောင့်လည်း ကျွန်တော် သူ့အပေါ် ဘယ်တုန်းကမှ သံသယမဝင်ခဲ့တာပါ။ သူဟာ ကွင်းထဲ ပြန်လာခဲ့တယ်၊ ဂိုးတွေ သွင်းယူခဲ့တယ်၊ ပြီးတော့ သူက တခြားသူတွေနဲ့ ဘာကြောင့် ကွဲပြားခြားနားနေရသလဲဆိုတာကို ဆက်ပြီး သက်သေပြခဲ့ပါတယ်။ နှစ်ပွဲမှာ ငါးဂိုးအထိ သွင်းယူနိုင်ဖိုဆိုတာ အရမ်းကို ရှားပါးတဲ့ ကစားသမားအနည်းငယ်ပဲ လုပ်နိုင်တဲ့ အရာမျိုးပါ:

“အမှန်တရားကတော့... မက်ဆီ ဘာလုပ်မလဲဆိုတာကို ခန့်မှန်းလို လုံးဝ မရနိုင်တာပါပဲ။"

- အိုလီဗာဂီရော့ဒ်

အာဂျင်တီးနား သတင်းထောက် ဟွာကင် ဘရူနို (Joaquín Bruno) ဟာ သူ့ဘဝတစ်သက်တာမှာ ဘယ်တော့မှ မေ့ပျောက်နိုင်တော့မယ့် အခိုက်အတန့်တစ...
23/06/2026

အာဂျင်တီးနား သတင်းထောက် ဟွာကင် ဘရူနို (Joaquín Bruno) ဟာ သူ့ဘဝတစ်သက်တာမှာ ဘယ်တော့မှ မေ့ပျောက်နိုင်တော့မယ့် အခိုက်အတန့်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။

ဩစတြီးယားအသင်းနဲ့ပွဲမှာ လီယွန်နယ် မက်ဆီက သူ့ရဲ့ ဒုတိယမြောက်သွင်းဂိုးကို သွင်းယူအပြီး... သူ့ရဲ့အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံဖို့ ကွင်းဘေးဆီကို အရှိန်အဟုန်နဲ့ ပြေးထွက်လာချိန်မှာ ဘရူနိုဟာ ကွင်းဘေးစည်းနားမှာ ရှိနေခဲ့တာပါ။

အားရပါးရ အောင်ပွဲခံနေကြတဲ့ အလယ်မှာတင် မက်ဆီဟာ သူ့ဘက်ကို လှမ်းကြည့်လိုက်ပြီး သူတို့နှစ်ဦးဟာ လက်ချင်းထိတွေ့ခဲ့ကြပါတယ်။ အားရပါးရ အောင်ပွဲခံနေကြတဲ့ အလယ်မှာတင် မက်ဆီဟာ သူ့ဘက်ကို လှမ်းကြည့်လိုက်ပြီး သူတို့နှစ်ဦး လက်ချင်းထိကာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါဟာ ဘရူနိုအတွက် တစ်သက်လုံး အမှတ်ရနေမယ့် အမှတ်တရတစ်ခုနဲ့ သမိုင်းဝင်ဓာတ်ပုံတစ်ပုံကို ဖန်တီးပေးလိုက်တာပါပဲ။

ဟွာကင် ဘရူနို ကတော့ "ကျွန်တော် တစ်ကိုယ်လုံး တုန်ရင်နေတုန်းပဲ၊ လီယိုက ဒီနားအထိ လာပြီး အောင်ပွဲခံသွားတာ၊ ကျွန်တော် သူ့လက်တွေကိုတောင် ထိလိုက်ရတယ်" လို့ ရင်ဖွင့်သွားခဲ့ပါတယ်။

အချို့သော အခိုက်အတန့်တွေဟာ ဘယ်လို အင်တာဗျူးမျိုးထက်မဆို ပိုပြီး တန်ဖိုးဖြတ်မရအောင် အဓိပ္ပာယ်ရှိလှပါတယ်။ သတင်းထောက် ဘရူနိုအတွက်တော့ အခုဖြစ်ရပ်ဟာ သံသယဖြစ်စရာမလိုအောင် အဲဒီလို တန်ဖိုးရှိတဲ့ အခိုက်အတန့်မျိုး ဖြစ်ခဲ့ပါတယ်။

“သူ့ရဲ့ ပထမဆုံးပွဲမှာ ဟက်ထရစ်သွင်းပြီး နောက်တပွဲမှာ ၂ ဂိုးထပ်သွင်းတဲ့ အသက် ၃၉ နှစ်အရွယ် ကစားသမားတဦးကို ကျနော်တို့ မြင်တွ...
23/06/2026

“သူ့ရဲ့ ပထမဆုံးပွဲမှာ ဟက်ထရစ်သွင်းပြီး နောက်တပွဲမှာ ၂ ဂိုးထပ်သွင်းတဲ့ အသက် ၃၉ နှစ်အရွယ် ကစားသမားတဦးကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်”

“သူက တဦးတည်း ခြေစွမ်းပြနိုင်ခဲ့သူပါ၊ သူက တခြားကစားသမားတွေနဲ့ လုံး၀ကွဲပြားခြားနားတဲ့ အဆင့်မှာ ရှိနေပါတယ်၊ အဲဒါ မက်ဆီပါ၊ နှစ်ဂိုးသွင်းပြီး ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ဖို့ သူ့အတွက် အခွင့်အရေး အများကြီးတောင် မလိုအပ်ခဲ့ပါဘူး”

- ဩစတြီးယားနည်းပြ ရန်ဂ်နစ်

- ၂ပွဲကစား- ၄ဂိုးသွင်း- တပွဲကို ၂ ဂိုးနှုန်းသွင်းခဲ့ဟာလန်းရဲ့ ပထမဆုံး ကမ္ဘာ့ဖလားကတော့ မဆိုးဘူးပြောရမယ်။ သွင်းဂိုး ၄ ဂိုး...
23/06/2026

- ၂ပွဲကစား
- ၄ဂိုးသွင်း
- တပွဲကို ၂ ဂိုးနှုန်းသွင်းခဲ့

ဟာလန်းရဲ့ ပထမဆုံး ကမ္ဘာ့ဖလားကတော့ မဆိုးဘူးပြောရမယ်။ သွင်းဂိုး ၄ ဂိုးအထိ ရသွားပြီး ရွှေဖိနပ်ဆုအတွက်ပါ မျှော်လင့်လို့ရနေပြီ။ အခုမှ သူ ကစားဖူးတာဆိုပေမယ့်လည်း ခြေစွမ်းပြနိုင်ခဲ့ပြီး နော်ဝေကိုပါ နောက်တဆင့်ပို့ပေးလိုက်ပါပြီ။

နော်ဝေစက်ရုပ်ကြီးကတော့ ကမ္ဘာ့ဖလားမှာ on fire ဖြစ်နေပါပြီ။ ဘယ်လောက်ထိ ဆက်လုပ်ပြနိုင်မလဲပဲ စောင့်ကြည့်ရတော့မယ်။

-  အယ်လ်ဂျီးရီးယားနဲ့ပွဲမှာ ဟက်ထရစ် -  ဩစတြီးယားကို ၂ ဂိုးသွင်း-  ၂ပွဲကစားပြီး ၅ ဂိုး ရထား-  ကလို့စ်ရဲ့ ဂိုးသွင်းအများဆု...
23/06/2026

- အယ်လ်ဂျီးရီးယားနဲ့ပွဲမှာ ဟက်ထရစ်
- ဩစတြီးယားကို ၂ ဂိုးသွင်း
- ၂ပွဲကစားပြီး ၅ ဂိုး ရထား
- ကလို့စ်ရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်
- အာဂျင်တီးနားတို့ ရထားတဲ့ ၅ ဂိုးစလုံးကို တဦးတည်းသွင်းထား

လီယိုမက်ဆီကတော့ တကယ့်စစ်မှန်တဲ့ GOAT ဆိုတာ ဘာလဲဆိုပြီး ကမ္ဘာ့ဖလားမှာ လုပ်ပြနေပါပြီ။ ချီးကျူးစရာ စကားလုံးတောင် မရှိတော့အောင်ပါပဲ။

ကိတ်ဗာဒီအတွက် ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုးကို သွင်းယူပေးခဲ့တဲ့ ပီနာ : "ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ ကိတ်ဗာဒီအသင်းအတွက် ...
22/06/2026

ကိတ်ဗာဒီအတွက် ပထမဆုံး ကမ္ဘာ့ဖလားသွင်းဂိုးကို သွင်းယူပေးခဲ့တဲ့ ပီနာ :

"ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ ကိတ်ဗာဒီအသင်းအတွက် ပထမဆုံးသော သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာဟာ ကျွန်တော့်ရဲ့ အကြီးကျယ်ဆုံးသော အိပ်မက်တွေထဲမှာတောင် ထည့်ပြီး စိတ်မကူးရဲခဲ့တဲ့ အရာတစ်ခုပါ။ အခုရရှိတဲ့ ဆုလာဘ်ဟာ ကျွန်တော်တစ်ယောက်တည်းနဲ့ပဲ ဆိုင်တာမဟုတ်ပါဘူး... ပြိုင်ပွဲပထမဆုံးနေ့ကတည်းက ကျွန်တော်တို့အပေါ် အကြွင်းမဲ့ ယုံကြည်ပေးခဲ့ကြတဲ့ တစ်နိုင်ငံလုံးက ပြည်သူတွေအားလုံးနဲ့ သက်ဆိုင်တာ ဖြစ်ပါတယ်။"

"လူအများစုက ကျွန်တော်တို့ကို ဒီပြိုင်ပွဲကို ပွဲကြည့်ရုံသက်သက် လာတာ၊ အသင်းကြီးတွေရဲ့ အပြတ်အသတ် ဂိုးပြတ်ခြေမှုန်းတာကို ခံရမှာပဲလို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ စပိန်နဲ့လည်း သရေကစားနိုင်ခဲ့ပြီ၊ အခု ဥရုဂွေးနဲ့လည်း သရေကျခဲ့ပြီ။ ကျွန်တော်တို့ ပြိုင်ဘက်တိုင်းကို လေးစားမှု ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှတော့ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။"

"ကျွန်တော်တို့ နိုင်ငံရဲ့ အရွယ်အစား သေးငယ်မှုဟာ ကျွန်တော်တို့ ဆုပ်ကိုင်ထားတဲ့ အိပ်မက်တွေရဲ့ အရွယ်အစားကို လာပြီး သတ်မှတ်လို့ မရပါဘူး။"

အီရတ်နဲ့ ကစားရမယ့် ပွဲအတွက် ပြင်သစ်နည်းပြဒက်ချမ့်စ်ရဲ့ အဝတ်လဲခန်းအတွင်းက သတိပေးစကား :“နော်ဝေကို သူတို့ ဂိုးပြတ်ရှုံးခဲ့လ...
22/06/2026

အီရတ်နဲ့ ကစားရမယ့် ပွဲအတွက် ပြင်သစ်နည်းပြဒက်ချမ့်စ်ရဲ့ အဝတ်လဲခန်းအတွင်းက သတိပေးစကား :

“နော်ဝေကို သူတို့ ဂိုးပြတ်ရှုံးခဲ့လို့ဆိုပြီး မင်းတို့ အထင်သေးလို့မရဘူး၊ သူတို့က တဂိုးပြန်သွင်းနိုင်ခဲ့တယ်၊ ပြီးတော့ ဒီပြိုင်ပွဲအတွက် ရည်ရွယ်ပြီး စပိန်လို အသင်းနဲ့ ခြေစမ်းပွဲကစားပြီး ၁-၁ သရေကျအောင် ကစားထားနိုင်ခဲ့တာမို့ အထင်သေးရင် မင်းတို့မှားလိမ့်မယ်၊ ပွဲအစကနေ အဆုံးအထိ မင်းတို့ အာရုံစူးစိုက်မှုအပြည့် ရှိနေမှဖြစ်မယ်”

ပြိုင်ဘက်ကို အထင်လည်းမကြီးနဲ့၊ အထင်လည်းမသေးနဲ့ဆိုတာ ဒါမျိုးပါ။ အီရတ်က ပြင်သစ်နဲ့ယှဉ်ရင် အီရတ်က အသင်းငယ်လေးလို့ ပြောလို့ရပေမယ့် ဒက်ချမ့်စ်ကတော့ အထင်မသေးဘဲ အလေးထားကစားဖို့ သူ့အသင်းသားတွေကို သတိပေးခဲ့တာပါ။ တကယ်ကိုမှန်ကန်တဲ့ ပြောဆိုမှုပါပဲ။

Address

Yangon

11241

Alerts

Be the first to know and let us send you an email when Daily Double Ibet789 Myanmar 1.0 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Gym/sports Facility?

Share